---------------------
တစ်ကမ္ဘာ မခြားသေးဘူးဆိုပေမယ့်
သေနယ်ဆီခါခါလားရသလို
ရှင်နေလျက် သေဆုံးနေတဲ့ဘဝမှာ
အဖန်တစ်ရာ အလွမ်းသမလေးအဖြစ်နဲ့
သံသရာ ကမ်းနံဘေး မှာ
ထိုင်ကာလွမ်းဆွေးလို့
ထံတျာ အလွမ်းတေးတွေ လည်း
မဆိုချင်တော့ဘူးမောင်…
သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာပမာ
သက်ဆင်းရာ ညွှတ်ကွင်းနွယ်မှ လွှတ်ကင်းရာ ခါခါရုန်းသော်လည်း
မဆုံးနိုင် သမုဒယကြိုးတွေက
နှောင်တိုးကာ ပိုပိုဆိုးလေတော့
ညှိုးလျော့လို့ မဖြေသာ…ဝေဒနာဆတိုး
လွမ်းမိုးတွေ ရင်မှာသည်းလေပေါ့
သမုကြော့ သည်မေခင်မှာ လူကွယ်ရာ တိတ်တိတ်ငိုမဆုံး…

ရွှေသဇင်လို တော်ဝင်မတင့်ပေမယ့်
ကြွေလွင့်တဲ့ပန်းခရေလို
မြဲတစေ အရှင့်ထံတော်ပါး
ခစားကာ ပျော်ပျော်ရွှင်နဲ့
သည်းပလ္လင်ထက် ယဇ်အဖြစ်ပင် စတေးခံရစေဦး
ရက်စက်တယ် ဘယ်မတွေး မုန်းတီးတယ် ဘယ်မမြင်…
ချစ်တွက်ဆိုလျှင် သက်ကိုပင် စွန့်လွှတ်ရဲတာမို့
ကိုယ့်သည်းလွှာ ကြင်နာနင်းဖို့ လမ်းခင်းပေးထားတယ်မောင်…

ဒါပေမဲ့
မေတ္တာတွေမိုးခေါင်
အကြင်နာတွေရေရှားတဲ့ ဥတုပျက်မောင့်နှလုံးသားရပ်ဝန်းမှာ
အချစ်ဆိုတာ သူရိန်လို တစ်ဖုံ
သော်တာလို တစ်မျိုး…ပူလိုက် အေးလိုက် ရယ်မို့
နေ့ခင်းမယ် နေရောင်ထွက်မှာ နဲ့
ညခင်းဝယ် လရောင်လက်မှာတောင် စိုးကြောက်နေမိခဲ့ပြီ မောင်…

တကယ်တမ်းမေ့ဖက်ကအကြင်နာ
တွယ်ရစ်ခဲ့တဲ့ သံယောဇဉ် ပြန်ပြောလျှင်
ရင်မှာမဆန့်တာမို့
ကိုယ်သန့်တဲ့ ကိုယ်လိပ်ပြာ
ရစ်ဝဲကာ ကျိန်ဆိုမပြတော့ပါဘု
ပိုတယ်ထင်ရင်လည်းထင်
တွယ်မိတဲ့ သံယောဇဉ် နွယ်တစ်ပင် မဟုတ်ခဲ့လေတော့
ဖန်ဆင်းပေါ့ သိကြားရှင်
ဝရဇိန်ပင် စွမ်းလိမ့်မထင်ဘူးမောင်
အလွမ်းနာပြေကာပျောက်ရအောင်
ရေနှောက်တဲ့ ဆန်ဆေးရေပမာ
ဝေးတစ်မြေ ဟိုရပ်ခြားကို
ထွက်သွားကာ မေ ခြေရာဖျောက်သော်လည်း
ဝေဒနာအဆကဲရယ်နဲ့ ဖန်တစ်ရာခါခါကွဲလေတဲ့နှလုံးအိမ် မေ့အသည်းက
ချစ်ဆဲပါ မောင်…………………
နေ့သစ်လင်းတွယ်ရစ်ခဲ့တဲ့ သံယောဇဉ် ပြန်ပြောလျှင်
ရင်မှာမဆန့်တာမို့
ကိုယ်သန့်တဲ့ ကိုယ်လိပ်ပြာ
ရစ်ဝဲကာ ကျိန်ဆိုမပြတော့ပါဘု
ပိုတယ်ထင်ရင်လည်းထင်
တွယ်မိတဲ့ သံယောဇဉ် နွယ်တစ်ပင် မဟုတ်ခဲ့လေတော့
ဖန်ဆင်းပေါ့ သိကြားရှင်
ဝရဇိန်ပင် စွမ်းလိမ့်မထင်ဘူးမောင်
အလွမ်းနာပြေကာပျောက်ရအောင်
ရေနှောက်တဲ့ ဆန်ဆေးရေပမာ
ဝေးတစ်မြေ ဟိုရပ်ခြားကို
ထွက်သွားကာ မေ ခြေရာဖျောက်သော်လည်း
ဝေဒနာအဆကဲရယ်နဲ့ ဖန်တစ်ရာခါခါကွဲလေတဲ့နှလုံးအိမ် မေ့အသည်းက
ချစ်ဆဲပါ မောင်…………………
13th September 2014 Saturday 8:27 AM