လောကမှာ အရာအားလုံးက
အခြေနေနဲ့ အချိန်ခါကိုလိုက်ပြီး
စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတယ်
ဒါပေမယ့်
အဲ့လိုပြောင်းလဲတတ်တဲ့ အရာတွေထဲမှာ
ငါ့ရဲ့အချစ် မပါဘူး ချစ်သူ.....
ဝေးကွာခြင်းဆိုတာ နီးစပ်ခြင်းအတွက်
အသေချာဆုံးသော လမ်းစပါ
အဆိုးဝါးဆုံး ခံစားရတဲ့
အချိန်တွေကျော်လွန်သွားရင်
ငါတို့အတွက် အကောင်းဆုံး
ပျော်ရွှင်ခြင်းတွေ ရလာမှာပါ ချစ်သူရယ်...
ဒီအချိန်တွေ မရောက်သေးခင်
ငါတို့ရဲ့ခံစား ချက်တွေကို
ရင်မှာ ခဏသိမ်းပြီး နေကြရအောင်နော်
အားမလျှော့ပါနဲ့ ချစ်သူ
ဘယ်လောက်ဝေးနိုင်မှာလဲ
ဒီကောင်းကင်ကြိး အောက်ထက်တော့
ကျော်လွန်ပြီး ဝေးနိုင်ဦးမလား
ဝမ်းမနည်းပါနဲ့ ချစ်သူ
နေရာဒေသတွေ ပြောင်းလဲသွားတာကလွဲလို့
ကျန်တာဘာမှ မပြောင်းလဲပါဘူး
အထူးသဖြင့် မင်းကိုချစ်တဲ့
ငါရဲ့ အချစ်တွေပေါ့
ဒိလောကကြိးမှာ
ငါဆိုတဲ့ လူတယောက် ပျောက်ကွယ်သွားရင်တောင်
မင်းကိုချစ်တဲ့ ငါ့အချစ်တွေကတော့
အထိမ်းအမှတ် အနေနဲ့ ဆက်လက်ရှင်သန်နေမှာပါ
ငါ မင်းကို ဘယ်လောက်ချစ်လဲဆိုတာ
ဘယ်သူမှမသိရင်တောင်
မင်းတယောက်တော့ အသိဆုံးပါ ချစ်သူ
အောင်မြင်ခြင်းတွေ သိမ်းပိုက်ပြီး
ပြန်လာခဲ့ပါ ချစ်သူ
ငါ့မျက်ရည်တွေ သုတ်ပေးမယ့်
ကြင်နာသူရဲ့ နွေးထွေးတဲ့လက်တစုံကို
ငါ အမြဲစောင့်မျှော်နေမှာပါ....
Saturday, March 9, 2013
ငါဆက်ရှောက်မယ့် လမ်းတိုင်းမှာ
ငါလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်
ရောင်သွေးစုံတဲ့ပန်းပွင့်တွေမြေခနေရှာပေမဲ့
လက်လှမ်းကာမရွယ် စိတ်၌ပင်မမွှေးကြူခဲ့ဘူး
ငါလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်
ရောင်စုံမီးတွေ ထိန်ထိန်ငြီးကာ ဦးမော့နေတယ်
ယောင်လို့တောင် ငါမရောက် မလျှောက်ခဲ့ဘူးလေ
ငါလျှောက်ခဲ့တဲ့ လမ်းတစ်လျှောက်
နေကျဲကျဲပူပေမဲ့ အရိပ်ကောင်းတွေများသော်လည်း
နေမင်းရဲ့ အပူဒဏ်ကို ကြံ့ကြံ့ကာခံခဲ့တယ်
ငါ ဆက်လျှောက်မဲ့ လမ်းတစ်ထောက်မှာ
အရောင်အသွေးကား မစုံပေမဲ့
မင်းဆိုတဲ့ ပြုံးရောင်ပန်းဖူးလေး ငါမွှေးကြူချင်ခဲ့တယ်
ငါ ဆက်လျှောက်မဲ့ လမ်းတစ်ထောက်မှာ
လမိုက်ကာ မှောင်မိုက်နေခဲ့ပေမဲ့
လင်းလက်တဲ့မင်းပြုံးတဲ့အပြုံးတွေနဲ့အတူ
သွားမယ့်ခရီးလမ်း ဆက်လို့သာလျှောက်ချင်တယ်
ငါ ဆက်လျှောက်မဲ့ လမ်းတစ်ထာက်မှာ
နေမင်းဆယ်စင်း အပြိုင်လင်းနေပါစေ
မင်းဆိုတဲ့ အရိပ်တစ်ခုသာပါမယ်ဆိုရင်
ဆယ်စင်းသောနေမင်းရဲ့အောက်
ကျောဗြောင်ကာခြေဗလာနဲ့လဲ
ရှေ့ဆက်မဲ့လမ်းတိုင်းကို ငါဆက်လျှောက်နိုင်တယ်
Subscribe to:
Posts (Atom)