myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Tuesday, October 28, 2014

အမေသို့ တမ်းချင်း

အမေသို့ တမ်းချင်း
မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ
ကျင်လည် ကျက်စားရင်း
တောအရပ်ဆီက
ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ
ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ

‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့
မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက
စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ
အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ

‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့
အမေ မှာလိုက်တဲ့စကား
ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ

လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ
ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း
ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ
ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း
အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ ….

တစ်နေ့တစ်နေ့ လိုင်းကားတိုးစီးရတာဟာ
နေပူပူမှာ ယာထွန်ရတာထက်တောင်မှ
ပိုပြီး စိတ်ညစ်စရာ ကောင်းနေပါလားဗျာ …
စိတ်ပျက်တာ မဟုတ်ပါဘူး … အမေ
မိဘအတွက် စိတ်ထန်သန်စွာနဲ့
ကျွန်တော် အလုပ်လုပ်နေဆဲပါ ….. အမေ

မြို့ပြမှာ အစားအသောက်တွေ စုံလင်လှပေမယ့်
အမေ့ရဲ့လက်ရာ ပဲဟင်းချိုပူပူလေးကိုသာ
ကျွန်တော့်မှာ ထမင်းစားတိုင်း လွမ်းနေမိမြဲပါပဲ ….. အမေ

မေတ္တာအပြည့်နဲ့ ကြည်လင်လှတဲ့ အမေ့ရဲ့အပြုံးဟာ
ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ
ရေ မရောတဲ့ နွားနို့ဟာ
ခွန်အားကို အပြည့်အဝ ရစေသလိုပေါ့ …..

အဆင်မပြေတာတွေ ကြုံလာတိုင်း
အမေ့ရဲ့အပြုံးကို မြင်ယောင်လိုက်တာနဲ့
အလိုလိုပဲ ပြေပျောက်သွားတတ်ပါတယ် ….. အမေ

ကျွန်တော့်ဘဝအတွက် အတုမရှိတဲ့
ကျွန်တော်ချစ်ရတဲ့ …… အမေ
လာမယ့်သင်္ကြန် ရုံးပိတ်ရက်ရှည်မှာ
အမေ့ရဲ့ရွာကို အပြေးလာခဲ့ပါမယ် …
အဲဒီ အချိန်ကျမှပဲ အမေ့ရဲ့ခြေအစုံကို ဖက်ရင်း
ဝေခဲ့ရတဲ့ အလွမ်းတွေကို အကြွေးပြန်ဆပ်တော့မယ် ………. အမေ ။

No comments:

Post a Comment