အချေအတင်
.......................
ကောင်စုတ်ရေ...
အပြုံးနဲ့ နင်ဆင်လည်း
နင့်ဇာတ်လမ်းက ရိုးလွန်းပါတယ်
စကားတွေ ဘယ်လောက်သုံးသုံး
ငါ့စိတ်ကို မလှုပ်ရှားနိုင်ဘူး
မာယာတွေ ပလီပလာနဲ့
ငါ့ရှေ့မှာ ဒူးထောက်ပြရုံနဲ့
ငါလှည့်ကြည့်မှာ မဟုတ်ဘူး
စိတ်မ၀င်စားဘဲ ရောက်ရောက်လာတဲ့
နင့်အကြောင်းက တကယ့်ကို
သူရဲကောင်းပါပဲ
ဒါတွေကို အသေအချာတွေပါလို့
နင်ပြောလဲ
ငါ့နှလုံးသားက "Sorry" ဘဲ
ဒီလိုပါပဲ
ဒီတစ်ပင် ဟိုတစ်ပွင့် ရနံ့တွေချူချင်ချူ
အလိုရှိတိုင်း ၀တ်ရည် သောက်သုံး
အစာဝမှ ကန်ချတတ်တဲ့
ပိတုန်းတွေ အကြောင်းကို
ပန်းတွေက ပိုသိပါတယ် ကောင်စုတ်ရဲ့
ကောင်မလေးရေ
အပြုံးတွေကို မာယာထင်လည်း
ငါ့နှလုံးသားက ဖြူစင်လွန်းပါတယ်
နင့်ရဲ့စိတ်တွေ လှုပ်ရှားသွားအောင်
မလုပ်ရက်တာ အသေအချာပါ
အရှံးတွေ ဒဏ်ရာတွေနဲ့
မင်းရှေ့မှာ ဒူးထောက်ပြတာဟာ
ငါဟန်ဆောင်နေတာ မဟုတ်ပါဘူး
မင်းနှလုံးသားထဲ မရောက်ရင်နေပါ
မင်းစိတ်ရဲ့ ထောင့်တစ်နေရာမှာရှိရင်
ကျေနပ်နေသူဟာ ငါပါ
ရှေ့ဆက်မတိုးဘဲ နောက်ဆုတ်ဖို့
နင်ပြောလည်း
ငါကတော့ "I Love You" ပဲ
တကယ်ပါ
နင်စေရာသွား နင်ခိုင်းတာလုပ်
နင်ကြိုးဆွဲရာကမဲ့ ကကြိုးရုပ်ပါ
ခိုင်းမရရင် သတ်စားတတ်တဲ့
တောင်သူတွေ အကြောင်းကို
နွားတွေက ပိုသိပါတယ် ကောင်မလေးရယ်...။
Wednesday, November 13, 2013
“ ဘ၀ ”
""ဘ၀""
လမ်းက ""ကွေ့ ကောက် "" နေပေမဲ့ ~~~~~~
""ဖြောင့်တန်း"" တဲ့  ""စိတ် "" နဲ့  ~~~~~~
""လျှောက်"" ခဲ့ တယ်
""အတ္တ"" မပါ ""ဗလာ"" ~~~~~
ဇရပ် မှာလည်း ~~~~~~
""ကျောခင်း"" ခဲ့တယ်~~~~~~
""သိမ်မွေ့ "" "" ကြမ်းတမ်း"" ~~~~
""လောကဓံ"" ပေါ်လည်း ~~~~~~
""မှီခို"" "" မှေးစက်"" ဖူးတယ် ~~~~~~
ကဗျာစာအုပ် လည်း
""ခန္ဓာ"" ""စက္ခု"" ""အာရုံ""
တွေ ပေါင်းစု ပြီး
"""""" ငှားဖတ်ခဲ့ဖူးတယ်"""""""
""နိစ္စဓူဝ"" ထဲမှာတော့ ဗျာ
""ဖြစ်စဉ်"" နဲ့  "" ဖြစ်အင်"" တွေက
သွားလိုက် ပြန်လိုက်
အဲဒီ ""ဖြစ်စဉ်"" တွေ ကြားမှာပဲ~~~~~~
""ငါ"" က
""ဖျားလိုက်""
""နာလိုက်""
လမ်းက ""ကွေ့ ကောက် "" နေပေမဲ့ ~~~~~~
""ဖြောင့်တန်း"" တဲ့  ""စိတ် "" နဲ့  ~~~~~~
""လျှောက်"" ခဲ့ တယ်
""အတ္တ"" မပါ ""ဗလာ"" ~~~~~
ဇရပ် မှာလည်း ~~~~~~
""ကျောခင်း"" ခဲ့တယ်~~~~~~
""သိမ်မွေ့ "" "" ကြမ်းတမ်း"" ~~~~
""လောကဓံ"" ပေါ်လည်း ~~~~~~
""မှီခို"" "" မှေးစက်"" ဖူးတယ် ~~~~~~
ကဗျာစာအုပ် လည်း
""ခန္ဓာ"" ""စက္ခု"" ""အာရုံ""
တွေ ပေါင်းစု ပြီး
"""""" ငှားဖတ်ခဲ့ဖူးတယ်"""""""
""နိစ္စဓူဝ"" ထဲမှာတော့ ဗျာ
""ဖြစ်စဉ်"" နဲ့  "" ဖြစ်အင်"" တွေက
သွားလိုက် ပြန်လိုက်
အဲဒီ ""ဖြစ်စဉ်"" တွေ ကြားမှာပဲ~~~~~~
""ငါ"" က
""ဖျားလိုက်""
""နာလိုက်""
Subscribe to:
Posts (Atom)