တချိန်ချိန်မှာ လာလေမလား ရယ်လို့
တယောက်သော သူကို စောင့်နေတယ်။
စက္ကန့်မှ မိနစ်၊ မိနစ်က နာရီ
တမိုးသစ်ပြီး တနေစောင်းလဲ
ချစ်သူလုံးဝ ပေါ်မလာပြီ။
သတိမရတာလား မအားတာလား ချစ်တဲ့သူ
ဖုန်းဆက်လဲ မင်းမထူး
email ပို့လဲ အကြောင်းမပြန်
မင်းတယောက် နေမှကောင်းရဲ့လား............
တမိုးအောက်ထဲပေမယ့်
တယောက်တနေရာဆီ
သတိရရင် ခေါင်းကိုမော့
သာစဲ သာမြဲ လမင်းကြီးကိုကြည့်
စကားတွေ တ၀ကြီးပြော
ကို့အနားမှာ မင်းရှိသလို.............
ချစ်သူရောက်ရာအရပ်မှာ ပျော်ပါစေ။
ငါကတော့ တယောက်ထဲပဲ
ရင်ထဲမှာတော့ မင်းရှိတယ်။

No comments:
Post a Comment