ချစ်သူ..
ဘာ့ကြောင့်မို့
နင်အနှိုးရခက်နေတာလဲ..
တံခါးမရှိဓားမရှိ..
ရင်ခွင်တံခါးကို..
တိုးယိုပေါက်ဖွင့်ထားတာတောင်..
နင်က..
မျက်စိတစ်ခတ်စာအကြည့်လေး
မခြွေချခဲ့ဘူးနော်..
ငါ့နှလုံးသား result ကို..
ECG ရိုက်စရာမလိုဘဲ..
ဘေးလူတွေတောင်..
သိကုန်ကြပြီချစ်သူ..
ချစ်သူရေ...
**စီးတဲ့ရေ..ဆည်တဲ့ကန်သင်း**တဲ့
ငါ့ဘက်ကအချစ်တွေ..
တစ်သွင်သွင်စီးခဲ့သလောက်.
နင့်ဘက်ကမဆည်ခဲ့ဘူးနော်..
ဒီလိုနဲ့..
ကူကယ်ရာမဲ့နေလေတော့..
လက္ခဏာဆရာကိုအားကိုးမိပါတယ်..
သူပြောလိုက်တာက..
**နှလုံးလမ်းကြောင်းမှာကျွန်းခံ
နင့်အချစ်တစ်ခုရဖို့..
စနေနံထောင့်မှာ..
သစ္စာနဲ့မေတ္တာကိုရောမွှေပြီး..
တစ်ဥုံဥုံနဲ့ယတြာချေနေတာတောင်..
မင်းဒသာဂြိုလ်ကစီးနေသေးတယ်..
**အချစ်နဲ့စစ်မှာမတရားတာမရှိဘူး
ကြုံးဝါးနေမိတာပါပဲ..
ဒါပေမယ့်လည်း..
ဘယ်သူပညတ်ခဲ့မှန်းမသိတဲ့..
**မိန်းမတို့အိနြေ္ဒရွှေပေးလို့
အဆိုအမိန့်လေးတစ်ခုက..
မီးနီလာပြနေလေတော့..
အားတင်းထားမိတဲ့အချစ်ကားလေး..
မီးပွိုင့်မိခဲ့တော့တာပေါ့.
နောက်ဆုံးတော့..
ချစ်သူ့နာမည်ကို..
အနိစ္စ၊ဒုက္ခ၊အနတ္တရေရွတ်ရင်း..
ဖြစ်ပျက်သံသရာဝဲဂယက်ထဲမှာ..
No comments:
Post a Comment