============================
ယခုအချိန်ဟာ ဝါကျွတ်ခါနီးအချိန်ဖြစ်တဲ့အတွက်
အထူဂရုစိုက်ဖို့လိုတယ်
ဝါကျွတ်ခါနီးဟာ လူပျိုကြီးတွေအန္တရယ်စက်ကွင်းထဲ ဝင်ရောက်နေချိန်ဖြစ်လို့
ဘယ်တော့စားရမလဲအမေးခံရမယ်
လှောင်ပြုံးခံရမယ်
အခြောက်ကြီးလားလို့ အကြည့်ခံရမယ်
အရည်အချင်းမရှိပါဘူးကွာလို့ (ကွယ်ရာ)အပြောခံရမယ်
မနာလိုလောက်အောင် ဖိတ်စာတွေလာပို့ခံရမယ်
တကယ်တော့ သင်တို့ဟာ
ပူဖောင်းတွေလို
စကားတစ်ခွန်းနဲ့ ထိုးလည်းပေါက်ကွဲခံရမှာပဲ . . .
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်
ကြေငြာထဲက အရိုးခြောက်ပုံလို
လူပျိုကြီးဖြစ်ခြင်းသည် ဤသို့ဖြစ်နိုင်သည်ဟု
လိုဂိုအတပ်ခံရနိုင်တယ်
ကွင်းထဲမဝင်နိုင်တဲ့ ကစားသမားတွေဟာ
အနိုင်ဂိုးကို မသွင်းနိုင်ဘူး
စာမေးပွဲမဖြေတဲ့ ကျောင်းသားဟာ
အောင်လက်မှတ်မရနိုင်ဘူး
အားမလျော့ပါနဲ့
ဒါဟာ နှစ်တိုင်းကြုံနေကျအဖြစ်အပျက်တခုပါပဲ
ရှောင်ရန်အနေနဲ့ >>>
--- အပြင်ထွက်ရင် အသိတွေကိုရှောင်ပါ
--- အတွဲတွေတွေ့ရင် ကျိန်ဆဲပါ
--- လိပ်ပြာတွေ ဝတ်ရည်စုပ်နေတာတွေ့ရင် ခြောက်ထုတ်ပါ
--- မိသားစုတွေ တွေ့တဲ့အခါ မမြင်ချင်ယောင်ဆောင်သွားပါ
ဆောင်ရန်အနေနဲ့ >>>
--- ဂွမ်းတခုဆောင်ထားပါ
--- မျက်နှာကို ကွယ်နိုင်သမျှကွယ်နိုင်တဲ့အကာအကွယ်ယူပါ
--- အိမ်ရှေ့က စာတိုက်ပုံးကိုဖြုတ်ထားပါ
--- ရည်စာနဲ့ ဖုန်းပြောနေသူတွေ့ရင် ဝင်သာတိုက်ပါ
ယတြာအနေနဲ့
--- နံနက်ခင်းတိုင်းအီကြာကွေးစားလို့
--- ညနေပိုင်းတိုင်းမုန့်လင်မယားစားပါ
***( သတိပြုရန်မှာ
စားသည့်အခါ မခွဲမိစေပဲ သည်တိုင်းစားဖို့ဖြစ်ပါသည် )
Ulay Kyi ( ကိုလင်း )

No comments:
Post a Comment