myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, October 3, 2014

အပျိုကြီး သီတင်းကျွတ်မိန့်ခွန်း

အပျိုကြီး သီတင်းကျွတ်မိန့်ခွန်း
====================
အို အပျိုကြီးအပေါင်းတို့
ငါတို့ဟာ အပျိုကြီးတွေဖြစ်တယ်
တနည်းအားဖြင့် root မဖောက်ရသေးတဲ့ဆိုင်တင်တွေ

ဖန်ရှင်အစုံမသုံးတဲ့ ဟန်းဆက်လို
နှမြောစရာတော့ ကောင်းတယ်
အနူမြူသင့်တဲ့ မြေမှာပေါက်တဲ့ပန်းသီးလို
ငါတို့ကို ခူးဖို့ကြောက်ကြတယ်
သီတင်းကျွတ်ဆိုတာ အမုန်းဆုံးရာသီ
ဝါကျွတ်တာနဲ့ လာတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကို
သိုင်းလောကစိန်ခေါ်သံတစ်ခုလိုသဘောထားရမယ် . . .
ပန်းခြံထဲက အတွဲတွေတွေ့တိုင်း
အနူမြူနဲ့ ပစ်သင့်ပစ်ရမယ်
အပျိုကြီးတွေစုပြီး
ပန်းခြံတွေဖျက်သိမ်းပေးဖို့
ဆန္ဒပြသင့် ပြရမယ် . . .
အိမ်ခေါင်ထောင့်က ငှက်တောင်အိမ်ထောင်ပြုရင်
အသိုက်ပြောင်းခိုင်းရမယ်
မုန့်ဟင်းခါးစားတိုင်း
ငှက်ပျောအူတွေ့ရင် မုန်းတီးနေရမယ်
ငါတို့ဟာ အပျိုကြီးတွေ
အချိုးအစား
အရည်အချင်း
ရုပ်ရည် အားလုံးအဆင်ပြေနေပေမယ့်
ဇီဇာလေးတစ်ခုပဲ အပြစ်ပြောစရာရှိတယ်
ကဲ သီတင်းကျွတ်ပြီ
နောက်ဆုံးအနေနဲ့ . . .
တနင်္ဂနွေတိုင်းသွားရမယ့် မင်္ဂလာဆောင်တွေကို
သတ်ကွင်းထဲဝင်ရမယ့် သားကောင်လို
ခံနိုင်ရည်ရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့လိုတယ် . . . ။


  Cre Dit Ulay Kyi ( ကိုလင်း )

No comments:

Post a Comment