- အချစ်စစ် တခုကို ဘယ်လို ရှာကြမလည်း
အခုတစ်လော ယောက်ျားလေး မိန်းကလေး တော်တော်များများကို တွေ့မြင်နေရတဲ့ အချစ်ရေးရာ ကိစ္စတွေမှာ လွဲချော်မှု များစွာကို တွေ့နေရတယ်
နှစ်သက်တာ အချစ်လား ?
စိတ်ဝင်စားတာ အချစ်လား ?
သာယာမှုနဲ့ အပျော်ရှာတာကရော အချစ်လား ?
မျက်နာဝိုင်းဝိုင်း မျက်လုံး မျက်ဖန်ကောင်းကောင်း ပါးဖောင်းဖောင်းလေးနဲ့ အသားလေးက ဖြူးဝင်းစိုပြေနေလို့ လိုချင်တပ်မက်ကျတာ အချစ်လား ?
သူ့ရဲ့ နေထိုင်ပုံ ၀တ်စားဆင်ယင်ထားတဲ့ ၊ အဆင်းတန်ဆာ ပစ္စည်းတွေကိုရော
ထည့်တွက်ပြီး လက်ခံစဉ်းစားတာ စိတ်ဝင်တစား ရှိကျတာ အချစ်စစ်စစ် ဖြစ်ကြရယ်လား … ဗျာ ။
ရုပ်ရည်လှပမှု မရှိ ပိုင်ဆိုင်မှု ပစ္စည်း ပစ္စယလည်းနည်း အသားအရေမှာ စိုပြေ၀င်းမွတ်မှု မရှိကျပေမယ့်လဲ စိတ်သဘောထား သိမ်မွေ့လို့ ကိုယ့်အပေါ် အနွန်တာခံ နားလည်မှု ရှိကာ လူအများနဲ့ လိုက်လျောညီထွေ့စွာ ပေါင်းသင်းဆက်ဆံနိုင်တဲ့ စစ်မှန်တဲ့ အချစ်ကို ပိုင်ဆိုင်ထားသူတွေကို မျက်စိထဲမှာ မြင်အောင် မကြည့်တတ်ကျတာ လူ့ သဘာဝလား ?
အသားအရေလှပမှု ရုပ်ရည်ချောမွေ့မှု ဆိုတာ လုပ်ငန်း လုပ်နေရတဲ့ အနေအထား သွေးသားဖွဲ့စည်းထားပုံ နုနယ်သေးတဲ့ ဇရာရဲ့ အရွယ်တင်နေသေးတဲ့ အချိန်မို့ပါ ဒါတွေက တဒင်္ဂ ဟန်ဆောင်ဖုံးကွယ်ပေးထားတဲ့ အပေါ်ယံ ခြုံထည်တွေပါ ….။
ပစ္စည်း ဥစ္စာကို မတ်လို့ စိတ်ဝင်းစားတယ် ချစ်ကြတယ် ပေါင်းဖတ်မယ်ဆိုရင်
လည်း စဉ်းစားသင့်တယ် အသက်ညဏ်စောင့် ဥစ္စာကံစောင့် ဆိုတဲ့
မြန်မာ ဆိုရိုးစကားလဲ ရှိပြီးသားပဲလေ ကိုယ့်ရဲ့ အသိညဏ်နည်းပါးမှု မကောင်းတဲ့ စိတ်ဖွဲ့စည်းပုံနဲ့ ရယူထားတဲ့ အရာတွေက ပြန်လည်ဆုံးရှုံးဖို့ အများဆုံး ပြန်လည် ဖြစ်နိုင်ပါတယ် ရန်သူမျိုး ငါးပါးကြောင်းလည်း ပျက်ယွင်းချို့တဲ့ သွားနိုင်တယ် အဲဒီအချိန် ဒီလို လူမျိုးက စာနာမှု နည်းပါးပြီး
ကိုယ့်အပျော်ကို ရှာပြီး အချစ်မစစ်တဲ့ တည်ဆောက်ထားပုံမျိုးကြောင်း
အဆင်ပြေ သာယာဖို့ဆိုတာ မဖြစ်နိုင်ဘူး အပေါ်ယံ ခြုံလွှာကို ကြည့်ပြီး
တပ်မတ်ခဲ့ကျလို့ပါပဲ ။
တကယ် စစ်မှန်တဲ့အချစ် ဘယ်လိုမှ ပြောင်းလည်းမသွားနိုင်တဲ့အချစ်ကတော့
ရုပ်ရည်လှလို့ ချစ်တာ မဟုတ်သလို အသားအရေ ဖြူဝင်းချောမွတ်လို့လည်း မဟုတ် သူ့ရဲ့ အဆောင်အယောင်တန်ဆာ ပစ္စည်းမတ်လို့ မဟုတ်ပဲ နုညံ့သိမ်မွေ့တဲ့ သူ့ စိတ်နှလုံးသား တည်ကြည်ရိုးသားမှု စာနာနားလည်ပေနိုင်မှု
ကိုယ်တစ်ဦးတစ်ယောက်ထဲကိုမှ မဟုတ်ပဲ လူသားတိုင်းအပေါ်ကို အကောင်းမြင်ပေးနိုင်မှု စာနာနားလည်မှု ပေးနိုင်မှုမျိုးကို စဉ်းစားပြီး ရွေးချယ်သင့်တယ် အဲဒါကပဲ အချစ်စစ်လို့ ကျွှန်တော် ယူဆတယ် ။
ကိုယ်တစ်ဦးတစ်ယောက်ထဲကို ကောင်းပြီး လူအများကို မကောင်းမြင်တဲ့ သူက
ကိုယ့်အပေါ်ကိုလည်း အချိန်မရွေး ပြောင်းလည်းသွားနိုင်ပါတယ် ။
စည်းပွားဥစ္စာဆိုတာကလည်း အောင်မြင်တိုးတတ်လာနိုင်သလို ကျဆင်းပြိးတော့လဲ ဆုံးရှုံးသွားနိုင်တယ် တင့်တယ်လှပနေတဲ့ ကိုယ့်ရဲ့ ရုပ်လက္ခဏာ ဆိုတာကလည်း ဇရာရဲ့ အနှုတ်ပြလက်ကြောင်း ကျဆင်းရဦးမယ်
အဲလိုအချိန်မှာ မစစ်မှန်သူရဲ့ ဟန်ဆောင်အချစ်က ပြောင်းလည်းဖို့ ဆိုတာ
ဖြစ်လာနိုင်တယ် ….။ အများတကာပေါ်မှာ အကောင်းမြင်စိတ်နဲ့ စာနာနားလည်ပေးတဲ့ သူကတော့ ကိုယ့်အဖို့တော့ ပြောဖွယ်ရာ မရှိအောင်
ပိုပြီးကောင်းနေမှာပါ ။
ကိုယ့်ဘက်ကလည်း သ၀န်တိုမှု မနာလိုမှုတွေနဲ့ အပြစ်မမြင်ပဲ နားလည်ပေးလို့
ချစ်ခင်တတ်ဖို့ လိုတယ် . . . ၊ အခုနောက်ပိုင်းက ယောကျာ်းလေးရော မိန်းကလေးရော အများစုကိုသာ ပြောတာပါ ချစ်သူ ရည်းစားကို ဟိုနားတစ်ယောက် ဒိနားတစ်ယောက် နောက်တစ်နေရာ တစ်ယောက်လောက် ထားပြီး အပျော်ရှာကြ ရွေးချယ်ကြတာတွေ ဖြစ်နေတာ များပါတယ် ။
ယောကျာ်းလေးရော မိန်းကလေးပါ အဲဒိလို ပွေနေရှုပ်နေလို့ကတော့ တော်ရုံတန်ရုံ မရှုပ်မပွေတဲ့သူနဲ့ ရဖို့ကတော့ နည်းပါးပါတယ် ဒါကြောင့်
တတ်နိုင်သလောက်တော့ မပွေမရှုပ်ကြပဲ အပေါ်ယံခြုံလွှာကို “ မသာယာပဲ ”
စစ်မှန်တဲ့ ရင်းတွင်းက စိတ်နေစိတ်ထားလေးတွေကို မြင်အောင်ကြည့်ပြီး
စစ်မှန်သော အချစ်စစ်စစ်ကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့…………………..
ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။ ။ ။
ချစ်ရအောင်
ရေးသားတင်ပြသည် ။
Saturday, March 2, 2013
အချစ်စစ်တခုကို ဘယ်လိုရှာကြမလည်း
“ စာဖတ်ခြင်းဖြင့်ဘ၀တိုးတတ်မှုရရှိလိုလျှင် ”
စာဖတ်ခြင်းဖြင့်ဘ၀တိုးတတ်မှုရရှိ လိုလျှင်
“ ဘာတွေဖတ်နေလဲ ”
စာဖတ်သူချင်း တွေ့လျှင် သည်လိုပဲ မေးလေ့ရှိသည် ။
ဘယ်လို ဖတ်သလဲ ” ဟူ၍ကား မေးခဲလှသည် ။
သိုသော် စာဖတ်သူချင်းအတူတူ ဘယ်သူက ပို၍ စာအုပ်စာပေ၏ အကျိုးကျေးဇူးကို ခံစားသွားရလဲ ဟူသော အချပ်ကား မေးခဲလှသည့် ထိုဒုတိယ အမေးပေါ်တွင် မူတည်မေပေသည် ။
“ စာကို ဘယ်လိုဖတ်သလဲ ”
မှန်သည် ။
စာအုပ်တစ်အုပ်မှ လူတစ်ယောက် ဘာရသလဲ ဟူသော အချပ်ပေါ်တွင် မူတည်သည် ။
မြန်မာစာပေထဲက ကောင်းပေ့ ညွှန့်ပေ့ ဆိုတာမျိုး ဖြစ်စေ ၊ ကမ္ဘာစာပေ အဆီအနှစ် ဆိုတာမျိုးကိုပဲ ဖြစ်စေ ကောက်လှန်ကြည့်လိုက်သည်အခါ ကိုယ်တကယ် စိတ်မ၀င်စားသော်လည်း အခြားစာအုပ်သမားများနှင့် တွေ့လျှင် အဲဒီစာအုပ်ကြီး မိမိဖတ်ပြီးပြိ ပြောနိုင်အောင် ဟူ၍ အခြောက်တိုက် အချိန်ကုန်ခံ ဖတ်ရှုသူများမှာ ထိုစာအုပ်ထဲမှ ဘာအနှစ်သာရ တစ်ခုမျှ ရလိုက်မည် မဟုတ်ပေ ။
သို့သော် လူအတော်များများမှာ ထိုသို့ အချိန်ကုန်ခံရကျိုး မနပ်သော သဘောကို မသိ ၊ မိမိအတွက် အကျိုးကျေးဇူး မရှိသည့် အဖြစ်ကိုလည်း မရိပ်မိပဲ စာဘယ်နှစ်အုပ် ဖတ်ပြီးပြိဟူ၍ ၀င့်ကြွားဂုဏ်ယူနိုင်ရန်သာ လုံးပန်းနေကြပေသည် ။
ဒီအပတ်ထဲ ဖတ်တာ ဘယ်နှစ်အုပ် ရှိသွားပြီ ။
ပြီးခဲ့တဲ့ တစ်လအတွင်း ဘယ်နှစ်အုပ် ။
တစ်နှစ်လုံး အတွင်းမှာတော့ ဘယ်လောက် ။
စသဖြင့် ဖတ်သည့် အရေ အတွက်ကိုသာ စာရင်းတင်နိုင်ရန် ကြိုးပမ်းနေကြသူများမှာ သူတို့ အလေးထားသည့် အရေအတွက် ကိစ္စဘက်တွင် စံချိန်တင်ချင် တင်နေနိုင်ကြမည် ဖြစ်သော်လည်း စာအုပ်မှ ဘာအသိပညာ ဗဟုသုတ ရသလဲ စစ်ကြောကြည့်လျှင်မှု ဘာမှ ရေရေရာရာ မရှိလှသည်ကို တွေ့ရမည် ဖြစ်သည် ။
စာအုပ်ထဲမှာ ပါလာသည့် ဗဟုသုတ အချပ်အလက်များကို သူတို့ မသိရှိ ၊ မမှတ်မိကြ ။ စာအုပ်က တင်ပြသည့် စဉ်းစားဆင်ခြင်စရာ အချပ်အလက်များကို သူတို့ မမြင်ကြ ။ မစဉ်းစား မဆင်ခြင်မိကြ ။
ထို့ကြောင်း စာအုပ်က ပေးသည့် သင်ခန်းစာ ၊ စာအုပ်တွင် ပါသည့်
လောက အမြင်ဟူသည်တို့ကိုလည်း သူတို့ မရရှိကြ ။ တစ်နည်းပြောရလျှင် စာဖတ်ခြင်းကြောင်း သူတို့ ဘ၀မှာ ဘာတစ်ခုမျှ တိုးမလာပေ ။
သာမာန်အားဖြင့် စဉ်းစားလျှင် သည်လူတွေသည် အကျိုးမရှိသော အလုပ်တစ်ခု အတွက် အချိန်ကုန်ခံနေကြသည်ဟု မြင်စရာအကြောင်းရှိ၏ ။ စင်စစ် ထို့ထက် ဆိုးပေသည် ။
သူတို့သည် အကျင့်ဆိုး တစ်ခုကို မွေးမြူနေကြခြင်း ဖြစ်၏ ။
အလုပ်တစ်ခုကို ပေါ့ပေါ့တန်တန် လုပ်တတ်သည့် အကျင့် ။
စာဖတ်သည့် အလုပ်ကို ခပ်ပေါ့ပေါ့ လုပ်သူသည် အခြား ကိစ္စရပ်များတွင်လည်း တို့ကနန်း ဆိတ်ကနန်း စမ်းကြည့်လိုက် ချထားလိုက် လုပ်တတ်၏ ။ လုပ်ဖူးသည်ဆိုရုံ မြည်းစမ်းကာ တကယ်စိတ်အား လူအား စိုက်ထုတ်ရမည့် အချိန်၌ အသာ ရှောင်ထွက်သွားတတ်သည့် ပေါ့တန်လျော့ရဲသော စိတ်ဓါတ်ပိုင်ရှင်မျိုး ဖြစ်လာတတ်၏ ။ စာအုပ် အငှားဆိုင်သို့ ခေါက်တုန်ခေါက်ပြန် သွားနေကြသူများကို စိစစ်ကြည့်ပါ ။
စာကို အလေးအနတ် တန်ဖိုးထား ဖတ်ရှုနေကြသူတွေ ၊ စာအုပ်စာပေမှ အကျိုးကျေးဇူး ခံစားရယူမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကျိုးစားနေကြသူတွေလည်း ရှိပါသည် ။
သို့သော် တော်တော်များများကမူ ဘာအလုပ်မှ လေးလေးနတ်နတ် တတ်တတ်ကြွကြွ လုပ်မနေသူတွေ အားအား ယားယား ပေါ့ပေါ့ တန်တန် သမား တွေ သာ ဖြစ်ကြောင်း တွေ့ရလိမ့်မည် ။
သူ ဖတ်သော စာအုပ်ကိုလည်း အကဲခတ်ကြည့်ပါ ။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ၀တ္ထုတွေကို အသည်းအသန် ရေးတကြိး လုဖတ်နေသည်။
သို့သော် သူများထက် ဦးအောင် မဖတ်ရမှာ စိုးသဖြင့်သာ အသည်းအသန် ဖြစ်နေရသည် ။ စာအုပ် လက်ထဲ ရောက်လာတော့ လေးလေးစားစား ဖက်သလား ကြည့်ပါ ။ မဖတ် ။ ရှပ်ရှပ် ရှပ်ရှပ်
နှင့် သုံးနာရီ မပြည့်မီ စာမျက်နာ သုံးရာကျော် ရှိသည့် စာတစ်အုပ် သူ ပြီးသွားလိမ့်မည် ။ သူ ဘာလုပ်နေသလဲ ။
သူ စာဖက်တာ ဘာ အဓိပ္ပာယ် ရှိသလဲ ။
စာတွေ သည်လို ဖတ်နေသဖြင့် သူ တစ်နေ့ ဘာဖြစ်လာမည် ရည်မှန်းထားသလဲ ။
မမှန်းပါ ။
သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိသလို ဘာ အလားအလာမှ မရှိပါ ။
စာဖတ်စ လူငယ်လေးတွေသာ မဟုတ် ၊ စာဖတ်သက် လေးငါးဆယ်နှစ် သို့ မဟုတ် သည့် ထက်မက ရှိနေသူ အတော်များများပင် သည်ပုံစံအတိုင်း ဖတ်နေကြသည် ။
ဤသည်မှာ စာဖတ်ခြင်း မဟုတ် ။ မူးယစ် ထုံထိုင်းဆေး တစ်မျိုး
စွဲနေသည့် သဘော ဖြစ်နေသည် ။
တချို့ ပုဂ္ဂိုလ်များက ပြောကြသည် စာဖက်စ အရွယ်မှာ ဘာဖြစ်ဖြစ် ဖတ်ပါစေ ၊ မစိုးရိမ်ပါနဲ့ ၊ အချိန်တန်လျှင် ၊ စာဖတ်သတ် ရင့်လာလျှင်
အဆင့် တတ်လာလိမ့်မယ် ။ အဆင့်ရှိတဲ့ စာမျိုးမှ ကြိုက်တတ်လာလိမ့်မယ်ဟု ဆိုကြသည် ။
သည်လောက် မလွယ်ပါ ၊ စာအုပ်စာပေကို တန်ဖိုးထာ်းသောစိတ် ၊
စာအုပ် စာပေကြောင်း မိမိဘ၀ တိုးတတ်စေရမည် ဟူသော ရည်မှန်းချက်နှင့် ၊ စာကောင်းပေကောင်းကို ရွေးချယ်ကာ လေးလေးစားစား ဖတ်ရှုမှသာ တကယ်အကျိုးရှိမည် ဟူသော
အသိမျိုး ခေါင်းထဲတွင် ရှိမနေပါက စာဖက်သက် မည်မျှကြာသော်လည်း စာသမားကောင်း ဖြစ်လာမည် မဟုတ်ပါ ။
တစ်ဖန် ၊ စာဖတ်ခြင်းကြောင်း မိမိဘ၀အတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိလိမ့်မည်ဟု မျှော်မှန်းကြသူများထဲတွင်လည်း ရှေ့ပိုင်းက ဆိုခဲ့သလို ကြိးကျယ်သော ဘယ်စာအုပ်ကြိးကို ငါ ဖတ်ပြိးပြီဟု ပြောနိုင်ရေးဘက်သို့ လမ်းလွဲကာ စာပကာသနသမား ဖြစ်သွားကြသူတွေ အများပင် ရှိသည် ။
စာပကာသနသမားများမှာ စာအုပ်ကောင်း စာအုပ်သန့်များကိုကား ရွေးချယ်ပါ၏ သို့သော် အလျင်အမြန် ပြိးအောင် ရှုပ်ဖတ် ကျော်ဖတ်ကြ
လင်းတမျို မျိုချကြသည် ဖြစ်ရာ အစာမကြေ ရောဂါစွဲကပ်ကာ နောင်တွင် စာမြင်လျှင် ကြောက်သလို မုန်းသလို ဖြစ်လာပြိး ဟန်ဆောင် ပန်ဆောင်ပင် မဖတ်ရဲ ဖြစ်သွားတတ်သည် ။
ထို့ကြောင်း စာဖတ်သူ တစ်ယောက် အနေနှင့် စာအတွက် မိမိအချိန်ကုန် လူပန်းခံသလောက် စာမှ မိမိ အတွက် ထိုက်တန်သော အကျိုးကျေးဇူး ရရှိလိုသည် ဆိုလျှင် ၊
စာဖတ်ရ၌ ရိုးသားမှု ရှိရန် လိုသည် ။
စာကို လေးစားယုံကြည်ရန် လိုသည် ။
စာထဲက ရတနာကို အလွယ်တကူ လက်ဖြန့်ခံယူ၍မရ ၊ ကိုယ်တိုင်တူးဆွယူငင်မှ ရမည်ဟူ၍လည်း သဘောပေါက်ထားရန်လိုသည် ။
စာကို အရေအတွက် အမြောက်အမြား ဖတ်ရှုနေစရာ မလို ။
ဖတ်သမျှ စာ၏ အနှစ်သာရကို မိမိဦးနှောက်ထဲ အသွေးအသားထဲ စိမ့်ဝင်အောင် စုပ်ယူသိမ်းဆည်းနိုင်ရန်သာ လိုသည် ။
သည့်အတွက် ဘယ်သို့ လုပ်မည်နည်း ။
“ စာအုပ်များထဲမှ အနှစ်သာရတွေ စုပ်ယူရရှိလိုပါက စာ ၁၅ မီးနစ်
ဖတ်ပြီး ၄၅ မီးနစ် စာမျှ ပြန်လည် စဉ်းစားသုံးသပ်မှုပြုပါ ”
ဟူ၍ “ ရစ်ချတ်လဂယ်လီယင်း ” အမည်ရှိ အင်္ဂလိပ်စာပေပညာရှင်ကြီး တစ်ဦးက အကြံပြုခဲ့သည် ။
စာကို သေချာစွာ ဖတ်ပါ ။ စာရေးသူ၏ အဓိက ဆိုလိုရင်း အချက်များကို ဖော်ထုတ်စီစစ်ပါ ။ ထို့နောက် ယင်းတို့ကို အပြန်ပြန် အလှန်လှန် သုံးသပ် ဆင်ခြင်ကာ မသင့်သည်တို့ကို ပယ်၍ ကျိုးကြောင်း သင့်မြတ်သည် မှန်ကန်သည်ဟုယူဆသည့် အချက်များကို လက်ခံမှတ်သားပါဟူသော သဘောဖြစ်သည် ။
“ ဂျွန်လော့ခ် ” အမည်ရှိ ပညာရှိကြိးကလည်း ၊ “ စာဖတ်ခြင်းက ကျွန်ုပ်တို့အား အသိပညာ အချက်အလက်များ ခင်းကျင်းပြသရုံသာ ပြသသည် ။ စဉ်းစားဆင်ခြင်ခြင်းကသာ ယင်းအသိပညာအချက်အလက်များကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်လာစေသည် ” ဟု ဆိုခဲ့သည် ။
ထို့ကြောင့် စာဖတ်ပါ ။ စဉ်းစားဆင်ခြင်ပါ ။ပြိးလျှင် မှတ်သားသင့်သည်ကို မှတ်သားပါ ။
သည်လိုစာဖတ်သူမျိုးသည် အသိပညာ ကြွယ်ဝလာလိမ့်မည် ။ စာကြောင့် သူ့ဘ၀ ဖွံ့ဖြိုးတိုးတတ်လာလိမ့်မည်။ သူ စာဖတ်ခြင်းသည် သူ့ ဘ၀ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်သည် ။ မိမိဘာသာ မိမိ သင်ရိုးညွှန်တမ်းများ ချကာ ပညာဆည်းပူးလေ့လာနေသည့် သဘောမျိုးလည်း ဖြစ်သည် ။
စာကိုနှစ်ရှည်လများ စနစ်တကျ ဖတ်ရှုလာသူသည် တက္ကသိုလ်ကောလိပ်မှာကဲသို့ ဘွဲ့လက်မှတ် တစ်စုံတစ်ရာ မရရှိသော်လည်း တက္ကသိုလ် ဘွဲ့ ရလာသူထက်မက အသိညဏ် အမြော်အမြင်နှင့် ဗဟုသုတတွေ ကြွယ်ဝကာ လူ့လောက ဘ၀နယ်ပယ်စုံ၌ ဦးဆောင် လှုပ်ရှားနိုင်သူ တစ်ဦး ဖြစ်လာလိမ့်မည် ။
“ အေဗရာဟမ်လင်ကွန်း ” ကို ကြည့်ပါ ။
လူပျိုပေါက် အရွယ်တွင် စာ စသင်ခဲ့ရသည် “ လင်ကွန်း ” သည်
စာတတ်စကာလ စာကို အငမ်းမရ ဖတ်ချင်သော ကာလက ရွေးဖတ်စရာ စာအုပ်များများ မရခဲ့ ။ သူ နေထိုင်ရာ ကျေးလက်တောရွာတွင် တွေ့ရှိရသမျှ စာအုပ်များကိုသာ ညက်ညက်ကျေအောင် ၀ါးစားခဲ့ရသည် ။
သို့သော် ကံအားလျော်စွာ ထိုစဉ်က ကျေးလက်တောရွာမှာ သူတွေ့ခဲ့ရသည့် စာအုပ်များသည် စာကောင်း ပေကောင်းများ ၊ ဂန္ထ၀င် စာပေကြီးများ ဖြစ်ခဲ့သည် ။
အရေအတွက် မများလှသည့် သည်စာအုပ်ကောင်းများကို ၀ါးမျိုခွင့်
မိမိ အသွေးအသားထဲတွင် မပြက်စီးဆင်း လည်ပက်နေအောင် စုပ်ယူသိမ်းဆည်းခွင့် ရခဲ့သည့် “ လင်ကွန်း ” သည် သည်စာအုပ်များ
က ပေးသည့် အသိအမြင်များ ၊ ထို အသိအမြင်များကို ဖော်ကျူးသည့် ပီပြင်ပြောင်မြောက်သော ဝေါဟာရစကားလုံးများ ၊
ယင်းစကား ယင်းအမြင်များက တိုက်တွန်းလာသည့် လုပ်ရပ်များအားဖြင့် သူ့ ဘ၀ စတင်ရာ ကျေးလက်တောရွာနှင့် တောမြို့ တောနယ် တစ်ခွင်တွင် ဦးဆောင်နိုင်သူ တစ်ဦး ဖြစ်လာခဲ့သည် ။ ထို့နောက် ထိုအခြေခံမှ စတင်ကာ သူ့နိုင်ငံ၌သာမက ကမ္ဘာတစ်လွှားတွင်ပါ ထင်ရှားသူ လေးစားခံရသူ တစ်ဦး ဖြစ်အောင် ဆက်လက်တတ်လှမ်းနိုင်ခဲ့သည် ။
“လင်ကွန်း ”သည် ကွယ်လွန်ချိန်အထိ စာကို လေးလေးစားစားဖတ်ရှုသူ တစ်ဦးဖြစ်ခဲ့သည် ။ စာဖတ်သည် ။
သုံးသပ်ဝေဖန်သည် ။ လေ့လာကျက်မှတ်သည် ။ အလျဉ်းသင့်သလို
ကိုးကားသုံးစွဲသည် ။ စာက ပေးသော အသိ အမြင်ကို လက်တွေ့ ဘ၀ ပြသာနာများ ဖြေရှင်းရာ၌ အသုံးပြူသည် ။
သူသည် တသက်လုံး စုပေါင်းမှ ကျောင်း ၁၂ နေခဲ့ ရသူဖြစ်သော်လည်း ဥပဒေပညာနှင့် အထွေထွေစာပေ ဗဟုသုတဘက်တွင် တက္ကသိုလ်မှ ပါ ရဂူဘွဲ့ရ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်နိုင်သည် အထိ မိမိကိုယ်ကို ကိုယ်တိုင်ရှာ ပညာဖြင့် မြှင့်တင်ခဲ့သူ ဖြစ်သည် ။
“ လင်ကွန်း ” ကား စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အပြည့်အ၀ ခံစားသွားရသည့် စံနမူနာပြ စာဖတ်သမားကောင်း တစ်ယောက်ဖြစ်ပေသည် ။
စာကို စီစစ်ဝေဖန်သော စိတ်ဖြင့် ဖတ်ရှုသင့်ကြောင်း ၊ စာဖတ်ရုံနှင့်
မပြီး ဖတ်ပြိးသည့် စာကို စဉ်းစားသုံးသပ် စီစစ်ခံယူတတ်မှသာ စာမှ
အကျိုးကျေးဇူးခံစားရမည် ဖြစ်ကြောင်း ဆိုခဲ့သည် ။
ဤသည်မှာ ပြသာနာ တစ်ကဏ္ဍ ဖြစ်၏ ။
နောက်ထပ်စဉ်းစားရန် ကျန်သေးသည် ။ မည်သည့် စာအုပ်ကို ဖတ်ရှုမည်ဟူသော အချက် ။
မိမိအား အကျိုးပြူမည့် စာကောင်းပေကောင်းကို ရွေးချယ် ဖတ်ရှုလိုသူများ အတွက် အထောက်အကူပြုနိုင်သည့် လမ်းညွှန်ချက် တချို့ ရှိသည် ။
တရားသေ မှတ်ထားရန်က မဟုတ် ၊ စဉ်းစားဝေဖန်၍ အသုံးပြုရန် ဖြစ်သည်။
“ အီမာဆင် ” ဆိုသော ပုဂ္ဂိုလ်ကြိးက စာဖတ်သမားများ သတိပြုရန်
အချက်သုံးရပ်ကို ပြောကြားခဲ့သည် ။
( ၁ ) သက်တမ်းတစ်နှစ်မပြည့်သေးသည့်
စာအုပ်များကို မဖတ်ပါနှင့် ။
စာနယ်ဇင်းများကို မဆိုလိုပါ ၊ ပေါ်ပင်စာအုပ်မျိုး ၊ ရေရှည်တည်တံ့ရန် မသေချာသော စာအုပ်မျိုး ( သို့မဟုတ် ) တကယ်တန်းဖိုးရှိမှာ မသေချာသော စာအုပ်မျိုးကို မဖတ်နှင့်ဟု ဆိုခြင်းဖြစ်သည် ။
( ၂ ) မထင်ရှား မကျော်ကြားသော စာအုပ်များကို မဖက်ပါနှင့်
စာအုပ်တစ်အုပ်သည် တကယ်ကောင်းရိုး တန်ဖိုးရှိရိုး မှန်လျင် ထင်ရှားရမည် ။ ကျော်ကြားရမည် ။ မထင်ရှားပဲ ကောင်းသော စာအုပ်များ ရှိချင် ရှိနေနိုင်ပါသည် ။ သို့သော် မသေချာ ။ ထို့ကြောင်း
ကောင်းကြောင်း သေချာသော စာအုပ်များကိုသာ ဖတ်ကြ ။
၎င်းတို့ချည်း ရွေးဖတ်လျင်ပင် တစ်သက်လုံး ဖက်၍ မကုန်နိုင် ဟူသော
သဘောဖြင့် ပြောခြင်း ဖြစ်သည် ။
( ၃ ) ကိုယ့်အသိညဏ် အဆင့်နှင့် မမှီသေး၍ဖြစ်စေ ၊ ကိုယ်ကျွမ်းကျင်
ရာ နယ်ပယ်နှင့် ဝေးလံ၍ ဖြစ်စေ ၊ မိမိဖတ်ကြည့်သည့် အခါ စိတ်မ၀င်
စားနိုင် ၊ နားမလည်နိုင် ၊ အရသာမတွေ့နိုင် ဖြစ်နေသည့် စာအုပ်မျိုးကို နာမည် ဘယ်လောက် ကြိးသည် ဆိုစေ ၊ ဘယ်ဆရာကြိးတွေ ဘယလောက် တန်းဖိုးထားကြသည်ဟု ပြောကြသည်ဖြစ်စေ
ဒုက္ခခံ၍ မဖတ်နှင့် ။ စာမုန်းသွားလိမ့်မည် ။ စာကြောက်သွားလိမ့်မည်။
စာအုပ်ကောင်း များစွာထဲမှ လက်ရှိ မိမိအသိပညာ အဆင့်အတန်း ၊
လက်ရှိမိမိစိတ်ဝင်စားမှု နယ်ပယ်တို့နှင့် အံဝင်ခွင်ကြဖြစ်သော စာအုပ်မျိုးကိုသာ ဖတ်ပါဟု ဆိုလိုခြင်း ဖြစ်သည် ။
နှိုင်းနှိုင်းချိန်ချိန် သုံးစွဲသူများ အတွက် တန်ဖိုးရှိမည့် လမ်းညွှန်ချက်များ ဖြစ်သည် ။ စာဖတ်ခြင်းနှင့် ပက်သက်၍ အများကိုးကားလေ့ ရှိသည့်
“ ဖရန်စစ်ဘေကွန် ”၏ အဆို အမိန့် တစ်ခုကိုလည်း တင်ပြလိုသည် ။
“ ဘေကွန် ” က
“ အချို့ စာအုပ်များသည် မြည်းစမ်းရန် ၊ အချို့ မျိုချရန် ၊ အချို့က ညက်ညက်ကြေအောင် ၀ါးကာ အစာချေရန် ဖြစ်သည်ဟု ဆိုခဲ့သည် ။
အဓိပ္ပာယ်က အချို့ စာအုပ်များသည် တစ်စိတ် တစ်ဒေသမျှ ဖတ်ရှုကြည့်ရန် ၊ အချို့ကား ဖတ်တော့ ဖတ်မည် သို့သော် သိပ်အသေးစိတ် အလေးအနတ် မဟုတ် သာမန်မျှ ဖတ်ရန် ၊ အချို့ စာအုပ်များ သာ တကယ် အပြည့်အ၀ အလေးနတ် ဖတ်ရှုရန်ဟူ၍
ဖြစ်ကြောင်း ၄င်းကပင် ရှင်းလင်း ဖွင့်ဆိုခဲ့ပါသည် ။
“ဘေကွန် ” ဆိုခဲ့သည့် စကားသည် စိတ်ဝင်စားစရာ ကောင်းပါ၏ ။
သို့သော် တကယ့် လက်တွေ့ကျင့်သုံးမည် ဆိုသည်အခါ၌မူ မပြည့်စုံသေးသလို ဖြစ်နေသည် ။
ဘယ်စာအုပ်ကို မြည်းစမ်းမည်လည်း ။
ဘယ်စာအုပ်ကို မျိုချကာ ဘယ်စာအုပ်ကို ညက်ညက် ၀ါးစားရမည်လဲ။
ပြသာနာ တစ်ပိုင်းတစ်စ ကျန်နေသေးသည် ။
သို့သော် စာသမားကြီးများအကြောင်း စဉ်းစားကြည့်သည့် အခါ၌မူ
အဖြေကို တွေ့လာရသည် ။
ဥပမာ “ လင်ကွန်း ”
ဥပမာ “ ဂန္ဓီ ”
ဥပမာ ” ဗိုလ်ချုပ်အောင်ဆန်း ”
စသည့် အောင်မြင်ကျော်ကြားခဲ့သော စာသမားကြိးများ ။
သူတို့သည် စာထဲက အသိပညာဗဟုသုတကို လက်တွေ့ဘ၀တွင်
အထိရောက်ဆုံး အသုံးချကြသည့် အသုံးချ သမားကြိးများ
ဖြစ်ကြသည် ။
သူတို့သည် စာကို အပျော်သဘော ဖတ်ကြသူများ မဟုတ်ကြ ။
ငယ်စဉ်ကာလ စာအုပ်စာတမ်း များများစားစား မတွေ့ရဖူးသေခင် အခါက နီးစပ်ရာ ရရာ စာကို ဖတ်ရှုခဲ့ ရဖူးမည် ။
သို့သော် နောက်ပိုင်းကာလ သူတို့ဘ၀တွင် ဦးတည်ချက် ကိုယ်စီရှိလာပြီး ၊ သီးသန့်လုပ်ငန်း နယ်ပယ် ၊ သီးသန့်ဘ၀လမ်းကြောင်းများ ရှိလာပြီ ဆိုသည့်အခါ၌မူ ထိုလုပ်ငန်းနယ်ပယ် ထိုဘ၀လမ်းကြောင်းတို့နှင့် သက်ဆိုင်သည့် စာအုပ်စာတန်းများကိုသာ သဲသဲမဲမဲ ကျေကျေညက်ညက် ဖတ်ရှုကြသည် ။
သူတို့သည် သူတို့ ရွေးချယ်ချမှတ်ထားသည့် သူတို့ ဘ၀များ အပီအပြင် အပြောင်မြောက်ဆုံး တည်ဆောက်နိုင်ရန် အတွက် စာအုပ်စာပေကို အသုံးပြု သွားခဲ့ကြသူများ ဖြစ်သည် ။
ထို့ကြောင်း ၊ စာဖက်သူ မိတ်ဆွေ ။
စာပေဖြင့် သင့်ဘ၀ တိုးတတ်အောင်မြင်လိုမှု ရလိုသည် ဆိုလျှင် ၊
ရှေးဦးစွာသင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်လှုပ်ရှားမည် ၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းမည် ဟူ၍ ဦးတည်ရည်မှန်းထားပါသလည်း ။
စဉ်းစားပါ ။
ပြီးလျှင် ဖတ်စရာ စာအုပ် ရွေးချယ်သည့် အခါ၌ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပက်သက်သယောင် ထင်ရသော စာအုပ်များကို တကယ်ဆက်စပ် သေချာအောင် မြည်းစမ်းကြည့်ပါ ။
အတန်အသင့်မျှ ပက်သက်သည့် စာအုပ်မျိုးဖြစ်လျှင်
ခတ်သုတ်သုတ် မျိုချသော နည်းမျိုးဖြင့် ဖတ်ရှုပါ ။
မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပတ်သက်သည့် စာအုပ်မျိုးကိုမူ
ညက်ညက်ကြေအောင် ၀ါး ၊ အစာချေ ၊ အသွေးအသားထဲ စုပ်ယူဟူ
သော ၊ နည်းမျိုးဖြင့် ဖတ်ရှုပါဟု အကြံပြု တင်ပြလိုက်ရပါသည် ။
…………………………………..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။
မည်သူမဆို ညအိပ်ရာဝင်ချိန်၌ မနတ်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိညဏ်ပညာ ပိုရှိနေရမည် ။
အကယ်၍ ထိုသို့ ရှိအောင် မပြုလုပ်ပါက လူတစ်ယောက်အနေနှင့်
အကြိးမားဆုံး သော ပြစ်မှုကို ကျူးလွန်ရာရောက်သည် ။
ဆရာဖေမြင့် ဘာသာပြန် ရေးသားထားသော
ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ စာအုပ်မှ ကျွှန်တော် ကြိုက်နှစ်ရာရာလေးကို ကောင်းနုတ်တင်ပြလိုက်ပါသည် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Subscribe to:
Posts (Atom)