myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Tuesday, February 7, 2012

ဗုဒ္ဓပွင့်တော်မူရာ ကာလ


ခမည်းတော် -သုဒ္ဓေါဓန
မယ်တော် -မာယာဒေ၀ီ
မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623)
မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနလာင်္နေ့ တောထွက်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588)
ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့ ပရိနိဗ္ဗာန်စံ (BC 543) ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။
အထက်ပါဖော်ပြပါ အချက်လက်များသည် ဗုဒ္ဓ၀င်ကျမ်း၊ ဗုဒ္ဓကျမ်းဂမ်များ နှင့် စာအုပ်စာတမ်းများမှာတွေ့ရသော ခုနှစ် သက္ကရာဇ် အကျင်းမျှသာဖြစ်ပါသည်။ အောက်၌ ဖော်ပြလတ္တံသော သမိုင်းနှင့် တစ်နှစ်ကွာဟနေပါလိမ့်မည်။ အကျယ်ကို ဖော်ပြပါအံ့........... ကမ္ဘာ့ဘာသာတရားများအနက်အသိမ်မွေ့ဆုံး တခုအဖြစ်ထင်ရှားသော
ဗုဒ္ဓဘာသာကို စတင်ထူထောင်ခဲ့သည့်
ဂေါတမဗုဒ္ဓသည်
မည့်သည့်ကာလတွင် ပွင့်ပေါ်ခဲ့ပါသနည်း။
ဤအချက်ကို သုတေသီတို့က စိတ်ဝင်စားစွာ
လေ့လာကြသည်။
ဂေါတမဗုဒ္ဓပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသ(အိန္ဒိယ)၌ ရှေးခေတ်က

ခေတ်ပြိုင်မှတ်တမ်းများရေးသားလေ့ မရှိခြင်းကြောင့်
ဗုဒ္ဓပွင့်တော်မူရာကာလနှင့် ပတ်သက်၍ တိကျစွာသိနိုင်မည့်

ခေတ်ပြိုင်အထောက်ထားများကို
အိန္ဒိယနိုင်ငံ အတွင်း၌ မတွေ့ရှိရချေ။
ထိုကြောင့် အိန္ဒိယပြင်ပခေတ်ပြိုင် မှတ်တမ်းများနှင့် အဖြစ်ပျက်များကိုသာ

အထောက်ထားပြု၍ ဗုဒ္ဓမြတ်စွာပေါ်ထွန်းရာ
ကာလကို ခန့်မှန်းချင့် တွက်ကြရသည်။
ဗုဒ္ဓပွင့်တော်မူရာကာကကို သိရှိနိုင်ရန် အားထားရသည့် အဓိက

အထောက်ထားတစ်ရပ်မှာ သိရိလင်္ကာနိုင်ငံ၌

ခရစ်နှစ်
(၃၅၀)ခန့်က ရေးသားခဲ့သော ဒီပ၀ံသကျမ်းနှင့်

ခရစ်နှစ် (၄၅၀)
ခန့်က ရေးသားခဲ့သော မဟာဝံသကျမ်းတို့ ဖြစ်ကြသည်။
ထိုဝံသကျမ်းများ၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၂၁၈)နှစ်အကြာတွင်

အိန္ဒိယနိုင်ငံ မဂဓတိုင်း၌  အသောကမင်း
ရာဇဘိသေကခံယူခဲ့သည်ဟု

ဖော်ပြထားသည်။ ထို့ပြင် အသောကမင်းသည် အဘိသိတ်မခံမှီ လေးနှစ်တာမျှ
ထီးနန်းအုပ်ချုပ်ခဲ့သေးသည် ဟုလည်းကောင်း၊ အသောကမင်းးသည် ခမည်းတော်

ဗိန္ဒုသာရ ဘုရင်ကို ဆက်ခံကာ ထီးနန်းရရှိခဲ့ခြင်း
ဖြစ်သည်ဟု လည်းကောင်း

ဖော်ပြထားသည်။

ဗိန္ဒုသာရ သည် (၂၈) နှစ်ကြာ ထီးနန်းဆက်ခံခဲ့သည်ဟု ဆိုသည်။

တဖန်...စန္ဒဂုတ်ဘုရင်သည် (၂၄) နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်ဟုလည်း
ဖော်ပြထားသည်။ ဤဖော်ပြထားချက်များအရ နောက်ပြန်တွက်ပြီး

စန္ဒဂုတ်ဘုရင်ထီးနန်းတက်သည့် ခုနှစ် သက္ကရာစ်ကို ခန့်မှန်းနိုင်ပါသည်။

ဤသို့တွက်သော်
အသောကအဘိသိတ်မခံမီ       ၄ နှစ်
ဗိန္ဒုသာရနန်းစံ                       ၂၈ နှစ်
စန္ဒဂုတ်နန်းစံ                          ၂၄ နှစ်
                                     
                                   ပေါင်း  ၅၆ နှစ်

အသောက နန်းတက်သည် ဆိုသော သာသနာနှစ် (၂၁၈) တွင် (၅၆) နှစ်နုတ်ပါက

ရရှိသော
(၂၁၈-၅၆)= ၁၆၂ ခုနှစ် သည် စန္ဒဂုတ်ဘုရင်ထီးနန်းရရှိသည့်

သာသနာသက္ကရာဇ်ဖြစ်ပေမည်။


အိန္ဒိယသမိုင်းတွင် စန္ဒဂုတ်ဘုရင် ထီးနန်းရရှိချိန်ကို သိရှိနိုင်ရန် ဂရိမှတ်တမ်းများကို

အားကိုးအားထားပြုရပြန်သည်။
  အကြောင်းမှာ.........

 စန္ဒဂုတ်ဘုရင်နန်းတက်ချိန်သည် အိန္ဒိယနိုင်ငံတွင်းသို့ အလက်ဇန္ဒားဘုရင်ကြီး

ဝင်ရောက်သိမ်းပိုက်ချိန်နှင့်
ဆက်စပ်နေသောကြောင့် ဖြစ်သည်။

အလက်ဇန္ဒားဘုရင်ကြီးသည် ခရစ်ကြိုနှစ် (၃၂၃) တွင် ကွယ်လွန်ခဲ့သည်။

ထို့နောက်တွင် အလက်ဇန္ဒားဘုရင်ကြီး အောင်မြင်သိမ်းပိုက်ခဲ့သော အိန္ဒိယသည်

အစိတ်စိတ် အမွာမွာကွဲသွားခဲ့ရလေသည်။
ထိုသို့ အစိတ်စိတ်ကွဲချိန်တွင် မဂဓတိုင်း၌ စန္ဒဂုတ်ဘုရင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

စန္ဒဂုတ်ဘုရင်သည် မဂဓတိုင်း၌
မောရိယမင်းဆက်ကို ထူထောင်ခဲ့ရာ

အသောကမှာ ထိုမင်းဆက်၏ တတိယမြောက်ဘုရင် ဖြစ်လာခဲ့သည်။

စန္ဒဂုတ်ဘုရင်သည် မောရိယမင်းဆက်ကို ထူထောင်နိုင်ရန်အတွက်

တစ်နှစ်၊ နှစ်နှစ်ခန့် စည်းရုံးခဲ့ရသည်ဟု ယူဆပါက
စန္ဒဂုတ်ဘုရင် ထီးနန်းရရှိသော ခုနှစ်သည် ခရစ်ကြိုနှစ် (၃၂၁) ခန့်ဖြစ်မည်ဟု

ကြောင်းကျိုးဆက်စပ်ကာ ယူဆနိုင်မည်ဖြစ်သည်။
ဝံသကျမ်းများ အလိုအရ စန္ဒဂုတ်ထီးနန်းတက်သောခုနှစ်သည်

သာသနာနှစ် (၁၆၂) ဖြစ်နိုင်ကြောင်း အထက်တွင်တွက်ပြခဲ့ပြီး
ဖြစ်သည်။

ယခု ဂရိမှတ်တမ်းများကို အခြေခံ၍ ခန့်မှန်းတွက်ချက်ရရှိသော

ခရစ်ကြိုနှစ် (၃၂၁)ခုသည် စန္ဒဂုတ်ထီးနန်းရရှိသော
ခုနှစ်ဖြစ်သည်ဟု လက်ခံပါက

သာသနာနှစ် (၁၆၂) သည် ခရစ်ကြိုနှစ် (၃၂၁)ခုနှစ် ဖြစ်ပေမည်။

ဤသို့ဆိုသော်
ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာကာလသည် (၃၂၁+၁၆၂)=ခရစ်ကြိုနှစ် (၄၈၃)ခုနှစ် ဖြစ်နိုင်ပေမည်။
ထိုအယူအဆအရ ဗုဒ္ဓဖွါးမြင်ရာကာလသည်

(၄၈၃+ ဗုဒ္ဓ၏သက်တော် ၈၀) = ခရစ်ကြိုနှစ် (၅၆၃)ခုနှစ် ဟု မှတ်ယူရပေမည်။


ဗုဒ္ဓပေါ်ထွန်းရာကာလကို ခရစ်ကြိုနှစ် (၅၆၃-၄၈၃) ဟု မှတ်ယူရခြင်းမှာ

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်ကြောင်း
အထူးသတိရှိသင့်သည်။

ထို မှန်းဆ တွက်ချက်ထားချက်နှင့် ပတ်သက်၍

သံသယဖြစ်ဖွယ်အကြောင်းများလည်း ရှိနေသေးသည်။


သံသယဖြစ်ရသည့် ရှေးဦးအကြောင်းအချက်မှာ

သာသနာနှစ် (၂၁၈) တွင် အသောကမင်း ရာဇဘိသေက ခံယူခဲ့သည်ဆိုသော


ဝံသကျမ်းလာ ဖော်ပြချက်ပင် ဖြစ်သည်။

ဤအချက်ကို ပညာရှင်တချို့က ယုံမှားသံသယ ရှိကြသည်။

ဒုတိယအနေဖြင့် စန္ဒဂုတ်မင်းထီးနန်းရရှိသော ခုနှစ်သက္ကရာစ်မှာလည်း

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်သည်။
သမိုင်းအထောက်ထား အတိအကျမပြနိုင်သေးချေ။ ထို့ကြောင့်

နှစ်အနည်းငယ်ကွာခြားကြောင်း ကွာခြားနိုင်သည်။

တတိယ အချက်မှာစန္ဒဂုတ်ဘုရင်နှင့် ဗိန္ဒုသာရ၏ နန်းစံကာလ အသီးသီးကို

ဝံသကျမ်းများက ဖော်ပြချက်အတိုင်းသာ
အမှန်ဟု လက်ခံထားရခြင်း ဖြစ်သည်။
ဤသို့သံသယဖြစ်ဖွယ် မှန်းဆထားချက်များကြောင့်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုချိန် ကာလသည်
ခရစ်ကြိုနှစ် (၄၇၇) မှ (၄၈၆/၄၈၇) အတွင်း

တစ်နှစ်နှစ် ဖြစ်နိုင်ဖွယ် ရှိပေသည်။
ဝံသကျမ်းများနှင့် ဂရိမှတ်တမ်းများကို အခြေခံပြီး၊ မှန်းဆတွက်ချက်ထားသော

အထက်ပါ တွက်နည်းအပြင် အခြားတွက်ချက်နည်း
များလည်း ရှိပေသေးသည်။


အခြားတွက်ချက်နည်း တစ်ရပ်မှာ

ဇိန၀ါဒီ(Jains)တို့၏အစဉ်လာမှတ်သားထားချက်များကို  အခြေခံ
သည်

ဇိန၀ါဒီ (Jains) တို့၏ အစဉ်လာ၌ ဗုဒ္ဓ နှင့် ခေတ်ပြိုင် မဂဓဘုရင် ဗိဗ္မိသာရ မှစပြီး၊

အသောကတိုင်အောင် မဂဓဘုရင်
အဆက်ဆက်၏ စာရင်းကို ဖော်ပြထားသည်။

ဝံသကျမ်းများအရ ဗိဗ္မိသာရ နှင့် အသောက၏ကြားတွင် အကြမ်းဖျင်းအားဖြင့်
နှစ်ပေါင်းနှစ်ရာခန့် ကြာသည်ဟု ယူဆနိုင်သော်လည်း ဇိန၀ါဒီ (Jains) တို့၏

အစဉ်လာအရမူ နှစ်ပေါင်း (၁၀၀) မျှသာ ကြာသည်
ဟု ဆိုသည်။

ဤအဆိုကို အခြေခံထားပြီး တွက်ချက်ပါက ခရစ်ကြိုနှစ် (၃၈၆) ခန့်တွင်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်ဟု မှတ်ယူဖွယ် ရှိပေသည်။


မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အလိုအရ လက်ရှိသုံးစွဲနေသော မြန်မာတို့၏

ကောဇာသက္ကရာစ်သည် ဗုဒ္ဓပရိနိဗ္ဗာန်စံသော
နှစ်ကို အခြေခံကာ

စတင်ရေတွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသို့သော သာသနာနှစ် တပြေးညီရေတွက်ခဲ့ရာမှ


သရေခေတ္တရာပြည်၊ သုမုန္ဒရီမင်း လက်ထက်တွင်

ဒေါဒေါရသ ကိန်းအရ
နှစ်ပေါင်း (၆၂၂) ကို ဖြိုခဲ့သည်။

ပုဂံပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္ဖ ကိန်းအရ

နှစ်ပေါင်း (၅၆၀) ကို ဖြိုခဲ့သည်။

နှစ်ရပ်ပေါင်း (၁၁၈၂) နှစ် ဖြိုခဲ့သည်

ဤနည်းအရ တွက်ချက်သော်

လက်ရှိမြန်မာကောဇာသက္ကရာဇ် (၁၃၇၂ ခရစ် 2010)  သည်
သာသနာသက္ကရာဇ်အားဖြင့် (၁၃၇၂+၁၁၈၂) = ၂၅၅၄ ခုနှစ်ဖြစ်သည်။
ထိုတွက်ချက်နည်းအရ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်ကို

ကမ္ဘာသုံးပြက္ခဒိန်နှစ်အဖြစ် ပြန်လည်ရှာဖွေသော်
(၂၅၅၄-၂၀၁၀) ခရစ်ကြိုနှစ် ၅၄၄ ဖြစ်ကြောင်း တွေ့ရှိရပေမည်။

ဤနည်းဖြင့် ဗုဒ္ဓဖွါးမြင်ရာကာလသည်

ခရစ်ကြိုနှစ် (၅၄၄+၈၀) = ၆၂၄ ဖြစ်ဖွယ်ရှိပေသည်။

ဤနည်းဖြင့် ဗုဒ္ဓပွင့်ပေါ်ရာကာလကို နည်းအမျိုးမျိုးဖြင့် တွက်ဆကြသည်။

အကြမ်းအာဖြင့်မူ၊
ခရစ်ကြိုနှစ် ( ၆ ) ရာစုသည် မဇ္ဈိမဒေသ၌

ဗုဒ္ဓဘာသာ သာသနာစတင်ထွန်းကားရာ ကာလ
ဖြစ်သည်ဟု မှတ်ယူဖွယ် ရှိလေသည်။



ခမည်းတော် -သုဒ္ဓေါဓန
မယ်တော် -မာယာဒေ၀ီ
မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623)
မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနလာင်္နေ့ တောထွက်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588)
ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့ ပရိနိဗ္ဗာန်စံ (BC 543) ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။
အထက်ပါဖော်ပြပါ အချက်လက်များသည် ဗုဒ္ဓ၀င်ကျမ်း၊ ဗုဒ္ဓကျမ်းဂမ်များ နှင့် စာအုပ်စာတမ်းများမှာတွေ့ရသော ခုနှစ် သက္ကရာဇ် အကျင်းမျှသာဖြစ်ပါသည်။ အောက်၌ ဖော်ပြလတ္တံသော သမိုင်းနှင့် တစ်နှစ်ကွာဟနေပါလိမ့်မည်။ အကျယ်ကို ဖော်ပြပါအံ့........... ကမ္ဘာ့ဘာသာတရားများအနက်အသိမ်မွေ့ဆုံး တခုအဖြစ်ထင်ရှားသော
ဗုဒ္ဓဘာသာကို စတင်ထူထောင်ခဲ့သည့်
ဂေါတမဗုဒ္ဓသည်
မည့်သည့်ကာလတွင် ပွင့်ပေါ်ခဲ့ပါသနည်း။
ဤအချက်ကို သုတေသီတို့က စိတ်ဝင်စားစွာ
လေ့လာကြသည်။
ဂေါတမဗုဒ္ဓပွင့်တော်မူခဲ့ရာ မဇ္ဈိမဒေသ(အိန္ဒိယ)၌ ရှေးခေတ်က

ခေတ်ပြိုင်မှတ်တမ်းများရေးသားလေ့ မရှိခြင်းကြောင့်
ဗုဒ္ဓပွင့်တော်မူရာကာလနှင့် ပတ်သက်၍ တိကျစွာသိနိုင်မည့်

ခေတ်ပြိုင်အထောက်ထားများကို
အိန္ဒိယနိုင်ငံ အတွင်း၌ မတွေ့ရှိရချေ။
ထိုကြောင့် အိန္ဒိယပြင်ပခေတ်ပြိုင် မှတ်တမ်းများနှင့် အဖြစ်ပျက်များကိုသာ

အထောက်ထားပြု၍ ဗုဒ္ဓမြတ်စွာပေါ်ထွန်းရာ
ကာလကို ခန့်မှန်းချင့် တွက်ကြရသည်။
ဗုဒ္ဓပွင့်တော်မူရာကာကကို သိရှိနိုင်ရန် အားထားရသည့် အဓိက

အထောက်ထားတစ်ရပ်မှာ သိရိလင်္ကာနိုင်ငံ၌

ခရစ်နှစ်
(၃၅၀)ခန့်က ရေးသားခဲ့သော ဒီပ၀ံသကျမ်းနှင့်

ခရစ်နှစ် (၄၅၀)
ခန့်က ရေးသားခဲ့သော မဟာဝံသကျမ်းတို့ ဖြစ်ကြသည်။
ထိုဝံသကျမ်းများ၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း(၂၁၈)နှစ်အကြာတွင်

အိန္ဒိယနိုင်ငံ မဂဓတိုင်း၌  အသောကမင်း
ရာဇဘိသေကခံယူခဲ့သည်ဟု

ဖော်ပြထားသည်။ ထို့ပြင် အသောကမင်းသည် အဘိသိတ်မခံမှီ လေးနှစ်တာမျှ
ထီးနန်းအုပ်ချုပ်ခဲ့သေးသည် ဟုလည်းကောင်း၊ အသောကမင်းးသည် ခမည်းတော်

ဗိန္ဒုသာရ ဘုရင်ကို ဆက်ခံကာ ထီးနန်းရရှိခဲ့ခြင်း
ဖြစ်သည်ဟု လည်းကောင်း

ဖော်ပြထားသည်။

ဗိန္ဒုသာရ သည် (၂၈) နှစ်ကြာ ထီးနန်းဆက်ခံခဲ့သည်ဟု ဆိုသည်။

တဖန်...စန္ဒဂုတ်ဘုရင်သည် (၂၄) နှစ်ကြာ ထီးနန်းစိုးစံခဲ့သည်ဟုလည်း
ဖော်ပြထားသည်။ ဤဖော်ပြထားချက်များအရ နောက်ပြန်တွက်ပြီး

စန္ဒဂုတ်ဘုရင်ထီးနန်းတက်သည့် ခုနှစ် သက္ကရာစ်ကို ခန့်မှန်းနိုင်ပါသည်။

ဤသို့တွက်သော်
အသောကအဘိသိတ်မခံမီ       ၄ နှစ်
ဗိန္ဒုသာရနန်းစံ                       ၂၈ နှစ်
စန္ဒဂုတ်နန်းစံ                          ၂၄ နှစ်
                                     
                                   ပေါင်း  ၅၆ နှစ်

အသောက နန်းတက်သည် ဆိုသော သာသနာနှစ် (၂၁၈) တွင် (၅၆) နှစ်နုတ်ပါက

ရရှိသော
(၂၁၈-၅၆)= ၁၆၂ ခုနှစ် သည် စန္ဒဂုတ်ဘုရင်ထီးနန်းရရှိသည့်

သာသနာသက္ကရာဇ်ဖြစ်ပေမည်။


အိန္ဒိယသမိုင်းတွင် စန္ဒဂုတ်ဘုရင် ထီးနန်းရရှိချိန်ကို သိရှိနိုင်ရန် ဂရိမှတ်တမ်းများကို

အားကိုးအားထားပြုရပြန်သည်။
  အကြောင်းမှာ.........

 စန္ဒဂုတ်ဘုရင်နန်းတက်ချိန်သည် အိန္ဒိယနိုင်ငံတွင်းသို့ အလက်ဇန္ဒားဘုရင်ကြီး

ဝင်ရောက်သိမ်းပိုက်ချိန်နှင့်
ဆက်စပ်နေသောကြောင့် ဖြစ်သည်။

အလက်ဇန္ဒားဘုရင်ကြီးသည် ခရစ်ကြိုနှစ် (၃၂၃) တွင် ကွယ်လွန်ခဲ့သည်။

ထို့နောက်တွင် အလက်ဇန္ဒားဘုရင်ကြီး အောင်မြင်သိမ်းပိုက်ခဲ့သော အိန္ဒိယသည်

အစိတ်စိတ် အမွာမွာကွဲသွားခဲ့ရလေသည်။
ထိုသို့ အစိတ်စိတ်ကွဲချိန်တွင် မဂဓတိုင်း၌ စန္ဒဂုတ်ဘုရင် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။

စန္ဒဂုတ်ဘုရင်သည် မဂဓတိုင်း၌
မောရိယမင်းဆက်ကို ထူထောင်ခဲ့ရာ

အသောကမှာ ထိုမင်းဆက်၏ တတိယမြောက်ဘုရင် ဖြစ်လာခဲ့သည်။

စန္ဒဂုတ်ဘုရင်သည် မောရိယမင်းဆက်ကို ထူထောင်နိုင်ရန်အတွက်

တစ်နှစ်၊ နှစ်နှစ်ခန့် စည်းရုံးခဲ့ရသည်ဟု ယူဆပါက
စန္ဒဂုတ်ဘုရင် ထီးနန်းရရှိသော ခုနှစ်သည် ခရစ်ကြိုနှစ် (၃၂၁) ခန့်ဖြစ်မည်ဟု

ကြောင်းကျိုးဆက်စပ်ကာ ယူဆနိုင်မည်ဖြစ်သည်။
ဝံသကျမ်းများ အလိုအရ စန္ဒဂုတ်ထီးနန်းတက်သောခုနှစ်သည်

သာသနာနှစ် (၁၆၂) ဖြစ်နိုင်ကြောင်း အထက်တွင်တွက်ပြခဲ့ပြီး
ဖြစ်သည်။

ယခု ဂရိမှတ်တမ်းများကို အခြေခံ၍ ခန့်မှန်းတွက်ချက်ရရှိသော

ခရစ်ကြိုနှစ် (၃၂၁)ခုသည် စန္ဒဂုတ်ထီးနန်းရရှိသော
ခုနှစ်ဖြစ်သည်ဟု လက်ခံပါက

သာသနာနှစ် (၁၆၂) သည် ခရစ်ကြိုနှစ် (၃၂၁)ခုနှစ် ဖြစ်ပေမည်။

ဤသို့ဆိုသော်
ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာကာလသည် (၃၂၁+၁၆၂)=ခရစ်ကြိုနှစ် (၄၈၃)ခုနှစ် ဖြစ်နိုင်ပေမည်။
ထိုအယူအဆအရ ဗုဒ္ဓဖွါးမြင်ရာကာလသည်

(၄၈၃+ ဗုဒ္ဓ၏သက်တော် ၈၀) = ခရစ်ကြိုနှစ် (၅၆၃)ခုနှစ် ဟု မှတ်ယူရပေမည်။


ဗုဒ္ဓပေါ်ထွန်းရာကာလကို ခရစ်ကြိုနှစ် (၅၆၃-၄၈၃) ဟု မှတ်ယူရခြင်းမှာ

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်ကြောင်း
အထူးသတိရှိသင့်သည်။

ထို မှန်းဆ တွက်ချက်ထားချက်နှင့် ပတ်သက်၍

သံသယဖြစ်ဖွယ်အကြောင်းများလည်း ရှိနေသေးသည်။


သံသယဖြစ်ရသည့် ရှေးဦးအကြောင်းအချက်မှာ

သာသနာနှစ် (၂၁၈) တွင် အသောကမင်း ရာဇဘိသေက ခံယူခဲ့သည်ဆိုသော


ဝံသကျမ်းလာ ဖော်ပြချက်ပင် ဖြစ်သည်။

ဤအချက်ကို ပညာရှင်တချို့က ယုံမှားသံသယ ရှိကြသည်။

ဒုတိယအနေဖြင့် စန္ဒဂုတ်မင်းထီးနန်းရရှိသော ခုနှစ်သက္ကရာစ်မှာလည်း

မှန်းဆတွက်ချက်ထားခြင်းမျှသာ ဖြစ်သည်။
သမိုင်းအထောက်ထား အတိအကျမပြနိုင်သေးချေ။ ထို့ကြောင့်

နှစ်အနည်းငယ်ကွာခြားကြောင်း ကွာခြားနိုင်သည်။

တတိယ အချက်မှာစန္ဒဂုတ်ဘုရင်နှင့် ဗိန္ဒုသာရ၏ နန်းစံကာလ အသီးသီးကို

ဝံသကျမ်းများက ဖော်ပြချက်အတိုင်းသာ
အမှန်ဟု လက်ခံထားရခြင်း ဖြစ်သည်။
ဤသို့သံသယဖြစ်ဖွယ် မှန်းဆထားချက်များကြောင့်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုချိန် ကာလသည်
ခရစ်ကြိုနှစ် (၄၇၇) မှ (၄၈၆/၄၈၇) အတွင်း

တစ်နှစ်နှစ် ဖြစ်နိုင်ဖွယ် ရှိပေသည်။
ဝံသကျမ်းများနှင့် ဂရိမှတ်တမ်းများကို အခြေခံပြီး၊ မှန်းဆတွက်ချက်ထားသော

အထက်ပါ တွက်နည်းအပြင် အခြားတွက်ချက်နည်း
များလည်း ရှိပေသေးသည်။


အခြားတွက်ချက်နည်း တစ်ရပ်မှာ

ဇိန၀ါဒီ(Jains)တို့၏အစဉ်လာမှတ်သားထားချက်များကို  အခြေခံ
သည်

ဇိန၀ါဒီ (Jains) တို့၏ အစဉ်လာ၌ ဗုဒ္ဓ နှင့် ခေတ်ပြိုင် မဂဓဘုရင် ဗိဗ္မိသာရ မှစပြီး၊

အသောကတိုင်အောင် မဂဓဘုရင်
အဆက်ဆက်၏ စာရင်းကို ဖော်ပြထားသည်။

ဝံသကျမ်းများအရ ဗိဗ္မိသာရ နှင့် အသောက၏ကြားတွင် အကြမ်းဖျင်းအားဖြင့်
နှစ်ပေါင်းနှစ်ရာခန့် ကြာသည်ဟု ယူဆနိုင်သော်လည်း ဇိန၀ါဒီ (Jains) တို့၏

အစဉ်လာအရမူ နှစ်ပေါင်း (၁၀၀) မျှသာ ကြာသည်
ဟု ဆိုသည်။

ဤအဆိုကို အခြေခံထားပြီး တွက်ချက်ပါက ခရစ်ကြိုနှစ် (၃၈၆) ခန့်တွင်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်ဟု မှတ်ယူဖွယ် ရှိပေသည်။


မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အလိုအရ လက်ရှိသုံးစွဲနေသော မြန်မာတို့၏

ကောဇာသက္ကရာစ်သည် ဗုဒ္ဓပရိနိဗ္ဗာန်စံသော
နှစ်ကို အခြေခံကာ

စတင်ရေတွက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤသို့သော သာသနာနှစ် တပြေးညီရေတွက်ခဲ့ရာမှ


သရေခေတ္တရာပြည်၊ သုမုန္ဒရီမင်း လက်ထက်တွင်

ဒေါဒေါရသ ကိန်းအရ
နှစ်ပေါင်း (၆၂၂) ကို ဖြိုခဲ့သည်။

ပုဂံပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္ဖ ကိန်းအရ

နှစ်ပေါင်း (၅၆၀) ကို ဖြိုခဲ့သည်။

နှစ်ရပ်ပေါင်း (၁၁၈၂) နှစ် ဖြိုခဲ့သည်

ဤနည်းအရ တွက်ချက်သော်

လက်ရှိမြန်မာကောဇာသက္ကရာဇ် (၁၃၇၂ ခရစ် 2010)  သည်
သာသနာသက္ကရာဇ်အားဖြင့် (၁၃၇၂+၁၁၈၂) = ၂၅၅၄ ခုနှစ်ဖြစ်သည်။
ထိုတွက်ချက်နည်းအရ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်ကို

ကမ္ဘာသုံးပြက္ခဒိန်နှစ်အဖြစ် ပြန်လည်ရှာဖွေသော်
(၂၅၅၄-၂၀၁၀) ခရစ်ကြိုနှစ် ၅၄၄ ဖြစ်ကြောင်း တွေ့ရှိရပေမည်။

ဤနည်းဖြင့် ဗုဒ္ဓဖွါးမြင်ရာကာလသည်

ခရစ်ကြိုနှစ် (၅၄၄+၈၀) = ၆၂၄ ဖြစ်ဖွယ်ရှိပေသည်။

ဤနည်းဖြင့် ဗုဒ္ဓပွင့်ပေါ်ရာကာလကို နည်းအမျိုးမျိုးဖြင့် တွက်ဆကြသည်။

အကြမ်းအာဖြင့်မူ၊
ခရစ်ကြိုနှစ် ( ၆ ) ရာစုသည် မဇ္ဈိမဒေသ၌

ဗုဒ္ဓဘာသာ သာသနာစတင်ထွန်းကားရာ ကာလ
ဖြစ်သည်ဟု မှတ်ယူဖွယ် ရှိလေသည်။

ကဿပဘုရား

ကဿပဘုရား သည် ကကုသန်ဘုရားဒီပင်္ကရာဘုရားဂေါတမဘုရား စသည့် ဘုရားကြီး ငါးဆူမှ နောင်ပွင့်တော်မူမည် ဘုရား ဖြစ်သည်။ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် အလောင်းတော် ကဿဖ ကုန်းမြေတွင် နောင်ပွင့်တော်မူမည် ဘုရားလောင်း ရှိသည်ဟု ယုံကြည်ကြသည်။

ဗုဒ္ဓ၀င်

၁။ ကောဏာဂုံမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ နတ်, လူတို့ ထက် မြတ်တော်မူသော တရားမင်း ဖြစ်တော်မူသော အလင်းရောင်ကို ပြုတော်မူ တတ်သော အနွယ်အားဖြင့် ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂။ ထိုမြတ်စွာဘုရားသည် အလှူခံသူတို့အား များစွာသော ထမင်း အဖျော် ဘောဇဉ်အလှူကို ပေးလှူ၍ စိတ် အလို ကို ပြည့်စေပြီးလျှင် နွားခြံကို ဖျက်ဆီး၍ သွားသော နွားလားကဲ့သို့ အမျိုးအိမ်ကို စွန့်လွှတ်လျက် မြတ်သောဗောဓိဉာဏ်သို့ ရောက်တော်မူ၏။
၃။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားသည် ဓမ္မစကြာ ကို ဟောတော်မူသည် ရှိသော် ကုဋေနှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် ရှေးဦးစွာ (သိခြင်း)ဖြစ်လေ၏။
၎။ အကြင်အခါ မြတ်စွာဘုရားသည် လောက၌ လေးလပတ်လုံး ဒေသစာရီ လှည့်လည်တော်မူ၏၊ ထိုအခါ ကုဋေတစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၅။ အကြင်အခါ မြတ်စွာဘုရားသည် ရေမီးအစုံ အစုံဖြစ်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ (သဗ္ဗညုတ) ဉာဏ်သဘောကို မိန့်ကြားတော်မူ၏၊ ထိုအခါ ကုဋေငါးထောင်သော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၆။ ပျော်မွေ့ဖွယ်ကောင်းသော တာဝတိံသာနတ်ပြည်၌ သုဓမ္မာသဘင်သည် ရှိ၏၊ ထိုသုဓမ္မာသဘင်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ကုဋေသုံးထောင်သောနတ် (ဗြဟ္မာ)တို့အား သစ္စာလေးပါးကို သိစေတော် မူ၏။
၇။ နောက်အခါ နရဒေ၀ဘီလူးအား တရားဟောတော်မူရာ၌ ထိုနတ် လူတို့၏ သစ္စာလေးပါးကို သိခြင်းတို့သည် ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်ကုန်။
၈။ ထိုမြတ်စွာဘုရားအား ကိလေသာ အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ် သာ ဖြစ်လေ၏။
၉။ ထိုအစည်းအဝေးသည် ရှက်ခြင်း ဟိရီ အကျင့် သီလ အားဖြင့် တူညီကုန်သော ပုထုဇဉ် သောတာပန်စသည်ကို လွန်မြောက်ကုန်သော နှစ် သောင်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။
၁၀။ ထိုအခါ ငါသည် ဇောတိပါလလုလင်ဟု ကျော်ကြားလျက် ဗေဒင်ကို သရဇ္ဈာယ်တတ်သူ၊ ဗေဒင်ကို ဆောင်နိုင်သူ၊ သုံးမျိုးသော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ခဲ့၏။
၁၁။ ငါသည် လက္ခဏာကျမ်း၌ လည်းကောင်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်း၌ လည်းကောင်း၊ မိမိ(ပုဏ္ဏားတို့) အကျင့်တရား၌ လည်းကောင်း ကမ်းတစ်ဖက်သို့ ရောက်သူ မြေ အတတ် ကောင်းကင်အတတ်၌ လိမ္မာသူ ၀ိဇ္ဇာပညာကို သင်ကြားပြီးသူ အပြည့်အစုံ တတ်မြောက်သူ ဖြစ်၏။
၁၂။ ကဿပမြတ်စွာဘုရားအား ရိုသေလေးစားခြင်း ရှိသော တုပ်ဝပ်ကျိုးနွံခြင်း ရှိသော သုံးခုမြောက် (အနာဂါမိ) ဖိုလ်ကြောင့် တဏှာမီး ငြိမ်းပြီးသော ဃဋိကာရ မည်သော အလုပ် အကျွေးသည် ရှိလေ၏။
၁၃။ ဃဋိကာရသည် ငါ့ကို ခေါ်ယူ၍ ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ (ငါသည်) ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။
၁၄။ ငါသည် လုံ့လ၀ီရိယကို အားထုတ်သူ ဖြစ်၍ ၀တ်ကြီးဝတ်ငယ်တို့၌ လိမ္မာ လျက် တစ်စုံတစ်ရာမျှ မဆုတ်ယုတ်စေဘဲ မြတ်စွာဘုရားသာသနာတော်ကို ဖြည့်ကျင့်ခဲ့၏။
၁၅။ အကြင်မျှလောက် မြတ်စွာဘုရား မိန့်တော်မူသည့် အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား အဆုံးအမ အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော် ကို တင့်တယ်စေခဲ့၏။
၁၆။ ထိုမြတ်စွာဘုရားသည်လည်း ငါ၏ အံ့သြဖွယ်အကျင့်ကို မြင်၍ ဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ဤရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့။
၁၇။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပိလမြို့မှ ထွက်၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့်ပြီးလျှင် ဘုရား ဖြစ်လတ္တံ့။
၁၈။ မြတ်စွာဘုရားအလောင်းသည် ဆိတ်ကျောင်း ညောင်ပင်ရင်း၌ ထိုင်၍ ထိုညောင်ပင်ရင်း၌ နို့ဃနာဆွမ်းကို ခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။
၁၉။ နေရဉ္ဇရာ မြစ်ကမ်း၌ နို့ဃနာကို ဘုဉ်းပေးပြီးလျှင် နတ်တို့ စီရင်အပ်သော မြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။
၂၀။ ထို့နောက် လူတို့ထက် မြတ်သော များသော အခြံအရံ ရှိတော်မူသော မြတ်စွာ ဘုရားအလောင်းသည် ဗောဓိမဏ္ဍိုင်ကို လက်ယာရစ် လှည့်ပြီးလျှင် မာရ်ငါးပါး ကို အောင်မြင်ရာ မြတ်သော နေရာဖြစ်သော ဗောဓိပလ္လင်မြတ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၍ ပွင့်လတ္တံ့။
၂၁။ ဤမြတ်စွာဘုရား၏ မတ်တော်အရင်းသည် မာယာ မည်သော မိဖုရားဖြစ်၍ ခမည်းတော်သည် သုဒ္ဓေါဒန မည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမ အမည်ရှိသည် ဖြစ်လတ္တံ့။
၂၂။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာ မည်သော ရဟန်းသည် အလုပ်အကျွေးဖြစ်၍ ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။
၂၃။ ခေမာသည် လည်းကောင်း၊ ဥပ္ပလ၀ဏ်သည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သောတပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေပင်ဟု ခေါ်ဆိုအပ်၏။
၂၄။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠ၀ကသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒမာတာသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၂၅။ လူ နတ်တို့သည် တူသောသူ မရှိသော ကဿပမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည်ရှိသော် ဤရဟန်းကား ဘုရားလောင်း ဖြစ်သတတ်ဟု အလွန်ဝမ်းမြောက် ကုန်လျက်-
၂၆။ ကြွေးကြော်သံတို့ကို ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လန်းလည်း ရွှင်လန်းကြကုန်၏၊ လောကဓာတ် တစ်သောင်း၌ နတ်နှင့်တကွ သော လူတို့သည် လက်အုပ်ချီ၍ ရှိခိုးကြကုန်၏။
၂၇။ အကယ်၍ ငါတို့သည် ဤမြတ်စွာဘုရား၏ သာသနာတော်ကို လွဲချော်ကုန်အံ့၊ အနာဂတ်အဓွန့် ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏။
၂၈။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော်ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းတို့ကို ယူ၍ မြစ်ကြီးကို ကူးကုန် သကဲ့သို့-
၂၉။ ဤအတူပင် ငါတို့အားလုံးသည် ဤမြတ်စွာဘုရားကို အကယ်၍ လက်လွှတ်ရ ကုန်အံ့၊ အနာဂတ် အဓွန့်ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ (ဟုဆုတောင်းကုန်၏)။
၃၀။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏။
၃၁။ ငါသည် ဤသို့ သံသရာ၌ ကျင်လည်ရသည်ရှိသော် မလျော်သော အကျင့်ကို ရှောင်ကြဉ်လျက် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် ပြုနိုင်ခဲသော (စွန့်ခြင်းကြီးငါးပါးစသော) အမှုကိုလည်း ပြုအပ်ခဲ့လေပြီ။
၃၂။ မြို့တော်သည် ဗာရာဏသီ မည်၏၊ မင်းသည် ကိကီ အမည်ရှိသူ ဖြစ်၏၊ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် ထိုမြို့၌ နေ၏။
၃၃။ မြတ်သော သီလစသော ဂုဏ်ကို ရှာမှီးလေ့ရှိသော ကဿပမြတ်စွာဘုရား၏ ထိုခမည်းတော်သည် ဗြဟ္မဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ဓန၀တီ မည်၏။
၃၄။ ထိုဘုရားလောင်းသည် အနှစ်နှစ်ထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဟံသ ယသ သိရိနန္ဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။
၃၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည်လည်း လေးသောင်း ရှစ်ထောင်ရှိကုန်၏၊ မိဖုရားသည် သုနန္ဒာ မည်၏၊ သားတော်သည် ၀ိဇိတသေန မည်၏။
၃၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက် တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။
၃၇။ ကြီးသော လုံ့လရှိတော်မူသော ၊ လူတို့ထက် မြတ်သော ၊ လူတို့၏ ရှေ့သွား ဖြစ်သော ကဿပမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။
၃၈။ တိဿသည် လည်းကောင်း၊ ဘာရဒွါဇသည် လည်းကောင်း ကဿပမြတ်စွာ ဘုရား၏ မြတ်သောတပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ အလုပ်အကျွေးသည် သဗ္ဗမိတ္တ မည်၏။
၃၉။ အနုဠာသည် လည်းကောင်း၊ ဥရုဝေဠာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ပညောင်ပင်ဟူ၍ ခေါ်ဆို အပ်၏။
၄၀။ သုမင်္ဂလသည် လည်းကောင်း၊ ဃဋိကာရသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ ၀ိဇိတသေနာသည် လည်းကောင်း၊ သဒ္ဒါသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၄၁။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်နှစ်ဆယ် မြင့်လျက် ကောင်းကင်၌ လျှပ်စစ်နွယ်ကဲ့သို့ လည်းကောင်း၊ ဂြိုဟ်တို့ဖြင့်ပြည့် ခြံရံအပ်သော လမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူ၏။
၄၂။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်နှစ်သောင်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို ကယ်တင်တော်မူ၏။
၄၃။ (ပရိယတ္တိ) တရားတည်းဟူသော တစ်ဖက်ဆည်ကန်ကို ဖန်ဆင်းလျက် (စတုပါရိသုဒ္ဓိစသော) သီလဟူသော နံ့သာပျောင်းကို ပေး၍ (ဟိရိ သြတ္တပ္ပ) တရားဝတ်စုံကို ၀တ်စေကာ (ဗောဓိပက္ခိယ) တရားပန်းကို ခွဲဝေပြီးလျှင် -
၄၄။ လူများအကျိုးငှါ အညစ်အကြေးကင်းသော (သောတာပတ္တိမဂ်)တရားကြေးမုံ (မှန်)ကို တည်ထား၍ နိဗ္ဗာန်ကို တောင့်တသော အချို့သူတို့သည် ငါ၏ (သီလစသော) အဆင်တန်ဆာကို ကြည့်ရှုကုန်လော့ဟု (တိုက်တွန်းပြီးလျှင် ) -
၄၅။ သီလသင်တိုင်း (အင်္ကျီ)ကို ပေး၍ ဈာန် ချပ်ဝတ်မိန်ညိုကို (ဖွဲ့စေလျက်) မဂ္ဂင်တရားဟူသော သားရေ၀တ်ရုံကို ခြုံစေပြီးလျှင် မြတ်သော လုံ့လဟူသော ချပ်ဝတ်ကို လည်းကောင်း-
၄၆။ သတိဟူသော ကာကို လည်းကောင်း၊ ထက်သော ၀ိပဿနာဉာဏ် လှံမကို လည်းကောင်း၊ ကိလေသာရောယှက်ခြင်းကို နှိမ်နင်းနိုင်သော (လောကုတ္တရာ) သီလကို လည်းကောင်း၊ (အရဟတ္တမဂ်ဉာဏ်) တရားသန်လျက်မြတ်ကို လည်း ကောင်း ပေး၍-
၄၇။ ၀ိဇ္ဇာသုံးပါးဟူသော အဆင်တန်ဆာကို ပေးပြီးလျှင် ဖိုလ်လေးပါးတို့ကို ဦးဆောက်ပန်း (ပြုလျက်) အဘိညာဉ်ခြောက်ပါးဟူသော အဆင်တန်ဆာကို လည်းကောင်း၊ (လောကုတ္တရာ) တရားပန်းပွင့် အဆင်တန်ဆာကို လည်းကောင်း ပေးလျက်-
၄၈။ မကောင်းမှုကို တားမြစ်နိုင်သော (အရဟတ္တဖိုလ်) သူတော်ကောင်းတရားဟူ သော ထီးဖြူကို ပေး၍ ဘေးမဲ့ရာသို့ ရောက်ကြောင်း (အဋ္ဌင်္ဂိကမဂ်) ပန်းပွင့်ကို ဖန်ဆင်းပြီးလျှင် ထိုမြတ်စွာဘုရားသည် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူပြီ။
၄၉။ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့သူ ရှိတော်မမူသော ဤမြတ်စွာဘုရားသည် လည်းကောင်း၊ ကောင်းစွာ ဟောကြား တော်မူအပ်သော လာလှည့် ရှုလှည့်ဟု ဆိုထိုက်သော ဤတရားရတနာသည် လည်းကောင်း-
၅၀။ ကောင်းသော အကျင့်ရှိသော ဤအမြတ်ဆုံး သံဃာရတနာသည် လည်း ကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၅၁။ မာရ်ငါးပါးကို အောင်တော်မူသော မဟာကဿပ မြတ်စွာဘုရားသည် သေတဗျာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ပုထိုး(စေတီ)သည် အစောက် တစ်ယူဇနာ မြင့်လျက် တည်ရှိလေသတည်း။

ကကုသန်ဘုရား

ကကုသန်ဘုရား သည် ကမ္မကိလေသတရားဒီပင်္ကရာဘုရားဂေါတမဘုရားကဿပဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။
ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပု​​​ဏ္ဏေးမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။

ဗုဒ္ဓ၀င်

၁။ ဝေဿဘူမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ လူနတ်တို့ထက် မြတ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့ သောသူ ရှိတော်မမူသော အမည်အားဖြင့် ကကုသန္ဓမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏။
၂။ နှောင်အိမ်ကို ဖျက်ဆီး၍ သွားသော ခြင်္သေ့ကဲ့သို့ ထိုမြတ်စွာဘုရားသည် လည်း အလုံးစုံသောဘ၀ကို ခွါဖျက်၍ ပါရမီအကျင့်၌ အထွတ်အထိပ်သို့ ရောက် လျက် မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။
၃။ လောက၏ ရှေ့သွားဖြစ်သော ကကုသန်မြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေလေးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါး) တရားကို သိခြင်းသည် (ရှေးဦးစွာသိခြင်း) ဖြစ်၏။
၎။ ရေးခြစ်မထင် ကောင်းကင်၌ (ရေမီး) အစုံအစုံဟူသော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ ကုဋေသုံးသောင်းသော လူ နတ် ဗြဟ္မာတို့အား (သစ္စာ လေးပါးကို နှစ်ကြိမ်မြောက်) သိစေတော်မူ၏။
၅။ နရဒေ၀ဘီလူးအား ထိုမြတ်စွာဘုရား၏ သစ္စာလေးပါးကို ပြရာအခါ၌ (နတ်လူ တို့၏ သုံးကြိမ်မြောက် သစ္စာလေးပါး) တရားကို သိခြင်းသည် ဂဏန်းသင်္ချာ အားဖြင့် မရေတွက် နိုင်ချေ။
၆။ ကကုသန်မြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာရှိလေ၏။
၇။ ထိုအခါ ထိုအစည်းအဝေးသည် အာသဝေါတည်းဟူသော ရန်အပေါင်း ကုန်ခြင်း ကြောင့် ယဉ်ကျေးသော (အရိယာ) ဘုံသို့ အစဉ်ရောက်ကုန်သော ရဟန္တာ လေးသောင်းတို့၏ အစည်းအဝေး ဖြစ်လေ၏။
၈။ ထိုအခါ ငါသည် ခေမ မည်သော မင်းဖြစ်ခဲ့၏။ ငါသည် မြတ်စွာဘုရားအား လည်းကောင်း၊ မြတ်စွာဘုရား၏ သားတော်အား လည်းကောင်း များစွာသော အလှူကို လှူပြီးလျှင်-
၉။ သပိတ် သင်္ကန်း မျက်စဉ်း ပျားမုန့်ဆုပ်တို့ကိုလည်း လှူ၍ တောင့်တအပ်ရာ ကောင်းမြတ်သော ဤလှူဖွယ် ၀တ္ထုအားလုံးကို စီရင်လှူဒါန်းခဲ့၏။
၁၀။ သတ္တ၀ါတို့ကို ဆုံးမတော်မူတတ်သော ထို ကကုသန်မြတ်စွာဘုရားသည် လည်း ငါ့ကို ဤမင်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၁၁။ ထိုအခါ ဤမင်းသည် ပျော်မွေ့ဖွယ် ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်း ကုန်၏)။
၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှာ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။
၁၃။ (ထိုမြတ်စွာဘုရား၏) မြို့တော်သည် ခေမာဝတီ မည်၏၊ ထိုအခါ ငါသည် ခေမအမည် ရှိသူဖြစ်၏၊ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် ထိုမြတ်စွာဘုရား အထံ၌ ရဟန်း ပြုခဲ့၏။
၁၄။ နတ် လူတို့၏ ဆရာဖြစ်သော ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ၀ိသာခါ မည်၏။
၁၅။ ထိုခေမမြို့၌ လူတို့တွင် မြတ်သည် ဖြစ်၍ ချီးမွမ်းအပ်သော မြတ်သော ဇာတ်ရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် နေလေ၏။
၁၆။ ထိုဘုရားလောင်းသည် အနှစ်လေးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကာမ ကာမ၀ဏ္ဏ ကာမသုဒ္ဓိမည်သော မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် သုံးသောင်းတိတိ ရှိကုန် ၏၊ (ဘုရားလောင်း၏) မိဖုရားသည် ရောစိနီ မည်၏၊ သားတော်သည် ဥတ္တရ မည်၏။
၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏။ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။
၁၉။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက်မြတ်၍ ရှေ့သွားခေါင်းဆောင် ဖြစ် တော်မူ သောကကုသန်မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။
၂၀။ ၀ိဓုရသည် လည်းကောင်း၊ သဉ္ဇီဝသည် လည်းကောင်း ကကုသန်မြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ အလုပ်အကျွေးသည် ဗုဒ္ဓိဇ မည်၏။
၂၁။ သာမာသည် လည်းကောင်း၊ စမ္ပာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကုက္ကိုပင်ဟူ၍ ခေါ်ဆိုအပ်၏။
၂၂။ အစ္စုတသည် လည်းကောင်း၊ သုမနသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာအဂ္ဂဥပဋ္ဌက တို့ဖြစ်ကုန်၏။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာ သည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၂၃။ မြတ်စွာဘုရားသည် အတောင် လေးဆယ်တိုင်အောင် မြင့်တော်မူ၏၊ ရွှေ အဆင်း ရှိသော ကိုယ်တော်ရောင်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင် အောင် ပြေးသွား (ကွန့်မြူး) လျက်ရှိ၏။
၂၄။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်လေးသောင်း ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို ကယ်တင်တော်မူ၏။
၂၅။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ယောက်ျားç မိန်းမတို့၏ အကျိုးငှါ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းကဲ့သို့ စကားတော် ကို မိန့်တော်မူပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ၀င်စံတော်မူလေ၏။
၂၆။ အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း၊ အမြဲမကျိုးမပေါက်သော သီလရှိသော သာဝကအစုံတို့သည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရ တို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၂၇။ ကကုသန်ဘုရားမြတ်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် ကောင်းကင် သို့ တစ်ဂါဝုတ် တိုင်အောင်မြင့်လျက် တည်ရှိလေသတည်း။ ။ ကကုသန္ဓဗုဒ္ဓ၀င် ပြီး၏။[1]--

ဂေါတမဘုရား

ဂေါတမ ဘုရား သည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဒီပင်္ကရာဘုရား စသည့် ဘုရားကြီး ငါးဆူမှ ယခု နောက်ဆုံး ပွင့်တော်မူခဲ့သော ဂေါတမ ဗုဒ္ဓ ဘုရား ဖြစ်သည်။

ဗုဒ္ဓ၀င်

၁။ ယခုအခါ ငါသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်ပြီးလျှင် သာကီဝင် မင်းတို့၏ စိတ်ကို တိုးပွါးစေတတ်သော ဂေါတမမြတ်စွာဘုရား ဖြစ်၍ မြတ်သော ဗောဓိဉာဏ်ကို ရတော်မူ၏။
၂။ (ငါသည်) ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဓမ္မစကြာကို ဟောတော်မူ၏၊ (ထိုအခါ) တစ်ဆယ့်ရှစ်ကုဋေသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။
၃။ ထို့နောက် နတ်လူတို့၏ အစည်းအဝေး၌ တရားဟောတော်မူသည် ရှိသော် ဂဏန်းသင်္ချာအားဖြင့် မပြောဆိုနိုင်သော (သစ္စာလေးပါးကို)သိခြင်းသည် နှစ်ကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။
၎။ ယခုအခါ ငါသည် ဤကပိလ၀တ်မြို့၌ပင်လျှင် ငါ၏ သားတော်ရာဟုလာကို ဆုံးမတော်မူ၏၊ (ထိုအခါ သတ္တ၀ါတို့၏) ဂဏန်းသင်္ချာအားဖြင့် မပြောဆိုနိုင်သော (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၅။ ငါ့အား သီလစသောဂုဏ်ကို ရှာမှီးကုန်သော တပည့်သာဝကတို့၏ အစည်း အဝေးသည် တစ်ကြိမ်သာ ဖြစ်၏၊ (ထိုအစည်းအဝေးသည်) တစ်ထောင့်နှစ်ရာ့ ငါးဆယ်သော ရဟန်းတို့၏ အစည်းအဝေးဖြစ်၏။
၆။ ရဟန်းသံဃာ၏ အလယ်သို့ ရောက်သည် ဖြစ်၍ (ကိလေသာ) အညစ်အကြေး ကင်းလျက် တင့်တယ်သောငါသည် {အလိုခပ်သိမ်းကို ပေးတတ်သော(စိန္တာမဏိ) ပတ္တမြားကဲ့သို့} (နတ်လူတို့) တောင့်တအပ်သော အရာအားလုံးကို ပေးတော်မူ၏။
၇။ ငါသည် ဖိုလ်ကို အလိုရှိကုန်သော ဘ၀တဏှာကို ပယ်စွန့်လိုကုန်သော သတ္တ၀ါ တို့အား အစဉ်သနားခြင်းဖြင့် သစ္စာလေးပါးကို ပြတော်မူ၏။
၈။ (ထိုအခါ) သုံးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး) တရားကို သိခြင်းသည် ဖြစ်၏၊ တစ်ဦး နှစ်ဦးသော သတ္တ၀ါတို့၏ (သစ္စာလေးပါးတရားကို) သိခြင်းသည် ဂဏန်းအားဖြင့် မရေတွက်နိုင်ချေ။
၉။ ဤအခါ သာကီဝင်မင်းမျိုးမှ ရဟန်းဖြစ်သော ငါဘုရား၏ ကောင်းစွာ သန့်ရှင်း သော သာသနာတော်သည် ပျံ့နှံ့၏၊ များစွာသော လူတို့သည် သိအပ်၏၊ ပြည့်စုံ စည်ကားလျက် ကောင်းစွာပွင့်လင်းပေ၏။
၁၀။ အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန် သော တည်တံ့ကုန်သော အရာမက များစွာကုန်သော ရဟန်းအားလုံးတို့သည် ငါဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။
၁၁။ ဤယခုအခါ၌ အကြင်သေက္ခ (ရဟန်း)တို့သည် အရဟတ္တဖိုလ်သို့ မရောက် ကုန်မူ၍ လူ့ဘ၀ခန္ဓာကိုယ်ကို စွန့်ကုန်၏၊ ထိုသေက္ခရဟန်းတို့ကို ပညာရှိတို့သည် ကဲ့ရဲ့အပ်ကုန်၏။
၁၂။ အရိယာမဂ်လမ်းစဉ်ကို ချီးမွမ်းကုန်သော အခါခပ်သိမ်း တရား၌ ပျော်မွေ့ကုန် သော သတိရှိကုန်လျက် သံသရာသမုဒ္ဒရာသို့ ကူးသွားကုန်သော သတ္တ၀ါတို့သည် (သစ္စာလေးပါးကို) သိကုန်လတ္တံ့။
၁၃။ ငါ၏ မြို့တော်ကို ကပိလ၀တ ဟူ၍ လည်းကောင်း၊ ခမည်းတော်ကို သုဒ္ဓေါဒနမင်း ဟူ၍ လည်းကောင်း၊ ငါ၏ မယ်တော်ရင်းကို မာယာမိဖုရား ဟူ၍ လည်းကောင်း ခေါ်ဆိုအပ်၏။
၁၄။ ငါသည် နှစ်ဆယ့်ကိုးနှစ်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ငါ့အား) ရမ္မ သုရမ္မ သုဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။
၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် လေးသောင်းရှိကုန်၏၊ (ငါ၏) မိဖုရားသည် ဘဒ္ဒကဉ္စနာ မည်၏၊ သားတော်သည် ရာဟုလာ မည်၏။
၁၆။ ငါသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ ခြောက်နှစ်ပတ်လုံး ပြုနိုင်ခဲသော ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော် မူ၏။
၁၇။ ငါသည် အလုံးစုံသော သတ္တ၀ါတို့၏ ကိုးကွယ်ရာ ဂေါတမမြတ်စွာဘုရား ဖြစ်၍ ဗာရာဏသီမြို့ ဣသိပတန (မိဂဒါဝုန်) သမင်တော၌ ဓမ္မစကြာကို ဟောတော်မူ အပ်၏။
၁၈။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း ရဟန်း နှစ်ပါးတို့သည် မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ ငါ၏ အနီး၌ လှည့်လည်လျက်ရှိသော အာနန္ဒာ သည် အလုပ်အကျွေး ရဟန်းမည်၏။ ခေမာ သည် လည်းကောင်း၊ ဥပ္ပလ၀ဏ္ဏာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏။
၁၉။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠ၀ကသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဥပါသကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ နန္ဒာမာတာသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဥပါသိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၂၀။ ငါသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ မြတ်သော ဗောဓိဉာဏ်ကို ရတော်မူ၏၊ တစ်လံမျှသော ရောင်ခြည်တော်သည် ငါ့အား အခါခပ်သိမ်း ရှိ၏၊ ငါသည် တစ်ဆယ့်ခြောက်တောင် မြင့်တော်မူ၏။
၂၁။ ဤယခုအခါ၌ အသက်တမ်းသည် အနှစ်တစ်ရာ အနည်းငယ်မျှသာ ရှိ၏၊ ငါသည် ထိုမျှလောက်သာ အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို ကယ်တင်တော်မူ၏။
၂၂။ ငါသည် နောက်၌ဖြစ်သော သတ္တ၀ါအပေါင်းကို သိစေနိုင်သော တရားမီးရှူး တိုင်ကို ထားပြီးလျှင် မီးစာကုန်ခြင်းကြောင့် ငြိမ်းသော မီးကဲ့သို့ မကြာမီပင် တပည့်သား သံဃာနှင့်အတူ ဤလောက၌ပင် ပရိနိဗ္ဗာန် စံရပေလတ္တံ့။
၂၃။ ထိုအတုမရှိသော တန်ခိုးတော်တို့သည် လည်းကောင်း၊ ဤဆယ်ပါးသော (အခြံအရံ) အားတော် တန်ခိုးတော်တို့သည် လည်းကောင်း၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် လက္ခဏာတို့ဖြင့် အထူး ဆန်းကြယ်သည့် ဂုဏ်ကိုဆောင်သော ကိုယ်တော်သည်လည်းကောင်း-
၂၄။ နေကဲ့သို့ အရပ်ဆယ်မျက်နှာတို့ကို ထွန်းလင်းတောက်ပသော ရောင်ခြည် တော်ခြောက်သွယ်တို့သည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက် လတ္တံ့။

(မတူသောဘာသာ တူညီသောလူသား)

(မတူသောဘာသာ တူညီသောလူသား)
ကျွှန်တော်တို့ နေထိုင်တဲ့ လူ့လောကကြိး အကြောင်း အပြောကြည့်ရအောင်
လူ့ဘုံမှာ ရေတွက်မရတဲ့ မျိုးနွယ်စုတွေ အများကြိး နေထိုင်ကျတယ် ဒီအထဲကမှ နေထိုင်ရာ ပက်ဝန်းကျင် အလိုက် ယုံကြည့်ရာ ဘာသာတရား အလိုက် အဆင်ပြေမှု မပြေမှုဆိုတာ ရှိကျမှာပဲ အမျိုးနွယ် မတူလို့  အမြင်တွေလည်း လွဲချောတာလေးတွေ ရှိတတ်တာပေါ့
ဒီလို အကြောင်းလေးတွေကို ဘယ်လို အမှန်တရားမျိုးနဲ့ နားလည်မှု ယူတတ်ရမလည်း စဉ်းစားကြည့်တာပေါ့...။
ဥပမာ  လူနှစ်ယောက် ရှိတယ်ဆိုပါစို့ ကိုးကွယ်ရာ ဘာသာ မတူဘူး အလုပ်တခုထဲမှာ အတူ လုပ်ကျတယ် ....
အဆင်ပြေအောင် ဘယ်လိုပေါင်းသင်းကြတာလည်း...ဒါက ရှင်းပါတယ် စိးပွားရေးနဲ့ ဘာသာရေး ကဏ္ဍ မတူဘူးလေ။
အလုပ်ဆိုတာက လူ့ ဘ၀ထဲမှာ ရပ်တည်ဖို့  အစားအသောက် အ၀တ်အထည် နေထိုင်ရာ အဆောက်အအုံ သာရေးနာရေး
ကိုယ်ယုံကြည်ရာ ဘာသာကို ကုသိုလ်ယူ ပူဇော် ပသနိုင်ဖို့  အတွက် လုပ်ဆောင်နိုင်ဖို့  ငွေကြေး ရှာဖွေမှုပဲ ဖြစ်တယ် ။
ယုံကြည်မှု အတွက် မှန်ကန်သော ဂတိစကား အလုပ်မှာ အဆင်ပြေအောင် နားလည်ပေးတဲ့ စိတ်  ဒါတွေ ရှိနေရင် တွဲလို့ ရပြီလေ
လူမျိုး တူစရာ မလိုပါဘူး ဒါက ဘာသာရေးအတွက် ...အဓိက..အကျိုးဆောင်တဲ့ နေရာ မဟုတ်လို့ပါ လူ့   ဘ၀ ရှင်သန်ဖို့ ကြိုးစားရတဲ့
နေမရာ ဖြစ်လို့  လူ့ သိက္ခာ လူ့ စိတ်ဓါတ် ကိုယ်နဲ့  ကိုက်ညီသော စိတ်ထားမျိုးရှိရင် အတူ ပေါင်းလို့ ရတဲ့ ကဏ္ဍပေါ့..။
ဒီလို့ပါပဲ ဘာသာရေး ဆိုတာကလည်း လူ့ ဘ၀မွေးကင်စမှနေ၍ အနိးကပ် စောင့်ရှောက်လာတဲ့ မိဘ ဘိုးဘွား တွေရဲ့
သွန်သင် ပြောဆိုမှုတွေကြောင့် စိတ်မှာ ယုံကြည်မှု အစွဲတွေ ကပ်ငြိပြိး ကိုးကွယ်ကျတဲ့ ဘာသာတရားလက်ခံမှုတွေပေါ့....
ကိုယ့်ရဲ့  ဘာသာတရား သာလျှင် အမွန်မြတ်ဆုံးလို့  လူမျိုး အလိုက် မှတ်ယူ ထားကျတာလေ ကိုယ်မဟုတ်တဲ့ ဘာသာမှာလည်း
သူ ယုံကြည်မှု အလိုက် ကိုးကွယ်နေမှာ သေချာတာပေါ့ အငြင်းပွားမှုတွေ လုပ်စရာ မလိုပဲ နားလည်မှုတွေနဲ့  ဗဟုသုတ အဖြစ် လေ့လာကြည့်မယ်ဆိုရင် ပိုတောင် ကောင်းပါသေးတယ် လူဆိုတာ သတ္တာဝါထဲမှာ ဥိးနှောက် အရှိဆုံးပါ
( မတူတဲ့ အရာကို တူအောင် ကြည့်လို့ ရပါတယ်) မြင်.ကြား.သိ....ပေါ့ဗျာ
သူကိုးကွယ်တဲ့ ဘာသာကို ကိုယ်က အတူမကိုးကွယ်လို့  ကိုယ်က မမြင်ဘူး မမြင်ပေမယ့် နားကနေ ကြားရအောင် သတိလေးနဲ့  အသိထား လေ့လာကြည့်မယ်  အဲလို နားက ကြားတော့ စိတ်က အလိုလိုသိပြိး မြင်ကြည့်လို့ ရပြီ ...အော်   သူနဲ့  ငါနဲ့  လုပ်ဆောင်မှုချင်း မတူပေမယ့်
ငါ့ဘာသာ ငါယုံကြည်တန်ဖိုးထားသလို သူလည်း သူ့ ရဲ့  ဘာသာကို တန်းဖိုးထားတာပဲ ဒီနေရာမှာ တူတာပဲဆိုတဲ့ နားလည်မှု အမြင်တွေရှိကြရင် < မတူသောဘာသာဆိုပေမယ့်..တူညီသောလူ
သားတွေရဲ့>  တန်ဖိုးထားမှုက တူညီနေပါတယ် ....။
                                                        ဘာသာမတူ
                                                        ၀ါဒ ကွဲမူ
                                                        လူချင်း အတူတူ
                                                        ပေါင်းသင်းလို့ ယူ
                                                       ရင်းနှိးချစ်ခင် အကြွမ်းတ၀င်
                                                       စာနာ စိတ်ဓါတ် အလွန်ရှိအပ်
                                                       ကိုးကွယ် ဘာသာ မတူခဲ့တာ
                                                       နားလည်မှုနဲ့  တည်ဆောက်ပါ
                                                       တန်ဖိုးထားသော အကြောင်းတရား
                                                       လူမျိုးတိုင်းမှာ ရှိကြသား
                                                       မျိုးရိုးဘာသာ ဂုဏ်သိက္ခာ
                                                       ကိုယ်ကျင့်တရားနဲ့  မြှင့်တင်ပါ
                                                       ဥစ္စာ စိးပွား ဘာသာတရား
                                                       ကဏ္ဍ တစ်ခုစီထား.....။
သက်ရောက်မှု အကြောင်းတရားတွေ လှပနိုင်ပါစေ....ကျွှန်တော်ရဲ့ အမြင်နဲ့  ရေးချင်း ဖြစ်၍ အမှားအမှန်ကို ပြစ်နှစ်စွာဝေဖန်နိုင်ပါတယ်..။

(စာကြွင်း).......လူမျိုးခွဲခြား ဆက်ဆံခြင်း အဆင့်အတန်းတွေ ခွဲခြားဆက်ဆံခြင်းမျိုးတွေကို ဘာသာရေးအမြင် စိးပွားရေးအမြင် နဲ့ 
ခွဲခြားသိမြင်နိုင်ဖို့ ရေးသားလိုက်ခြင်းဖြစ်ပါသည်....မှားတာရှိ ၀န်တာမိပါ...။