ထာဝရဆိုတဲ့ စကားထက်
တစ်ရက်ပိုပြီး အတူတူနေချင်တယ် အဖွားကြီး
မင်းစိတ်ကောက်ရင် ငါချော့
ငါစိတ်ကောက်ရင် မင်းချော့လို့
ဆံပင်ဖြူတွေ တယောက်တလှည့် နှုတ်ပေးကြမယ်
တောင်ဝှေးမလိုဘူး
မင်းလဲရင်ငါထူ ငါလဲရင်မင်းထူ
အပြုံးတူတူနဲ့ ဘ၀တူတူပေါ့
ပါးရေတွေတွန့် အသားရောင်တွေ နွမ်းပေမယ့်
ငါတို့ အနမ်းတွေ လက်ဆက်လို့
တချက်တချက် ရင်ခုန်တုန်း
ပြန်တွေးကြည့်စမ်း
အရင် ချစ်စ က အချိန်တွေကို
ရှက်ပြုံးလေးတွေ ပြုံးပြရင်း
အဖွားကြီး ဖြစ်မယ့်မင်းကို
အဖိုးကြီး ဖြစ်မယ့်ငါက အနမ်းလေးတွေပေး
ကဗျာလေးတွေ ရေးပြီး ဖက်ပြဖူးတယ်လေ
မှတ်မိသေးတယ် ကိုးလပိုင်း ၁၃ ရက်နေ့
မင်းဆီက အဖြေကို ရလို့
အပျော်ရဆုံးနေ့ သိလား အဖွားကြီး
အဲဒါ ငါတို့ရဲ့ ကံကောင်းတဲ့ နေ့လေ
ငါသီချင်းရေးပြီး ဆိုပြတော့
အသံမကောင်းမှန်း သိရက်နဲ့ ကောင်းတယ်တဲ့
ငါပျော်အောင် မင်းလိမ်တယ် အဖွားကြီး
ငါတို့ တတ်တွေ မြဲကြမယ်နော်
မင်းကို ချစ်တယ် ဆိုတဲ့ စကားထက်
တစ်ရက်ပိုချစ်တယ် အဖွားကြီး
အချစ်ဆိုတဲ့ မျက်နာစိမ်း ကမ္ဘာထဲ
သေခြင်းတရားကို အံတုတုန်း
ငါတို့တွေ ဘယ်သူမှ အရင်မခွဲကြေး
ဘယ်လိုလဲ အဖွားကြီး
မင်း လက်သန်းချင်း ချိတ်ရဲလား ? ။
ကိုနယုန်စစ် ခံစားရေးဖွဲ့သည် ( ချောက် )
No comments:
Post a Comment