myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Tuesday, September 25, 2012

မြန်မာ မိန်းကလေး




မြန်မာမိန်းကလေး
-------------------

အရွယ်လေးက ငယ်ငယ်
ကိုယ်ဟန်က သွယ်သွယ်
ဆံနွယ်တွေ နက်မှောင်ရှည်လို့
ယဉ်ပါပေ့ ဆင်ယင်ထုံးနှင့်
ဘ၀င်မှာ ယှဉ်စရာရှားတဲ့သူ ။

ဖျင်ထည်ကကြမ်းပေမယ့်
စိတ်ထားကနုသူမို့
ရွှေရင်စေ့မှ ဘ၀င်ကျသူ
အဆင်မဆန်းပေမယ့်
မြင်သမျှ ရွှေရင်အေးရတယ်
ရင်ဖုံးလေးနဲ့လှတဲ့သူ။

မိတ်ကပ်တွေ ပြာမနှမ်းပါဘူး
စိတ်ဓါတ်ပါ အေးငြိမ်းရအောင်
ကျောက်ပြင်ထက် ရေကြည်အေး
သုံး လေးစက်နှင့်
ရှင်မတောင်တုံးလေး ဖွဖွသွေးလို့
မျက်နှာမှာ ပါးကွပ်ကျားနဲ့
အေးချမ်းစွာ လှတဲ့သူ။

ငွေကြေးမပြည့်စုံပါဘူး
အနေဆင်းရဲပေမယ့်
ဆင်းမြန်တာ ထမီရှည်လေးမို့
သွားရတာ ပေါ့ပါး
ထိုင်ရတာ လွတ်လပ်လို့
မြင်သူတကာ ယှဉ်သူရှားပါတဲ့
လှစွာပ မြန်မာမိန်းကလေး။

ငြိမ်းချမ်းပါစေ ကချင်မြေ . . .။




ငါ့သားမကြောက်နဲ့ အမေရှိတယ်

သမီးလေးမကြောက်နဲ့အဖေရှိတယ်
အားပေးသံကချိနဲ့တုန်ယင်
တဒိပ်ဒိပ်ညံရင်ခွင်ကြားမှာ တိုးဝင်နားလို့
ဗုံးသံကြားမှာပြေးကာလွှားရင်း
မျက်ရည်များနဲ့အိပ်စက်ရတယ် ....
တောကြိုအုံကြားပြေးလွှားရုန်းကန်
မြွေမကြောက်၊ ကင်းမကြောက်၊
ကျည်ဆန်ကြောက်လိှု့
ရှိတဲ့အစားစာချွေတာစား
ဘေးလွတ်ရာကိုပြေးကြရတယ်
မိုးပြိုတာထက်ကြောက်ရလို
့ အဖေရော အမေပါကြောက်နေမှာပါ...
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ကူမင်တန်တွေ
ကျူးကျော်ရန်စပြုခဲ့မျှကို
တိုင်းရင်းသားတွေပေါင်းစုအားနဲ့
စုပေါင်းတိုက်ထုတ်နိုင်ခဲ့တယ်..
အခုတော့လည်း
စစ်တိုက်ဝါသနာမကုန်လို့လား
တိုင်းရင်းသားချင်းပြန်တိုက်ခိုက်တယ်
မိသားစုရဲ့သတ်ပွဲတွေ ....
ငါတို့မြေ၊ ငါတို့ရွာလေးမှာ
ဓလေ့ထုံးစံ ယဉ်ကျေးမှုနဲ့
ဘိုးဘွားဆက်ဆက်နေပြီးကာမှ
အတ္တစစ်ဘေးလွတ်ရာပြေးဖို့
ရွာကိုစွန့်ခွာ ကျည်လွတ်ရာတဲ့
ဒုက္ခသည်တို့နားခိုရာမှာ
သန်း(၆၀)ဆယ်ကျော်ပြည်သူများကြား
ငါတို့ဘ၀ “ဒီမိုကရေစီမဲ့ရပြီ” ပေါ့ .... ။