myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Monday, October 7, 2013

မလွမ်း ဘယ်သူနေပါမယ့်

မလွမ်းဘယ်သူနေပါ့မယ် *



ရပ်ဝေးမြေချား

ဝေးကွာနေတော့

ချစ်သူ မေလဲ

လွမ်းနေရောပေါ့ ...။



ချစ်သူ ရင်ခွင်

မှီချင် သော်လဲ

ကြမ္မာရယ်က

ချေနေမပေး

ဝေးကွာရတော့

ချစ်သူ မေလဲ

လွမ်းနေရောပေါ့...။



မောင်လဲထို့ တူ

လွမ်းရ သူမို့ 

နီးစပ်ဖို့ ရေး

ကြိုးစားပြီးတော့

ပြန်လာ ချင်ပြီ

မေ့ ရင်ခွင်စီ......။

ကလေးတယောက်လို

ကလေးတစ်ယောက်လို

ဟန်ဆောင်မှုကင်းတဲ့ အပြော၊ ဖြူစင်တဲ့

မနောတွေကြောင့် ငါ့နှလုံးသား ယိုင်နဲ့ခဲ့ရတယ်ဆိုရင်တောင်

မာနနဲ့ ထိန်းချုပ်ဖို့ မပြင်ဆင်ခဲ့တဲ့ သိက္ခာဆိုတာလည်း အလွှာပါး တစ်ခု အဖြစ်နဲ့ပါ။



ခပ်ပါးပါး ရိုက်ခတ်တဲ့ စကားလုံးတွေက

ဒဏ်ရာဟောင်းကို စွတယ် ဆိုပေမယ့် အနာသစ်မဖြစ်နိုင်တော့သလို

အတိတ်ဆိုတာ ပြိးခဲ့တဲ့ အရိပ်တွေမို့ နောက်ကြောင်း ပြန်လှည့်ဖို့

မဖြစ်နိုင်တော့တာ ဘယ်သူကြောင့်မှ မဟုတ်တဲ့ ကိုယ်ပိုင် ခံယူချက် တစ်ခုပါပဲ။



ခဲမှန်ဖူးတဲ့

စာသူငယ်လိုပါပဲ

နောက်တစ်ကြိမ်ဆိုတာကို

တွေးကြောက်နေသူမို့ ခံစားမှုမဲ့ ခပ်သဲ့သဲ့ ဆိုရင်တောင်

ယဲ့ယဲ့လေးမျှော်လင့်ချင်မိတဲ့ အတွေးတွေနဲ့ ညတွေက ပိုမှောင်လာသလိုပါပဲ။



မရှိမှန်းသိပေမယ့်

အကြိမ်ကြိမ် ရှာဖွေမိနေတဲ့

အသိစိတ်တွေကိုလဲ ကိုယ်တိုင်နားမလည် သလို

မျှော်နေမှန်းသိလျှက် ဆုံစည်းခွင့်မပေးတဲ့ ကံကြမ္မာကိုလဲ မုန်းတယ်။



အဖျစ်ဖျစ်နာကျင်တဲ့

နှလုံးသားက အလွမ်းတွေက

ဒဏ်အဖြစ် နှိပ်စက်ပြိး ခပ်ပါးပါးလှီးနေတဲ့

အတ္တတွေကြောင့် ခံနိုင်ရည်ဆိုတာလည်း ဆွေးမြေ့နေတဲ့ ကျူထရံသာသာပါပဲ။



အလွမ်းပြိး အလွမ်း

ထက်ကာထက်ကာ လွမ်းနေရလို့

နှလုံးသားနံရံတွေလည်း စုတ်ပျက်သတ်နေပြီ

သွေးကြောထဲက မာနတွေက ခပ်လှောင်လှောင်ပြုံးပြိး

သတိရခြင်းတွေကို ဟားတိုက် ပြဇတ်တစ်ပုဒ် မဟုတ်ပဲနဲ့ ဒီတစ်ည ပွဲစည်သွားခဲ့ပြန်ပြီ။



ရှိုက်သံတွေတိုး

အရိပ်တွေမိုးလို့ ခပ်တိုးတိုး ငိုညည်းရင်း

အမှတ်တမဲ့ ရေရွတ်မိတာ တေးသီချင်း မဟုတ်ပဲ

ညည်းချင်းတစ်ပုဒ် ဖြစ်နေတာမို့ အိမ်မက်ဆိုးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်း

မနက်ခင်းပေါင်းများစွာ အကျည်းတန်ခဲ့ရတာလဲ အသင်္ချပါပဲ။

ငါ့ရဲ့ ကဗျာလေး

နင်ပာာ.....ငါ့အကြိမ်ကြိမ်ရေးနေမိတဲ့
အလွမ်းကဗျာလေးတစ်ပုဒ်ပေါ့
တစ်ပြိုင်ထဲ အဆွေးကဗျာလေးလဲဖြစ်နေမှာပဲ

အသံကြားစေရုံနဲ့
စွဲလန်းတက်စေခဲ့တာက
ဘယ်ဘုရားထံမှာ နင့်လက်တွေ
ဖြန့်ကားတောင်းခံခဲ့တာလဲ
ဆုတောင်းကောင်းတဲ့ နင့်အလှတွေမှာ
ဆုတောင်းမကောင်းပဲ......ငါကျရှုံးစေခဲ့တယ်
.........
နတ်ဆိုးတွေရဲ့စိတ်ကူးမျိုးတွေနဲ့
ရက်စက်တက်ခဲ့တဲ့ချစ်သူ.......
အဖြူရောင်ကောက်ကျစ်မှု့များစွာနဲ့
ငါရိုးသားစွာချစ်မိခဲ့တာပါ.........
ဘ၀တစ်ခုမှာ...ချစ်ခြင်းတစ်ခုထဲနဲ့
မလုံလောက်ဘူးဆိုတာ......ငါသိပါတယ်
ဒါပေမဲ့....အလိုက်မသိတက်ခဲ့တဲ့နင့်ကြောင့်
ငါ့ကောင်းကင်ကြီးက မိုးတိမ်မဆန်တော့တာ
နင်သိပါ့မလား.......
တစ်ကယ်ပါ.....
နင်ထွက်ခွာသွားခဲ့မယ်ဆိုလဲ
ငါ့ပြက္ခဒိန်တစ်ချို့ထဲမှာ.....မျက်စောင်းတစ်ချက်နဲ့
ကြက်ခြေခတ်လေးတစ်ခုလောက်တော့....ထားသွားခဲ့ပေးပါ
နို့မို့ဆိုရင်.....
နှုတ်မဆက်ပဲပြန်သွားပုံလေးက
မျက်စိမမှိတ်ပဲ......ငါသေမယ်ဆို
သေလို့ရတယ်.............။ ။

နှလုံးသား

♥ နှလုံးသားရဲ့♥
♠လှုပ်ဆော်မှုကြောင့်♠
♣ငါနင့်ကို♣
☻ချစ်ခဲ့မိတယ်☻
☺ငါ့ဦးနှောက်က မစဉ်းစားဘူး☺
♥နင့်ကိုငါ ပုံအပ်ခဲ့တယ်♥
♥တစ်ခါတစ်လေ♥
♥ငါသိရက်နဲ့♥
♠စိုးထိပ်နေတယ်♠
♣နင်♣
☻မချန်ခဲ့ပါဘူးလို့☻
☺ပြောနေပေမဲ့လဲ☺
♥ငါကျန်ခဲ့မှာကြောက်နေတယ်♥
♥ငါ့နှလုံသား နုနယ်မှန်း♥
◘နင်◘
♥သိရက်နဲ့ ♥
♠ငါ့ကို♠
♦လှောင်ချင်နေတယ်♦
◘ရိုးသားပါတယ်ပြောပြီး◘
♣ငါ့ကိုနင်♣
♥ဒဏ်ရာတွေပေးခဲ့တယ်♥
☻နင်☻
☺ပေးတဲ့ဒဏ်ရာထဲမှာ☺
♥ငါနာကြင်နေတာ♥
♠နင်မှမသိပဲ♠
♣ရွေးခြယ်ပြီးမှ♣
♦နင်က♦
☺ခြယ်လှယ်တော့မယ်ဆိုတော့☺
☻နင်မှားတာ မဟုတ်ပါဘူး☻
♥ငါကသာ မှားသွားတာပါ♥
♣ငါ့ရဲ့♣
♦အမှားတွေအတွက်♦
♥ထာဝရ♥
♦ရင်မှာ♦
♥သိမ်းဆည်းထားပါမယ်♥

နမော်နမဲ့

........နမော်နမဲ့ ...........


အနမ်းတွေစွန့် ပစ်ပြီးအလွမ်းတွေချည်း
ရင်ထဲသိမ်းကျူံးထည့်လာခဲ့တယ် ။

ဆန်းတော့မဆန်းလှဘူး
ဇာတ်လမ်းက ဒီမှာတင်ပဲတစ်ခန်းရပ်လေ ။

မတမ်းတချင်တော့ပါဘူး
အကြင်နာက ပင်လယ်ဖြစ်နေမယ်ဆိုရင်တောင်
ကိုယ့်ကမ်းခြေတစ်ခုလုံးကို
ခပ်လှမ်းလှမ်းမှာရွှေ့ ထားလိုက်တော့မယ် ။

မပြောတတ်တော့ဘူး
အလွမ်းဆိုတာ ပင်လယ်မှာပြန်အမ်းလိုက်ရတဲ့
ငါးဖမ်းစက်လှေလိုလား
ဒါမှမဟုတ်
တောအုပ်စိမ်းစိမ်းထဲက
ယန္တရားငှက်တစ်ကောင်လား။

အလွမ်းတံခါးကိုပိတ်လိုက်တော့
ရင်တစ်ခုလုံးမှောင်အတိကျသွား
အားကုန်ခမ်းသွားတဲ့နာရီတစ်လုံးလိုပေါ့
သည်လိုနဲ့ ဘ၀ကိုထမ်းပိုးပြီး
နေ့ ကမ်းပါး ညကမ်းပါးတွေမှာ
တစ်ဟုန်ထိုးပြေးလွှားဖြတ်သန်းနေရတာ
ကိုယ့်ငရဲအိုးထဲ ကိုယ့်ကိုယ်ကို
ရေခမ်းချက်နေရသလိုမျိုး ။

ကြည့်စမ်း ...
ပြောရင်းဆိုရင်းတစ်ခြမ်းသေနေတဲ့
သံယောဇဉ်လေးရှိရာကို
စမ်းရင်စမ်းရင်းသွားနေမိပြန်ပြီ ။ ။

အသည်းခွဲလိပ်ပြာ

အသည်းခွဲလိပ်ပြာ

ရင်ဘတ်ပေါ်မှာ နားနေတဲ့လိပ်ပြာလေး

ရူတ်တရက်ထပြန်ပြေးတော့မယ်

မညှာမတာတားဆီးလိုက်ရင် လိပ်ပြာလေးများထိခိုက်နှစ်နာလေမလား

မလုပ်ရက်ပါဘူး လက်ပိုက်ကြည့်နေပါ့မယ်

မင်းပျော်ရာကို ပြန်သန်းပါ

ကိုခွင့်ပြုလိုက်ပါ့မယ်

ကိုယ့်အတွက်ကတော့ လိပ်ပြာလေးပျော်နေရင်ကျေနပ်ပါတယ်..................................။

မင်းအတွက်

"မင်းအတွက်"



ဝေသမျှ မကြွေတဲ.ပန်းပါ
မနမ်းချင်လည်း ပွင်.ခဲ.ပြီလေ
စိမ်.ထွက်သမျှ မခမ်းတဲ.စမ်းပါ
မင်းမသောက်ချင်လည်း စီးခဲ.ပြီလေ
ဆိုနေသမျှ မဆုံးတဲ.တေးပါ
မင်းမကြားလည်း သီခဲ.ပြီလေ
မြူတိမ်ကင်းပြီး သာတဲ.လပါ
မင်းအိပ်နေလည်း သာခဲ.ပြီ
တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တစ်ခုဖြစ်ချင်ပါတယ်
မင်းမျက်နှာမသစ်ရင်တောင်မှ
(မင်းမောတဲ.အခါ....)
ခြေဆေးလို.ရအောင်ပေါ. ................။
...................

ဖိတ်ခေါ်ပါတယ်

ဖိတ်ခေါ်ပါတယ်...

ချစ်သူငယ်ချင်းအပေါင်းသင်းတို့ရေ..

ငါရဲ့နှလုံသားးဥယာဉ်မှာပေါ့...

ဖူးပွင့်ဝေဆာ..ပန်းကမ္မာလေးစိုက်ပျိုးထားတယ်....

သင်းပျံ့မွှေးကြိုင်....ရနံ့လှိုင်လှိုင်နဲ့ပေါ့...

ပန်းလေးတွေကမွှေးကြိုင်ပေမဲ့...ဈေးကိုင်တယ်လို့မထင်လိုက်ပါနဲ့..

ပန်းတစ်ခက်..အနမ်းတစ်ချက်တော့ပေးရမယ်နော်..

(အလကားပြောတာ...တကယ်..)

လာမယ်ဆိုရင်ကြိုပြော ကိုယ်လာခေါ်မယ်..

(ဆိုက်ကားနဲ့ပေါ့)

လိုချင်တဲ့ပန်း..မညူစတမ်း..

ခူးစမ်းပါ ခင်ရယ်...
..............

Friday, October 4, 2013

ချစ်သူသို့

ချစ်သူ..သို့
............................

ဖြူစင်တဲ့ ကြင်နာခြင်း

စစ်မှန်တဲ့ ချစ်ခြင်းနဲ့

ဲ့မေတ္တာရင်းကို ပေးလို့တမူ

နှလုံးသားထဲကပေါ့..

အဥင်္ီးဆုံး ချစ်ခဲ့ရ.. သူ

ရက်စက်လို့ သွေဖည်မယ့်စကား

မင်း ကို ငါ..လေ

ဘယ်တော့မှလေ မပြောကြားပါဘူး..

နင်မမုန်းသမျှ ရင်မှာမမေ့

ငါ့ရဲ့  အသက် ရှိနေသရ်ျ..ပေါ့ ။

နှလုံးသွေးကို ဖောက်ထုတ်

မြေကြီးကို လက်နဲ့ ဆုပ်လို့

တိုင်တည်မယ် ဒီစကား

ကမ္ဘာကုန် ကျယ်သရ်ျလေ..

ဘယ်တော့မှ မပြယ်ပါစေ..သား ။

မင်း ရင်ထဲမှာ သိထားလိုက်ပါ

ငါ့ ဘက်က မဖောက်ဖျက်ပါ

အချိန်တိုင်းပေါ့ လွမ်းနေတယ် ဟာ

ချစ်ခြင်းက ကုဋေကုဋာနဲ့ပါ ။

သစ္စာကို တန်ဘိုးထား

မေတ္တာကို လိုလားတယ်

တစ်သက်မှာလေ နင်တစ်ယောက်မို့

ပက်ပက်စက်စက် ငါသိပ်ချစ်တယ်

တစ်နေ့မှာတော့ ဒို့နီးရမယ်

ငါလေ ကျိုးစားနေပါတယ်

နင်လေ.. ဘယ်တော့မှ ..ပေါ့

စိတ် မညစ်စေရပါ..တကယ် ။ ။

မာတာဟုခေါ်သည့် မွေးမေမေ

မာတာဟုခေါ်သည့် မွေးမေမေ

နှိင်းစရာမရှိပါလေ သူ့ကျေးဇူး

ဘ၀ဖုန်တလူးလူးနဲ့ မုန်တိုင်းကြား

မညည်းမတွားပဲ ရင်ဆိုင်ခဲ့တယ်

ပင်ပန်းမှုဆိုတာရယ် သူ့မှာနတ္ထိ

သားမျက်နှာကိုကြည့်ပြီး ပီတိပွား

အေးချမ်းမှုများတွေ ဆောင်ကြဉ်းပေး

သားလူလေးအတွက်ဆို ဘာမှမမှု

အသက်တစ်ခုနဲ့စတေးဖို့ သူအစဉ်

အမေ့ရင်ခွင်သာ အနွေးထွေးဆုံး

ယူကြုံးမရပါ စဉ်းစားတွေးမိရင်

မျက်ရည်တသွင်သွင် စီးမိပါတယ်

"သားရယ်"လို့ခေါ်တဲ့ သူ့ချိုသံသာ

မကြားရတာဆို ကြာလင့်နေပြီ

လတွေနဲ့နှစ်ချီ တနယ်မြေခြား

သူစိမ်းတွေကြားမှာ ဘ၀အတွက်

ဝမ်းစာရှာထွက်ခဲ့တဲ့ သားကျွန်တော်

လုံးဝမပျော်နိုင်ပါဘူး အမေရယ်

အဆင့်အတန်းတော့ကွယ် မြင့်မားလေစ

သွားရလာရဆိုလဲ အဆင်ပြေ

သို့ပေမယ့်လည်းလေ အမေ့အိမ်ထက်

သားဘ၀တစ်သက်မှာ ခံစားခဲ့ဖူး

မရှိနိုင်တော့ပါဘူး အမေ့အိမ်လိုနွေးထွေးမှုများ

လောဘတရားထဲမှာသာ နစ်ဝင်ပြီး

နောက်ဘ၀ခရီးအတွက် လမ်းမှားကြောက်တာမို့

အမေ့အိမ်သို့သာ ထာဝရနေဖို့ပြန်ခဲ့မယ်

ချစ်မေမေရယ်နဲ့အေးအတူပူအမျှ

သားကျေးဇူးဆပ်ရပါစေကွယ်.. အမေ။

ရင်ဘက်နဲ့ရင်း

နှလုံးသားနုနယ် အခုလိုအ၇ွယ်မှာ
သစ်၇ွက်လှုပ်သာမြင်၇င်တောင်
၇င်ခုန်တတ်တဲ့မင်း
စိတ်ကစားလို့ ကျိတ်ထားခဲ့တဲ့
၇ည်းစားတွေသက်၇ှိလောက်ပဲ၇ှိမယ်နော်
ကိုယ့်မှာတော့မချစ်ဖူးလို့၇ူးတယ်ပြောပြော
အချစ်ဦးမို့၇ူးတယ်ပြောပြော
ကိုယ့်ဘက်ကမပြတ်နိုင်တာအမှန်ပါ
ဒီလိုစာသားကိုယ့်မေတ္တာမှန်မယ်ဆို၇င်
မင်း၇င်ထဲမှာအချစ်ဦးမဟုတ်၇င်တောင်
အချစ်ဆုံးဖြစ်ခဲ့၇ပါစေ.....နော်

12:58 AM ရင်ဘတ်တစ်ခုနဲ့ ရင်းပြီး...
မိန်းကလေးတစ်ယောက်ကိုချစ်မိ
ပျော်ရွှင်ခြင်းပဲရမယ်ထင်ခဲ့
မျှော်လင့်ခြင်းတွေ ခါးသက်ခဲ့တော့
ငါ့အိပ်မက်လေး သဲကြိုးပျက်ခဲ့ရတယ်။
အားနဲ့ ရင်းပြီး...
သစ်ပင်တွေကို ပျိုးမိ
စိတ်ကြည်နူးမှုရမယ် ထင်ခဲ့
ပြုစုယုယမှုမတက်တော့
ငါ့သစ်ပင်လေးနွမ်းလျ ခြောက်သွေ့  ခဲ့ရတယ်။
ချစ်မိတဲ့မိန်းကလေးတစ်ယောက်နဲ့ 
ပျိုးမိတဲ့သစ်ပင်
မျှော်လင့်ချက်ခါးခါး
ကျိုးပဲ့နေတဲ့ ခက်ရင်းခွ
နွမ်းလျသွေ့ ခြောက်စွာ
သဲကြိုးပျက်နေ ပါတော့တယ်။ ။

ရင်ခုန်သမျှ

ရင်ခုန်သမျှ
မင်း ယုံမှ ပြောချင်
စတွေ့ စ မြင်ကွင်း
ငါ့ ရင်တွင်း ၀င်ရောက်
နေမင်းကြိး အောက်မှာ
ကြွေမင်းသမိး ရောက်လာသလို
အရာရာ ပျိုမြစ်
ငါလိုတဲ့ အချစ်ကို
ကမ်းလင့်ကာ ကြိုမယ်ဆိုရင်ဖြင့်
ပျော်ရွှင်ခြင်း တနင့်တပိုးနဲ့ 
မျှော်လင့်ခြင်း မိုးကောင်းကင်က
သံယောဇဉ် ကြယ်ပွင့်လေး တချို့ 
လင့်လက်စွာ ပွင့်ဖူး
မင်းအတွက် ငါ ဆွတ်ခူးပေးချင်တယ်......။ ။

ချစ်ခွင့်မရှိဘူးလား ?

အချစ်တွေသာ တစ်ခန်းရပ်သွားတယ်

လွမ်းဆွတ်မှူကတော့ ရှည်နေတုန်းဘဲ
အပေတေဆန်တဲ့ ဘ၀လမ်းမှာ

ရှေးဆန်တဲ့ အချစ်လမ်းတွေ

ဖောက်ခဲ့မိတယ်

online ပေါ်က အချစ်တဲ့

အပီအပြင် ချစ်ခဲ့ကြပေမယ့်

တစ်ကိုယ်ကောင်းဆန်တဲ့ ငါ့ချစ်ခြင်းကို

မင်းဘ၀င်မကျတာ

သဘာဝကျပါတယ်

စာရွက်တစ်ရွက်ကို လွင့်ပစ်လိုက်သလို
ငါ့ရဲ့ အချစ်ကိုလည်း မင်းစွန့် ပစ်ခဲ့တယ်

စစ်မှန်တဲ့ ချစ်ခြင်းနဲ့  သေချာချစ်ဖို့ ကလည်း

မင်းက ပစ်ကာပြေးနေတော့

block ရိုးထုံးစံနဲ့ငါခံလိုက်ရတယ်

ဒီမှာမိန်းကလေး

အရိပ်မရှိတဲ့ အပင်မှာတောင်

လူရပ်နားခွင့်ရှိသေးတာပဲ

ပိုက်ဆံမရှိတဲ့ငါ

မင်းချစ်သူဖြစ်ခွင့်မရှိတော့ဘူးလားကွာ

လက္ခဏဆရာကပြောတယ် ချစ်သူ

......လက္ခဏဆရာကပြောတယ်........
ချစ်သူ..

ဘာ့ကြောင့်မို့

နင်အနှိုးရခက်နေတာလဲ..

တံခါးမရှိဓားမရှိ..

ရင်ခွင်တံခါးကို..

တိုးယိုပေါက်ဖွင့်ထားတာတောင်..

နင်က..

မျက်စိတစ်ခတ်စာအကြည့်လေး

မခြွေချခဲ့ဘူးနော်..

ငါ့နှလုံးသား result ကို..

ECG ရိုက်စရာမလိုဘဲ..

ဘေးလူတွေတောင်..

သိကုန်ကြပြီချစ်သူ..

ချစ်သူရေ...

**စီးတဲ့ရေ..ဆည်တဲ့ကန်သင်း**တဲ့
..

ငါ့ဘက်ကအချစ်တွေ..

တစ်သွင်သွင်စီးခဲ့သလောက်.

နင့်ဘက်ကမဆည်ခဲ့ဘူးနော်..

ဒီလိုနဲ့..

ကူကယ်ရာမဲ့နေလေတော့..

လက္ခဏာဆရာကိုအားကိုးမိပါတယ်..

သူပြောလိုက်တာက..

**နှလုံးလမ်းကြောင်းမှာကျွန်းခံ
နေတယ်**တဲ့လေ..

နင့်အချစ်တစ်ခုရဖို့..

စနေနံထောင့်မှာ..

သစ္စာနဲ့မေတ္တာကိုရောမွှေပြီး..

တစ်ဥုံဥုံနဲ့ယတြာချေနေတာတောင်..

မင်းဒသာဂြိုလ်ကစီးနေသေးတယ်..

**အချစ်နဲ့စစ်မှာမတရားတာမရှိဘူး
**လို့တော့.

ကြုံးဝါးနေမိတာပါပဲ..

ဒါပေမယ့်လည်း..

ဘယ်သူပညတ်ခဲ့မှန်းမသိတဲ့..

**မိန်းမတို့အိနြေ္ဒရွှေပေးလို့
မရ**ဆိုတဲ့

အဆိုအမိန့်လေးတစ်ခုက..

မီးနီလာပြနေလေတော့..

အားတင်းထားမိတဲ့အချစ်ကားလေး..

မီးပွိုင့်မိခဲ့တော့တာပေါ့.

နောက်ဆုံးတော့..

ချစ်သူ့နာမည်ကို..

အနိစ္စ၊ဒုက္ခ၊အနတ္တရေရွတ်ရင်း..

ဖြစ်ပျက်သံသရာဝဲဂယက်ထဲမှာ..

ပန်းတစ်ပွင့်ရဲ့ အလှ

ပန်းတပွင့်ရဲ့ အလှ.............................
သက်ငြိမ်ဖွဲ့လျှင် သဏ္ဍာန်ဆင်လျက်

မေကုန်ဇွန်ကူး ၀သန်ဦးမှာ

သက်ဆင်းကျရောက် မိုးစက်ပေါက်တို့

မြေကမ္ဘာဦး အလှထူးရန်

ကြွေပွင့်သက်ဆင်း လာခဲ့လေပြီ...

စု ဖွဲ့ဟန်သွင် ဖြန့်ကျက်ဆင်လျက်

ပင်ယံထိပ်ဖျား ၀တိမ်ပါးမှာ

နေခွင့်မရောက် ပန်းစက်ပျောက်တို့

ခုန်ကာရစ်ဖူး ဘ၀ကူးလျက်

ဝပ်ဆင်းခရောက် လာခဲ့လေပြီ...

ဝင်း လက်ပျံဆင်း ရနံ့ဆင်လျက်

ဘုန်းဝင့်ဆံဖျား ကေသာထက်မှာ

ပန်ဆင်လျှန်းတောက် နန်းစံမြောက်ဖို့

ဆံကေသာဦး အလှထူး

ဆောင်ယူ သက်ဝင်လာခဲ့လေပြီ.....

ကိုယ်တိုင် သီကုံး ထိုပန်းကုံးကို

ရွှေကေသာကျော့ ပန်တော့မယ်ပြင်

ရနံ့မကွယ် ပန်းမြတ်ရယ်မို့

စိတ်ကြည် နှလုံး ငြိမ်းစေရည်.....

ချစ်ဦး ချစ်သူ

ရည်ရွယ်သက်ဆုံး တစ်သက်လုံးမို့

ကြင်ဦးစိတ်မှာ ရွှင်မြူးပါမှ

စိတ်ဝယ်ပျော်ပိုက် မျှော်လိုက်မိသည်

သြော်...တယ်လှပါလား

သခင်ရယ်..........

နုပျိုနေသူများ

  နုပျိုနေသူများ
.........................

အမေ………
အရေးအသား အတွေးများ
အလွဲအမှားတွေနဲ့ ရင်းနှီးနေတဲ့
သားရဲ့ကလောင်မင်စက်က
အမေဆိုတဲ့ စကားစုကိုတော့
မှန်ကန်ပီသ ထင်ရှားစေခဲ့တယ် အမေ……

အမေဟာ သားရဲ့ နွေဦးမိုး
ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာကြီးထက်
ထည်ဝါမှုရှိသူ
အမေဟာ သားရဲ့လက်ဦးဆရာ
စိတ်ဓတ်ကောင်းတို့ရဲ့ သူရဲကောင်း
ဒါကြောင့် အမေပေးတဲ့ အမွေတိုင်းကို မြတ်နိုးတယ်အမေ…..

ရိုးသားဖို့ကြိုးစားပါဆိုတဲ့
အမေမှာတဲ့အသံ
အခက်အခဲကြုံတိုင်း သားရဲ့နားထဲပဲ့တင်ထပ်နေတယ် အမေ…..
အမေ…..အမေ…..အမေ…လို့ခေါ်ပြီး
ပြောချင်တဲ့စကားတစ်ခွန်းရှိတယ်အမေ..
ဖြစ်ခြင်းပျက်ခြင်းတရားမှာ သားအတွက်တော့
အမေဟာ မညိုးနွမ်းပွင့်လန်းနေတဲ့
ပန်းတစ်ပွင့်ပေါ့ အမေ……


ထို့အတူ....................................

လရေးနှစ်ချောင်းငင်လူရယ်လို့
ဖြစ်လာတဲ့ သားသမီးတွေအတွက်
အဖေလည်း မိဘကျေးဇူးကမ္ဘာရဲ့
မရှိမဖြစ် နေတစ်စင်းပါပဲ အဖေ…

အမေနဲ့သားသမီးတွေရဲ့အားကိုးမှီခိုရာ
နွေးထွေးလက်ကမ်းသူ ဝန်ထမ်းကောင်း
အမူးအယစ်အသောက်စားကင်းတဲ့
အဖေဟာ သားသမီးတွေရဲ့
စံပြလမ်းကောင်းညွန်ပြသူ

အနေရိုး စိတ်မဆိုးပဲ
တကြည့်ကြည့် ချစ်တတ်တဲ့ အဖေဟာ
ငြိမ်းချမ်းတဲ့မိသားစုရဲ့ ဥယျာဉ်မှုးစစ်စစ်…..
ရွယ်ရယ်ကြီးရင့် ဆံဖြူသွားကျိုးပေလည်း
အပြုံးနုနု ယှဉ်ပြုလို့
အဖေဟာ အမေနဲ့ယှဉ်ပြီး
သားတို့အတွက် ထာဝရပျိုနုနေသူပါ အဖေ

ကောင်မလေးရယ်

မင်းအကြောင်း တွေးရလွန်းလို့
လက်ညိုးညွှန်းရာ
ပန်းကဗျာဝေစေခဲ့ဖူးတဲ့ ငါ
ခုတော့…
လွမ်းစရာတွေ ခြေရာထပ်
ကဗျာစပ်ဖို့တောင်ခက်နေပြီ
ခံစားမှုတွေမြင့်တက်
ကဗျာရေးတဲ့လက်ကတောင်
ငါ့ကို မသထာတော့ဘူး
မင်းနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့


အမြတ်တနိုး ခင်မင်ရုံ
ရင်ခုန်သံကို တေးမသီ
ကဗျာတစ်ပုဒ်တောင် စာမစီနိုင်ခဲ့
ချစ်တတ်တဲ့နှလုံးသားက
အဲသည်လောက်ထိ လောင်ကျွမ်း
ငါ…
အရမ်းလွမ်းနေရတယ် ကောင်မလေးရယ်…………

မ မျိုးချစ်ဇာနည်

မမျိုးချစ်ဇာနည်
...........................

နတ်သုဒ္ဒါတမျှ၊ ချိုစိမ့်လှသည့် ဗန္ဒရသရက်၊ နွယ်ခါးယှက်၍၊ အသက်ဆုံးရှုံး၊ မျိုးတုံးခဲ့ရ ရှေးသာဓက၊ ရှိခဲ့ကြ၏။ ဒို့အမျိုးဘာသာ၊ သာသနာသည် ကမ္ဘာ့အလယ်၊ ဂုဏ်ယူဖွယ်အတိ ချီးမွန်းသည့်အသံ၊ မိုးထိညံမျှ သင်းပြန့်လှ၏။ ဒို့အမျိုးဘာသာ၊ ဓွန့်ရှည်ကြာရေး နောက်လာရင်သွေး၊ သင်-ဘာလေးမွေးမလဲ ဒေါ်လာမယား၊ အဖော်ပြုထားပြီး၊ တိုက်ကားကြီးပေါ်၊ မြူးရွှင်ပျော်ကာ အနှစ်မပါ၊ အချစ်ညာတဲ့ နွယ်ခါးရစ်ခွေ၊ မျိုးဖျက်တွေကို သမီး ဘယ်လိုစဉ်းစားမလဲ။ တော်လှဲသံကြီး၊ မြည်ဟည်းပြီးလျှင် မြေကြီးကွဲအက်၊ ငလျှင်စနက်ကြောင့် ရာထောင်မက၊ သေခဲ့ကြလဲ၊ အမျိုးမပြုတ်၊ အငုတ်အရင်း မျိုးဆက်ဆင်းကာ၊ အမျိုးဘာသာ သာသနာကြီး၊ ဆက်လက်ပြီးလျှင် ရှင်သန်ဝံ့ကြွား၊ မျိုးဆက်များမှ ထိန်းထားနိုင်သည်။ သို့ပေသည့်လည်း၊ မြေမျိုသော် အမျိုးမပြုတ်၊ လူမျိုသော် အငုတ်မကျန်၊ အမျိုးပြုတ်ရန် အရေးမို့ သမီးတို့ရေ........ ၀တ်ချင်တဲ့ ဆန္ဒ၊ လှချင်တဲ့ မာနနဲ့ ၊ အချောင်ရတယ်ဆိုပြီး၊ ဘ၀ကြီးတစ်ခုလုံးပုံအပ် မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့။ ထမင်းငတ်ပြီး သေတဲ့မသာ ဒို့ပြည်မှာ မရှိပါဘူး၊ အလှရစ်မူး ချစ်ရည်လူးပြီး ရာဂကြူးတဲ့ ဘီလူးလက်အောက် အမျိုးပြောက်အောင် ဘယ်သောအခါမှ အကြံကြနဲ့၊ ငွေကြေးဥစ္စာ၊ ဆင်းရဲပါလည်း မမွဲစိတ်ဓါတ်၊ အကျင့်မြတ်ကြောင်း ကမ္ဘာအပေါင်းမှ၊ ချီးကျူးရအောင် ဒို့မျိုးချင်းဆက် အမျိုးဂုဏ်ဆောင်ရင်း မျိုးသက်ဆင်းမှ ဆက်လက်ခိုင်မာ ဒို့သာသနာကြီး ဘုန်းနေလမီး ထိန်ထိန်ညီးစွာ ဓွန့်ရှည်ကြာတည်တံ့မှာမို့၊ သမီးတို့ရေ..... ဗုဒ္ဓဘာသာ မျိုးဆက်သစ်လေးများ မွေးဖွားပေးနိုင်ကြပါစေ။

ဒဏ်ရာရှင်းတမ်း

" ဒဏ်ရာ ရှင်းတမ်း "

မေ့ထားလို့မရတဲ့
သံယောဇဉ်ရဲ့ ၀င်သက်ထွက်သက်တွေကြားမှာ
အမှားတွေဘယ်လိုပါပါ...
ခင်တွယ်ခဲ့တာတော့တကယ်ပါ... ။

သံသယတွေမျဉ်းပြိုင်ခဲ့ရင်း ..
အဆုံးသတ်မလှတဲ့ ငါတို့ဇာတ်လမ်းအတွက်လည်း
ငါ့တစ်သက်လုံး ၀မ်းနည်းလွမ်းဆွတ်နေရဦးမယ် ... ။

ကောင်းကင်ကိုမော့မော့ကြည့်ပြီး
နှင်းမကျဘဲစိုစွတ်ခဲ့ရတယ်ဆိုတဲ့မျက်ဝန်းလေးတွေအကြောင်း
ကိုယ်စားနာကျင်ခံစားနေရင်း ..
ဒါဟာ ငါ့မာနကို နှုတ်ယူမဲ့ အပြင်းစားမာယာဆိုရင်တောင်
ငါ အညာခံဖို့ လည်စင်းပေးပါတယ် ... ။

ငါ့ရဲ့ နှုတ်ဆက်သူ သူငယ်ချင်းမလေးရယ် ....
ပင့်သက်တွေရှိုက်လို့ နင့်ကဗျာကိုငေး
နောင်တကြောင့်လား .. မျက်ရည်ကြောင့်လား
ေ၀၀ါးနေတဲ့ မျက်ဝန်းတစ်စုံနဲ့
ရှုံးခဲ့တယ်လို့ ၀န်ခံနေတဲ့ ငါ့နှလုံးသား ..
နင်မေ့မသွားပါစေနဲ့လို့ပဲ ...
ငါ.... ကြေကြေကွဲကွဲ ဆုတောင်းနေပါတယ် ... ။ ။

စစ်မှန်တဲ့ ချစ်ခြင်း

“ စစ်မှန်တဲ့ ချစ်ခြင်း ”

စစ်မှန်တဲ့ ချစ်ခြင်းနဲ့

ဲ့မေတ္တာရင်းကို ပေးလို့တမူ

နှလုံးသားထဲကပေါ့..

အဥင်္ီးဆုံး ချစ်ခဲ့ရ.. သူ

ရက်စက်လို့ သွေဖည်မယ့်စကား

မင်း ကို ငါ..လေ

ဘယ်တော့မှလေ မပြောကြားပါဘူး..

နင်မမုန်းသမျှ ရင်မှာမမေ့

ငါ့ရဲ့  အသက် ရှိနေသရ်ျ..ပေါ့ ။

နှလုံးသွေးကို ဖောက်ထုတ်

မြေကြီးကို လက်နဲ့ ဆုပ်လို့

တိုင်တည်မယ် ဒီစကား

ကမ္ဘာကုန် ကျယ်သရ်ျလေ..

ဘယ်တော့မှ မပြယ်ပါစေ..သား ။

မင်း ရင်ထဲမှာ သိထားလိုက်ပါ

ငါ့ ဘက်က မဖောက်ဖျက်ပါ

အချိန်တိုင်းပေါ့ လွမ်းနေတယ် ဟာ

ချစ်ခြင်းက ကုဋေကုဋာနဲ့ပါ ။

သစ္စာကို တန်ဘိုးထား

မေတ္တာကို လိုလားတယ်

တစ်သက်မှာလေ နင်တစ်ယောက်မို့

ပက်ပက်စက်စက် ငါသိပ်ချစ်တယ်

တစ်နေ့မှာတော့ ဒို့နီးရမယ်

ငါလေ ကျိုးစားနေပါတယ်

နင်လေ.. ဘယ်တော့မှ ..ပေါ့

လှောင်ပိတ်ထားတဲ့ နှလုံးသား

.....လှောင်ပိတ်ထားတဲ့ နှလုံးသား.......
သီးချိန်တုန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားလုံးကို
ငါ .....ဘယ်လို သုံးစွဲရမလည်ုး
ပကာသနတွေ လမ်းခင်း ဂုဏ်ဓနတွေ တိုက်အိမ်ဆောက်နေတဲ့
ခေတ်ကြိးမှာ... ငါ့...နှလုံးသားက
ချစ်...သစ်တပင် ပေါက်ဖွားခဲ့တယ်...?
ဘ၀ရဲ့ မလှပတဲ့ ဒဏ်ကြောင့်
မျီုးစေ့ မြုံလို့ အသီးအပွင့်တွေ ငုံထားရတယ်
သာယာမှု ပြည့်စုံ လှပမှုခန့် ညား မင်းဘက်က မြင်းမား
အသိုင်းအဝိုင်းဆိုတဲ့ ပကာသန စိးတွေလည်း ခြားနားခဲ့လေတော့
ဖြူစင်လှပတဲ့ ငါ့ရဲ့ မေတ္တာတရားတွေက
လှစ်ဟခွင့် စောင့်စားရတာပေါ့
သီးပွင့်မှု တုံဆိုင်း အများမမြင်မှာ ကျောက်ရိုင်းလေးပေါ့
မလှပသေးတဲ့ ငါ့ဘ၀လေးထဲကို.....(မင်း)
ဆင်းသက်ခွင့် မရှိလေအောင်
ရင်ခွင်တခါးကို ....ပိတ်ကာထားတာ
နားလည်ပေးနိုင်ရယ်လား...?
ချစ်တတ်တဲ့ နှလုံးသား ဘယ်ဘက်ရင်အုံ
သိမ်းကာထား အချိန်တန်တဲ့ တနေ့ မှာ မင်းဆီ အရောက်လာမှာ....။
..............................

သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ


သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ...
..............................................................

သတိရတဲ့ စိတ်မှာ
ချစ်သူ့ ပုံရိပ်တို့
တိတ်တိတ်ကလေး ကပ်ငြိတွယ်...၊
လွဲဖယ်မရသော အစွဲအလမ်းများက
အမျှဉ်တတန်းတန်းအိမ်ဖွဲ့
ငါ....
ရုန်းထွက်ဖို့ခတ်နေပြိ ညီမလေးရေ...။

တစ်ခါတလေ....
သူအဆင်ပြေပါ့မလားအတွေးနဲ့
ဘယ်သူ့မှ မသိအောင် “ဆွေးတယ်”...၊
အဝေးကို မျှော်တတ်တဲ့ မျက်ဝန်းအစုံမှာ
သူလာလေမလား အတွေးနဲ့
ခဏခဏလည်း “ငေးတယ်”...။
တရေးနိုးတဲ့အခါတိုင်း
ယောင်ယောင်ခေါ်မိတဲ့ မင်းနာမည်
တိုင်တည်စရာမဲ့တဲ့ လက်ရှိဘ၀မှာ
ဒိုင်ယာယီလေးသာ ငါ့ရဲ့ အဖော်ပါ ။

သတိရရယ်လား...လို့
ဟန်ထူးလွင်ကို မေးလိုက်ချင်တဲ့ စိတ်အတွေးမှာ
( သိမ်ငယ်လွန်းစွာ )
ကိုယ့်ဘာသာ အဖြေထွက်
မင်းနဲ့ပက်သက်ရင်...
မျှော်လင့်ချက်ဆိုတာ
ငါနဲ့ မဆိုင်တဲ့ အရာပါ ညီမလေး ။

လူချင်းနိးဖို့ မလွယ်တဲ့
ခု အကွာအဝေးမှာ...
အဖြူရောင်အတွေးနဲ့ ပို့လိုက်တဲ့ မေတ္တာ
ညီမလေး ရောက်တဲ့နေရာတိုင်း သာယာပါစေ....

အရာရာအဆင်ပြေချင်းမှာ
နေသားတကျ ကျေနပ်
ညီမလေး ရပ်တဲ့ နေရာတိုင်း မြင့်ပါစေ...။

ပေးဆပ်ခြင်း သက်သက်နဲ့ ရေးလိုက်တဲ့ ဒီကဗျာ....
ညီမလေး ဖတ်ပြိးတဲ့အခါ...
ပျော်ပါစေ....။