myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Sunday, January 27, 2013

အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်


အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်

အက်ဆစ်မိုးတွေ  ပြိုပျက်
ငိုရခက်နေတဲ့  နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့  ဘ၀ပါ
အတ္တချိုချို  ဘ၀ခါးခါး
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း  ကန္တာရထဲ
ငါ့ရင်ဘတ်လဲ  ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
သည်းခံစိတ်ကို လည်မှာဆွဲ( ဖြစ်နိုင်ရင်) 
အရာအားလုံးကို  တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ  အရောင်မှိန်
ငါ့ဘ၀  နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?

ကြယ်စင်ရိပ်

ကြယ်စင်ရိပ်
တကယ်လို့...


ပင်လယ်ပြင်လှိုင်းလေတကြောမှာ

ငါဟာ..လွင့်မြောသူတစ်ယောက်ဖြစ်ခဲ့ရင်

ကယ်တင်ရှင်.. မေခလာမင်းသမီးလေးက..မင်းပဲ။

တကယ်လို့...

ကန္တာရ..ခရီးကြမ်းမှာ

ငါဟာ..လမ်းလျှောက်ရင်း..လမ်းပျောက်သူဖြစ်ခဲ့ရင်

အမောပြေ..ရေကြည်တစ်ပေါက်ဟာ..မင်းပဲ။

တကယ်လို့..

ဘ၀ရဲ့အမှောင်လမ်းမှာ

ငါဟာ..စမ်းတ၀ါးဝါး..လမ်းပျောက်သူဖြစ်ခဲ့ရင်

လင်းလက်ကြယ်စင်လေးဟာ..မင်းပဲ။

တကယ်လို့...

ဘ၀တစ်ခုတွက်..အချစ်တစ်ခုသာရှိမယ်ဆိုရင်

ငါတွက်တော့

အဲဒီ အချစ်လေးဟာ..မင်းပဲ။

ကဗျာရှင် အောက်ထက်

တိမ် ပန်းချီ

★တိမ် ပန်းချီ♪♫

စက်တင်ဘာရဲ့ ချုပ်ညနေရီ
အို..လှလိုက်တဲ့တိမ်ပန်းချီ၊

မင်းရဲ့မှော်ဝင်လက်နဲ့
ရောင်စုံဆေးစက်တွေကိုပက်ဖြန်း
ဘယ်ညာမွှေ့ရမ်းခံလိုက်ရတဲ့ဒီကေါင်းကင်။

အရောင်အသွေး အနုအရင့်
လိုက်ဖက်တင့်မော
ရွှေအိုရောင်တိမ်တောင်အဆင်းမှာ
မင်းလှချင်တိုင်းလှပေါ့။

ညနေခင်းရဲ့လေချိုသွေး
ငှက်ကလေးတွေကတေးကိုသီ
"ဟာမိုနီ"ဆန်လိုက်တဲ့ဒီရှုခင်း။

"ဆည်းဆာမှာ....
အကျည်းတန်တောင်လှသတဲ့"
ကိုယ်ချစ်သူ မိကျည်းတန်ကို
ဒီအချိန် ဒီရှုခင်းကိုလ
ပြလိုက်ခြင်သေး။

ကဗျာရှင် အောင်ထက်

★ငါကသစ်ငုတ် မဟုတ်♪♫

★ငါကသစ်ငုတ် မဟုတ်♪♫
တွေ့ကြရင်..
ပြောမယ်လို့
အားတက်သရောပြင်။

chating ထိုင်ကြတော့
"အင်း" "အင်း" နဲ့
မင်းဒါပဲပြောတတ်သလား။

အမြဲတန်း ငါကပဲစလို့ခေါ်
လုပ်ပီ "အော်" "အော်" နဲ့
မင်းဒါပဲပြောတတ်သလား။

တခါတလေ
အကြာကြီးအသံတိတ်
မင်းအိပ်လို့ပျော်နေရာ့လား။

ဒီမှာတဆိတ်..
ငါက ကျောက်ဖြစ်ရုပ်ကြွမ်းလား
သစ်ငုတ်လဲမဟုတ်။

မင်းကိုမမြင်ဖူးလဲ
online မှာတောင် ငုတ်တုတ်
အပြင်မှာ မလှုပ်တလှုပ်ပဲလားကွာ။

ကဗျာရှုင် အောက်ထက်

““ ရွေးခြယ်ခွင့် ””

★ ရွေးခြယ်ခွင့်♪♫

ဘောဂဗေဒမှာ
လူဆိုတာ....
ရွေးခြယ်တတ်သော သတ္တ၀ါ..
အူဝဲအရွယ် အမေ့လက်.. အဖေ့လက်
ရွေးခြယ်တယ် ။
ကျောင်းနေတော့ သူငယ်ချင်း ကောင်းမကောင်း
ရွေးခြယ်တယ် ။
ဆယ်တန်းအောင်တော့ မေဂျာကောင်းမကောင်း
ရွေးခြယ်တယ် ။
နှလုံးသား နိုးထတော့
ကြည်နူးစရာ ကောင်းမကောင်း
ရွေးခြယ်တယ် ။
ရသခံစားချင်တော့
လှမလှ ရွေးခြယ်တယ် ။
အိမ်ထောင်ပြုချင်တော့
လက်တွဲဖော် သင့်မသင့်
ရွေးခြယ်တယ် ။
....................
....................
....................
ဒါပေမယ့် ...
နွားတစ်ကောင် အတွက်တော့
ရွေးခြယ်ခွင့်က
ထမ်းပိုးနဲ့ လှည်းတုတ် ။
ဟုတ်ပါပြီ . . .
တခါတစ်လေ....
( ရွေးခြယ်ချင်းမှတ်ပါမှ )
....... ကဗျာရှင် အောင်ထက်ပါ. . . .။



အနှိုင်းမဲ့ အလင်းရောင်

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ။

ကူးယူဖော်ပြချင်း ဖြစ်ပါသည်

ဆိုဒ်ကိုတော့ မမှတ်မိတော့ပါ  ။
Dynamic Blinkie Text Generator at TextSpace.net