myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Thursday, December 11, 2014

"ထာဝရထက်တရက်ပို"

"ထာဝရထက်တရက်ပို"

အချစ်ကဆံပင်ဖြူတွေကို
ဘယ်တော့မှ မနိုင်ဘူး
လတ်ဆတ်နေတဲ့လေထက်
ရင်ခွင်ထဲက မင်း
ဖြစ်နိုင်ရင် ဘဝဟာ အချစ်နဲ့ပြီးတယ်ဆိုတဲ့အကြောင်း
ငါတမ္ဘာလုံးကို တယောက်ချင်းစီလိုက်ပြောချင်တယ် အဖွားကြီး

လက်ဖျားတွေအေးစက်နေသလား
အသက်ကစပြီး တဘဝလုံးပေးထားတယ်
တကိုယ်လုံးထဲ အမာဆုံးဒူးတောင်
မင်းအပြုံးနဲ့ကြွေကျဖူးတာ
သေတဲ့အထိဖမ်းဆုပ်ထား
မင်းလက်ဖျားလေးတွေ နွေးနေလိမ့်မယ်

အနာဂါတ်ကိုတွေးမကြောက်ပါနဲ့
သားသမီးလေးတွေကို သွန်သင်မယ်
မြေးလေးတွေကိုချီမယ်
မင်းနဲ့ငါ့ရဲ့အချစ်အကြောင်းထည့်မဟောလိုက်လို့
ကိုင်ရိုတောင်ငိုချင်ငိုနိုင်ရဲ့

ကိုနယုန်စစ် ( ချောက် ) ရေးဖွဲ့သီကုံးသည် ။

No comments:

Post a Comment