myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, October 4, 2013

နုပျိုနေသူများ

  နုပျိုနေသူများ
.........................

အမေ………
အရေးအသား အတွေးများ
အလွဲအမှားတွေနဲ့ ရင်းနှီးနေတဲ့
သားရဲ့ကလောင်မင်စက်က
အမေဆိုတဲ့ စကားစုကိုတော့
မှန်ကန်ပီသ ထင်ရှားစေခဲ့တယ် အမေ……

အမေဟာ သားရဲ့ နွေဦးမိုး
ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာကြီးထက်
ထည်ဝါမှုရှိသူ
အမေဟာ သားရဲ့လက်ဦးဆရာ
စိတ်ဓတ်ကောင်းတို့ရဲ့ သူရဲကောင်း
ဒါကြောင့် အမေပေးတဲ့ အမွေတိုင်းကို မြတ်နိုးတယ်အမေ…..

ရိုးသားဖို့ကြိုးစားပါဆိုတဲ့
အမေမှာတဲ့အသံ
အခက်အခဲကြုံတိုင်း သားရဲ့နားထဲပဲ့တင်ထပ်နေတယ် အမေ…..
အမေ…..အမေ…..အမေ…လို့ခေါ်ပြီး
ပြောချင်တဲ့စကားတစ်ခွန်းရှိတယ်အမေ..
ဖြစ်ခြင်းပျက်ခြင်းတရားမှာ သားအတွက်တော့
အမေဟာ မညိုးနွမ်းပွင့်လန်းနေတဲ့
ပန်းတစ်ပွင့်ပေါ့ အမေ……


ထို့အတူ....................................

လရေးနှစ်ချောင်းငင်လူရယ်လို့
ဖြစ်လာတဲ့ သားသမီးတွေအတွက်
အဖေလည်း မိဘကျေးဇူးကမ္ဘာရဲ့
မရှိမဖြစ် နေတစ်စင်းပါပဲ အဖေ…

အမေနဲ့သားသမီးတွေရဲ့အားကိုးမှီခိုရာ
နွေးထွေးလက်ကမ်းသူ ဝန်ထမ်းကောင်း
အမူးအယစ်အသောက်စားကင်းတဲ့
အဖေဟာ သားသမီးတွေရဲ့
စံပြလမ်းကောင်းညွန်ပြသူ

အနေရိုး စိတ်မဆိုးပဲ
တကြည့်ကြည့် ချစ်တတ်တဲ့ အဖေဟာ
ငြိမ်းချမ်းတဲ့မိသားစုရဲ့ ဥယျာဉ်မှုးစစ်စစ်…..
ရွယ်ရယ်ကြီးရင့် ဆံဖြူသွားကျိုးပေလည်း
အပြုံးနုနု ယှဉ်ပြုလို့
အဖေဟာ အမေနဲ့ယှဉ်ပြီး
သားတို့အတွက် ထာဝရပျိုနုနေသူပါ အဖေ

No comments:

Post a Comment