သီးချိန်တုန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားလုံးကို
ငါ .....ဘယ်လို သုံးစွဲရမလည်ုး
ပကာသနတွေ လမ်းခင်း ဂုဏ်ဓနတွေ တိုက်အိမ်ဆောက်နေတဲ့
ခေတ်ကြိးမှာ... ငါ့...နှလုံးသားက
ချစ်...သစ်တပင် ပေါက်ဖွားခဲ့တယ်...?
ဘ၀ရဲ့ မလှပတဲ့ ဒဏ်ကြောင့်
မျီုးစေ့ မြုံလို့ အသီးအပွင့်တွေ ငုံထားရတယ်
သာယာမှု ပြည့်စုံ လှပမှုခန့် ညား မင်းဘက်က မြင်းမား
အသိုင်းအဝိုင်းဆိုတဲ့ ပကာသန စိးတွေလည်း ခြားနားခဲ့လေတော့
ဖြူစင်လှပတဲ့ ငါ့ရဲ့ မေတ္တာတရားတွေက
လှစ်ဟခွင့် စောင့်စားရတာပေါ့
သီးပွင့်မှု တုံဆိုင်း အများမမြင်မှာ ကျောက်ရိုင်းလေးပေါ့
မလှပသေးတဲ့ ငါ့ဘ၀လေးထဲကို.....(မင်း)
ဆင်းသက်ခွင့် မရှိလေအောင်
ရင်ခွင်တခါးကို ....ပိတ်ကာထားတာ
နားလည်ပေးနိုင်ရယ်လား...?
ချစ်တတ်တဲ့ နှလုံးသား ဘယ်ဘက်ရင်အုံ
သိမ်းကာထား အချိန်တန်တဲ့ တနေ့ မှာ မင်းဆီ အရောက်လာမှာ....။
..............................
No comments:
Post a Comment