myspace codes
Click here for Myspace glitter graphics and Myspace layouts
-->
Pages
Thursday, December 11, 2014
ရင်ထဲမှာ မင်းရှိတယ်
တချိန်ချိန်မှာ လာလေမလား ရယ်လို့
တယောက်သော သူကို စောင့်နေတယ်။
စက္ကန့်မှ မိနစ်၊ မိနစ်က နာရီ
တမိုးသစ်ပြီး တနေစောင်းလဲ
ချစ်သူလုံးဝ ပေါ်မလာပြီ။
သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............
တမိုးအောက်ထဲပေမယ့်
တယောက်တနေရာဆီ
သတိရရင် ခေါင်းကိုမော့
သာစဲ သာမြဲ လမင်းကြီးကိုကြည့်
စကားတွေ တ၀ကြီးပြော
ကို့အနားမှာ မင်းရှိသလို.............
ချစ်သူရောက်ရာအရပ်မှာ ပျော်ပါစေ။
ငါကတော့ တယောက်ထဲပဲ
ရင်ထဲမှာတော့ မင်းရှိတယ်။
"ထာဝရထက်တရက်ပို"
"ထာဝရထက်တရက်ပို"
အချစ်ကဆံပင်ဖြူတွေကို
ဘယ်တော့မှ မနိုင်ဘူး
လတ်ဆတ်နေတဲ့လေထက်
ရင်ခွင်ထဲက မင်း
ဖြစ်နိုင်ရင် ဘဝဟာ အချစ်နဲ့ပြီးတယ်ဆိုတဲ့အကြောင်း
ငါတမ္ဘာလုံးကို တယောက်ချင်းစီလိုက်ပြောချင်တယ် အဖွားကြီး
လက်ဖျားတွေအေးစက်နေသလား
အသက်ကစပြီး တဘဝလုံးပေးထားတယ်
တကိုယ်လုံးထဲ အမာဆုံးဒူးတောင်
မင်းအပြုံးနဲ့ကြွေကျဖူးတာ
သေတဲ့အထိဖမ်းဆုပ်ထား
မင်းလက်ဖျားလေးတွေ နွေးနေလိမ့်မယ်
အနာဂါတ်ကိုတွေးမကြောက်ပါနဲ့
သားသမီးလေးတွေကို သွန်သင်မယ်
မြေးလေးတွေကိုချီမယ်
မင်းနဲ့ငါ့ရဲ့အချစ်အကြောင်းထည့်မဟောလိုက်လို့
ကိုင်ရိုတောင်ငိုချင်ငိုနိုင်ရဲ့
ကိုနယုန်စစ် ( ချောက် ) ရေးဖွဲ့သီကုံးသည် ။
နှလုံးသား ၀ဠ်
ဥုံတိ ဥုံတုံ ခပ်နုံနုံ နှလုံးသား
ကြိတ်မြုံကာ ထားသော်ငြားလည်း
ဖုံးကာဖိမရ တွန်းလှန်ကြတယ်
မတိုက်ခင်က ရှုံးတဲ့ အချစ် စစ်ပွဲ
ဘယ်လို  အားနဲ့ နွှဲ့ရမှာလည်း
အနိုင်မယူသူ အရှုံးပေးထားပေမယ့်
ရက်စက်ကာ အသည်းခွဲမယ်ဆိုလည်း
ပြုသမျှ ကံတွေထဲမှာ ၀ဠ်တစ်ခု ဖန်လာတယ်လို့ပဲ မှတ်ယူပါ့မယ်
သံသရာ ၀ဲဂရက်မှာ အမှန်သာ အမြဲပက်နေမယ်ဆို
ချစ်ခြင်းကို အခြေပြု မေတ္တာတရားနဲ့ ထုစစ်တဲ့
နှလုံးသား တခုကိုတော့ ၀ဠ်တခုအဖြစ် မအပ်နှင်ပါရစေတော့နဲ့
Wednesday, October 29, 2014
ပျောက်သောလမ်း
ပျောက်သောလမ်း
 ပျားရည်လို မချိုသောဒုက္ခများ
အလိုမတူပဲ
တရှိုက်မက်မက်ကြိုက်နှစ်သက်ခဲ့ဘူးတယ် အမေ။
ရင်ဘတ်ပြူတင်းတံခါးကိုလည်း
ပိတ်ထားခဲ့သလား
ဖွင့်ထားမိသလား
မပီဝိုးတ၀ါးနဲ့
တံလျှပ်တွေကို အငမ်းမရသောက်နေခဲ့ရပြီး
ပျောက်နေတဲ့ လရောင်အတွက်
အသဲကွဲနေရသူပါအမေ။
မိုက်မှားမိခဲ့တယ်
(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင် ကြယ်ရဲ့အရောင်တွေ မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်. . . အမေ။
အမေဖြစ်စေချင်တာတွေကို
ကျနော်ကပစ်ပယ်
ကျနော်ဖြစ်ချင်တာတွေကို
အမေကနားလည်
စုန်ရေရဲ့ သဘောကို ရင်နဲ့ခံစား
သိနားလည်လာတဲ့အခါ
ကျနော်က အမေ့ရဲ့ဝေးရာမှာပါ အမေ။
အမေ့ရင်က ထွက်ခွါပျံသန်း
လျှောက်ခဲ့တဲ့လမ်း
သုံးဆယ်ခြောက်နှစ်ခရီးကြမ်းမှာ
ဘ၀ရဲ့ အရသာ
ချိုတ၀က် ခါးတ၀က်
အတွေ့အကြုံတွေနဲ့ ရင့်ကျက်ခဲ့ပြီးမှ
ပိုင်ဆိုင်တာတွေ ပြန်လှဲ့ကြည့်တဲ့အခါ
ဇနီး သား သမီးနဲ့ အကြွေး
မရေရာတဲ့ အနာဂါတ်လဲပါသေးရဲ့ အမေ။
ညတည ရဲ့ချောက်အိပ်မက်တခုလို
ဒုက္ခတွေနဲ့အိပ်ရာကနိုးထ
ကျနော်မျက်ရည်စတွေနဲ့
ကြေကွဲရပါရဲ့အမေ။
ကံကိုယုံလို့ ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့ တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့ အမေ။
ကံမကုန်ရင် ပြန်ဆုံချင်တယ်
တိမ်ရောင်စုံဖြာ
ဆည်းဆာညနေခင်း
အကျည်းတန်ချစ်သူများလှချိန်
အိမ်အိုပြူတင်းပေါက်က
မျှော်သူ တယောက်ရဲ့ ရင်ထဲ
အလွမ်းတွေ စီးဆင်းနေဆဲလေ ….။
ခေတ်တွေ ရှင်သန်ပုံက
မပေါက်ကွဲသေးတဲ့ မီးတောင်တခုလို
သောက ချော်ရည်ပူများ
ထွက်ပေါက်ကိုရှာ
ကျိန်စာမိထားတဲ့ လောကဓံခမျာ
ကားစင်ထက်မှာ
နှလုံးသား ဟောက်ပက်နဲ့  ….။
ပေးဆပ်ခြင်းဆိုတာ ဘာလဲ
ရယူခြင်းကရော
ပိုင်ဆိုင်ခြင်း လွတ်လပ်ခြင်းများ
တရားမျှတမှု တိုက်ပွဲများကြားမှာ
ပျော်ခြင်း မပျော်ခြင်းများ
နေတတ်ခြင်းနဲ့  အသားကျအောင်ကြိုးစား …..။
တောင်စွယ်မှာ နေကွယ်ရင်
ရွှေဓါးဆွဲလို့ ပဲသတ်သတ်
ကွမ်းတရာ ရေတမှုတ်နဲ့ 
လှည့်ဖျားတဲ့ သူလို့ ပဲ ဆိုဆို
သံသရာဝဋ်ကြွေး အသက်ပင် ပေးပါရစေ
ကံမကုန်ရင် ဒီဘ၀မှာ ပြန်ဆုံချင်သေးတယ် ….။
ဒီလိုနဲ့  … အိမ်အိုပြူတင်းပေါက်က
မျှော်သူရဲ့ ရင်ထဲ
အလွမ်းတွေ စီးဆင်းဆဲလေ ….။
ရဲရင့်သက်ဇွဲ  ၁၁ ၀၁ ၂၀၁၁ သီကုံးရေးဖွဲ့သည် ။
ကျွန်တော့်အိမ်က
ကျွန်တော့်အိမ်က
အမြဲတံခါးဖွင့်ထားတဲ့ အိမ်ပါ။
ကိုယ်ပိုင် မကောင်းမူတွေ ဖုံးကွယ်ဖို့
တံတိုင်းခတ်စရာ မလိုပါ။
မသင်္ကာတဲ့ မျက်လုံးနဲ့
ကောက်ကျစ်စဉ်းလဲ ဥာဏ်သုံးပြီး
ခြေပုန်းခုတ်တဲ့နေရာ မဟုတ်ပါ။
ခင်ဗျားလာလာ၊ ဘယ်သူလာလာ
ပျူငှာယဉ်ကျေး
လူသာမန်သွေးတို့ရဲ့ ဓလေ့အတိုင်း
လူကိုချစ်ခင်
အပြစ်မတင်တတ်တဲ့ နှလုံးသားနဲ့ပါ။
အချင်းချင်း ဈေးတွက် တွက်
ပွေးကွက်ကိုဖုံးကွယ်
ဟန်ဆောင်ပြုံးနဲ့ ပြုံးရယ်တဲ့နေရာ မဟုတ်ပါ။
စင်ကြယ်သန့်ရှင်း
အပြစ်ကင်းပြီး
ဟင်းလင်းဖွင့်ထားတဲ့ အိမ်ကလေးပါ
ကြွပါ လာပါ၊ နားခိုပါ
လူစိတ်မွေး လူယဉ်ကျေးတို့ရဲ့နေရာ
အပိုင်းအခြား
အပိုင်းအခြား
အိမ်ခေါင်မှာ မိုးယိုနေလည်း
အိမ်ထဲမှာ မိုးမရွှဲခဲ့ဘူး
တစ်ယောက်ကို ဆူးကလေးစူးရင်
တစ်အိမ်လုံးဝိုင်းထွင်ခဲ့တယ်
တစ်ယောက်က တရားထိုင်ရင်
တစ်အိမ်လုံးက ဓားမကိုင်တော့ဘူး
တိမ်းတိမ်းမူးမူး
ကြည်ကြည်မွေ့မွေ့
တစ်ယောက်မျက်နှာတစ်ယောက်မြင်နေသရွေ့
တစ်လောကလုံးကို မေ့လို့
အဖေ့ချွေးစက်တွေက
စမ်းရေပမာ အေးအေးလူလူ
အမေ့ချွေးစက်တွေက
ပန်းတွေပမာ မွှေးမွှေးကြူကြူ
အိမ်ရှေ့မှာ ဘယ်လောက်ပူနေလည်း
အိမ်နောက်မှာ ချမ်းသာမြဲပေါ့
ခုကျတော့လည်း
အကွဲကွဲအပြားပြား
ကိုယ့်တရားကိုယ်စီရင်
အသက်ရှူရတာတောင် နင်တယ်။ ။
Tuesday, October 28, 2014
အမေသို့ တမ်းချင်း
အမေသို့ တမ်းချင်း
မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ
ကျင်လည် ကျက်စားရင်း
တောအရပ်ဆီက
ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ
ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ
‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့
မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက
စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ
အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ
‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့
အမေ မှာလိုက်တဲ့စကား
ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ
လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ
ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း
ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ
ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း
အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ ….
တစ်နေ့တစ်နေ့ လိုင်းကားတိုးစီးရတာဟာ
နေပူပူမှာ ယာထွန်ရတာထက်တောင်မှ
ပိုပြီး စိတ်ညစ်စရာ ကောင်းနေပါလားဗျာ …
စိတ်ပျက်တာ မဟုတ်ပါဘူး … အမေ
မိဘအတွက် စိတ်ထန်သန်စွာနဲ့
ကျွန်တော် အလုပ်လုပ်နေဆဲပါ ….. အမေ
မြို့ပြမှာ အစားအသောက်တွေ စုံလင်လှပေမယ့်
အမေ့ရဲ့လက်ရာ ပဲဟင်းချိုပူပူလေးကိုသာ
ကျွန်တော့်မှာ ထမင်းစားတိုင်း လွမ်းနေမိမြဲပါပဲ ….. အမေ
မေတ္တာအပြည့်နဲ့ ကြည်လင်လှတဲ့ အမေ့ရဲ့အပြုံးဟာ
ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ
ရေ မရောတဲ့ နွားနို့ဟာ
ခွန်အားကို အပြည့်အဝ ရစေသလိုပေါ့ …..
အဆင်မပြေတာတွေ ကြုံလာတိုင်း
အမေ့ရဲ့အပြုံးကို မြင်ယောင်လိုက်တာနဲ့
အလိုလိုပဲ ပြေပျောက်သွားတတ်ပါတယ် ….. အမေ
ကျွန်တော့်ဘဝအတွက် အတုမရှိတဲ့
ကျွန်တော်ချစ်ရတဲ့ …… အမေ
လာမယ့်သင်္ကြန် ရုံးပိတ်ရက်ရှည်မှာ
အမေ့ရဲ့ရွာကို အပြေးလာခဲ့ပါမယ် …
အဲဒီ အချိန်ကျမှပဲ အမေ့ရဲ့ခြေအစုံကို ဖက်ရင်း
ဝေခဲ့ရတဲ့ အလွမ်းတွေကို အကြွေးပြန်ဆပ်တော့မယ် ………. အမေ ။
ရင်ခတ်ပန်း
“ရင်ခတ်ပန်း”
လိုချင်မြတ်နိုး ခူးခြွေလိုက်ရုံနဲ့
ရနံ့ကကြွေကျလာမှာမဟုတ်ဘူး
အသွေးအသား အလိုရမ္မက်အတွက်
ငြိတွယ်မှုသက်သက်နဲ့တော့
မင်းကိုမချစ်ဘူး . . .ညီမလေး။
အမှန်တရားဆိုတာ လူသိများဖို့မလိုဘူး
ဆုပ်ကိုင်ထားတဲ့လက်တွေမြဲရင်
သစ္စာတရားက မိုးမှာအပင်မစိုက်လည်း
ဆောင်းမှာအသီးဝေတယ်။
တစ်ယောက်ရင်ထဲ တစ်ယောက်ရှိနေသမျှ
ဘယ်တော့မှမဝေးပါဘူး
သတိရလို့ပြန်တမ်းတတဲ့အခါ
တစ်ယောက်အရိပ်နဲ့တစ်ယောက်
ရင်ထဲမှာအေးမြဖို့ပဲလိုတယ်မဟုတ်လား။
ညီမလေးရေ . . .
လမ်းခွဲစကားမဆိုပါနှင့်
လမ်းလွှဲထားပြီးသားပါ။
ဆရာများ ရဲ့ ကဗျာ
ထာဝရ
ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…
မောင်စိန်ဝင်း(ပုတီးကုန်း)
သံယောဇဉ်
နှောင်ကြိုးရစ်ငင်
လှုပ်တိုင်းနင်သည်
ရှေ့တိုးလည်းနစ်
နောက်ဆုတ်ခက်မို့
တန့်လည်းအဆိုး
သည်အမျိုးသည်
ရင်၌တည်၏။
သူ (သရက်)အကြီးမားဆုံး ဆုံးရှုံးမှု
နင့်ဒုက္ခတွေကို ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့ဒုက္ခတွေကိုတော့နင်မသိချင်ပါနဲ့
နင့်စိတ်ညစ်မှုတွေ ငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့စိတ်ညစ်မှုတွေကိုတော့ နင်မသိချင်ပါနဲ့
နင့်လိုအပ်ချက်တွေငါ့ကိုပြောပြပါ
ဒါပေမယ့်
ငါ့လိုအပ်မှုတွေကိုတော့နင်မသိချင်ပါနဲ့
နင့်မျက်ရည်တွေ ငါ့ရင်ခွင်မှာငိုကြွေးပါ
ဒါပေမယ့်
ငါ့မျက်ရည်တွေကိုတော့ နင်ဘယ်တော့မှ မတွေ့စေရပါဘူး
နင့်မကျေနပ်ချက်တွေငါ့အပေါ်ပုံချပါ
ဒါပေမယ့်
ငါ့မကျေနပ်ချက်တွေကို နင်မသိစေရပါဘူး
နင့်အတ္တတွေနဲ့ငါ့ကိုရိုက်ချိုးပါ
ဒါပေမယ့်
ငါ့မှာတော့ နင့်အတွက် ဘာအတ္တမှ မရှိပါဘူး
နင့်ဆုံးရှုံးမှုတွေအတွက် ငါဟာ ကွပ်လပ်အဖြည့်ခံပါ
ဒါပေမယ့်
နင်နဲ့ဝေးခြင်းကသာ ငါ့အတွက်အကြီးမားဆုံး ဆုံးရှုံးမှုကြီးပါ
သက်တန့်ချို
လက်ညှိုးညွှန်ရာ သူဖြစ်ပါစေသား
ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့ 
လက်ညှိုးညွှန်ရာ
သူဖြစ်ပါစေသား အရှင်ဘုရား …။
တာရာမင်းဝေ (ပန်းခေတ်က လမင်း)
မာယာမိုး
ပြိုမယောင်
ဟိုတောင်က မိုး….. ။
လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။
မောင်စိန်ဝင်း (ပုတီးကုန်း)
မေ ….
နေ အရမ်းပူပေမယ့် 
ခြေလှမ်းအတူ လှမ်းပြီး
နွေလမ်းထဲမှာ လျှောက်ချင်တယ် ။
နွေမှာ …
ပိတောက် ..
ရေလာသောက်တယ် ။
နွေနဲ့  ပိတောက်,
ရွှေနဲ့  ကျောက်လို
( မောင်လည်း ) …
မေ နဲ့  နှစ်ယောက်တည်း နေချင်တယ်… ။
မောင်လှမျိုး (ချင်းချောင်းခြံ)
အဝေးကို  ငေးကြည့်နေရင်း
သတိရတတ်စွာ၊  ငဲ့ကြည့်လိုက်တဲ့အခါ
မင်း . . . , အနားမှာ  ရှိတယ်။
အနီးအနားမှာ
မင်း . . . မရှိတဲ့အခါ
အဝေးကို  တွေးကြည့်ရင်း
မင်း
ငြိမ်းချမ်းပါစေကွယ်
ဆုတောင်းဖြစ်တယ် . . .။
ငှက်မောင်နှံတစ်စုံ
တောင်ပံဟုန်ဖွင့် ၊  သီကျူးရင့်တဲ့အခါ
မင်းနဲ့ . . .  ငါ
ငှက်ကလေးနှစ်ကောင်  ဖြစ်ချင်တယ်။
ငှက်တစ်ကောင်တည်း
အဖော်ကွဲစွာ၊  ကျူးရင့်တဲ့အခါ . . . ၊
ရင်မှာ  လှပ်ခနဲ ၊  မျက်နှာလွှဲပြီး
အသည်းထဲက . . .  မင်း
ကွေကွင်းခြင်းမှ ၊  ကင်းပ, ဝေဒနာ
ဖြေသာစေဖို့,
ငါသာ   အထီးကျန် ၊  ကောင်းကင်ယံမှာ
အတောင်ပံ  တဖျက်ဖျက်  ခတ်လိုက်တယ် . . .။            ။
မောင်လှမျိုး(ချင်းချောင်းခြံ)
ချစ်သူ၏ အစွန့်ခံ လူသားအဖြစ်
သူ့အားပစ်ခွင်း
မြတ်နိုးခြင်း… မြား   ထိပါးသမျှ၊
သတိရခြင်းကင်း၍
အေးမြချမ်းမြေ့ပါစေ…
(ကိုယ့်အတွက်တော့)
ဝေးသမျှ နာကြင်ပါစေသား…။
၈.၉.၂၀၁၁
သူမေ့ပြီလား …….
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ …….
ဪသာ် …… မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့၊
(သူပြောလျှင်) ……..
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြိုငြင်။
မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်။
ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
စက်ပစ်ကွင်းတခုမှာ
သေနပ်သမားကလည်း
ဗဟိုချက်ကို မှန်အောင်ပစ်နိုင်သလို
သားရဲတွင်းမှာလဲ
မုဆိုးကသားကောင်ရဲ့ ချက်ကောင်းကို
ိုမှန်အောင် ပစ်နိုင်တယ်။
ဒါပေမဲ့ ငါမင်းရဲ့
၇င်ကိုထိချက်ပြင်းပြင်းနဲ့
ဘယ်လိုမှန်အောင်
ပစ်ရမလဲ မသိတာ
ငါ့ရဲ့ ညံ့ဖျင်းမှု့ပေါ့ ။
နတ်ဆိုး
၂၃.၀၈.၂၀၁၁
သူမေ့ပြီလား …….
လူတွေ့ရန်မဆိုထားနဲ့၊
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ …….
ဪသာ် …… မုန်းရက်ပြီလို့ထင်။
ကြားယောင်ကာ၊
နားထောင်ရတော့မလားရယ်နဲ့၊
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့၊
(သူပြောလျှင်) ……..
ပုံပြင်ပင် တကယ်မှတ်ပြန်တော့၊
မလည်ပတ်သူလို့ သူငြိုငြင်။
မလွမ်းတတ်လို့လား၊
လွမ်းတတ်သူ မပူရှိနိုင်ပါ့၊
သူသိအောင်ဘယ်လိုပြောရမလဲ၊
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်၊
ခင်မို့လို့ သူစိမ်းပြင်ပြင်၊
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်။
ခင်ခင်စိမ်းပေမယ့်၊
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့၊
အပူဇာတ်ကို အခန်းဆက်နေတဲ့၊
ပန်းသက်သေ ဝေဒနာပွင့်တွေက၊
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့၊
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ၊
ပူရဲတယ် သည်ရင်ကျွမ်းအောင်၊
လွမ်းတော့ဆယ်သက်။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့
မေ့သွားရင်လည်း
အကောင်းသား
မမေ့မမုန်း
တစ်နေ့လုံး….သူ
စိတ်ကိုယူငင်
ရင်တွယ်ရစ်ဖွဲ့ နှောင်တွယ်နွဲ့ပြို
အလွမ်းဆုံး …..မြစ်
လှော်ရင်းနစ်ပြီ
မပျော်နေ့ည
မေ့မရလို့
တွေ့ကြတဲ့အခါ
သူမြင်သာအောင်
ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား၊ နှလုံးသားမှ
မျက်ရည်များဖြင့်
ပြချင်တယ်။
မောင်လှမျိုး (ချင်းချောင်းခြံ)
လွမ်းစာဖွဲ့မမှီ
ထာဝရ
ထာဝရ
ထာဝရ
ပွင့်လျှင်လည်းနမ်းနွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်းတိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာတစ်ပွင့်သာလေ…
စွဲလမ်းနေမည်ဝေေ၀ကြွေကြွေမြတ်နိုး၏…
မောင်စိန်ဝင်း(ပုတီးကုန်း)
ရင်ထဲက အသည်းပန်း
ရင်မှာ ပွင့်လန်း အသည်းပန်းကို
ယုယပြုစု ကြင်နာမှုဖြင့်
မြတ်နိုးစွာပန် သက်လျာအမှန်ကို
တွေ့ရစေကြောင်း စောင့်မျှော် အောင်းတယ်
ပွင့်ဖက်မလန် ရနံ့မပြန်ပဲ
မေတ္တာရေမိုး စွတ်ကာ ဖြိုးမှ
ငွားငွားငွင့်ငွင့် တအားစွင့်ပါမယ့် ။
( စိတ်ကူးယဉ် ပုံဖော်ကြည့်မိပါသည် )
Friday, October 24, 2014
ထာဝရ တည်ရှိနေဆဲပါ
ကာရံညီစာသားတွေကိုစီပြီးး အပေါ်ယံအမြင်နဲ့
ချည်နှောင်ဖွဲ့ဆိုထားတဲ့...ခံစားချက်မဲ့
ကဗျာတွေငါမရေးဖြစ်ခဲ့တာကြာပါပြီ
ရင်ထဲကစပ်စပ်ခါအောင်...နာကျင်ခံစားခဲ့ရပြီးနောက်
စစ်မှန်တဲ့ချစ်ခြင်းဆိုတဲ့သဘောကို
ငါနားလည်ခဲ့ပြီလေ....ဒါပေမယ့်....အဲ့အသိနဲ့နားလည်မှုတွေက
အခုချိန်မှာ..နောင်တတစ်ခုဖြစ်သာကျန်ရှိခဲ့ပြီး
သူနဲ့အဝေးးးဆုံးဆိုတဲ့....နေရာကို
ငါရောက်ရှိသွားခဲ့ရပြီ...ဘာဘဲဖြစ်ဖြစ်ပါ..
သူနဲ့အဝေးဆုံးးးကိုရောက်ပါစေအုံးတော့...
သူ့ရဲ့အမုန်ခံရဆုံးးးသောသူဖြစ်ပါစေအုံးတော့
သူဟာ..ငါ့အတွက်တော့...လမင်းးနဲ့ အနီးဆုံးက
ကြယ်ကလေးတစ်စင်းးးဖြစ်
ထာဝရတည်ရှိနေဆဲပါ...........။
Credit
အပျိုစင် ဘ၀ကို ထိန်းသိန်းနိုင်ကြပါစေ
ကျွန်တော် ဒီဆောင်းပါးလေးကို မောင်နှမ ချင်း ကိုယ် ချင်းစာ ၍ မျှဝေပေး လိုက်ပါတယ်...။
ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော် အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ် ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ တကယ်တော့ လက်မ ထပ် ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုး ထားခြင်း ကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ် အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ် ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။
ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲ လိုက် ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်း သိမ်း ထားပါ။ ဘဝမှာ ရည်းစားဦး နဲ့  လွဲ ကျ တာ ၁၀၀မှာ ၉၀ အထိ ရှိထား တာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ ရင် နောင်တွင် ကိုယ်နဲ့ တကယ်လက် တွဲရ မယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။
အဲကျမှတော့ နောင်တရ ပါတယ်လို့ သိသွား လည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။ ထိုင်ဝမ် မှာ အိမ်ထာင် ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်း နဲ့ အတူတူနေ ခဲ့တဲ့ video ဖိုင်တွေ laptop ကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။ အတုမယူသင့် တာတော့ အတုမယူပါနဲ့ ညီမတို့ ။ (နောက် တစ်တစ်ခု အွန် လိုင်းမှာ status တင်ရင် လည်း စောက် ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေ ထည့်ထည့်ပြီး ရိုင်းတာတွေ မတင် ကျဖို့  လည်း တောင်း ဆိုပါတယ်။ ကိုယ်ဟာကိုယ် ဘာထင်နေ လဲတော့မသိပါ။
အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေး သွားတတ်ကြ ပါ တယ်။ ) မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာ တာ ကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင် လှနေပါစေ လက်မ ထပ်သေး ပဲ အအိုဖြစ်သွားရင် မိန်းမ တန် ဖိုး က ကျသွားပြီ ဆိုတာ သတိရှိကြပါ ညီမငယ်တို့  living together ( လက်မထပ်သေး ပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြ ပါစေ ။
www.yetayzakyaw1500.blogspot.com
မူးရင်း.......
Friday, October 3, 2014
အချစ်အစွန်းရောက် စစ်သွေးကြွ
အချစ်အစွန်းရောက် စစ်သွေးကြွ
======================
ကောင်းကင်နဲ့မြေကြီးကို ဇစ်ဆွဲပိတ်
မင်းနဲ့နီးဖို့ဆို
ပင်လယ်ကိုလည်း စစ်ခင်းပစ်ရမှာပဲ
ကမ္ဘာဦးက အာဒမ်ခူးခဲ့တဲ့ပန်းသီး
မင်းအိမ်ရှေ့မှာ ငါခူးပေးထားတယ်
အပြည်ပြည်ဆိုင်ရာ အချစ်တက်ဆုံးကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်လုပ်
မင်းအတွက်ဆို . . .
အကုန်လုံးကို တောက်ချပစ်လို့ရတယ်
ပြန်ချစ်ပါ ကောင်မလေးရေ
တတိယကမ္ဘာစစ်ဟာ မင်းကြောင့်လို့
ရာဇဝင်မှာ မထင်ကျန်နေစေချင်ဘူး . . .
ရန်ကုန်ကိုဒုတိယရောမ လုပ်ပစ်လိုက်ဖို့
ငါ ဝန်မလေးဘူး . . .
စစ်ကြေငြာစာတမ်းမဟုတ်ပါဘူး
နှလုံးသားသဝဏ်လွှာပါ
မင်းကို သိမ်းဖို့မဟုတ်ဘူး
ကိုယ့်ကိုယ်ကို လာဆက်သတာ . . .
ဒါတွေဟာနှလုံးသားက ကိုးကားထားတဲ့စကားတွေပါ
ငါ့အချစ်ကိုဟားတိုက် လှောင်တဲ့သူတွေကို
ဂရိတွေလို ကျိန်စာတိုက်လိုက်မယ့်
ဘယ်တော့မှအချစ်မခံရပါစေနဲ့ . . .
ဒဿမှမဟုတ်ပါဘူး
နပိုလီယံကော
ဟစ်တလာကော ချစ်တက်ခဲ့ကြတယ် . . . ။
သူငယ်ချင်းလေး
သူငယ်ချင်းလေး
=========
ငြိမ်းချမ်းရေးစာချုပ်တွေ မခိုင်မြဲတာက အစ
နင့်ဖိနပ်သဲကြိုးလေးပြေသွားတာအဆုံး
ငါ့'ရင်ခုန်သံတွေအားလုံးကို နင်ပိုင်တယ်
ကောင်လေးရယ်
နှလုံးသားဆိုတာ
ပျံသန်းခဲ့တယ်ဆိုရင်တောင်
ကြွေကျတဲ့ ရွက်ဝါလို ဝဲပျံမူ့မျိုးပါ
ငါဆိုတာ
ပွဲဈေးတန်းက ဘဲရုပ်လေးပေါ့
နင်တစ်ချက်ပစ်တိုင်း တစ်ကောင်ကျဖို့
မျက်ရည်တွေ အဆင့်သင့်ပြင်ပေးထားတယ်
ဘယ်ရာသီပျိုးမလဲလို့
နှလုံးသားကို ပွေ့ပိုက်
နင့် ရှေ့မှာ ရပ်စောင့်နေတဲ့သူ
နွေနဲ့မိုးကိုသာ ဆောင်းစားသွားတယ်
နင်ငါ့ကို မမြင်ခဲ့ဘူး
( နင် မကြည့်ဖြစ်ခဲ့ဘူး )
အပျင်းပြေခေါ်ဖို့ ဖုန်းနံပါတ်တခုထက်
နင်ငါ့ကို ပိုမဝယ်ခဲ့ဘူး
မငိုတော့ပါဘူး
တားထားတဲ့ စည်းဆိုတာ
ဆီစိမ်စက္ကူပါးလေးပါ
မိန်းကလေးဆိုတာ . . .
ဖူးပွင့်ရုံကလွဲပြီး
ကြွေကျပေးခွင့် မရှိဘူး
နှလုံးသားကို တံခါးခေါက်ပြီးပြီပဲ
ခြေသံလုံအောင် ထိန်းမနေပါနဲ့
အချစ်မှာ
သူငယ်ချင်း မခူးရလို့
ပညတ်ထားတဲ့ဥပဒေ မရှိပါဘူး . . . ။
Ulay Kyi ( ကိုလင်း )
Chess
Chess
====
ဟန်နီရေ
ပြာခွက်ထဲမှာ မင်းချေခံလိုက်ရပြီ
ညတွေဟာ မင်းကိုတိုက်စားဖို့
အမောတကောပြေးလာကြသလား !
ရယ်သံသဲ့သဲ့အဆုံးမှာ
လှုပ်ရမ်းသွားတဲ့ ခန္ဓာ
၁၆တုန်းက တစ်ခစ်ခစ်ရယ်သံလို့တော့
ငါ့ကို မညာနဲ့ . . .
ပျိုမျစ်မူ့ဆိုတာ
ဝါးမဖြစ်ခင် အခူးခံရတဲ့
မျှစ်နုလား !
ဟော့သည့် ရောင်စုံမီးတွေရဲ့
ဖန်ခွက်တွေက ဘီယာအပေါ်ယံမှာ
လျံတက်နေတဲ့ အကြည့်တွေ
ငယ်ငယ်က ရင်ဖုံးလေး
မင်းလိုပဲ ကြယ်သီးပြုတ်သွားပြီမလား
လောကဓံလို့ မပြောနဲ့
ငါမယုံဘူး
ဘဝကို ဒူးထောက်ဖို့
ဘယ်သင်တန်းကမှ မပို့ချခဲ့ဘူး
တချိန်က မျက်ရည်ဖြူဖြူတွေနဲ့ဆို
ငါသုတ်ပေးမိမှာပဲ
ခုမှတော့ ကာလာခြယ်တဲ့နူတ်ခမ်းနဲ့
ငါ့အနမ်းကို မခူးနဲ့ ဟန်နီ . . .
ည'မသာတဲ့ ကောင်းကင်ကို ပွေ့ဖက်
လထဲက ယုန်ကိုဖမ်းဖို့
နှလုံးသား အသစ်စက်စက်ထုတ်ပိုးပြီးပန်းဝင်လာတဲ့ကောင်
ခုတော့ . . .
. . . . . . . . . .
. . . . .
ဘုရင်တစ်ကောင်
ဘုရင်မတစ်ကောင်ပါပဲ
ဒီပွဲမှာ ဘယ်သူနိုင်တယ်ပြောဖို့
မင်းရှေ့က ပွန်းကို ဘုရင်ဖြစ်စေချင်ရင်
ရှေ့တစ်ကွက်တက်ခိုင်းလိုက် . . . ။
Ulay Kyi ( ကိုလင်း )
လမ်းဖြတ်ကူးခြင်း အနုပညာ
လမ်းဖြတ်ကူးခြင်း အနုပညာ
===============
သေမင်းက ဘယ်ကားနဲ့ပါလာမှန်းမသိတော့
ရမ်းမဖြတ်ရဲဘူး
ဖော်မြူလာဝမ်း လေ့ကျင့်ကွင်းနဲ့
ခြောက်လမ်းသွား မှားများနေလား !
မီးပွိုင့်ဆိုတာ မော်တော်ပီကယ်ရှိမှ
တရားဝင်တာ
လမ်းလယ်ခေါင် မတ်တပ်ရပ်ရတာ
မရဏနဲ့ ကျားထိုးရသလိုပဲ
ရွတ်ထားတဲ့ ဂါထာက
ရသမျှလည်း ကုန်ပြီ
တစ်ကယ်ဆို
သမုဒ္ဒရာ လက်ပစ်ကူးနေတာမဟုတ်ဘူး
ကားလမ်းလေးတခုပဲ ကူးနေတာ
အခန့်မသင့်
တစ်ဘဝစာ မရောက်ဘူးဖြစ်သွားနိုင်တယ်
ဘယ်ကြည့် ညာကြည့်
ဘယ်ပြန်ကြည့် ညာပြန်ကြည့်
ပြိုင်လာတဲ့ ပြိုင်ကားbusတွေတွေ့လို့
နောက်ဆုပ်ရပ်
ကားဆိုတာ ရန်ကုန်မှာ
ဓာတ်တိုင်တခုပဲ ရှောင်တာ
ဟယ်ရီပေါ်တာလို မှော်တံမြက်စည်း စီးရမလား !
jumperလို ခုန်သွားရမလား !
စူပါမင်းလို ပျံသန်းရမလား !
ရေကူးတာ မဟုတ်ပေမဲ့
လမ်းကူးရမှာမို့ အသက်ကိုအောင့်လိုက်တယ်
ခြေတလှမ်းမှားတာနဲ့
ဘဝပါကူးသွားနိုင်တယ်လေ
ဆုံးဖြတ်ချက်ကို ရဲရဲချ
ငယ်ငယ်က ဂိမ်းဆော့သလို
တစ်ကားကျော် တစ်ကားကျော်နဲ့
တစ်ဖက်ခြမ်းရောက်မှ
သက်ပြင်းရဲရဲချ
ဘုရင့်နောင် နောင်ရိုးတိုက်ပွဲ
အောင်မြင်တုန်းက ဘယ်လောက်ပျော်သလဲမသိပေမယ့်
ခန္ဓာနဲ့ အသက်
ဝမ်းဆက် လမ်းတဖက်အခြမ်းရောက်သွားတဲ့
ကျတော်က ပိုပျော်တယ် . . . ။
ခ ရေ ပန်း
ခ ရေ ပန်း
ခ ရေ ပန်း တစ်ပွင့် ကြွေကျနေတယ်
၁၆ နှစ်အရွယ် ကောင်လေးက
" ဘာမှမတွေးပဲ ကောက်လိုက်တယ် "
၁၆ အရွယ်ကောင်မလေးက
" ဘာမှသိပ်မတွေးပဲ ချက်ချင်းကောက်လိုက်တယ် "
၂၀ကျော်ကောင်လေးက
" ဘာလို့ အရင်လူတွေမကောက်သွားကြပါလိမ့်လို့ " တွေးမယ် ပြီးတော့ကောက်သွားမယ်
၂၀ကျော်ကောင်မလေးက
" တစ်ယောက်ယောက်က ငါ့အတွက် ငါမသိအောင်
လာထားသွားတာလားမသိဖူး လို့တွေးမယ် " ပြီးတော့ကောက်သွားမယ်
၂၅ ကျော်ကောင်လေးက
" ငါ မကောက်ရင် တခြားသူတွေနင်းသွားရင် ဒုက္ခဆိုပြီး " ကောက်လိုက်တယ်
၂၅ ကျော်ကောင်မလေးက
" ငါပန်စေချင်လို့ ကြွေကျတာပဲလို့တွေးမယ် " ပြီးတော့ကောက်လိုက်မယ်
၃၀ ကျော်လူပျိုကြီးက
" ငါကောက်လိုက်ရင် ပန်းလေးများ ညိုးသွားမလားဆိုပြီး "
ကောက်သင့် မကောက်သင့် တွေးတယ်
၃၀ကျော်အပျိုကြီးက
" တခြားသူတွေ တွေ့နိုင်သေးတာပဲ
ငါကောက်လို့ သင့်ပါ့မလားလို့တွေးတယ် "
အချိန်တော်တော်စဉ်းစားတယ်
၃၅ ကျော်လူပျိုကြီးကြီးတွေနဲ့
၃၅ ဝန်းကျင် အပျိုကြီးကြီးတွေ အတွေးကျတော့တူတယ် . . .
" ငါ့ရှေ့မှ ကြွေကျတာ တစ်ယောက်ယောက်လုပ်ကြံထားတာဖြစ်ရမယ်
ဒါဟာ မရိုးသားဘူး
အရှေ့ကလူတွေမမြင်သွားတာလည်းမဖြစ်နိုင်ဘူး
မြင်ခဲ့ရင်ဘာလို့ မကောက်ကြတာလဲ !
ငါလာမှ ဘာလို့ဒီနေရာမှာရှိနေရတာလဲ !
ဒီပန်းလေးတစ်ပွင့်ကို ကုန်းကောက်ရမှာရှက်စရာ
ပန်ရမှာလည်း အဆင်မပြေ
ဒါပေမယ့် ပန်းလေးကလည်းလှနေတယ်
ပိုင်ရှင်ကလည်းမဲ့နေတယ်
အော် . . . ထိုင်နေတာအကောင်း
ထ'ကာမှ ကျိုးနေပါဦးမယ်လေ လို့ တွေးပြီး
ဒီအတိုင်း ကျော်သွားတယ် . . .
Ulay Kyi ( ကိုလင်း )
လူပျိုကြီးတွေအတွက် ဝါကျွတ်ဟောစာတမ်း
လူပျိုကြီးတွေအတွက် ဝါကျွတ်ဟောစာတမ်း
============================
ယခုအချိန်ဟာ ဝါကျွတ်ခါနီးအချိန်ဖြစ်တဲ့အတွက်
အထူဂရုစိုက်ဖို့လိုတယ်
ဝါကျွတ်ခါနီးဟာ လူပျိုကြီးတွေအန္တရယ်စက်ကွင်းထဲ ဝင်ရောက်နေချိန်ဖြစ်လို့
ဘယ်တော့စားရမလဲအမေးခံရမယ်
လှောင်ပြုံးခံရမယ်
အခြောက်ကြီးလားလို့ အကြည့်ခံရမယ်
အရည်အချင်းမရှိပါဘူးကွာလို့ (ကွယ်ရာ)အပြောခံရမယ်
မနာလိုလောက်အောင် ဖိတ်စာတွေလာပို့ခံရမယ်
တကယ်တော့ သင်တို့ဟာ
ပူဖောင်းတွေလို
စကားတစ်ခွန်းနဲ့ ထိုးလည်းပေါက်ကွဲခံရမှာပဲ . . .
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်
ကြေငြာထဲက အရိုးခြောက်ပုံလို
လူပျိုကြီးဖြစ်ခြင်းသည် ဤသို့ဖြစ်နိုင်သည်ဟု
လိုဂိုအတပ်ခံရနိုင်တယ်
ကွင်းထဲမဝင်နိုင်တဲ့ ကစားသမားတွေဟာ
အနိုင်ဂိုးကို မသွင်းနိုင်ဘူး
စာမေးပွဲမဖြေတဲ့ ကျောင်းသားဟာ
အောင်လက်မှတ်မရနိုင်ဘူး
အားမလျော့ပါနဲ့
ဒါဟာ နှစ်တိုင်းကြုံနေကျအဖြစ်အပျက်တခုပါပဲ
ရှောင်ရန်အနေနဲ့ >>>
--- အပြင်ထွက်ရင် အသိတွေကိုရှောင်ပါ
--- အတွဲတွေတွေ့ရင် ကျိန်ဆဲပါ
--- လိပ်ပြာတွေ ဝတ်ရည်စုပ်နေတာတွေ့ရင် ခြောက်ထုတ်ပါ
--- မိသားစုတွေ တွေ့တဲ့အခါ မမြင်ချင်ယောင်ဆောင်သွားပါ
ဆောင်ရန်အနေနဲ့ >>>
--- ဂွမ်းတခုဆောင်ထားပါ
--- မျက်နှာကို ကွယ်နိုင်သမျှကွယ်နိုင်တဲ့အကာအကွယ်ယူပါ
--- အိမ်ရှေ့က စာတိုက်ပုံးကိုဖြုတ်ထားပါ
--- ရည်စာနဲ့ ဖုန်းပြောနေသူတွေ့ရင် ဝင်သာတိုက်ပါ
ယတြာအနေနဲ့
--- နံနက်ခင်းတိုင်းအီကြာကွေးစားလို့
--- ညနေပိုင်းတိုင်းမုန့်လင်မယားစားပါ
***( သတိပြုရန်မှာ
စားသည့်အခါ မခွဲမိစေပဲ သည်တိုင်းစားဖို့ဖြစ်ပါသည် )
Ulay Kyi ( ကိုလင်း )
အပျိုကြီး သီတင်းကျွတ်မိန့်ခွန်း
အပျိုကြီး သီတင်းကျွတ်မိန့်ခွန်း
====================
အို အပျိုကြီးအပေါင်းတို့
ငါတို့ဟာ အပျိုကြီးတွေဖြစ်တယ်
တနည်းအားဖြင့် root မဖောက်ရသေးတဲ့ဆိုင်တင်တွေ
ဖန်ရှင်အစုံမသုံးတဲ့ ဟန်းဆက်လို
နှမြောစရာတော့ ကောင်းတယ်
အနူမြူသင့်တဲ့ မြေမှာပေါက်တဲ့ပန်းသီးလို
ငါတို့ကို ခူးဖို့ကြောက်ကြတယ်
သီတင်းကျွတ်ဆိုတာ အမုန်းဆုံးရာသီ
ဝါကျွတ်တာနဲ့ လာတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကို
သိုင်းလောကစိန်ခေါ်သံတစ်ခုလိုသဘောထားရမယ် . . .
ပန်းခြံထဲက အတွဲတွေတွေ့တိုင်း
အနူမြူနဲ့ ပစ်သင့်ပစ်ရမယ်
အပျိုကြီးတွေစုပြီး
ပန်းခြံတွေဖျက်သိမ်းပေးဖို့
ဆန္ဒပြသင့် ပြရမယ် . . .
အိမ်ခေါင်ထောင့်က ငှက်တောင်အိမ်ထောင်ပြုရင်
အသိုက်ပြောင်းခိုင်းရမယ်
မုန့်ဟင်းခါးစားတိုင်း
ငှက်ပျောအူတွေ့ရင် မုန်းတီးနေရမယ်
ငါတို့ဟာ အပျိုကြီးတွေ
အချိုးအစား
အရည်အချင်း
ရုပ်ရည် အားလုံးအဆင်ပြေနေပေမယ့်
ဇီဇာလေးတစ်ခုပဲ အပြစ်ပြောစရာရှိတယ်
ကဲ သီတင်းကျွတ်ပြီ
နောက်ဆုံးအနေနဲ့ . . .
တနင်္ဂနွေတိုင်းသွားရမယ့် မင်္ဂလာဆောင်တွေကို
သတ်ကွင်းထဲဝင်ရမယ့် သားကောင်လို
ခံနိုင်ရည်ရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့လိုတယ် . . . ။
  Cre Dit Ulay Kyi ( ကိုလင်း )
မေမေ ထာဝရပျော်ရွှင်ပါစေ
မေမေ ထာဝရပျော်ရွှင်ပါစေ
===============
ပန်းက ပန်းကိုပျိုးတဲ့
ဝတ်မှုန်တေးချင်းပါမေမေ
မေမေ့ အပြုံးဟာ
သားတို့ကမ္ဘာရဲ့ နံနက်ခင်း
သားတို့သမုဒ္ဒရာရဲ့ ရေစီးသံ
သားတို့လောကဓံရဲ့ ကျောက်ဆောင်
မေမေဟာ ပန်တျာလက်ဖဝါးနဲ့
ဆူးခင်းလမ်းကို ဖြတ်လျှောက်ရဲတဲ့ နတ်သမီး
လောကဓံကိုစီးချင်းထိုးနိုင်ခဲ့တဲ့ အောင်နိုင်သူစစ်သူကြီး
သားတို့ကို ချွေးနဲ့ပျိုး
အိပ်မက်တွေကို အတောင်တပ်ပေး
မေမေဟာဖန်ဆင်းရှင်တပါးထက်ပိုပါတယ်
မေမေဟာ အိမ်လေးတစ်လုံးပေါ့
သောက်ရေအိုးလေးတစ်လုံးလည်းဖြစ်သလို
သားတို့လင်းဖို့ မီးအိမ်လေးတစ်လုံးလည်းဖြစ်ရဲ့
မေမေ့ရင်ခွင်ကို ကမ္ဘာမှတ်
အို အေး အေး နဲ့ဆိုတေးလေးတွေ
မေမေ့လက်နဲ့ချက်တဲ့ ဟင်း
နတ်သုဒ္ဒါတစ်ရာဖန်ဆင်းလည်းမမှီခဲ့
မေမေ့ခပ်ပေးတဲ့ ယပ်တောင်
လောကဓံလှိုင်းလုံးတွေပါ ဝေးစေခဲ့တယ်
မေမေရေ . . .
နေမရှိတဲ့ ကမ္ဘာဟာ
မေမေရှိရင် လင်းပါတယ်
သားတို့ကို တချက်ရိုက်
ရိုက်တဲ့မေမေက သားတို့ထက်ပိုငိုရင်း
မေတ္တာချင်းယှဉ်တဲ့ပွဲဟာ မေမေ့ထက်ဘယ်သူမှမပိုနိုင်ခဲ့ဘူး
အိပ်ချိန်မှခိုးနမ်းတက်တဲ့ မေမေ့အနမ်းလေးတွေ
သား ဖျားတိုင်းမအိပ်ခဲ့တဲ့ ညပေါင်းတွေ
သားစားဖို့ အသား …
မေမေစားဖို့အရိုးနဲ့
ဟင်းမလောက်နဲ့ နေ့တွေဆို
ဗိုက်မဆာဘူးလို့လိမ်တက်တဲ့ မေမေ . . .
လက်ထဲက ဆေးဖိုးလေး
သားပူဖောင်းပူဆာလို့
ချောင်းဆိုးမပျောက်ခဲ့တဲ့မေမေ . . .
မေမေက ရွှေနဲ့ထွင်းတဲ့ ဘဝမှမဟုတ်တာ
ဓားထစ်တွေကို နင်းပြီး
ကလေးတွေကို နို့ချိုတိုက်
မေမေ့လက်ဖဝါးက သွေးစတချို့ဟာ
မေမေ့ရေးခဲ့တဲ့သမိုင်းစစ်စစ်တွေ . . .
မေမေရေ လောကဓံကြီးက
မိုးသားတွေရွာတိုင်း
မေမေ့ခေါင်မိုးလေးအောက် ပြေးပြေးဝင်
မေမေ့တံခါးဟာ ဘယ်တော့မှမပိတ်သလို
မေမေ့ထမင်းအိုးက ဘယ်တော့မှမကုန်
မေမေ့ရေအိုးလေးဟာ အမြဲအေးနေခဲ့တယ်နော်
မေမေရေ . . .
ဒီနေ့ , မေမေ့မွေးနေ့ ဖေဖေသာရှိရင်
ဒီအမေနဲ့ ဒီသားသမီးတွေ
ဘယ်သွားချင်သွားမလဲလို့ မေးဦးမှာ . . .
အခုတော့ . . .
မေမေ့ကြေးစည်အဆုံး ဖေဖေ့နာမည်အမျှဝေသမျှ
ဖေဖေ သိ သာဓုခေါ်လို့
မေမေနဲ့သားတို့ ပျော်နေတာကိုကြည့်
ဖေဖေကြည်နူးနေမှာပါ . . . ။
 CreDit  Ulay Kyi ( ကိုလင်း )
Monday, September 29, 2014
မပြောတော့ပါ ချစ်ပါတယ်လို့
မပြောတော့ပါ  ချစ်ပါတယ်လို့
ပျိုတိုင်းကြိုက်တဲ့ ...နှင်းဆီခိုင်လေးကသွယ်ဝိုက်သလိုနဲ့ ...ဒဲ့ တိုးပြောလာပါပြီ...ကောင်လေးရေ.
မ.ကတော့ ဘာလုပ်
ရမှမ်းမသိဖြစ်နေပြီ...                   စပါယ်ကုံးလေးအကြားချင်ဆုံးစကား...အနှစ်သက်ဆုံးစကားလေးကို..နားထောင်ချင်ပါရဲ့ ကြားချင်ပါရဲ့ နဲ့ ....မကြားရဲ
တဲ့ အဖြစ်ကို..ကောင်လေးမြင်စေချင်ပါဘိတော့ ...ကောင်လေးရယ်.မ.ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်နေမိတော့ တယ်...
          ဘာ့ကြောင့်ဒီအသက်ဒီအ၇ွယ်ကြမှ..ကောင်လေးနဲ့ လာတွေ့ ရတာလဲ....ကိုယ့်ဘ၀ကိုယ်ကိုအသက်ကြီးတာကို
ဘဲအပြစ်တင်နေမိတော့ တယ်....ကောင်လေးရယ်.မ.ဘာလုပ်ရမလဲ...ကိုယ့်ကိုကိုယ်သေချာမေးကြည့်တော့ ရှက်လဲရှက်မိပါတယ်...
             ဒီအရွယ်နဲ့ ဒီအရွယ်ဒီလောက်အသက်ကွာနေတဲ့ ...ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးကိုမှ...မောင်ကြံရွယ်တဲ့ 
စပါယ်ကုံးလေးကချစ်မိနေရသလား...ကိုယ့်အရွယ်ကိုလဲအားနာပါအုံးဆိုတဲ့ ..အပြစ်တင်ချက်ကလေးနဲ့ ပေါ့...
            တကယ်တော့ ကောင်လေးရယ်.မ.ကကောင်လေးကိုအရမ်းချစ်မိနေပြီ...ပြောရရင်မဆွတ်ခင်ကညွှတ်ချင်နေသူပါ..
အသဲပေါက်မတတ်ချစ်နေမိပါပြီ...မြောက်များစွာသော.မ.ကိုချစ်လာသူတွေအပေါ်...ရင်မခုံခဲ့ ပေမဲ့ ..
.ကောင်လေးကိုတော့ ရင်ခုံမိနေပြီလေ..
            ကောင်လေး.မ.အိမ်ကိုလာဘို့ ..အမြဲမျှော်နေတတ်နေပြီလေ...ခနခနလာပြီးလက်ဆောင်တွေတသီတတန်းကြီး
ပေးတတ်တဲ့ ..ကောင်လေးကိုစွဲလန်းနေမိပြီ...တနေ့ ကိုအကြိမ်ပေါင်းများစွာ..ဆိုဒ်ကလေးဖွင့်ကြည့်၇တာလဲ..အမောပါဘဲ...
မြောက်များစွာသော..လက်ဆောင်လေးတွေ...ရင်တွင်းခံစားချက်တွေပါတဲ့ သီချင်းလေးတွေနားထောင်ပြီးတော့ ...ရင်မှာ..
ဖေါ်မပြနှိုင်တဲ့ ခံစားမှု့ တွေ....ပြောလို့ တောင်မှစာဖွဲ့ မရနှိုင်ပါဘူး...
                 ခုံလိုက်တဲ့ ရင်တွေကလဲ..ကျောက်ဆောင်ကျောက်တုံးတွေနဲ့ ..ဖိရင်တောင်မှ..ကျောက်ဆောင်ကျောက်ခဲကြီးတွေ...
ရင်ခုံသံ၇ဲ့ ပဲ့ တင်မှု့ ကြောင့်...ကွဲကြေပျက်စီးသွားနှိုင်လောက်ပါရဲ့ ကောင်လေး၇ယ်...
                ဆိုဒ်ကလေးကိုဖွင့်လိုက်တယ်ဆိုရင်ဘဲ....ကောင်လေးရဲ့ ဓါတ်ပုံလေးက...မ.ကိုရင်ငွေ့ တွေပေးနေသလိုဘဲ..
ကောင်လေးရဲ့ အငွေ့ အသက်တွေ...အပြည့်ရှိနေသလိုပါဘဲ....
                 ရေးထားတဲ့ ကောင်လေးရဲ့ ..ချစ်အငွေ့ တွေနဲ့ ...ပြည့်နှက်နေတဲ့ ...စာကြောင်းလေးတွေက..ပဟေဌိဆန်သလိုနဲ့ ...
ဒဲ့ တိုးဖြစ်နေတဲ့ အချစ်စာကြောင်းလေးတွေကတော့ ...မ.ရဲ့ ရင်ဘတ်ကြီးကို...တူးမြောင်းစက်နဲ့ တူးနေသလိုပါဘဲ....
                မိုင်ပေါင်းကဋေဝေးကွာတဲ့ နေရာက..အချစ်၇ဲ့ အငွေ့ အသက်တွေပါနေတဲ့ ...ဒီစာကြောင်းလေးတွေ၇ဲ့ ..စွဲငင်အား..
  တွေ...အပြည့်နဲ့ ..မ.ရဲ့ နှလုံးသားကိုလှမ်းဆွဲယူနေသလို....ပါဘဲ...
              ကောင်လေးနဲ့ အွန်လိုင်းမှာချက်နေတဲ့ အခါ...ကောင်လေးက..မ.ကိုစိုးရိမ်စိတ်လေးနဲ့ ပြောနေတဲ့ ...စကားလေးတွေ...
ကအချစ်နတ်ဆောင်းသံလေးကို..နားထောင်နေရသလို..စကားလုံးလေးတွေဟာတလုံးခြင်းတလုံခြင်းပျံပြေးပြီး...မ.ရဲ့ နှလုံးသား
မှာအပြေးလာကပ်နေကြတယ်လေ...ဒီလောက်ထိကောင်လေးနဲ့ ပတ်သက်ပြီးခံစားနေရတဲ..အချစ်ဒီဂရီတွေဟာတိုးသထက်တိုး
လို့ သာလာနေတော့ တယ်....
                ဘယ်လောက်ဘဲအသဲပေါက်အောင်ချစ်နေပါစေ...ချစ်ပါတယ်ဆိုတဲ့ စကားကိုတော့ ..ဒီတသက်ကောင်လေးကို...
မပြောတော့ ပါဘူး..တယောက်ထဲဘဲခံစားသွားပါ့မယ်...ဒီခံစားချက်တွေဟာ...ဘယ်လောက်ထိအရှိန်ပြင်းသလဲဆိုရင်တော့...
အသက်ပါစတေးရမတတ်ပါဘဲ...
               ချစ်မိပါတယ်အသဲပေါက်မတတ်.....ချစ်လွန်းလို့ အချစ်ရူးရူးမိပါတယ်..ဥဏှောက်ပေါက်မတတ်...စဉ်းစား၇လွန်းလို့ ..
အိပ်မပျော်တဲ့ ရက်တွေလဲများလှပါပြီ....ကောင်လေးအတွက်ဆိုရင်..အသဲမကအသက်ပါပေးပါရစေ....
           ကောင်လေးအတွက်အသုံးလိုရင်..မ.ရဲ့ အသွေးအသားတွေကို...ဆေးဝါးအဖြစ်...ပေးပါရစေတော့ ..အသဲတွေနှ
လုံးတွေကိုသုံးလိုရာသုံး...အဆုံးသတ်ပေးပါရစေတော့ ...ကြည်ဖြူစွာပြုံးပြုံးလေးနဲ့ ရှိနေမဲ့ ...မောင်ကြံရွယ်တဲ့ စပါယ်ကုံးလေးပါ..
            ခုတော့ ချစ်အဆိတ်တွေတက်နေတဲ့ ..အသဲလေးကို..စတေးလိုက်ပါပြီ...ချစ်အဆိတ်တွေပြည့်နှက်နေတဲ့ အသဲနှလုံးကို
မချိပြုံးနဲ့ အတူ...မြေမြှုတ်လိုက်ပါပြီ....ပြန်မဖြေတော့ ပါဘူးချစ်ပါတယ်ဆိုတဲ့ အဖြေလေးကို....ဒီတသက်ကောင်လေးကို...
ချစ်လွန်းလို့ မဖြေတော့ ပါဘူး...
            တယောက်ထဲဘဲခံစားပါရစေတော့ ...တကယ်တော့ ..မ.အလိုချင်ဆုံးအနှစ်သက်ဆုံး...အမြတ်နိုးဆုံး...ရတနာ
ရွှေကြုတ်လေးကို...ကောင်လေးက..ဘယ်လိုပင်ပေးသော်ငြှားလည်း...မယူသင့်မချစ်သင့်လို့ ...ပျော့ ညံ့စွာနဲ့ လက်မခံရဲသူက..
မိမိကိုယ်ကိုသာ..အပြစ်တွေတသီတတန်းကြီး...တင်နေရပါပြီ...
                အသဲပေါက်မတတ်ချစ်ရပေမဲ့ ...မပြောတော့ ပါဘူးချစ်ပါတယ်လို့ ...မပေးတော့ ပါဘူး...ချစ်သဲညှာလေးကို...
ဘယ်တော့ မှလည်း..ကောင်လေးမသိစေရပါဘူး....ဒါပေမဲဆူးမိပါသည်..အချစ်ဆူးလေးကို...မနှုတ်တော့ ပါဘူး...
ဆူးပါစေသစ္စာဆူးကို...ရူးမတတ်ခံစားသွားပါ့မယ်....
                အရာရာကိုပေးဆပ်ခြင်းနဲ့ ကောင်လေးကိုချစ်နေပါ့မယ်....ညတိုင်းညနက်တိုင်းအိမ်မက်ထဲမှာ...
ကောင်ကလေးကိုလွမ်းနေရတယ်....စိတ်ကူးနဲ့ ရူးနေရသူပါ...တကယ်အသဲဟက်တက်ကွဲနရတာကတော့...မ..ပါကောင်လေ.း
နာကြည်းခြင်းနဲ့ အတူ..မ..ကိုကောင်ကလေး..မုံးလိုက်ပါတော့ ..အဲဒီအခါကောင်လေးတွက်ခံစားချက်တွေရော့နည်းသွားပါလိမ့်မယ်...
                ကောင်လေးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ..ဘ၀နဲ့ ဆန္ဒတထပ်တည်းကြပါစေ...
ရေလိုအေးလို့ ပန်းလိုမွှေးပါစေ....ဆက်လက်ပြီးတော..ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘွဲ့ ထူးလေးကို...ဆက်ခံနှိုင်ပါစေ...
လို့ အသဲပေါက်မတတ်အချစ်ကြီးချစ်ရပြီးခံစားချက်တွေတသီတတန်းကြီးနဲ့ ..အကြောင်းကံမွဲလို့ ပေါင်းရန်လွဲခဲ့ ရတဲ့ .မ..က
ဆုတောင်းပေးလိုက်ပါတယ်....ကောင်လေးဘ၀သာယာတိုးတက်ပျော်ရွှင်နှိုင်ပါစေ....
ကျွှန်တော့် အပေါ် ထားရှိခဲ့သော မမတစ်ယောက် ရဲ့  ရင်ထဲက  ခံစားချပ်ဆိုပြီး အမှတ်တရ
ရေးဖွဲ့သီကုံးပေးထားသော ((((((((((((((((((((  
အချစ်ဆုံးကို နားလည်ပါ
အချစ်ဆုံးကို နားလည်ပါ
_________________
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့တူတတ်တယ်။
ရုံးဝတ်စုံကိုချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွှတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်က အသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
------
ဇနီး
သူ့ဆီမှာကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား။
တခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ သူ့အစား ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့စကားတွေ သူ့ကိုနည်းနည်းပိုပေးလိုက်ပါ။
------
သားသမီး
သေးငယ်တဲ့သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး
ဖြစ်လာနိုင်မလဲ။
ရီပို့ကတ်ပေါ်ကအမှတ်တွေကို သူ့ဆီကကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို
နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာလမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
-------
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကိုမျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
-----
မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ၊
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
------
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး အချင်းချင်းတွေ့ဆုံချစ်ကြိုက်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့........
နိုင်းနိုင်းစနေ (Thursday, March 19, 2009)
.
Friday, September 19, 2014
"ဒီကဗျာကိုဆုတ်ဖြဲလိုက်ပါအကို"
"ဒီကဗျာကိုဆုတ်ဖြဲလိုက်ပါအကို"   
တခုတည်းသောထွက်ပေါက်ကို
အားကုန်ဖောက်ထွက်မိတဲ့ ကျမ
နာမည်က အပျက်မပေါ့
ညဥ့်ငှက်တွေဘာတွေလုပ်မနေပါနဲ့
ဝလစ်စလစ်ခန္ဓာကိုယ်ကို
ခဏတာအာသာပြေဖို့
သိမ်းပိုက်လိုက်ပါ
ငွေက ကျမ အတွက်
ကျမဟာ မိသားစုအတွက်
တညလုံးမှ နှစ်သောင်းထဲပါအကို
ပန်းရံ လုပ်ရင် လုပ်အားခနည်းမယ်
အထည်ချုပ်မှာဝင်လုပ်ရင် လစာနည်းမယ်
ဈေးရောင်းရင် အရင်းအနှီးလိုမယ်
မိသားစုအတွက် ကျမရဲ့ဒီအလုပ်က
ကျမအတွက် အရိုးသားဆုံး
သမာအာဇီဝကျကျ အလုပ်ပဲ
ကျမ သူများပစ္စည်းမခိုးဘူး
သူများလင်ကိုမလုဘူး
ကျမက ကျမခန္ဓာကိုယ်ကိုရောင်းတယ်
သူတို့ကပိုက်ဆံနဲ့ အသွေးအသားကိုဝယ်တယ်
ဒါဟာ လူတကာတိုင်းတဲ့
အတင်းကျပ်ဆုံး အရောင်းအဝယ်တမျိုး
ကွယ်ရာမှာတံတွေးထွေးကြတဲ့သူတွေကို
ကျေးဇူးတင်လိုက်မယ်
အပြစ်တင်တဲ့သူတွေကို
ကျမက ကျမစိတ်ကို
မရောင်းတဲ့အကြောင်း
ပြောပြချင်တယ်
နေ့နဲ့ညမှားတဲ့ ကျမ
ကျောင်းမနေခဲ့ရတော့
ညဏ်မမှီတာဖြစ်ချင်ဖြစ်လိမ့်မယ်
ညဟာ အမှောင်အတိ
နေ့တိုင်းလုပ်နေကျမို့ ဒီနေ့လဲ
ဘီယာခွက်လေးထည့်
ကျမကိုကျမ စိမ်လိုက်တယ်
ပြီးတော့ မျက်လုံးလေးမှေးပြီး
သူတို့ရင်ခွင်ထဲ ပြုံးပြုံးလေးဝင်ခဲ့တယ်……။။။။။
ကိုနယုန်စစ် ခံစားရေးဖွဲ့သည်  (  ချောက် )
ပရဟိတ အလုပ်ဆိုတာ
ပရဟိတ အလုပ်ဆိုတာ
နာမည်ကြီးသူတိုင်းလည်း မလုပ်ဘူး
ပိုက်ဆံရှိသူတိုင်းလည်း မလှုဘူး
ခွန်အားရှိသူတိုင်းလည်း မကူညီဘူး
အချိန်အားသူတိုင်းလည်း စိတ်မ၀င်စားဘူး
ပျော်ရွှင်ငြိမ်းချမ်းစေချင်တဲ့ မေတ္တာတရား
ကြင်နာတတ်တဲ့ ဂရုဏာတရား
စာနာတတ်တဲ့ နှလုံးသား
ကူညီချင်တဲ့ စိတ်စေတနာတရား နဲ့
နှလုံးသား လှသူများသာ လုပ်နိုင်တဲ့ အလုပ် ။
နောင် နှစ်လေးဆယ်သို့
နောင် နှစ်လေးဆယ်သို့
ထာဝရဆိုတဲ့ စကားထက် 
တစ်ရက်ပိုပြီး အတူတူနေချင်တယ် အဖွားကြီး
မင်းစိတ်ကောက်ရင် ငါချော့
ငါစိတ်ကောက်ရင် မင်းချော့လို့ 
ဆံပင်ဖြူတွေ တယောက်တလှည့် နှုတ်ပေးကြမယ် 
တောင်ဝှေးမလိုဘူး 
မင်းလဲရင်ငါထူ ငါလဲရင်မင်းထူ
အပြုံးတူတူနဲ့ ဘ၀တူတူပေါ့ 
ပါးရေတွေတွန့် အသားရောင်တွေ နွမ်းပေမယ့် 
ငါတို့ အနမ်းတွေ လက်ဆက်လို့ 
တချက်တချက် ရင်ခုန်တုန်း
ပြန်တွေးကြည့်စမ်း
အရင် ချစ်စ က အချိန်တွေကို 
ရှက်ပြုံးလေးတွေ ပြုံးပြရင်း
အဖွားကြီး ဖြစ်မယ့်မင်းကို 
အဖိုးကြီး ဖြစ်မယ့်ငါက အနမ်းလေးတွေပေး 
ကဗျာလေးတွေ ရေးပြီး ဖက်ပြဖူးတယ်လေ
မှတ်မိသေးတယ် ကိုးလပိုင်း ၁၃ ရက်နေ့ 
မင်းဆီက အဖြေကို ရလို့ 
အပျော်ရဆုံးနေ့ သိလား အဖွားကြီး 
အဲဒါ ငါတို့ရဲ့ ကံကောင်းတဲ့ နေ့လေ
ငါသီချင်းရေးပြီး ဆိုပြတော့ 
အသံမကောင်းမှန်း သိရက်နဲ့ ကောင်းတယ်တဲ့ 
ငါပျော်အောင် မင်းလိမ်တယ် အဖွားကြီး 
ငါတို့ တတ်တွေ မြဲကြမယ်နော် 
မင်းကို ချစ်တယ် ဆိုတဲ့ စကားထက် 
တစ်ရက်ပိုချစ်တယ် အဖွားကြီး 
အချစ်ဆိုတဲ့ မျက်နာစိမ်း ကမ္ဘာထဲ
သေခြင်းတရားကို အံတုတုန်း 
ငါတို့တွေ ဘယ်သူမှ အရင်မခွဲကြေး
ဘယ်လိုလဲ အဖွားကြီး 
မင်း  လက်သန်းချင်း ချိတ်ရဲလား ?   ။
ကိုနယုန်စစ် ခံစားရေးဖွဲ့သည်   ( ချောက် )
"" ယောက်ျားကောင်း ဆိုတာ ''
''ယောက်ျားကောင်း တယောက်ဆိုတာ''
.......ကျွန်တော့် သူငယ်ချင်း မင်္ဂလာဆောင်တဲ့နေ့ မင်္ဂလာဦးညမှာပေါ့။ နယ်တွေရဲ့ ထုံးစံအတိုင်း နှစ်ဖက်မိဘရဲ့ အသိုင်းအ၀ိုင်းစုံ။ မင်္ဂလာသတို့သား သတို့သမီးတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းစုံမို့ တအိမ်လုံး တရုန်းရုန်းပေါ့။ မင်္ဂလာခန်းဝင် လုပ်ထားပေမဲ့ ခြေချစရာ နေရာမရှိ တအိမ်လုံးလူတွေအပြည့်။ မင်္ဂလာဦး သတို့သား သတို့သမီးတို့မှာ မင်္ဂလာဦးညဆိုတာ အသာထား ဒီဆွေမျိုးတွေ တအုပ်ကြီး မပြန်မချင်း အနည်းဆုံး ၂ရက်၃ရက်တော့ ပေါင်းရကိန်းမမြင်။ ဒါပေမဲ့ သူတို့ တအားကိုပျော်နေကြတယ်။ ရယ်ကြမောကျ ပျော်ဆုံးမော်မဆုံး သူတို့အတွက် ဘ၀မှာ အပျော်ဆုံး ညချမ်းလေး တညမဟုတ်လား။ နောက်ပြီး အရွှတ်အနောက်တွေ တအားပြောတက်တဲ့ ကျတော့ကြောင့်လည်း တအိမ်လုံးဗိုက်နိုပ် ပွဲကျနေလေရဲ့ပေါ့။ အဲ့ဒိအချိန်မှာ ကျတော်ဟာ ပွဲတည်မင်းသားကြီးပေါ့။ ကျတော်ရယ်စရာပြောနေတဲ့ အချိန်မှာ တအိမ်လုံးရဲ့မျက်နာတွေဟာ ကျတော့်အပေါ်ကျရောက်နေတယ်။ ကျတော် မှတ်မိနေသေးတယ် ကျတော်ရယ်စရာပြောနေတာကို သတို့သားနဲ့ သတို့သမီး တယောက်နဲ့တယောက် လက်လေးကိုင်ပြီး ကျတော့်ကို ကြည့်ရယ်နေကြတယ်။ အရမ်းရီရတဲ့ စကားဆိုရင် သတို့သမီးက သတို့သား ရင်ခွင်ထဲ မျက်နာအပ် ရယ်နေ၏။ တကယ်ပါ သူတို့ရဲ့ မျက်နာလေးတွေဟာ ၀င်းပြီးပြည့်နေတယ်။ အဲဒီအချိန်မှာပဲ ပြဿနာဂြိုလ်ဆိုး တခု ၀င်လာတယ်။ အိမ်ရှေ့မှ အမှုးသမားတယောက်ရဲ့ အသံ။ အတော်သောက်ထားပြီး အတော် မှုးနေတဲ့ပုံ။ အိမ်ရှေ့ ခြံစည်းရိုးတိုင်တွေကို ကိုင်လျက် သတို့သမီးနာမည်ကို အော်ခေါ်နေတယ်။ ဘေးကပြောမှ သိတာကတော့ သတို့သမီး၏ ရီးစားဟောင်းတဲ့။ ရည်းစားဟောင်းမှာ နယ်နယ်ရရ ရည်းစားဟောင်းမဟုတ်။ တော်တော်လွန်လွန်ကျူးကျူး ဖြစ်ခဲ့ပြီး တနယ်လုံးသိတဲ့အထိ ဖြစ်ခဲ့ပြီးတဲ့ ရည်းစားဟောင်း။ ဒီအမှုးသမားရဲ့ မှုးမှုးနဲ့ ပြောတဲ့ စကားတွေကလဲ ပြနေတယ်။ ဘယ်လို အနမ်းလေးတွေ၊ ဘယ်လို ကိုယ်ငွေ့ရနံ့လေးတွေ၊ ဘယ်နားမှာ ဘယ်လိုဖြစ်ခဲ့တာတွေ။ သူ့လိုဂုဏ်ဓနမဲ့တဲ့သူကို ရက်ရက်စက်စက် ထားရက်တယ် ဘာညာပေါ့။
ကျတော် တွေးထင်မိတာက သတို့သမီးဟာ ရန်ကုန်တက်လာ အလုပ်လုပ်ရင်း ကျတော့်သူငယ်ချင်းအင်ဂျင်နီယာနဲ့ အကြောင်းပါတယ်ဆိုတော့ ဒီကောင် သတို့သမီးအကြောင်းစုံကို မသိတာလား။ အမှုးသမားကတော့ ပြောနေတာ မရက်သေး။ သူပြောနေတာတွေက ဆဲဆိုရိုင်းစိုင်းတာမပါပေမဲ့
ဘယ်လိုအတိုင်းအတာထိ ပတ်သက်ခဲ့တာတွေကို ပြန်အစဖော်ပြောနေတာမို့ ကျတော်တို့တွေမှာတောင် မျက်နာပူစရာ။ သတို့သမီးမှာမှု မျက်နာကို လက်ဝါးအုပ်ခါ ငိုနေတော့တယ်။ သတို့သမီး အကိုနဲ့မောင်ကတော့ ဓားဆွဲဆုတ်ဆွဲ ရိုက်မယ်သက်မယ် ခုတ်မယ် တကဲကဲ အတော့်ကို ထိန်းနေရ၏။ အမှုးသမား၏ သူငယ်ချင်းဖြစ်ဟန်သူ နှစ်ယောက် သုံးယောက်ကလဲ အမှုးသမားအား ချော့မော့ဖြောင်းဖျ ခေါ်ထုတ်သော်လည်း မရ။ ခြံစည်းရိုးတိုင်ကို လက်ကမလွှတ် သတို့သမီးနာမည်သာ တွင်တွင်ခေါ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျတော်သည်ပင်လျင် မည်သူ့ကို ဒေါထွက်မှန်းမသိ ဒေါသက အလိပ်လိုက်ထွက်လာတယ်။ ကျတော့သူငယ်ချင်း သတို့သားမျက်နာကိုလဲ မကြည့်ဝံ့ မကြည့်ဖြစ်။ သူလဲ မည်ကဲ့သို့သော ခံစားမှု၊ မည်ကဲ့သို့သော ဒေါသတွေ ထွက်နေမှာပဲလို့ တွေးထင်မိတယ်။ ဒါပေမဲ့ ကျတော်ထင်တာ တက်တက်စင် လွဲမှားခဲ့တယ်။ ကျတော့်သူငယ်ချင်း ခြံအပြင်ကို ထွက်လာတယ်။ ပြီးတော့ အမှုးသမားရှေ့တည့်တည့်တွင်ရပ်လျက်...
" အကို... ကျတော် သတို့သားပါ.. သူ့ရဲ့ ခင်ပွန်းပါ... သူကျတော့်ကို အကို့အကြောင်းတွေ အရင်က အကိုနှစ်ယောက်အကြောင်းတွေ အများကြီး ပြောပြဖူးပါတယ်.. ကျတော် သဘောပေါက်ပါတယ် နားလည်ပါတယ်... ကျတော်ကိုယ်တိုင်လဲ ရည်စားထားခဲ့ဖူးပါတယ် ဒီလို အခြေအနေပေါင်းစုံးကို ကျော်ဖြတ်ဖူး အားလုံးသိပါတယ်.. သူ့ကို ကျတော် တကယ်ချစ်တယ်... ကျတော့ နုလုံးသားထဲကကို ချစ်ခဲ့တာ.. ကျတော့်ဘ၀ ကျတော့်အသက်တမျှကို ချစ်တာ.... အကိုတို့အခြေအနေကို သိပေမဲ့ ကျတော် သူ့ကို ချစ်လွန်းလို့ လက်ထပ်ဖို့ ဆုံးဖြက်ခဲ့တယ်... ကျတော် ဘယ်အတားအဆီးကိုမှ ဂရုမစိုက်ဘူး... ခုအခြေအနေမျိုးမှာ အကိုအနေနဲ့.. ကျတော့ကို စိတ်ချပါ.. ကျတော်လက်ထဲ သူ့ကို ယုံယုံကြည်ကြည်အပ်လိုက်ပါ... သူ့တဘ၀လုံး စိတ်ချမ်းသာ ပျော်ရွှင်စေရမယ်... ကျတော်ဂတိပေးပါတယ်.. ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေချင်မှာပဲ..... ခုအခြေအနေမျိုးမှာတော့ ကျတော်တို့ဘ၀လေးကို နောက် မနှောက်ယှတ်ပါနဲ့လား အကို... ကျတော် မေတ္တာရပ်ခံ တောင်းပန်ပါတယ် အကို... အကိုဘ၀ကိုလဲ ဒီလိုတသက်လုံး အရက်သမား အဖြစ်မခံပါနဲ့လားဗျာ... ဘ၀ကို အကောင်းဆုံးဖြတ်ကျော်ပြီး ရင်ဆိုင်လိုက်ပါ... ကျတော် တောင်းပန်ပါတယ်ဗျာ... နော်... "
အရက်မှုးသမားမှာ သတို့သား၏ အားလုံးမမျော်လင့်တဲ့ တုံပြန်မှုနှင့် အပြုအမှုနဲ့ စကား၊ အမှုးသမားကိုယ်တိုင် မမျော်လင့်ခဲ့တဲ့ သတို့သားရဲ့ တုံ့ပြန်တဲ့စကားကြောင့် အံ့သြမင်သက်မိနေရာမှ သတို့သား ခြေရင်းတွင် ထိုင်ချလျက် ဒူးကိုသိုင်းဖတ်ခါ ရင်ခေါင်းသံကြီးနဲ့ ချုန်းပွဲချ ငိုလေတော့သည်။
" အကိုရယ်... ကျတော်တော့ မှားပြီ မှားပြီဗျာ.. .. ကျတော်သူ့ကို ထပ်ပြီး ရက်စက်မိပြန်ပြီဗျာ... ဟာဗျာ.. မယုံနိုင်အောင်ပဲ ကျတော်
ဘာတွေလုပ်နေမှန်းမသိတော့ဘူး.... ကျတော် သူများတွေ မင်္ဂလာပွဲ အကုသိုလ်လာပွားတဲ့ ကောင်ဖြစ်နေပါပြီဗျာ... ကျတော် လူမဟုတ်တော့ဘူး အရမ်းကို ယုတ်မာတဲ့သူ ဖြစ်သွားပြီ... မယုံနိုင်အောင်ပဲ ကျတော့်လုပ်ရပ်ကို.. ကျတော်တောင်းပန်ပါတယ်ဗျာ.. ကျတော်တောင်းပန်ပါတယ်... သူ့ကိုလဲ တောင်းပန်ပါတယ်... ကျတော့်ကို ခွင့်လွှတ်ပါ... ကျတော့်ကို ခွင့်လွှတ်ကြပါဗျာ.. " ရင်ခေါင်းထဲက ထွက်လာတဲ့ အသံကြီးနဲ့ အော်ငိုနေလေရဲ့။ ဒီဖြစ်အင်ကို မြင်ရသူ ကြားရသူ စိတ်မခိုင်တဲ့ အရပ်ထဲက အဒေါ်ကြီး အချို့ပင် မျက်ရည်သုတ်ရရှာတယ်။ အကိုတွေ မောင်တွေပင် တွေတွေကြီး ငေးကြည့်နေမိတယ်။ ဒါနဲ့ပဲ အမှုးသမားကို ဘေးက သူ့ သူငယ်ချင်းတွေက ချော့မော့ပြီး ခေါ်သွားကြတယ်။ သတို့သားကတော့ အိမ်အပြင်မှာ ရပ်လျက်ပေါ့။ သတို့သမီး အိမ်အပြင်ထွက်လာပြီး သတို့သားကို လတ်အုပ်လေးချီပြီး မျက်ရည်တွေကျလျက် တောင်းပန်မယ့် ဟန်ပြုတော့ သတို့သား သတို့သမီးလတ်ကို လှမ်းဖမ်းကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းကျပ်စွာ ဖက်ထားလိုက်တော့တယ်။ ပါးစပ်ကလဲ ပြောနေတယ် ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး.. ကို မင်းကို အရမ်းချစ်တယ်.. ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မင်းကိုပဲ ပိုင်ချင်တယ် ကိုတို့နှစ်ယောက် မိသားစုလေး ဘ၀တခုကို ထူထောင်ချင်တယ်။ အဲ့ဒိလို ပြောလိုက်တော့ သတို့သမီးမှာ သတို့သား ရင်ခွင်ထဲ ချုန်းပွဲချ ငိုလေတော့တယ်။ ပါးစပ်ကလဲ သတို့သားကို တောင်းပန်နေတဲ့ မပီမသ စကားတွေက ငိုသံကြောင့် ဘာမှန်း မသိတော့။ ကျတော် ထင်တယ်.. ဒီအငို ဒီမျက်ရည်ဟာ ၀မ်းနည်းလွန်းလို့ ၀မ်းသားလွန်းလို့ ကြည်နူးလွန်းလို့ ဆိုတာ ကျတော် နားလည်ပါတယ်။
သူတို့မိသားစု သာသာယာယာပါပဲ။ တလောက ပြန်တွေ့တော့ ကလေးနှစ်ယောက်တောင် ရနေပြီ။ မိန်းကလေးနှစ်ယောက် ချစ်စရာလေးတွေ စကားကလဲ တက်မှတက်။ စာကလဲ တော်။ သူတို့တွေ ကျတော့်ကို တွေ့တော့ ကြိုဆိုတဲ့ပုံက သေတဲ့သူပြန်ရှင်လာလို့ တွေ့ရတဲ့ ပုံမျိုးနဲ့ ကြိုတယ်။ သူတို့ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်း သိုက်သိုက်ဝန်းဝန်း ဖြစ်နေတာတွေ့ရတော့ အရမ်းကို ၀မ်းသာတယ် စိတ်ချမ်းသာတယ်။ ကျတော့်သူငယ်ချင်းကော သူ့မိန်းမကော မင်္ဂလာဆောင်ချိန်ကလိုပဲ တစက်မှ မလျော့တဲ့ ပြုံးပျော်မျိုးတွေ မြင်နေရတယ်။ ကျတော်ပြန်တော့ ကျတော့်သူငယ်ချင်းကို ခုထိ မပြောဖြစ်ခဲ့တဲ့ စကားလေးတခွန်းရှိတယ်။ အဲဒါကတော့.. " ငါ့ သူငယ်ချင်းတွေထဲမှာ မင်းလို့ သူငယ်ချင်းမျိုးရှိတာ ငါဂုဏ်ယူတယ် သူငယ်ချင်း " ဆိုတာပါပဲ။
အေးချမ်းဆွေ  ပြန်လည်မျှဝေသည် ။
Wednesday, July 16, 2014
““ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ””
““ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ””
မနေ့က တခါ တင်ထားပါသေးတယ်ခင်ဗျာ အခုထိ ပို့စ်ကျမလာလို့ ထပ်ပြီး တင်လိုက်ရချင်း ဖြစ်ပါတယ် ။
နားလည်ပေးပါ အက်ဒမင် လူကြီးများ ခင်ဗျာ  ။
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။
အမည်....
ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင်လေသည်။ ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည် ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။ 
ငယ်ဘဝ
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။ အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။ အများအားဖြင့် က္ကုနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။
သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်းတို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲေ***ကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။ ၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။ ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။ သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။ များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။
ဒုတိယကမ္ဘာစစ်‌ကာလ
၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။ ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့်လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။ ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။ ၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။ ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ်
‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့်သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။
မိသားစု
၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ ကွန်မြူနစ် ခေါင်းဆောင်သခင်သန်းထွန်းနှင့် အကြောင်းပါခဲ့လေသည်။ အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ခေါင်းဆောင်လျက်ရှိသည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ
ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ
ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး
တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကိုေ***လှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’
‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။
လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။
ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။
ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။
ဘ၀နိဂုံး
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့လေသည်။
(ဆရာဝင့်ထည်၏  ဆောင်းပါးတစ်ပုဒ်မှ သင့်နိုးရာရာ ကောက်နုတ်တင်ပြပါသည်။)