........နမော်နမဲ့ ...........
အနမ်းတွေစွန့် ပစ်ပြီးအလွမ်းတွေချည်း
ရင်ထဲသိမ်းကျူံးထည့်လာခဲ့တယ် ။
ဆန်းတော့မဆန်းလှဘူး
ဇာတ်လမ်းက ဒီမှာတင်ပဲတစ်ခန်းရပ်လေ ။
မတမ်းတချင်တော့ပါဘူး
အကြင်နာက ပင်လယ်ဖြစ်နေမယ်ဆိုရင်တောင်
ကိုယ့်ကမ်းခြေတစ်ခုလုံးကို
ခပ်လှမ်းလှမ်းမှာရွှေ့ ထားလိုက်တော့မယ် ။
မပြောတတ်တော့ဘူး
အလွမ်းဆိုတာ ပင်လယ်မှာပြန်အမ်းလိုက်ရတဲ့
ငါးဖမ်းစက်လှေလိုလား
ဒါမှမဟုတ်
တောအုပ်စိမ်းစိမ်းထဲက
ယန္တရားငှက်တစ်ကောင်လား။
အလွမ်းတံခါးကိုပိတ်လိုက်တော့
ရင်တစ်ခုလုံးမှောင်အတိကျသွား
အားကုန်ခမ်းသွားတဲ့နာရီတစ်လုံးလိုပေါ့
သည်လိုနဲ့ ဘ၀ကိုထမ်းပိုးပြီး
နေ့ ကမ်းပါး ညကမ်းပါးတွေမှာ
တစ်ဟုန်ထိုးပြေးလွှားဖြတ်သန်းနေရတာ
ကိုယ့်ငရဲအိုးထဲ ကိုယ့်ကိုယ်ကို
ရေခမ်းချက်နေရသလိုမျိုး ။
ကြည့်စမ်း ...
ပြောရင်းဆိုရင်းတစ်ခြမ်းသေနေတဲ့
သံယောဇဉ်လေးရှိရာကို
စမ်းရင်စမ်းရင်းသွားနေမိပြန်ပြီ ။ ။
အနမ်းတွေစွန့် ပစ်ပြီးအလွမ်းတွေချည်း
ရင်ထဲသိမ်းကျူံးထည့်လာခဲ့တယ် ။
ဆန်းတော့မဆန်းလှဘူး
ဇာတ်လမ်းက ဒီမှာတင်ပဲတစ်ခန်းရပ်လေ ။
မတမ်းတချင်တော့ပါဘူး
အကြင်နာက ပင်လယ်ဖြစ်နေမယ်ဆိုရင်တောင်
ကိုယ့်ကမ်းခြေတစ်ခုလုံးကို
ခပ်လှမ်းလှမ်းမှာရွှေ့ ထားလိုက်တော့မယ် ။
မပြောတတ်တော့ဘူး
အလွမ်းဆိုတာ ပင်လယ်မှာပြန်အမ်းလိုက်ရတဲ့
ငါးဖမ်းစက်လှေလိုလား
ဒါမှမဟုတ်
တောအုပ်စိမ်းစိမ်းထဲက
ယန္တရားငှက်တစ်ကောင်လား။
အလွမ်းတံခါးကိုပိတ်လိုက်တော့
ရင်တစ်ခုလုံးမှောင်အတိကျသွား
အားကုန်ခမ်းသွားတဲ့နာရီတစ်လုံးလိုပေါ့
သည်လိုနဲ့ ဘ၀ကိုထမ်းပိုးပြီး
နေ့ ကမ်းပါး ညကမ်းပါးတွေမှာ
တစ်ဟုန်ထိုးပြေးလွှားဖြတ်သန်းနေရတာ
ကိုယ့်ငရဲအိုးထဲ ကိုယ့်ကိုယ်ကို
ရေခမ်းချက်နေရသလိုမျိုး ။
ကြည့်စမ်း ...
ပြောရင်းဆိုရင်းတစ်ခြမ်းသေနေတဲ့
သံယောဇဉ်လေးရှိရာကို
စမ်းရင်စမ်းရင်းသွားနေမိပြန်ပြီ ။ ။
No comments:
Post a Comment