myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Saturday, March 2, 2013

အချစ်စစ်တခုကို ဘယ်လိုရှာကြမလည်း

  1. အချစ်စစ် တခုကို ဘယ်လို ရှာကြမလည်း
    အခုတစ်လော ယောက်ျားလေး မိန်းကလေး တော်တော်များများကို တွေ့မြင်နေရတဲ့ အချစ်ရေးရာ ကိစ္စတွေမှာ လွဲချော်မှု များစွာကို တွေ့နေရတယ်
    နှစ်သက်တာ အချစ်လား ?
    စိတ်ဝင်စားတာ အချစ်လား ?
    သာယာမှုနဲ့ အပျော်ရှာတာကရော အချစ်လား ?

    မျက်နာဝိုင်းဝိုင်း မျက်လုံး မျက်ဖန်ကောင်းကောင်း ပါးဖောင်းဖောင်းလေးနဲ့ အသားလေးက ဖြူးဝင်းစိုပြေနေလို့ လိုချင်တပ်မက်ကျတာ အချစ်လား ?
    သူ့ရဲ့ နေထိုင်ပုံ ၀တ်စားဆင်ယင်ထားတဲ့ ၊ အဆင်းတန်ဆာ ပစ္စည်းတွေကိုရော
    ထည့်တွက်ပြီး လက်ခံစဉ်းစားတာ စိတ်ဝင်တစား ရှိကျတာ အချစ်စစ်စစ် ဖြစ်ကြရယ်လား … ဗျာ ။

    ရုပ်ရည်လှပမှု မရှိ ပိုင်ဆိုင်မှု ပစ္စည်း ပစ္စယလည်းနည်း အသားအရေမှာ စိုပြေ၀င်းမွတ်မှု မရှိကျပေမယ့်လဲ စိတ်သဘောထား သိမ်မွေ့လို့ ကိုယ့်အပေါ် အနွန်တာခံ နားလည်မှု ရှိကာ လူအများနဲ့ လိုက်လျောညီထွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်တဲ့ စစ်မှန်တဲ့ အချစ်ကို ပိုင်ဆိုင်ထားသူတွေကို မျက်စိထဲမှာ မြင်အောင် မကြည့်တတ်ကျတာ လူ့ သဘာဝလား ?

    အသားအရေလှပမှု ရုပ်ရည်ချောမွေ့မှု ဆိုတာ လုပ်ငန်း လုပ်နေရတဲ့ အနေအထား သွေးသားဖွဲ့စည်းထားပုံ နုနယ်သေးတဲ့ ဇရာရဲ့ အရွယ်တင်နေသေးတဲ့ အချိန်မို့ပါ ဒါတွေက တဒင်္ဂ ဟန်ဆောင်ဖုံးကွယ်ပေးထားတဲ့ အပေါ်ယံ ခြုံထည်တွေပါ ….။

    ပစ္စည်း ဥစ္စာကို မတ်လို့ စိတ်ဝင်းစားတယ် ချစ်ကြတယ် ပေါင်းဖတ်မယ်ဆိုရင်
    လည်း စဉ်းစားသင့်တယ် အသက်ညဏ်စောင့် ဥစ္စာကံစောင့် ဆိုတဲ့
    မြန်မာ ဆိုရိုးစကားလဲ ရှိပြီးသားပဲလေ ကိုယ့်ရဲ့ အသိညဏ်နည်းပါးမှု မကောင်းတဲ့ စိတ်ဖွဲ့စည်းပုံနဲ့ ရယူထားတဲ့ အရာတွေက ပြန်လည်ဆုံးရှုံးဖို့ အများဆုံး ပြန်လည် ဖြစ်နိုင်ပါတယ် ရန်သူမျိုး ငါးပါးကြောင်းလည်း ပျက်ယွင်းချို့တဲ့ သွားနိုင်တယ် အဲဒီအချိန် ဒီလို လူမျိုးက စာနာမှု နည်းပါးပြီး
    ကိုယ့်အပျော်ကို ရှာပြီး အချစ်မစစ်တဲ့ တည်ဆောက်ထားပုံမျိုးကြောင်း
    အဆင်ပြေ သာယာဖို့ဆိုတာ မဖြစ်နိုင်ဘူး အပေါ်ယံ ခြုံလွှာကို ကြည့်ပြီး
    တပ်မတ်ခဲ့ကျလို့ပါပဲ ။

    တကယ် စစ်မှန်တဲ့အချစ် ဘယ်လိုမှ ပြောင်းလည်းမသွားနိုင်တဲ့အချစ်ကတော့
    ရုပ်ရည်လှလို့ ချစ်တာ မဟုတ်သလို အသားအရေ ဖြူဝင်းချောမွတ်လို့လည်း မဟုတ် သူ့ရဲ့ အဆောင်အယောင်တန်ဆာ ပစ္စည်းမတ်လို့ မဟုတ်ပဲ နုညံ့သိမ်မွေ့တဲ့ သူ့ စိတ်နှလုံးသား တည်ကြည်ရိုးသားမှု စာနာနားလည်ပေနိုင်မှု
    ကိုယ်တစ်ဦးတစ်ယောက်ထဲကိုမှ မဟုတ်ပဲ လူသားတိုင်းအပေါ်ကို အကောင်းမြင်ပေးနိုင်မှု စာနာနားလည်မှု ပေးနိုင်မှုမျိုးကို စဉ်းစားပြီး ရွေးချယ်သင့်တယ် အဲဒါကပဲ အချစ်စစ်လို့ ကျွှန်တော် ယူဆတယ် ။

    ကိုယ်တစ်ဦးတစ်ယောက်ထဲကို ကောင်းပြီး လူအများကို မကောင်းမြင်တဲ့ သူက
    ကိုယ့်အပေါ်ကိုလည်း အချိန်မရွေး ပြောင်းလည်းသွားနိုင်ပါတယ် ။
    စည်းပွားဥစ္စာဆိုတာကလည်း အောင်မြင်တိုးတတ်လာနိုင်သလို ကျဆင်းပြိးတော့လဲ ဆုံးရှုံးသွားနိုင်တယ် တင့်တယ်လှပနေတဲ့ ကိုယ့်ရဲ့ ရုပ်လက္ခဏာ ဆိုတာကလည်း ဇရာရဲ့ အနှုတ်ပြလက်ကြောင်း ကျဆင်းရဦးမယ်

    အဲလိုအချိန်မှာ မစစ်မှန်သူရဲ့ ဟန်ဆောင်အချစ်က ပြောင်းလည်းဖို့ ဆိုတာ
    ဖြစ်လာနိုင်တယ် ….။ အများတကာပေါ်မှာ အကောင်းမြင်စိတ်နဲ့ စာနာနားလည်ပေးတဲ့ သူကတော့ ကိုယ့်အဖို့တော့ ပြောဖွယ်ရာ မရှိအောင်
    ပိုပြီးကောင်းနေမှာပါ ။

    ကိုယ့်ဘက်ကလည်း သ၀န်တိုမှု မနာလိုမှုတွေနဲ့ အပြစ်မမြင်ပဲ နားလည်ပေးလို့
    ချစ်ခင်တတ်ဖို့ လိုတယ် . . . ၊ အခုနောက်ပိုင်းက ယောကျာ်းလေးရော မိန်းကလေးရော အများစုကိုသာ ပြောတာပါ ချစ်သူ ရည်းစားကို ဟိုနားတစ်ယောက် ဒိနားတစ်ယောက် နောက်တစ်နေရာ တစ်ယောက်လောက် ထားပြီး အပျော်ရှာကြ ရွေးချယ်ကြတာတွေ ဖြစ်နေတာ များပါတယ် ။

    ယောကျာ်းလေးရော မိန်းကလေးပါ အဲဒိလို ပွေနေရှုပ်နေလို့ကတော့ တော်ရုံတန်ရုံ မရှုပ်မပွေတဲ့သူနဲ့ ရဖို့ကတော့ နည်းပါးပါတယ် ဒါကြောင့်
    တတ်နိုင်သလောက်တော့ မပွေမရှုပ်ကြပဲ အပေါ်ယံခြုံလွှာကို “ မသာယာပဲ ”
    စစ်မှန်တဲ့ ရင်းတွင်းက စိတ်နေစိတ်ထားလေးတွေကို မြင်အောင်ကြည့်ပြီး
    စစ်မှန်သော အချစ်စစ်စစ်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့…………………..
    ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။ ။ ။

    ချစ်ရအောင်

    ရေးသားတင်ပြသည် ။

No comments:

Post a Comment