myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, October 4, 2013

မာတာဟုခေါ်သည့် မွေးမေမေ

မာတာဟုခေါ်သည့် မွေးမေမေ

နှိင်းစရာမရှိပါလေ သူ့ကျေးဇူး

ဘ၀ဖုန်တလူးလူးနဲ့ မုန်တိုင်းကြား

မညည်းမတွားပဲ ရင်ဆိုင်ခဲ့တယ်

ပင်ပန်းမှုဆိုတာရယ် သူ့မှာနတ္ထိ

သားမျက်နှာကိုကြည့်ပြီး ပီတိပွား

အေးချမ်းမှုများတွေ ဆောင်ကြဉ်းပေး

သားလူလေးအတွက်ဆို ဘာမှမမှု

အသက်တစ်ခုနဲ့စတေးဖို့ သူအစဉ်

အမေ့ရင်ခွင်သာ အနွေးထွေးဆုံး

ယူကြုံးမရပါ စဉ်းစားတွေးမိရင်

မျက်ရည်တသွင်သွင် စီးမိပါတယ်

"သားရယ်"လို့ခေါ်တဲ့ သူ့ချိုသံသာ

မကြားရတာဆို ကြာလင့်နေပြီ

လတွေနဲ့နှစ်ချီ တနယ်မြေခြား

သူစိမ်းတွေကြားမှာ ဘ၀အတွက်

ဝမ်းစာရှာထွက်ခဲ့တဲ့ သားကျွန်တော်

လုံးဝမပျော်နိုင်ပါဘူး အမေရယ်

အဆင့်အတန်းတော့ကွယ် မြင့်မားလေစ

သွားရလာရဆိုလဲ အဆင်ပြေ

သို့ပေမယ့်လည်းလေ အမေ့အိမ်ထက်

သားဘ၀တစ်သက်မှာ ခံစားခဲ့ဖူး

မရှိနိုင်တော့ပါဘူး အမေ့အိမ်လိုနွေးထွေးမှုများ

လောဘတရားထဲမှာသာ နစ်ဝင်ပြီး

နောက်ဘ၀ခရီးအတွက် လမ်းမှားကြောက်တာမို့

အမေ့အိမ်သို့သာ ထာဝရနေဖို့ပြန်ခဲ့မယ်

ချစ်မေမေရယ်နဲ့အေးအတူပူအမျှ

သားကျေးဇူးဆပ်ရပါစေကွယ်.. အမေ။

No comments:

Post a Comment