လောကမှာ အရာအားလုံးက
အခြေနေနဲ့ အချိန်ခါကိုလိုက်ပြီး
စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတယ်
ဒါပေမယ့်
အဲ့လိုပြောင်းလဲတတ်တဲ့ အရာတွေထဲမှာ
ငါ့ရဲ့အချစ် မပါဘူး ချစ်သူ.....
ဝေးကွာခြင်းဆိုတာ နီးစပ်ခြင်းအတွက်
အသေချာဆုံးသော လမ်းစပါ
အဆိုးဝါးဆုံး ခံစားရတဲ့
အချိန်တွေကျော်လွန်သွားရင်
ငါတို့အတွက် အကောင်းဆုံး
ပျော်ရွှင်ခြင်းတွေ ရလာမှာပါ ချစ်သူရယ်...
ဒီအချိန်တွေ မရောက်သေးခင်
ငါတို့ရဲ့ခံစား ချက်တွေကို
ရင်မှာ ခဏသိမ်းပြီး နေကြရအောင်နော်
အားမလျှော့ပါနဲ့ ချစ်သူ
ဘယ်လောက်ဝေးနိုင်မှာလဲ
ဒီကောင်းကင်ကြိး အောက်ထက်တော့
ကျော်လွန်ပြီး ဝေးနိုင်ဦးမလား
ဝမ်းမနည်းပါနဲ့ ချစ်သူ
နေရာဒေသတွေ ပြောင်းလဲသွားတာကလွဲလို့
ကျန်တာဘာမှ မပြောင်းလဲပါဘူး
အထူးသဖြင့် မင်းကိုချစ်တဲ့
ငါရဲ့ အချစ်တွေပေါ့
ဒိလောကကြိးမှာ
ငါဆိုတဲ့ လူတယောက် ပျောက်ကွယ်သွားရင်တောင်
မင်းကိုချစ်တဲ့ ငါ့အချစ်တွေကတော့
အထိမ်းအမှတ် အနေနဲ့ ဆက်လက်ရှင်သန်နေမှာပါ
ငါ မင်းကို ဘယ်လောက်ချစ်လဲဆိုတာ
ဘယ်သူမှမသိရင်တောင်
မင်းတယောက်တော့ အသိဆုံးပါ ချစ်သူ
အောင်မြင်ခြင်းတွေ သိမ်းပိုက်ပြီး
ပြန်လာခဲ့ပါ ချစ်သူ
ငါ့မျက်ရည်တွေ သုတ်ပေးမယ့်
ကြင်နာသူရဲ့ နွေးထွေးတဲ့လက်တစုံကို
ငါ အမြဲစောင့်မျှော်နေမှာပါ....
No comments:
Post a Comment