myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, October 3, 2014

လမ်းဖြတ်ကူးခြင်း အနုပညာ

လမ်းဖြတ်ကူးခြင်း အနုပညာ
===============
သေမင်းက ဘယ်ကားနဲ့ပါလာမှန်းမသိတော့
ရမ်းမဖြတ်ရဲဘူး
ဖော်မြူလာဝမ်း လေ့ကျင့်ကွင်းနဲ့
ခြောက်လမ်းသွား မှားများနေလား !
မီးပွိုင့်ဆိုတာ မော်တော်ပီကယ်ရှိမှ
တရားဝင်တာ

လမ်းလယ်ခေါင် မတ်တပ်ရပ်ရတာ
မရဏနဲ့ ကျားထိုးရသလိုပဲ
ရွတ်ထားတဲ့ ဂါထာက
ရသမျှလည်း ကုန်ပြီ
တစ်ကယ်ဆို
သမုဒ္ဒရာ လက်ပစ်ကူးနေတာမဟုတ်ဘူး
ကားလမ်းလေးတခုပဲ ကူးနေတာ
အခန့်မသင့်
တစ်ဘဝစာ မရောက်ဘူးဖြစ်သွားနိုင်တယ်
ဘယ်ကြည့် ညာကြည့်
ဘယ်ပြန်ကြည့် ညာပြန်ကြည့်
ပြိုင်လာတဲ့ ပြိုင်ကားbusတွေတွေ့လို့
နောက်ဆုပ်ရပ်
ကားဆိုတာ ရန်ကုန်မှာ
ဓာတ်တိုင်တခုပဲ ရှောင်တာ
ဟယ်ရီပေါ်တာလို မှော်တံမြက်စည်း စီးရမလား !
jumperလို ခုန်သွားရမလား !
စူပါမင်းလို ပျံသန်းရမလား !
ရေကူးတာ မဟုတ်ပေမဲ့
လမ်းကူးရမှာမို့ အသက်ကိုအောင့်လိုက်တယ်
ခြေတလှမ်းမှားတာနဲ့
ဘဝပါကူးသွားနိုင်တယ်လေ
ဆုံးဖြတ်ချက်ကို ရဲရဲချ
ငယ်ငယ်က ဂိမ်းဆော့သလို
တစ်ကားကျော် တစ်ကားကျော်နဲ့
တစ်ဖက်ခြမ်းရောက်မှ
သက်ပြင်းရဲရဲချ
ဘုရင့်နောင် နောင်ရိုးတိုက်ပွဲ
အောင်မြင်တုန်းက ဘယ်လောက်ပျော်သလဲမသိပေမယ့်
ခန္ဓာနဲ့ အသက်
ဝမ်းဆက် လမ်းတဖက်အခြမ်းရောက်သွားတဲ့
ကျတော်က ပိုပျော်တယ် . . . ။

No comments:

Post a Comment