တိမ်ရောင်စုံဖြာ
ဆည်းဆာညနေခင်း
အကျည်းတန်ချစ်သူများလှချိန်
အိမ်အိုပြူတင်းပေါက်က
မျှော်သူ တယောက်ရဲ
့ရင်ထဲ
အလွမ်းတွေ စီးဆင်းနေဆဲလေ
….။
ခေတ်တွေ ရှင်သန်ပုံက
မပေါက်ကွဲသေးတဲ့
မီးတောင်တခုလို
သောက ချော်ရည်ပူများ
ထွက်ပေါက်ကိုရှာ
ကျိန်စာမိထားတဲ့
လောကဓံခမျာ
ကားစင်ထက်မှာ
နှလုံးသား ဟောက်ပက်နဲ
့ ….။
ပေးဆပ်ခြင်းဆိုတာ
ဘာလဲ
ရယူခြင်းကရော
ပိုင်ဆိုင်ခြင်း
လွတ်လပ်ခြင်းများ
တရားမျှတမှု တိုက်ပွဲများကြားမှာ
ပျော်ခြင်း မပျော်ခြင်းများ
နေတတ်ခြင်းနဲ
့ အသားကျအောင်ကြိုးစား …..။
တောင်စွယ်မှာ
နေကွယ်ရင်
ရွှေဓါးဆွဲလို
့ပဲသတ်သတ်
ကွမ်းတရာ ရေတမှုတ်နဲ
့
လှည့်ဖျားတဲ့
သူလို့ ပဲ ဆိုဆို
သံသရာဝဋ်ကြွေး
အသက်ပင် ပေးပါရစေ
ကံမကုန်ရင် ဒီဘ၀မှာ
ပြန်ဆုံချင်သေးတယ် ….။
ဒီလိုနဲ့  …
အိမ်အိုပြူတင်းပေါက်က
မျှော်သူရဲ့ ရင်ထဲ
အလွမ်းတွေ စီးဆင်းဆဲလေ
….။
ရဲရင့်သက်ဇွဲ
၁၁ ၀၁ ၂၀၁၁ သီကုံးရေးဖွဲ့သည် ။
No comments:
Post a Comment