myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Monday, October 7, 2013

ကလေးတယောက်လို

ကလေးတစ်ယောက်လို

ဟန်ဆောင်မှုကင်းတဲ့ အပြော၊ ဖြူစင်တဲ့

မနောတွေကြောင့် ငါ့နှလုံးသား ယိုင်နဲ့ခဲ့ရတယ်ဆိုရင်တောင်

မာနနဲ့ ထိန်းချုပ်ဖို့ မပြင်ဆင်ခဲ့တဲ့ သိက္ခာဆိုတာလည်း အလွှာပါး တစ်ခု အဖြစ်နဲ့ပါ။



ခပ်ပါးပါး ရိုက်ခတ်တဲ့ စကားလုံးတွေက

ဒဏ်ရာဟောင်းကို စွတယ် ဆိုပေမယ့် အနာသစ်မဖြစ်နိုင်တော့သလို

အတိတ်ဆိုတာ ပြိးခဲ့တဲ့ အရိပ်တွေမို့ နောက်ကြောင်း ပြန်လှည့်ဖို့

မဖြစ်နိုင်တော့တာ ဘယ်သူကြောင့်မှ မဟုတ်တဲ့ ကိုယ်ပိုင် ခံယူချက် တစ်ခုပါပဲ။



ခဲမှန်ဖူးတဲ့

စာသူငယ်လိုပါပဲ

နောက်တစ်ကြိမ်ဆိုတာကို

တွေးကြောက်နေသူမို့ ခံစားမှုမဲ့ ခပ်သဲ့သဲ့ ဆိုရင်တောင်

ယဲ့ယဲ့လေးမျှော်လင့်ချင်မိတဲ့ အတွေးတွေနဲ့ ညတွေက ပိုမှောင်လာသလိုပါပဲ။



မရှိမှန်းသိပေမယ့်

အကြိမ်ကြိမ် ရှာဖွေမိနေတဲ့

အသိစိတ်တွေကိုလဲ ကိုယ်တိုင်နားမလည် သလို

မျှော်နေမှန်းသိလျှက် ဆုံစည်းခွင့်မပေးတဲ့ ကံကြမ္မာကိုလဲ မုန်းတယ်။



အဖျစ်ဖျစ်နာကျင်တဲ့

နှလုံးသားက အလွမ်းတွေက

ဒဏ်အဖြစ် နှိပ်စက်ပြိး ခပ်ပါးပါးလှီးနေတဲ့

အတ္တတွေကြောင့် ခံနိုင်ရည်ဆိုတာလည်း ဆွေးမြေ့နေတဲ့ ကျူထရံသာသာပါပဲ။



အလွမ်းပြိး အလွမ်း

ထက်ကာထက်ကာ လွမ်းနေရလို့

နှလုံးသားနံရံတွေလည်း စုတ်ပျက်သတ်နေပြီ

သွေးကြောထဲက မာနတွေက ခပ်လှောင်လှောင်ပြုံးပြိး

သတိရခြင်းတွေကို ဟားတိုက် ပြဇတ်တစ်ပုဒ် မဟုတ်ပဲနဲ့ ဒီတစ်ည ပွဲစည်သွားခဲ့ပြန်ပြီ။



ရှိုက်သံတွေတိုး

အရိပ်တွေမိုးလို့ ခပ်တိုးတိုး ငိုညည်းရင်း

အမှတ်တမဲ့ ရေရွတ်မိတာ တေးသီချင်း မဟုတ်ပဲ

ညည်းချင်းတစ်ပုဒ် ဖြစ်နေတာမို့ အိမ်မက်ဆိုးတွေနဲ့ လုံးထွေးသတ်ပုတ်ရင်း

မနက်ခင်းပေါင်းများစွာ အကျည်းတန်ခဲ့ရတာလဲ အသင်္ချပါပဲ။

No comments:

Post a Comment