myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, October 4, 2013

သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ


သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ...
..............................................................

သတိရတဲ့ စိတ်မှာ
ချစ်သူ့ ပုံရိပ်တို့
တိတ်တိတ်ကလေး ကပ်ငြိတွယ်...၊
လွဲဖယ်မရသော အစွဲအလမ်းများက
အမျှဉ်တတန်းတန်းအိမ်ဖွဲ့
ငါ....
ရုန်းထွက်ဖို့ခတ်နေပြိ ညီမလေးရေ...။

တစ်ခါတလေ....
သူအဆင်ပြေပါ့မလားအတွေးနဲ့
ဘယ်သူ့မှ မသိအောင် “ဆွေးတယ်”...၊
အဝေးကို မျှော်တတ်တဲ့ မျက်ဝန်းအစုံမှာ
သူလာလေမလား အတွေးနဲ့
ခဏခဏလည်း “ငေးတယ်”...။
တရေးနိုးတဲ့အခါတိုင်း
ယောင်ယောင်ခေါ်မိတဲ့ မင်းနာမည်
တိုင်တည်စရာမဲ့တဲ့ လက်ရှိဘ၀မှာ
ဒိုင်ယာယီလေးသာ ငါ့ရဲ့ အဖော်ပါ ။

သတိရရယ်လား...လို့
ဟန်ထူးလွင်ကို မေးလိုက်ချင်တဲ့ စိတ်အတွေးမှာ
( သိမ်ငယ်လွန်းစွာ )
ကိုယ့်ဘာသာ အဖြေထွက်
မင်းနဲ့ပက်သက်ရင်...
မျှော်လင့်ချက်ဆိုတာ
ငါနဲ့ မဆိုင်တဲ့ အရာပါ ညီမလေး ။

လူချင်းနိးဖို့ မလွယ်တဲ့
ခု အကွာအဝေးမှာ...
အဖြူရောင်အတွေးနဲ့ ပို့လိုက်တဲ့ မေတ္တာ
ညီမလေး ရောက်တဲ့နေရာတိုင်း သာယာပါစေ....

အရာရာအဆင်ပြေချင်းမှာ
နေသားတကျ ကျေနပ်
ညီမလေး ရပ်တဲ့ နေရာတိုင်း မြင့်ပါစေ...။

ပေးဆပ်ခြင်း သက်သက်နဲ့ ရေးလိုက်တဲ့ ဒီကဗျာ....
ညီမလေး ဖတ်ပြိးတဲ့အခါ...
ပျော်ပါစေ....။

No comments:

Post a Comment