myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, December 27, 2013

(((((ချစ်သူအိပ်ရာဝင်ဖတ်ဖို့))))

(((((ချစ်သူအိပ်ရာဝင်ဖတ်ဖို့))))

ချစ်သူရေ

မီးလေးမှိတ်လို့

အိပ်ဖို့ပြင်နေလား...?

ခဏလေးနော်.....

ကဗျာလေးဖတ်ပြီး

အိမ်မက်လှလှ မက်စေချင်ပါတယ်

အိပ်ရေးတော့ မပျက်စေချင်ဘူး

မနက်ဖြန်အတွက် စောင့်မျှော်လျှက်မို့ပါ...

ညတွေမှာ မှန်းမျှော်လို့

အိပ်မပျော် ဖြစ်နေရင်

အသိစိတ်လေး ရလိုက်ပါ

ဒီလူလည်း လှမ်းမျှော်နေပါတယ်

ပုံရိပ်တွေကြောင့် အိပ်မရရင်

ခဏလောက် ခေါက်သိမ်းထား

မနေ့ညက အိပ်မရလို့

ခဏခဏ အိပ်ငိုက်နေမယ်

တို့ကြောင့်လို့ မပြောရဘူးနော်...

အကြောင်းမကြားပဲ

ခေါင်းစားရအောင်

အိမ်မက်တိုင်းမှာ ပါလာတတ်ရင်

အတင်းတော့ မောင်းမထုပ်လိုက်ပါနဲ့

အချစ်တွေ ထွေးပိုက်ထားတဲ့ စိတ်က

မင်းအနား အမြဲ နေချင်ခဲ့လို့ပါ ...

ဖြစ်နိုင်ရင် လိပ်ပြာလွှင့်ပြီး

မှေးစက်တဲ့ မင်းရင်ခွင့်မှာ

ညင်သာစွာ နားခိုလို

လှပတဲ့ နဖူးပြင်မှာ

အနမ်းပွင့်တွေ ချွေချလိုက်ချင်တယ်

အိမ်မက်တစ်ဝက်နဲ လှန့်နိုးပြီး

အိပ်ရေပျက်မှာတော့ စိုးမိတယ်

ခဏလောက်ဖြစ်ဖြစ် မင်းအနားမှာ

မှေးစက်ခွင့်ရချင်တာတော့ အမှန်ပေါ့....

ကဲ.........

ချစ်သူရေ

မီးလေးမှိတ်လို့ အိပ်ဖို့ပြင်

တို့အကြောင်းကို ခဏထုပ်လို့

မျက်လုံးလေး စုံမှိတ်ကာ

အိပ်စက်လိုက်ပါတော့နော်

အိမ်မက်ထဲတော့ ၀င်လာခဲ့မယ်

အိမ်မက်လှလှ မက်ပါစေ

ချစ်သူ................

....................................................

“ မျက်လှည့် ”

မျက်လှည့်  


လိမ်မှန်သိလျှက်နဲ့ ကြည့်ချင်မိတယ်

မဟုတ်မှန်းသိလျှက် လေးစားမိတယ်

ကြည့်ရင်နဲ့  ဘယ်လိုလိမ်သွားမှန်း

မသိလိုက်တာက ကိုယ့်ကိုယ်ကို

စိတ်နာမိတယ်

“မျက်လှည့်”

************************

လိမ်မှန်းသိလျှက်နဲ့  ချစ်မိတယ်

မဟုတ်မှန်းသိလျှက်နဲ ယုံကြည်မိတယ်

ချစ်နေရင်းနဲ ဘယ်လိုမုန်းသွားမှန်း

မသိလိုက်တာက ကိုယ့်ကိုယ်ကို

စိတ်နာမိပါတယ်

ဒါလဲ “မျက်လှည့်” လား

*****************************

လိမ်တာက ကျော်ကြားမှုတစ်ခုဆို

ကြည့်သူက လက်ခုတ်တီးရတာ

မဆန်းပါဘူ

မင်းပြလိုက်တဲ့ မျက်လှည့် ပြကွက်အတွက်

လက်ခုတ်တီးပေးဖို့

အားမွေး ထာလိုက်ဦမယ်နော်

ချစ်သူ...။

“ အရမ်းခဲ့မိလို့ပါ မိန်းကလေး ”

အရမ်းချစ်ခဲ့မိလိုပါ မိန်းကလေး


နေမင်းကြီးအဖြစ်နဲ့

ထွန်းလင်းခွင့်မရရင်နေပါ

ကြယ်စင်လေးအဖြစ်နဲ့

မင်းကမ္ဘာမှာ အလင်းပေးခွင့်ရရင်

ကျေနပ်တယ်...။

ငှက်ကလေး အဖြစ်နဲ့

တေးသီခွင့်မရရင် နေပါ

မင်းနားမှာ ရစ်ဝဲတဲ့

လိပ်ပြာလေး ဖြစ်ခွင့်ရရင်ပဲ

ကျေနပ်တယ် ...။

လှပတဲ့ ပန်းကလေးတစ်ပွင့်

ဖြစ်ခွင့်မရရင်နေပါ

မင်းအတွက် ရနံ့သင်းတဲ့

ပန်းပွင့်လေးဖြစ်ခွင့်ရရင်ပဲ

ကျေနပ်တယ် ...။

ကြီးမာတဲ့ အရိပ်တွေ

ပေးခွင့်မရရင် နေပါ

မင်းလျှောက်တဲ့လမ်းမှာ

အနင်းခံမြက်လေး

ဖြစ်ခွင့်ရမယ်ဆိုရင်လည်း

ကျေနပ်မဲ့သူပါ...။

သိစေချင်တာပါ

ဖြစ်နိုင်မယ်ဆိုရင်ပေါ့

ခဏလောက်ပဲဖြစ်ဖြစ်

မင်းနားမှာ ရှိနေခွင့်

မင်းအသံလေး ကြားနေခွင့်ရရင်ပဲ

ငါဟာ....ကျေနပ်မဲ့သူပါဟာ

ခု............

နာရီလက်တံပေါ်မှာ ဓါးသွားတတ်ပြီး

မင်း....စိတ်ကြိုက်လှည့်ပါ

ငါနှလုံးသား အပိုင်းပိုင်းပြတ်လို့

ငါအုတ်ဂူဘေးမှာ နင်လာပြီး

အချိန်တွေက ကုစားသွားမှာပါလို့

ဝမ်းနည်းစွား ပြောခဲ့မယ်ဆိုရင်

တမလွန်ဘ၀ကနေ

ပြုံးပြလို့ ကျေနပ်မဲ့သူပါ

မိန်းကလေးရယ်....။

“ မုန်းသင့်ခဲ့ပြီ ချစ်ရသူ ”

xxxxxxမုန်းသင့်ခဲ့ပြီး ချစ်ရသူxxxxx



ရှေ့ဆက်လှမ်းဖို့ မသေချာ

နောက်ဆုပ်ဖိုက မဖြေသာ

ရင်ခွင်မှာသောကများနဲ့ နွမ်းကျလျှက်ပါ

ချစ်ရသူ....

တိတ်တိတ်လေး တွေးပူတယ်

မင်းရဲ့...ခေါင်းအခါနဲ့ ခေါင်းအညိတ်မှာ

ငါဘ၀တစ်ခုလုံး

တိမ်းပါသွားမလာဆိုတာပေါ့....

မလိုအပ်ရင် ငြင်းခွင့်ရှိပါတယ်

မင်းဆိုတာ ငါမပိုင်တဲ့ အရာမို့လေ
 

မင်းအတွက် ပျော်စရာမရှိရင်

ငါဆိုတာကို ခေါက်ပစ်လိုက်ပြီး

လှည့်ထွက်လို့ သွားလိုက်ပါတော့ကွာ....

မင်းပတ်သတ်သမျှ အရာရာကို

ကြိုတင်ပြီး တွေးထားပြီးသာပါ

ဒါပေမယ့်.......

မင်းကိုရည်စူးပြီး

အိမ်မက်တွေ အကြီးကြီးမက်ဖူးတယ်ဆိုတာ

မင်းသိအောင် ပြောပြချင်ပါရဲ့

နေရာတိုင်းလည်း မသွားဖူးခဲသလို့

အချိန်တိုင်းလည်းမလွမ်းတတ်ခဲ့ပါဘူး

ဒါပေမယ့်.....

လွမ်းရတဲ့ အချိန်မှာတော့

သွားခဲ့ကြတဲ့ နေရာတွေကို

သတိရတယ် ချစ်ရသူ....

နင်မပြောဖူးပေမယ့်

ငါ့ကို နင်မုန်းသင့်ပြီလေး

ထပ်ပြီးမသတ်ပါနဲ့တော့...

မင်းဖုန်းအလာကိုတွေပြီး

ရင်ခုန်နေတတ်တဲ့ ငါနှလုံးသားကို

ဒီလောက်နဲ့ အဆုံးသတ်ဖို့အတွက်

မုန်းသွားလိုက်ပါတော့ ချစ်ရသူ

ထပ်ပြီးတော့......

မရက်စက်သင့်တော့ပါဘူးကွာ.....

============================


သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက်

မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဋ္ဌ)

“ ရည်းစားစာ ”

((((ရည်ဇာစာ))))


ရင်ထဲကချစ်တတ်တာ

ပစ်မှတ်ရှာဖို့လက်တည့်စမ်းတယ်ထင်နေလား

ခင်မင်တာကြာသွားမှချစ်စကားညီရစေဆိုတာ

ပြည်လှဖေတို့ဆိုနေကြသီချင်းထင်ပါ့

အတင်းမလိုက်တတ်တာကပြေးမှာစိုးလို

ခပ်ဖြေးဖြေးတို့လေ့လာတာ

မင်းမှာကချစ်စရာတွေအပြည့်မို့ပါ

အပြစ်မပါတဲ့မိန်းခလေးဆယ်သိန်းပေးပြီးလည်းမရှာတတ်တော့

ရင်ဘတ်တစ်ခုကိုအရင်းတည် ချစ်ပါသညိဆိုတဲ့စာတစ်ကြောင်းနှင့်အတူ

အူတူတူတို့ဘ၀ကိုထာဝရအပ်မည်နော်

ရာမနှင့်ဒဿလိုအချစ်ကိုရဖို့

ခခယယ ကလေး .... လေးတော်မတင်တတ်ပေမည့် 

မဟော်သဓါဇာတ်ထဲကလိုလက်သီးဆုပ်ပြပြီး

အဟုတ်ကြီးညီမကိုချစ်တဲ့အကြောင်းပြောတာ

မင်းနဲ့ပေါင်းရမှအကြောင်းလှမည့်လူစားမျိုးလည်းမဟုတ်တာ

.မင်းရိပ်မိမှာပါနော်......

ပြီးတော့လိပ်ချိချိလိုလည်းအကြောင်းမပြန်ပါနဲ့

နှစ်ဦးကောင်းရန်အကြာင်းတွေးလျှက်

ပေါင်းပြီးဖက်ကြဖို့အချိန်နီးစေချင်လို့

ဇနီးလို့သတ်မှတ်ခွင့်ပေးလိုက်တော့နော်။

အသည်းကွဲခြင်း ရပ်ကပါစို့

(((((အသဲကွဲခြင်းရပ်ကြပါစို့)))

ရိုးရိုးလေးပါပဲ

ဆန်းပြာတဲ့အတွေးတွေကြောင့်

ဂယက်တွေခတ်ရင်က

အကြောင်းကံမလှကြတော့

ပြောင်ပြန်ရတဲ့ အဖြေတစ်ခုအတွက်

ခေါင်းစဉ်ကွဲပြားသွားတာတဲ့...။

အပြစ်မရှိတာ အပြစ်ရှာ

အချစ်မှာ မျက်စိမပါတာတွေ

နားမပါတာတွေနဲ့

သိပ်ချစ်တယ်ဆြိုံကတဲ့သူတွေ

ခုကြတော့....ပြောနေကြပါရက်

ဘာတဲ့.....

မတွေ့ကြရင်ပဲ

ကောင်းသွားသလိုလိုနဲ့ပေါ့....။

သူတို့တွေပါပဲ

မခွဲနိုင်မခွာရက်

7ရက်လောက်ခွဲရရင်ဖြင့်

ရက်ပေါင်းခုနှစ်ရာလိုလို

ရက်ပေါင်း ခုနှစ်ထောင်

ဖြစ်သွားသလိုလိုနဲ့ပေါ့

လွမ်းကြရတယ်လို့ ဆိုတဲ့သူတွေ

ခံယူချက်တွေ မတူညီတော့

နောက်ပြန်လှည့်ကြည့်မှ

ရင်ကွဲစေတဲ့အပြစ်ရှာ

အချစ်ကြောင့်ပါတဲ့လား

အားရလိုက်တဲ့အဖြေ....။

တစ်ခါတစ်လေ

မြှားနတ်ကြောင့်က ပါသေရဲ့

ထားပါတော့ ငါ့ဘက်မှားတာပေါ့

အားနာကြပါတော့ကွယ်

မှားတာရှိမပေါ့

မြှားဆရာ တစ်ယောက်မှာလည်း

နှလုံးကံမကောင်းလှလို့

နှစ်ငါရာလောက်ဆွေးပြီးသွားပြီမို့

ကြိုးစားပြီး ကြည့်ရှောင်ရင်း

အများအောင်တဲ့အချစ်ပွဲမှာ

အားလုံးနွဲနိုင်ကြပါစေလို့

ဆုမွန်ကောင်းတောင်ရင်က

အသဲကွဲခြင်းရပ်ကြပါစို့

သူငယ်ချင်းတို့ရေ....

.....................
+++++နှုတ်ဆက်ရင် ပြုံးခဲ့ပါ+++++




အ၀င်မှာ ငိုသံရောခဲ့တဲ့သင်

အပြန်မှာရော ဘာတွေပြောချင်သလဲ...?

အထုပ်အပိုးတွေ လွှတ်ချ

အရုပ်တစ်ရုပ်လို ကြိုးပြတ်ချိန်မှာ

သိပ်ချစ်ပါတယ်ဆိုတဲ့ ငါအစွဲလည်း

ကွယ်ပျောက်သွားမှာ အမှန်ပဲလေ...။

နောင်တစ်ချိန် နောင်တစ်ချိန်နဲ့

လက်ချိုးလို့ရေတွက်

လေးနက်နဲ့ ဘ၀တစ်ခုရော

သင်ဖန်တီးခဲ့ပြီးပြီလား.. ....?

ခေတ္တဆိုတဲ့ လူ့ဘ၀မှာ

အားကျစရာ လုပ်ရပ်တို့နဲ့

သင့်ဘ၀ကို သင်ဖန်တီး

တစ်နေ့ နေ၀င်ခါနီးမှာ

ပြုံးပြနှုတ်ဆက်ဖို့ရော

သင်ကြိုးစားပြီးပြီလား.....?

ထွက်သွားရမှာပါ

သင်ရော ငါရော

သတ္တ၀ါ အကုန်လုံးပေါ့

ထွက်မသွားခင် အချိန်လေးမှာတော့

အများရင်ခွင်အေးမြဖို့

နှုတ်ဆက်စေချင်တယ်

အပြုံးလေးနဲ့ပေါ့ကွယ်..။


=======================

သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက်

မြှားနတ်မောင် (အချစ်ဆိုင်ရာ ဥက္ကဋ္ဌ