မေ့ထားလို့မရတဲ့
သံယောဇဉ်ရဲ့ ၀င်သက်ထွက်သက်တွေကြားမှာ
အမှားတွေဘယ်လိုပါပါ...
ခင်တွယ်ခဲ့တာတော့တကယ်ပါ... ။
သံသယတွေမျဉ်းပြိုင်ခဲ့ရင်း ..
အဆုံးသတ်မလှတဲ့ ငါတို့ဇာတ်လမ်းအတွက်လည်း
ငါ့တစ်သက်လုံး ၀မ်းနည်းလွမ်းဆွတ်နေရဦးမယ် ... ။
ကောင်းကင်ကိုမော့မော့ကြည့်ပြီး
နှင်းမကျဘဲစိုစွတ်ခဲ့ရတယ်ဆိုတဲ့
ကိုယ်စားနာကျင်ခံစားနေရင်း ..
ဒါဟာ ငါ့မာနကို နှုတ်ယူမဲ့ အပြင်းစားမာယာဆိုရင်တောင်
ငါ အညာခံဖို့ လည်စင်းပေးပါတယ် ... ။
ငါ့ရဲ့ နှုတ်ဆက်သူ သူငယ်ချင်းမလေးရယ် ....
ပင့်သက်တွေရှိုက်လို့ နင့်ကဗျာကိုငေး
နောင်တကြောင့်လား .. မျက်ရည်ကြောင့်လား
ေ၀၀ါးနေတဲ့ မျက်ဝန်းတစ်စုံနဲ့
ရှုံးခဲ့တယ်လို့ ၀န်ခံနေတဲ့ ငါ့နှလုံးသား ..
နင်မေ့မသွားပါစေနဲ့လို့ပဲ ...
ငါ.... ကြေကြေကွဲကွဲ ဆုတောင်းနေပါတယ် ... ။ ။

No comments:
Post a Comment