ဥုံတိ ဥုံတုံ ခပ်နုံနုံ နှလုံးသား
ကြိတ်မြုံကာ ထားသော်ငြားလည်း
ဖုံးကာဖိမရ တွန်းလှန်ကြတယ်
မတိုက်ခင်က ရှုံးတဲ့ အချစ် စစ်ပွဲ
ဘယ်လို အားနဲ့ နွှဲ့ရမှာလည်း
အနိုင်မယူသူ အရှုံးပေးထားပေမယ့်
ရက်စက်ကာ အသည်းခွဲမယ်ဆိုလည်း
ပြုသမျှ ကံတွေထဲမှာ ၀ဠ်တစ်ခု ဖန်လာတယ်လို့ပဲ မှတ်ယူပါ့မယ်
သံသရာ ၀ဲဂရက်မှာ အမှန်သာ အမြဲပက်နေမယ်ဆို
ချစ်ခြင်းကို အခြေပြု မေတ္တာတရားနဲ့ ထုစစ်တဲ့
နှလုံးသား တခုကိုတော့ ၀ဠ်တခုအဖြစ် မအပ်နှင်ပါရစေတော့နဲ့
No comments:
Post a Comment