ပန်းတပွင့်ရဲ့ အလှ.............................
သက်ငြိမ်ဖွဲ့လျှင် သဏ္ဍာန်ဆင်လျက်
မေကုန်ဇွန်ကူး ၀သန်ဦးမှာ
သက်ဆင်းကျရောက် မိုးစက်ပေါက်တို့
မြေကမ္ဘာဦး အလှထူးရန်
ကြွေပွင့်သက်ဆင်း လာခဲ့လေပြီ...
စု ဖွဲ့ဟန်သွင် ဖြန့်ကျက်ဆင်လျက်
ပင်ယံထိပ်ဖျား ၀တိမ်ပါးမှာ
နေခွင့်မရောက် ပန်းစက်ပျောက်တို့
ခုန်ကာရစ်ဖူး ဘ၀ကူးလျက်
ဝပ်ဆင်းခရောက် လာခဲ့လေပြီ...
ဝင်း လက်ပျံဆင်း ရနံ့ဆင်လျက်
ဘုန်းဝင့်ဆံဖျား ကေသာထက်မှာ
ပန်ဆင်လျှန်းတောက် နန်းစံမြောက်ဖို့
ဆံကေသာဦး အလှထူး
ဆောင်ယူ သက်ဝင်လာခဲ့လေပြီ.....
ကိုယ်တိုင် သီကုံး ထိုပန်းကုံးကို
ရွှေကေသာကျော့ ပန်တော့မယ်ပြင်
ရနံ့မကွယ် ပန်းမြတ်ရယ်မို့
စိတ်ကြည် နှလုံး ငြိမ်းစေရည်.....
ချစ်ဦး ချစ်သူ
ရည်ရွယ်သက်ဆုံး တစ်သက်လုံးမို့
ကြင်ဦးစိတ်မှာ ရွှင်မြူးပါမှ
စိတ်ဝယ်ပျော်ပိုက် မျှော်လိုက်မိသည်
သြော်...တယ်လှပါလား
သခင်ရယ်..........
No comments:
Post a Comment