ဘယ်လောက်ပင် စားရ စားရ တစ်ဝမ်း ဝရုံပဲ
ဘယ်လောက်ပင် ဝတ်ရဝတ်ရ အရေပြား ဖုံးရုံပဲ
ဘယ်လောက်ပင် အိပ်ရအိပ်ရ တစ်ကိုယ်စာလေးပဲ
ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ သေရင် ထားပစ်ခဲ့ရတာချည်းပဲ
ကုသိုလ်လုပ်ရင် ကိုယ့်ဖို့ ကျန်ခဲ့ရင် သူများဖို့ ။
Monday, September 28, 2015
Tuesday, March 10, 2015
နှုတ်ဆက်ခဲ့တယ် မောင်
နှုတ်ဆက်ခဲ့တယ် မောင်
---------------------
တစ်ကမ္ဘာ မခြားသေးဘူးဆိုပေမယ့်
သေနယ်ဆီခါခါလားရသလို
ရှင်နေလျက် သေဆုံးနေတဲ့ဘဝမှာ
အဖန်တစ်ရာ အလွမ်းသမလေးအဖြစ်နဲ့
သံသရာ ကမ်းနံဘေး မှာ
ထိုင်ကာလွမ်းဆွေးလို့
ထံတျာ အလွမ်းတေးတွေ လည်း
မဆိုချင်တော့ဘူးမောင်…
13th September 2014 Saturday 8:27 AM
---------------------
တစ်ကမ္ဘာ မခြားသေးဘူးဆိုပေမယ့်
သေနယ်ဆီခါခါလားရသလို
ရှင်နေလျက် သေဆုံးနေတဲ့ဘဝမှာ
အဖန်တစ်ရာ အလွမ်းသမလေးအဖြစ်နဲ့
သံသရာ ကမ်းနံဘေး မှာ
ထိုင်ကာလွမ်းဆွေးလို့
ထံတျာ အလွမ်းတေးတွေ လည်း
မဆိုချင်တော့ဘူးမောင်…
သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာပမာ
သက်ဆင်းရာ ညွှတ်ကွင်းနွယ်မှ လွှတ်ကင်းရာ ခါခါရုန်းသော်လည်း
မဆုံးနိုင် သမုဒယကြိုးတွေက
နှောင်တိုးကာ ပိုပိုဆိုးလေတော့
ညှိုးလျော့လို့ မဖြေသာ…ဝေဒနာဆတိုး
လွမ်းမိုးတွေ ရင်မှာသည်းလေပေါ့
သမုကြော့ သည်မေခင်မှာ လူကွယ်ရာ တိတ်တိတ်ငိုမဆုံး…
သက်ဆင်းရာ ညွှတ်ကွင်းနွယ်မှ လွှတ်ကင်းရာ ခါခါရုန်းသော်လည်း
မဆုံးနိုင် သမုဒယကြိုးတွေက
နှောင်တိုးကာ ပိုပိုဆိုးလေတော့
ညှိုးလျော့လို့ မဖြေသာ…ဝေဒနာဆတိုး
လွမ်းမိုးတွေ ရင်မှာသည်းလေပေါ့
သမုကြော့ သည်မေခင်မှာ လူကွယ်ရာ တိတ်တိတ်ငိုမဆုံး…
ရွှေသဇင်လို တော်ဝင်မတင့်ပေမယ့်
ကြွေလွင့်တဲ့ပန်းခရေလို
မြဲတစေ အရှင့်ထံတော်ပါး
ခစားကာ ပျော်ပျော်ရွှင်နဲ့
သည်းပလ္လင်ထက် ယဇ်အဖြစ်ပင် စတေးခံရစေဦး
ရက်စက်တယ် ဘယ်မတွေး မုန်းတီးတယ် ဘယ်မမြင်…
ချစ်တွက်ဆိုလျှင် သက်ကိုပင် စွန့်လွှတ်ရဲတာမို့
ကိုယ့်သည်းလွှာ ကြင်နာနင်းဖို့ လမ်းခင်းပေးထားတယ်မောင်…
ကြွေလွင့်တဲ့ပန်းခရေလို
မြဲတစေ အရှင့်ထံတော်ပါး
ခစားကာ ပျော်ပျော်ရွှင်နဲ့
သည်းပလ္လင်ထက် ယဇ်အဖြစ်ပင် စတေးခံရစေဦး
ရက်စက်တယ် ဘယ်မတွေး မုန်းတီးတယ် ဘယ်မမြင်…
ချစ်တွက်ဆိုလျှင် သက်ကိုပင် စွန့်လွှတ်ရဲတာမို့
ကိုယ့်သည်းလွှာ ကြင်နာနင်းဖို့ လမ်းခင်းပေးထားတယ်မောင်…
ဒါပေမဲ့
မေတ္တာတွေမိုးခေါင်
အကြင်နာတွေရေရှားတဲ့ ဥတုပျက်မောင့်နှလုံးသားရပ်ဝန်းမှာ
အချစ်ဆိုတာ သူရိန်လို တစ်ဖုံ
သော်တာလို တစ်မျိုး…ပူလိုက် အေးလိုက် ရယ်မို့
နေ့ခင်းမယ် နေရောင်ထွက်မှာ နဲ့
ညခင်းဝယ် လရောင်လက်မှာတောင် စိုးကြောက်နေမိခဲ့ပြီ မောင်…
မေတ္တာတွေမိုးခေါင်
အကြင်နာတွေရေရှားတဲ့ ဥတုပျက်မောင့်နှလုံးသားရပ်ဝန်းမှာ
အချစ်ဆိုတာ သူရိန်လို တစ်ဖုံ
သော်တာလို တစ်မျိုး…ပူလိုက် အေးလိုက် ရယ်မို့
နေ့ခင်းမယ် နေရောင်ထွက်မှာ နဲ့
ညခင်းဝယ် လရောင်လက်မှာတောင် စိုးကြောက်နေမိခဲ့ပြီ မောင်…
တကယ်တမ်းမေ့ဖက်ကအကြင်နာ
တွယ်ရစ်ခဲ့တဲ့ သံယောဇဉ် ပြန်ပြောလျှင်
ရင်မှာမဆန့်တာမို့
ကိုယ်သန့်တဲ့ ကိုယ်လိပ်ပြာ
ရစ်ဝဲကာ ကျိန်ဆိုမပြတော့ပါဘု
ပိုတယ်ထင်ရင်လည်းထင်
တွယ်မိတဲ့ သံယောဇဉ် နွယ်တစ်ပင် မဟုတ်ခဲ့လေတော့
ဖန်ဆင်းပေါ့ သိကြားရှင်
ဝရဇိန်ပင် စွမ်းလိမ့်မထင်ဘူးမောင်
အလွမ်းနာပြေကာပျောက်ရအောင်
ရေနှောက်တဲ့ ဆန်ဆေးရေပမာ
ဝေးတစ်မြေ ဟိုရပ်ခြားကို
ထွက်သွားကာ မေ ခြေရာဖျောက်သော်လည်း
ဝေဒနာအဆကဲရယ်နဲ့ ဖန်တစ်ရာခါခါကွဲလေတဲ့နှလုံးအိမ် မေ့အသည်းက
ချစ်ဆဲပါ မောင်…………………
နေ့သစ်လင်းတွယ်ရစ်ခဲ့တဲ့ သံယောဇဉ် ပြန်ပြောလျှင်
ရင်မှာမဆန့်တာမို့
ကိုယ်သန့်တဲ့ ကိုယ်လိပ်ပြာ
ရစ်ဝဲကာ ကျိန်ဆိုမပြတော့ပါဘု
ပိုတယ်ထင်ရင်လည်းထင်
တွယ်မိတဲ့ သံယောဇဉ် နွယ်တစ်ပင် မဟုတ်ခဲ့လေတော့
ဖန်ဆင်းပေါ့ သိကြားရှင်
ဝရဇိန်ပင် စွမ်းလိမ့်မထင်ဘူးမောင်
အလွမ်းနာပြေကာပျောက်ရအောင်
ရေနှောက်တဲ့ ဆန်ဆေးရေပမာ
ဝေးတစ်မြေ ဟိုရပ်ခြားကို
ထွက်သွားကာ မေ ခြေရာဖျောက်သော်လည်း
ဝေဒနာအဆကဲရယ်နဲ့ ဖန်တစ်ရာခါခါကွဲလေတဲ့နှလုံးအိမ် မေ့အသည်းက
ချစ်ဆဲပါ မောင်…………………
13th September 2014 Saturday 8:27 AM
မေ့လိုက်ပါတော့ ကလေးရယ်
မေ့လိုက်ပါတော့ ကလေးရယ်
တမင်လွမ်းစေအောင်လို့မေ့ချစ်မောင် တစ်ဖက်သတ်ရယ်နဲ့
ရှင်ခန်းဖြတ်လိုက်တာတော့ မဟုတ်ဘူးအချစ်ရယ်
ဆုတ်လည်းစူး စားလည်းရူး ဘဝမှာ
စူးချင်စူး …ရူးချင်ရူး
မထူးဇာတ်ကို ခင်းလို့
ပန်းလည်းမသင်း လေပြေမညင်းတဲ့
သူဆင်းရဲ ကိုယ့်ဘဝထဲကို
စွဲလို့ဖြင့်မခေါ်ရက်တာ မင်းသိပါကွယ်
စူးချင်စူး …ရူးချင်ရူး
မထူးဇာတ်ကို ခင်းလို့
ပန်းလည်းမသင်း လေပြေမညင်းတဲ့
သူဆင်းရဲ ကိုယ့်ဘဝထဲကို
စွဲလို့ဖြင့်မခေါ်ရက်တာ မင်းသိပါကွယ်
သြော် …နွယ်
ကိုယ့်ရင်မှာ ခိုလှုံတွယ်တော့
ဓနကြွယ် ရွှေမင်းသမီးကို
တပ်မက်မှု ရမ္မက်မီးရယ်မပါ
အချစ်ချည်း အဖြူထည်သက်သက်သာနဲ့
နှစ်သက်စွာ မောင်ချစ်ခဲ့ပေမယ့်
ရစ်ဘီးဖြေတဲ့ ကံကြမ္မာရယ်
မုန်တိုင်းနှယ် ထန်ခဲ့လေတော့ …
ကိုယ့်ရင်မှာ ခိုလှုံတွယ်တော့
ဓနကြွယ် ရွှေမင်းသမီးကို
တပ်မက်မှု ရမ္မက်မီးရယ်မပါ
အချစ်ချည်း အဖြူထည်သက်သက်သာနဲ့
နှစ်သက်စွာ မောင်ချစ်ခဲ့ပေမယ့်
ရစ်ဘီးဖြေတဲ့ ကံကြမ္မာရယ်
မုန်တိုင်းနှယ် ထန်ခဲ့လေတော့ …
မိုးနဲ့မြေလို ဝေးကွာ
သုံးနဲ့လေးပမာ ဆွေးစရာအဖြစ်တွေနဲ့
တို့အချစ်နွေကန္တာ ရှေ့ဆက်ရန်မသင့်တာမို့
ရက်စက်တယ် မြင်ချင်မြင်
မုန်းတီးတယ် တွေးချင်တွေး
ခပ်ဝေးဝေးမှာ သူစိမ်းတွေလိုနေလို့
အချစ်လှေ အမုန်းပင်လယ်ထဲမှာ
မောင့်သက်လယ်ရယ် နှစ်လိုက်ပါတော့ …
နေ့သစ်လင်းသုံးနဲ့လေးပမာ ဆွေးစရာအဖြစ်တွေနဲ့
တို့အချစ်နွေကန္တာ ရှေ့ဆက်ရန်မသင့်တာမို့
ရက်စက်တယ် မြင်ချင်မြင်
မုန်းတီးတယ် တွေးချင်တွေး
ခပ်ဝေးဝေးမှာ သူစိမ်းတွေလိုနေလို့
အချစ်လှေ အမုန်းပင်လယ်ထဲမှာ
မောင့်သက်လယ်ရယ် နှစ်လိုက်ပါတော့ …
February 20,2015 Friday 4:03 PM
Sunday, February 22, 2015
ဒီကဗျာလေးတော့ ဖတ်သွားပါအုံး Mr. အိုဘားမား
ဒီကဗျာလေးတော့ ဖတ်သွားပါအုံး Mr. အိုဘားမား
-------------------------------------------------
-------------------------------------------------
ပတ်ကြားအက်နေတဲ့ လယ်ကွင်းတွေပေါ်မှာ
တပ်ပိုင်မြေ ဆိုတဲ့ ဆိုင်းဘုတ်လေး ရှိတယ်
အဲဒီ မြေကြီးတွေအောက်မှာ
လယ်သမားတွေရဲ့ မျက်ရည်တွေ အများကြီး
တပ်ပိုင်မြေ ဆိုတဲ့ ဆိုင်းဘုတ်လေး ရှိတယ်
အဲဒီ မြေကြီးတွေအောက်မှာ
လယ်သမားတွေရဲ့ မျက်ရည်တွေ အများကြီး
Mr.အိုဘားမား ရှိနေစဉ် ခဏ
သူတို့ သဘောကောင်းချင်ယောင်ဆောင်မယ်
သူတို့ တအားပြုံးနေလိမ့်မယ်
သူတို့ လက်မှတ်တွေ ထိုးလိမ့်မယ်
ပြီးမှ
ဘီလူးရုပ်တွေပေါ်လာပီး
သတ်မယ်/ခုတ်မယ်/သိမ်းမယ်/ချမယ်/ဖို့မယ်
သူတို့ သဘောကောင်းချင်ယောင်ဆောင်မယ်
သူတို့ တအားပြုံးနေလိမ့်မယ်
သူတို့ လက်မှတ်တွေ ထိုးလိမ့်မယ်
ပြီးမှ
ဘီလူးရုပ်တွေပေါ်လာပီး
သတ်မယ်/ခုတ်မယ်/သိမ်းမယ်/ချမယ်/ဖို့မယ်
သေသွားသူ အသေမဖြောင့်အောင် လုပ်ပြန်တယ်
ကျောင်းသူလေးကို ဖမ်းပြတယ်
(၁၈)ဆိုတဲ့ ပိုက်ကွန်နဲ့ အားလုံးကို ပစ်တယ်
ကျောင်းသူလေးကို ဖမ်းပြတယ်
(၁၈)ဆိုတဲ့ ပိုက်ကွန်နဲ့ အားလုံးကို ပစ်တယ်
လူ့အခွင့်အရေးဆိုတာ သူတို့တွေအတွက်ပဲ
Mr.အိုဘားမား ခင်ဗျာ
ကျေးဇူးပြုပြီး နောက်ထပ် ငါးယောက်လောက်
Black-List လုပ်သွားပေးပါအုံးလား
ဘယ်သူ ဘယ်ဝါဆိုတာ
လမ်းဘေးသွားနေတဲ့ လူတစ်ယောက်ယောက်ကို
ဖြတ်ကနဲ ပခုံးပုတ်ပြီး မေးရင်တောင်
အဲဒီလူ မစဉ်းစားပဲ ဖြေပေးပါလိမ့်မယ်
ကျေးဇူးပြုပြီး နောက်ထပ် ငါးယောက်လောက်
Black-List လုပ်သွားပေးပါအုံးလား
ဘယ်သူ ဘယ်ဝါဆိုတာ
လမ်းဘေးသွားနေတဲ့ လူတစ်ယောက်ယောက်ကို
ဖြတ်ကနဲ ပခုံးပုတ်ပြီး မေးရင်တောင်
အဲဒီလူ မစဉ်းစားပဲ ဖြေပေးပါလိမ့်မယ်
ကျွန်တော်တို့အားလုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ အသက်ရှူကျပ်နေပါပြီ
ကျွန်တော်တို့အားလုံး
အလုပ်တစ်ကယ်လုပ်တဲ့ အစိုးရတစ်ခုကို
လိုချင်ပါပြီ
ကျွန်တော်တို့အားလုံး
သူတို့အလိမ်အခေါက်တွေကြားမှာ မျောပါလို့
သူတို့ပြောတာ ဘာတစ်ခုမှ မယုံပါနဲ့
ဒဏ်ရာဒဏ်ချက်တွေနဲ့ အသက်ရှူကျပ်နေပါပြီ
ကျွန်တော်တို့အားလုံး
အလုပ်တစ်ကယ်လုပ်တဲ့ အစိုးရတစ်ခုကို
လိုချင်ပါပြီ
ကျွန်တော်တို့အားလုံး
သူတို့အလိမ်အခေါက်တွေကြားမှာ မျောပါလို့
သူတို့ပြောတာ ဘာတစ်ခုမှ မယုံပါနဲ့
Mr.အိုဘားမား အားရင်
တစ်ယောက်ထဲ မန်းလေးထွက်ခဲ့ပါလား
တစ်ကယ့်ဘဝတွေကို ကျွန်တော်လိုက်ပြမယ်
မအားရင်လည်းနေပါခင်ဗျ
ဒီကဗျာလေးတော့ ဖတ်ဖြစ်အောင်ဖတ်ပါ
Credit = ထွဏ်းသွေးအိမ်တစ်ယောက်ထဲ မန်းလေးထွက်ခဲ့ပါလား
တစ်ကယ့်ဘဝတွေကို ကျွန်တော်လိုက်ပြမယ်
မအားရင်လည်းနေပါခင်ဗျ
ဒီကဗျာလေးတော့ ဖတ်ဖြစ်အောင်ဖတ်ပါ
မန္တလေး
မန္တလေး
--------
--------
ဘောက်ချာဟောင်းတွေခဏလှန်တော့
ကရင်တွေကလဲငါတို့ကိုသိမ်းတယ်။
ကဗျာ တွေထဲက မှ အရမ်းကိုကြိုက်နှစ်သက်မိသော ကဗျာ ကောင်း တစ်ပုဒ်ပါခင်ဗျာ ။
ကရင်တွေကလဲငါတို့ကိုသိမ်းတယ်။
အာဇာနည်(၁၇)ဦး
သွေးမြေကျခဲ့တဲ့(၂၆)ဘီလမ်းဟာ
ခု
ကွမ်းတွေနဲ့ရဲလို့
တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံပဲ။
သွေးမြေကျခဲ့တဲ့(၂၆)ဘီလမ်းဟာ
ခု
ကွမ်းတွေနဲ့ရဲလို့
တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံပဲ။
အရင်က
ဝင်းထရံကိုထုံးသုတ်
သစ်ပင်ကိုထုံးသုတ်
အဓိပ္ပါယ်ကိုမသိပေမဲ့
ခု
ထုံးသုတ်စရာမလိုပဲ
တစ်မြို့လုံးဖြူဖွေးနေပြီ။
ဝင်းထရံကိုထုံးသုတ်
သစ်ပင်ကိုထုံးသုတ်
အဓိပ္ပါယ်ကိုမသိပေမဲ့
ခု
ထုံးသုတ်စရာမလိုပဲ
တစ်မြို့လုံးဖြူဖွေးနေပြီ။
ကြယ်ခေါင်ရဲ့ညီ
ကြယ်တွေနဲ့မှောင်နေတဲ့မြို့။
ကြယ်တွေနဲ့မှောင်နေတဲ့မြို့။
ကိုယ့်အရပ်က
မြို့လယ်က
နာရီစင်လောက်မမြင့်တာတောင်
ကိုယ်ရနေတဲ့သံဝေဂက
ကိုယ့်အသက်နဲ့မမျှပါဘူး
ဒါဆိုနာရီစင်ကြီးရင်ထဲရော....။
မြို့လယ်က
နာရီစင်လောက်မမြင့်တာတောင်
ကိုယ်ရနေတဲ့သံဝေဂက
ကိုယ့်အသက်နဲ့မမျှပါဘူး
ဒါဆိုနာရီစင်ကြီးရင်ထဲရော....။
အသံတိတ်လက်ဖြှောင့်သေနတ်သမား
တွေရဲ့လက်ချက်အောက်မှာ
မြို့ဟာအော်ချိန်မရဘဲ
ကျဆုံးခဲ့ပါပြီ
သူ့နေရာသူလည်းသိတယ်ထင်ရဲ့
အင်းခရု
သင်ပန်းကုန်း
မြရည်နန္ဒာတို့ထက်ပိုဝေးတဲ့နေရာမှာ
နေတော့မယ်ဆိုပဲ။
တွေရဲ့လက်ချက်အောက်မှာ
မြို့ဟာအော်ချိန်မရဘဲ
ကျဆုံးခဲ့ပါပြီ
သူ့နေရာသူလည်းသိတယ်ထင်ရဲ့
အင်းခရု
သင်ပန်းကုန်း
မြရည်နန္ဒာတို့ထက်ပိုဝေးတဲ့နေရာမှာ
နေတော့မယ်ဆိုပဲ။
လမ်းပေါ်မှာ
စက်ဘီးလေးတွေက
ဘာကိုမှကျော်မတက်နိုင်ပါဘူး
သွက်သွက်လေးနင်းခဲ့တယ်လေ
မြို့ထဲကတိုက်တွေအားလုံးမှာကပ်ထားတဲ့
ကိုယ်နားမလည်တဲ့စကားနဲ့ရေးထားတဲ့
အနီရောင်ပြောင်ပြောင်ကြီးတွေမြင်ရင်
ဒါဆို
အော်
သူတို့တွေနှစ်ကူးတော့မယ်ဆိုတာသိတယ်
ခု
ချိန်းခဏခဏကျနေတဲ့စက်ဘီးလေးနဲ့
လမ်းတစ်ဖက်ကိုကူးပြီး
ကျွန်တော်လား
အင်းခရုဟိုဘက်ထိပြန်ရမှာပါခင်ဗျာ။
စက်ဘီးလေးတွေက
ဘာကိုမှကျော်မတက်နိုင်ပါဘူး
သွက်သွက်လေးနင်းခဲ့တယ်လေ
မြို့ထဲကတိုက်တွေအားလုံးမှာကပ်ထားတဲ့
ကိုယ်နားမလည်တဲ့စကားနဲ့ရေးထားတဲ့
အနီရောင်ပြောင်ပြောင်ကြီးတွေမြင်ရင်
ဒါဆို
အော်
သူတို့တွေနှစ်ကူးတော့မယ်ဆိုတာသိတယ်
ခု
ချိန်းခဏခဏကျနေတဲ့စက်ဘီးလေးနဲ့
လမ်းတစ်ဖက်ကိုကူးပြီး
ကျွန်တော်လား
အင်းခရုဟိုဘက်ထိပြန်ရမှာပါခင်ဗျာ။
ဘာမှမကျန်တော့တဲ့ကျူံးအောက်မှာ
ရွှေလင်ဗန်းတွေရှိတယ်လို့
ကလေးတစ်ယောက်ကိုပြောပြခဲ့ဖူးတယ်။
ရွှေလင်ဗန်းတွေရှိတယ်လို့
ကလေးတစ်ယောက်ကိုပြောပြခဲ့ဖူးတယ်။
ဆက်ရေးစရာ
ဆက်တွေးစရာတွေ
အများကြီးနဲ့မြို့။
ဆက်တွေးစရာတွေ
အများကြီးနဲ့မြို့။
အခုလား
ကုသိုလ်တော်ထဲကနေ
မြင်နေရတဲ့မန္တလေးတောင်ပေါ်က
စေတီလေးကိုဖူးမြှော်ရင်း
ကြွေကျလာတဲ့ခရေပန်းတွေနဲ့
ရင်ပြင်တော်ပေါ်မှာ
မန္တလေးလို့ရေးခဲ့ပါတယ်။ ။
ကုသိုလ်တော်ထဲကနေ
မြင်နေရတဲ့မန္တလေးတောင်ပေါ်က
စေတီလေးကိုဖူးမြှော်ရင်း
ကြွေကျလာတဲ့ခရေပန်းတွေနဲ့
ရင်ပြင်တော်ပေါ်မှာ
မန္တလေးလို့ရေးခဲ့ပါတယ်။ ။
အကိုရေ ခရုသင်းစွဲတာ မဟုတ်တော့ဘူး
မြို့ပေါ်
ထုံးကားကြီးမှောက်သွားတာ
------------------------------------------
မြို့ပေါ်
ထုံးကားကြီးမှောက်သွားတာ
------------------------------------------
ငေါထွက်နေတဲ့ အရိုးကိုလည်း ဂရုစိုက်
ငေါ ငေါ ငေါ ဆိုတာ ကိုလည်း နားစွင့်
ငေါ ငေါ ငေါ ဆိုတာ ကိုလည်း နားစွင့်
မြို့လယ်က နားမလည် ခြင်း ဆိုင်းဘုတ်များ
မြို့ပြင်က အားငယ်နေတဲ့ မျက်ဝန်းများ
မြို့ပြင်က အားငယ်နေတဲ့ မျက်ဝန်းများ
တိုက်စစ်ဦးစားပေးနဲ့ လာတာ
ဘေးအိမ်မှာ ဗမာမရှိစေရဘူး
ကျန်တဲ့ အသားစလေး ခမျာ
တူကြားထဲ ညှပ်ပါသွားပြီ
ဘေးအိမ်မှာ ဗမာမရှိစေရဘူး
ကျန်တဲ့ အသားစလေး ခမျာ
တူကြားထဲ ညှပ်ပါသွားပြီ
ဒီမှာပဲနေပါ
ဒီရေပဲသောက်ပါ
ဒီရေပဲသောက်ပါ
အငွေ့တထောင်းထောင်းနဲ့ ပေါက်စီလည်း
ရပါတယ်
အသီးအရွက် လတ်လတ်ဆတ်ဆတ်နဲ့
မာလာဟင်း လည်း ရပါတယ်
ရပါတယ်
အသီးအရွက် လတ်လတ်ဆတ်ဆတ်နဲ့
မာလာဟင်း လည်း ရပါတယ်
ဟောင်းအိုနေတဲ့
အထက်တန်းကျောင်းကြီးက
မြင့်မားတောက်ပတဲ့ သူတို့စာသင်ကျောင်းကြီးကို ငေးလို့
အထက်တန်းကျောင်းကြီးက
မြင့်မားတောက်ပတဲ့ သူတို့စာသင်ကျောင်းကြီးကို ငေးလို့
မန္တလေးဆိုတာ
ကျိန်ပြောမှ ယုံတော့မယ် ၊၊. ၊၊
ကျိန်ပြောမှ ယုံတော့မယ် ၊၊. ၊၊
မန္တလေးဆိုတာ သူ့သွေးနဲ့ ထွဏ်းထားတဲ့ အိမ်
----------------------------------------------
----------------------------------------------
ဆွံအသွားတဲ့ မြို့ရိုးကြီးဟာ
သမိုင်းကို
ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်တော့ဘူး
ရေသေလို
လူတွေသေကြ
သမိုင်းကို
ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်တော့ဘူး
ရေသေလို
လူတွေသေကြ
မီးသတ်မျှော်စင် ခေါင်မိုးမှာ
လာငြိနေတဲ့ လေတံခွန်လေးရဲ့ နောက်ဆုံးမှာတမ်းမှာ
မြို့ကြီး နာမကျန်းဖြစ်နေတဲ့အကြောင်းပဲ ပြောတယ်
လာငြိနေတဲ့ လေတံခွန်လေးရဲ့ နောက်ဆုံးမှာတမ်းမှာ
မြို့ကြီး နာမကျန်းဖြစ်နေတဲ့အကြောင်းပဲ ပြောတယ်
စက်ဘီးလမ်းလေး ပျောက်သွားပြီ
စစ်သားစုဆောင်းရေး ဆိုင်းဘုတ် ကွယ်သွားပြီ
စစ်သားစုဆောင်းရေး ဆိုင်းဘုတ် ကွယ်သွားပြီ
အမှတ်တရ ပြန်ကြည့်ဖို့ လိုလိုမယ်မယ်
ကိုယ့် ညာဖက်လက်ဖျံပေါ်
မြို့ရိုးနဲ့နာရီစင်ကို ဆွဲတင်ထားလိုက်တယ်
ကိုယ့် ညာဖက်လက်ဖျံပေါ်
မြို့ရိုးနဲ့နာရီစင်ကို ဆွဲတင်ထားလိုက်တယ်
အရင် မြို့သစ် က အခု မြို့လယ်
အရင်မြို့လယ် က အခု ရှန်ဟိုင်း
ပလက်ဖေါင်းပေါ်
ဆိုင်ကယ်တက်မောင်းနေရတဲ့ ကာလထဲ
မျက်လုံးထဲ ထိုးဝင်လာတဲ့ ကားမီးရောင်ကိုရှောင်ရ
အရင်မြို့လယ် က အခု ရှန်ဟိုင်း
ပလက်ဖေါင်းပေါ်
ဆိုင်ကယ်တက်မောင်းနေရတဲ့ ကာလထဲ
မျက်လုံးထဲ ထိုးဝင်လာတဲ့ ကားမီးရောင်ကိုရှောင်ရ
ငါချစ်တယ်
ငါသိပ်ချစ်တဲ့မြို့
ငါနေတဲ့ လမ်းကြားထဲကနေ မြို့ကိုပြန်ချောင်းခဲ့ရ
ငါသိပ်ချစ်တဲ့မြို့
ငါနေတဲ့ လမ်းကြားထဲကနေ မြို့ကိုပြန်ချောင်းခဲ့ရ
ဟိုဖက်ရပ်ကွက်က အိမ်တွေရော
ဒီဖက်ရပ်ကွက်က အိမ်တွေရော
ခံစစ်နဲ့မြို့ပြင်ကို ဆုတ်ခွာကြပေါ့
ဒီဖက်ရပ်ကွက်က အိမ်တွေရော
ခံစစ်နဲ့မြို့ပြင်ကို ဆုတ်ခွာကြပေါ့
ဧရာဝတီကလည်း မငြိမ်
ပန်တျာကျောင်းကြီးလည်း ခပ်လှုပ်လှုပ်
မြို့ အချိုဓါတ်ကို သိသွားတဲ့ ပုရွက်ဆိတ်အဖြူတွေ
ခါချလို့ မနိုင်တော့ဘူး ။
Credit = ထွဏ်းသွေးအိမ်
ကျွှန်တော် နှစ်သက် အားပေးမိသော စာရေးဆရာ ကိုထွဏ်းသွေး အိမ် ရဲ့ ပန်တျာကျောင်းကြီးလည်း ခပ်လှုပ်လှုပ်
မြို့ အချိုဓါတ်ကို သိသွားတဲ့ ပုရွက်ဆိတ်အဖြူတွေ
ခါချလို့ မနိုင်တော့ဘူး ။
Credit = ထွဏ်းသွေးအိမ်
ကဗျာ တွေထဲက မှ အရမ်းကိုကြိုက်နှစ်သက်မိသော ကဗျာ ကောင်း တစ်ပုဒ်ပါခင်ဗျာ ။
နောက်ဆုတ်အလျော့ပေးလိုက်တယ် ဆိုတာလည်း
နောက်ဆုတ်အလျော့ပေးလိုက်တယ် ဆိုတာလည်း
မင်းဘဝလေး ပိုလှသွားအောင်လို့ပါ
ရင်ထဲမှာ ငိုတာပေါ့ မင်းဘယ်ရိပ်မိမှာလဲ
မင်း အတိတ်ဆိုတာက မင်ဘေးနားမှာ ရှိနေတဲ့
ခဲဖျက်လေးနဲ့ ဖျက်လိုက်ရင် ပျောက်သွားမှာ
ကိုယ့် အတိတ်ဆိုတာက ကိုယ့်ဘေးနားမှာ ရှိနေတဲ့
ဓါးနဲ့ခုတ်တောင် တော်တော်နဲ့ပျောက်မှာ မဟုတ်ဘူး
မင်းဘဝလေး ပိုလှသွားအောင်လို့ပါ
ရင်ထဲမှာ ငိုတာပေါ့ မင်းဘယ်ရိပ်မိမှာလဲ
မင်း အတိတ်ဆိုတာက မင်ဘေးနားမှာ ရှိနေတဲ့
ခဲဖျက်လေးနဲ့ ဖျက်လိုက်ရင် ပျောက်သွားမှာ
ကိုယ့် အတိတ်ဆိုတာက ကိုယ့်ဘေးနားမှာ ရှိနေတဲ့
ဓါးနဲ့ခုတ်တောင် တော်တော်နဲ့ပျောက်မှာ မဟုတ်ဘူး
ကြယ်လေးတွေကို ကိုယ်ရှင်းပြလိုက်ပါမယ်
အချိန်နည်းနည်း ကြာသွားရင် မင်းရေပြင်လေး
ငြိမ်သက်သွားမှာပါ စိတ်ချပါ
သစ်ရွက်ခြောက်လေး ဝင်စားပြီးတောင်
မင်းရေကန်ထဲ ကြွေမကျစေရပါဘူး
မင်းနာမည်နဲ့မှတ်ထားတဲ့ မင်းတယ်လီဖုန်းနံပတ်ကို
Delete လုပ်လိုက်လည်း အလွတ်ရနေတဲ့စိတ်က
ဘယ်လိုမှဖျောက်လို့မရသေးဘူး
ကိုယ်ရယ်မောနေတာကိုပဲ ကိုယ်ပျော်နေတယ်လို့
မင်းထင်နေတာမဟုတ်လား
ဘယ်သူ့ပြောပြော
လွန်ခဲ့တဲ့ လအနည်းငယ်က မင်းနဲ့ကိုယ်
အရမ်းချစ်ခဲ့ကျတာယုံမှာမဟုတ်ဘူး
မင်းမျက်ဝန်းထောင့်စွန်းလေးမှာ
ကိုယ့်အရိပ်လေးများ ကျန်နေသေးရင်
ကျေးဇူးပြုပြီး ခါမချလိုက်ပါနဲ ။
Credit = ထွဏ်းသွေးအိမ်
အချိန်နည်းနည်း ကြာသွားရင် မင်းရေပြင်လေး
ငြိမ်သက်သွားမှာပါ စိတ်ချပါ
သစ်ရွက်ခြောက်လေး ဝင်စားပြီးတောင်
မင်းရေကန်ထဲ ကြွေမကျစေရပါဘူး
မင်းနာမည်နဲ့မှတ်ထားတဲ့ မင်းတယ်လီဖုန်းနံပတ်ကို
Delete လုပ်လိုက်လည်း အလွတ်ရနေတဲ့စိတ်က
ဘယ်လိုမှဖျောက်လို့မရသေးဘူး
ကိုယ်ရယ်မောနေတာကိုပဲ ကိုယ်ပျော်နေတယ်လို့
မင်းထင်နေတာမဟုတ်လား
ဘယ်သူ့ပြောပြော
လွန်ခဲ့တဲ့ လအနည်းငယ်က မင်းနဲ့ကိုယ်
အရမ်းချစ်ခဲ့ကျတာယုံမှာမဟုတ်ဘူး
မင်းမျက်ဝန်းထောင့်စွန်းလေးမှာ
ကိုယ့်အရိပ်လေးများ ကျန်နေသေးရင်
ကျေးဇူးပြုပြီး ခါမချလိုက်ပါနဲ ။
Credit = ထွဏ်းသွေးအိမ်
ခင်မိုးမြင့်သာဖတ်ရန် ---------------------
ခင်မိုးမြင့်သာဖတ်ရန်
---------------------
---------------------
၁။
ခုရေးနေတဲ့စာအုပ်ကုန်လို့
နောက်အသစ်တစ်အုပ်ပြောင်းရေးလည်း
မင်းနာမည်
ဒါမှမဟုတ်
မင်းအကြောင်း တစ်စွန်းတစ်စကို
ငါရေးနေအုံးမယ်ဆိုတာ သေချာတယ်။
ဝင်လာတဲ့ ၁၆အဆန် ရန်ကုန်ရထားမှာ
မင်းမပါဘူးဆိုတာ ငါသိနေတယ်
ဒါပေမယ့်
စင်္ကြန်ထဲလူတစ်ယောက်မှ မရှိတော့တဲ့ အချိန်ကျမှ
ငါ အိမ်ပြန်ခဲ့တယ်။
ရေကို ဓါးနဲ့ခုတ်သလိုမျိုး
ပေါက်နေတဲ့စက်ဘီးကို လေထိုးသလိုမျိုး
နောက်ဆုံး
သေနေတဲ့သစ်ကိုင်းခြောက်ကို အ၀တ်စိုနဲ့အုပ်ပြီး
နေတိုင်းထိုင်ကြည့်နေတာ ငါပါ။
၂။
ခင်မိုးမြင့်ရေ…………
အင်္ဂလန်၊ ဘရားဇီးလ်နှင့် အာဂျင်တီးနားအသင်းတွေ
အိမ်ပြန်ကုန်ကြပြီ
အီရတ်မှာရှိတဲ့ အမေရိကန်စစ်သားတွေ
အိမ်ပြန်ကုန်ကြပြီ
ငါကတော့
ခုချိန်ထိ လမ်းပေါ်မှာပဲ
သက်မွန်မြင့်ပိုစတာတွေကို ၀ယ်နေတုန်းပဲ
ဆရာပိုင်ပြောသလိုပဲ
အုံ့ဆိုင်းနေတဲ့ နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်းငါ့ကို သတိရပေါ့ကွယ်
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သလိုပေါ့
တကယ်တန်းကျ
ငါက တတိယတန်းစားလူတစ်ယောက်ပါကွာ
၃!
ရှင်က မိန်းမတွေထက်မာယာများတယ်
ရှင့်ကို ကျွန်မကြောက်ကြောက်လာတယ်ပြောပြီး
မိုးလင်းတာနဲ့
မင်းက မင်းအဆောင်မှာ မရှိတော့ဘူး
မင်းအဆောင်လှေခါးရင်းမှာ
မင်းဖိနပ်လေးကို မတွေ့ဘူးဆိုရင်
မင်းရှိရဲ့လားလို့တောင် ငါမမေးဘဲ
ပြန်ပြန်လှည့်လာခဲ့ရတာ ရက်တွေများခဲ့ပြီ
နောင် တော်တော်ကြာမှ
မင်းက ဖိနပ်ကိုအဆောင်ပေါ်ထိ ယူတယ်ဆိုတာသိတော့
ငါတို့ မိုင် ၄၀၀ကျော်လောက် ဝေးခဲ့ကြပြီပေါ့
မင်းပစ်ချလိုက်လို့ ငါမသေခဲ့ပါဘူး
ဒါပေမယ့်
အဲဒီအပေါ်ယံ ရှပ်မှန်ရုံဒဏ်ရာသေးသေးလေးကို
ငါ ပုံကြီးချဲ့ခဲ့ပြီး
ဆေးမမှီချင်ယောင် ငါဆောင်ခဲ့တယ်
အဲဒါလည်း
မင်းကို ချစ်လို့ပါလို့ ခုချိန်ပြောရင်
မင်း တခစ်ခစ်ရယ်နေမှာငါသိနေတယ်။
၎။
မျှော်လင့်ခဲ့သလို ဖြစ်မလာတော့
ငါ အသံတွေဆွံ့အခဲ့တယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘ၀ကြီးထဲမှာ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေကို မှင်နီနဲ့ လိုက်ဝိုင်းနေမိတယ်
မင်းရောက်နေတဲ့ ဘ၀လေးမှာ
မင်း အသက်ရှူဝပါစေ
မင်း လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ပါစေ
ခံစားမှုကို မင်းကရှေ့တန်းမတင်ခဲ့တော့
နောက်တန်းမှာ
ငါ တစ်ယောက်တည်း
သောက၊ ကြေကွဲမှု၊လွမ်းဆွတ်မှုတွေက
ငါ့ကို တိုက်စစ်ဆင်နေကြပြီ။
ခင်မိုးမြင့်ရေ…………
အင်္ဂလန်၊ ဘရားဇီးလ်နှင့် အာဂျင်တီးနားအသင်းတွေ
အိမ်ပြန်ကုန်ကြပြီ
အီရတ်မှာရှိတဲ့ အမေရိကန်စစ်သားတွေ
အိမ်ပြန်ကုန်ကြပြီ
ငါကတော့
ခုချိန်ထိ လမ်းပေါ်မှာပဲ
သက်မွန်မြင့်ပိုစတာတွေကို ၀ယ်နေတုန်းပဲ
ဆရာပိုင်ပြောသလိုပဲ
အုံ့ဆိုင်းနေတဲ့ နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်းငါ့ကို သတိရပေါ့ကွယ်
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သလိုပေါ့
တကယ်တန်းကျ
ငါက တတိယတန်းစားလူတစ်ယောက်ပါကွာ
၃!
ရှင်က မိန်းမတွေထက်မာယာများတယ်
ရှင့်ကို ကျွန်မကြောက်ကြောက်လာတယ်ပြောပြီး
မိုးလင်းတာနဲ့
မင်းက မင်းအဆောင်မှာ မရှိတော့ဘူး
မင်းအဆောင်လှေခါးရင်းမှာ
မင်းဖိနပ်လေးကို မတွေ့ဘူးဆိုရင်
မင်းရှိရဲ့လားလို့တောင် ငါမမေးဘဲ
ပြန်ပြန်လှည့်လာခဲ့ရတာ ရက်တွေများခဲ့ပြီ
နောင် တော်တော်ကြာမှ
မင်းက ဖိနပ်ကိုအဆောင်ပေါ်ထိ ယူတယ်ဆိုတာသိတော့
ငါတို့ မိုင် ၄၀၀ကျော်လောက် ဝေးခဲ့ကြပြီပေါ့
မင်းပစ်ချလိုက်လို့ ငါမသေခဲ့ပါဘူး
ဒါပေမယ့်
အဲဒီအပေါ်ယံ ရှပ်မှန်ရုံဒဏ်ရာသေးသေးလေးကို
ငါ ပုံကြီးချဲ့ခဲ့ပြီး
ဆေးမမှီချင်ယောင် ငါဆောင်ခဲ့တယ်
အဲဒါလည်း
မင်းကို ချစ်လို့ပါလို့ ခုချိန်ပြောရင်
မင်း တခစ်ခစ်ရယ်နေမှာငါသိနေတယ်။
၎။
မျှော်လင့်ခဲ့သလို ဖြစ်မလာတော့
ငါ အသံတွေဆွံ့အခဲ့တယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘ၀ကြီးထဲမှာ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေကို မှင်နီနဲ့ လိုက်ဝိုင်းနေမိတယ်
မင်းရောက်နေတဲ့ ဘ၀လေးမှာ
မင်း အသက်ရှူဝပါစေ
မင်း လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ပါစေ
ခံစားမှုကို မင်းကရှေ့တန်းမတင်ခဲ့တော့
နောက်တန်းမှာ
ငါ တစ်ယောက်တည်း
သောက၊ ကြေကွဲမှု၊လွမ်းဆွတ်မှုတွေက
ငါ့ကို တိုက်စစ်ဆင်နေကြပြီ။
Credit = ထွဏ်းသွေးအိမ်
( Instyle မဂ္ဂဇင်း - မေလ - ၂၀၁၁ )
မီးနီ မိနေတဲ့ သစ်ရွက်စိမ်းလေး
မီးနီ မိနေတဲ့ သစ်ရွက်စိမ်းလေး
-------------------------------
မိုးလင်းလို့ မျက်လုံးစဖွင့်တာနဲ့ ကိုယ့်ဖုန်းနံပတ်ကို
အိပ်ချင်မူးတူး လက်ကလေးနဲ့ စ အထိမှာ
ကိုယ်တို့ ဆက်သွယ်မှု စတာပဲ
-------------------------------
မိုးလင်းလို့ မျက်လုံးစဖွင့်တာနဲ့ ကိုယ့်ဖုန်းနံပတ်ကို
အိပ်ချင်မူးတူး လက်ကလေးနဲ့ စ အထိမှာ
ကိုယ်တို့ ဆက်သွယ်မှု စတာပဲ
နားမဖေါက်ရသေးတဲ့ မင်း နားရွက်လေးနားမှာ
ကိုယ့် အသံတစ်ချို့
တွဲလဲခိုပြီးနေခဲ့ပါရစေ
ကိုယ့် အသံတစ်ချို့
တွဲလဲခိုပြီးနေခဲ့ပါရစေ
မင်း နောက်တန်းဟာ
မာကျောတယ်ဆိုတာ ကိုသိပါတယ်
မိသားစုရဲ့လေနဲ့
မင်းအသက်ရှူနေတာလည်း ကို သိပါတယ်
မင်း တစ်ချက် လွတ်လပ်သွားတာနဲ့
ကို့နာမည်ကို စခေါ်လိုက်တယ်ဆိုတာ ကိုသိပါတယ်
မာကျောတယ်ဆိုတာ ကိုသိပါတယ်
မိသားစုရဲ့လေနဲ့
မင်းအသက်ရှူနေတာလည်း ကို သိပါတယ်
မင်း တစ်ချက် လွတ်လပ်သွားတာနဲ့
ကို့နာမည်ကို စခေါ်လိုက်တယ်ဆိုတာ ကိုသိပါတယ်
မင်း ဟာ မလှဘူး
မင်း ဟာ ချစ်စရာကောင်းတာ
မင်းပါးစပ်ပေါ်မှာ
ကြက်တူရွေးလေး ဒါမှမဟုတ် သာလိကာလေး
တစ်ကောင်တော့ အမြဲတမ်းနားနား နေတယ်
ကို လည်း အဲဒါကို သဘောကျတယ်
မင်း ဟာ ချစ်စရာကောင်းတာ
မင်းပါးစပ်ပေါ်မှာ
ကြက်တူရွေးလေး ဒါမှမဟုတ် သာလိကာလေး
တစ်ကောင်တော့ အမြဲတမ်းနားနား နေတယ်
ကို လည်း အဲဒါကို သဘောကျတယ်
ကိုယ်တို့ နွေးသွားခဲ့ကြပြီဖြစ်လို့
ဆောင်းရာသီလေးကို ရန်သွားလုပ်လို့မဖြစ်ဘူး
မင်း မာဖလာလေးကို ကြိုးလုပ်ပြီး
ကိုယ့် နှလုံးသားပေါ် ခုန်ချတဲ့ တစ်နေ့
ကိုယ် အဆင့်သင့်ဖြစ်နေမှလေ
ဆောင်းရာသီလေးကို ရန်သွားလုပ်လို့မဖြစ်ဘူး
မင်း မာဖလာလေးကို ကြိုးလုပ်ပြီး
ကိုယ့် နှလုံးသားပေါ် ခုန်ချတဲ့ တစ်နေ့
ကိုယ် အဆင့်သင့်ဖြစ်နေမှလေ
ကိုယ်တို့ သင်ခန်းစာတွေထဲ
မျက်ရည်ဆိုတာကို ဖျောက်ထားလို့
မင်း ပုဝါလေး
ကိုယ့်အတွက်နဲ့ မျက်ရည်နား မသွားစေရဘူး
မျက်ရည်ဆိုတာကို ဖျောက်ထားလို့
မင်း ပုဝါလေး
ကိုယ့်အတွက်နဲ့ မျက်ရည်နား မသွားစေရဘူး
ဘာပဲပြောပြော
မင်းလာမယ့် လမ်းလေးထိပ်မှာ
မီးအစိမ်းလေးပဲ အမြဲဖြစ်နေပါ့မယ် ။ ။
Credit = ထွဏ်းသွေးအိမ်မင်းလာမယ့် လမ်းလေးထိပ်မှာ
မီးအစိမ်းလေးပဲ အမြဲဖြစ်နေပါ့မယ် ။ ။
ယောကျာ်းလေးများ အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ (ယောကျာ်းလေးများအတွက်)
ယောကျာ်းလေးများ
အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ (ယောကျာ်းလေးများအတွက်)
////////////////////
ယောကျာ်းလေးများ အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ (ယောကျာ်းလေးများအတွက်)
////////////////////
ယောကျာ်းလေးများ အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
၁ ။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊
ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား.... ။
ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့
အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ
ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီး
သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့....
ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်
လေ့လာ သင်ယူပါ.... သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ်ဆိုရင်
သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ
အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ.... အလုပ်ဟာ
တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ
သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို
သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့
ဆက်တိုက်သင်ယူနေပါ.... ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။
အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့ သူဆိုတာ
ရှားပါတယ၊်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ
မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့.... သူတို့ကို စာနာ
နားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့
မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ... သူတို့ကို
ပျော်ရွင်အောင်ထားပါ။မတတ်နိုင်ရင်တောင် အနည်းဆုံးတော့
ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကို
စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ
ရရှိလာပါလိမ့်မယ်။
၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်....
ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ
သင့်အချိန်ကို မကုန်ပါစေနဲ့.... အနည်းဆုံးတော့ ကိုယ်အခက်အခဲ
ရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို
ကောင်းကောင်းဆက်ဆံပါ.... သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ...
ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်
ဆိုတာ ကောင်းပါတယ်... လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့
သူတွေပြောစကားကို နားမယောင်ပါနဲ့ .... တကယ်က
တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို
နားလည်ဖို့ခက်ပါတယ် ... သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ ....
လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ
အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ
ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့
ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် ... မျက်စိမှိတ်ပီး
မယုံသင့်ပါဘူး၊
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။
လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်
တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး
ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက်
မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀
အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊
ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်... ရင့်ကျက်တဲ့
ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်
တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်
ရူးရူးမူးမူး ကြိုးစားနေမဲ့ အစား အသက် ၃၀ မတိုင်ခင်မှာ
တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။
၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ...
ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်း
မပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် .... ဒါပေမဲ့
ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလို
ဝါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့
မတတ်နိုင်တော့ပါဘူး... စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာ
ရှိပါတယ်.... ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ ...
အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး...
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင်
စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ
အကောင်းမြင်သဘောထား၇ှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ...
မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ...
အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို
အတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့... ထပ် ကြိုးစားလို့ အောင်မြင်ရင်
အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်....
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို
မေတ္တာထား ဆက်ဆံပါ
လူတွေမှာ အားကျစရာ လူတွေရှိပါတယ်... ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ...
သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်...ဘာလို့လဲဆိုတော့
သင်ဟာ သင်ပါပဲ .... ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့
လူတွေမှာ သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်... သူတို့ကို နားမလည်နိုင်ဘူးဆိုရင်
လက်ခံနိုင်ဖို့ အားထုတ်ပါ၊
၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး
မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ.... ယောက်ျားလေးတွေဟာ
အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့
စိတ်ရှိဖို့လိုပါတယ်.... ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့...
နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ
တာဝန်ယူရဲတဲံ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။
၁၁၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်၇ှင်းတဲ့
စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက
ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျပါတယ်။ တကယ်လို့
ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့...
ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊
၁၂၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာ
တွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့
မကြိုးစားပါနဲ့... အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ
ကွာခြားသွားပါတယ် .... ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်
... မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့
ကြိုးစားပါ.... ကိုယ့်ကိုယ်ကို ကာကွယ်ပါ။
၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပီး
စိုးရိမ်မနေပါနဲ့ .... အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ...
သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို
လှမ်းယူပါ...
၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ
အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း...
ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ...
အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ.... အောင်မြင်တဲ့လူဆိုတာ
အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲံ
စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ
အနာဂတ်အတွက် အရေးကြီးပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ
ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ ... သင့်အတွက်
အချိန်ကုန်ပါတယ်... မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး
....ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့
စကားလုံးလေးတလုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ်
ရရှိစေပါတယ်..လောကမှာတခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့
ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်...
၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့ ထားပါ
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို
ထားတတ်ဖို့လိုပါတယ် ... အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး...
ဖြူစင်တာပါ... စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ...
ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို
ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ
မူရင်း ၊ ၊ http://www.duwenzhang.com/…/lizhiwenzh…/20110422/180680.html မှ ဘာသာပြန်ခံစားတင်ပြပါသည်။Friday, February 13, 2015
လူ ပျို ကြီး
လူ ပျို ကြီး
========
ကြားဖူးတဲ့စကားပုံက
လူကြည့်တော့ အနူ
စားချင်တော့ တူနဲ့ တဲ့
အဲဒီလိုပြောရင်
ကလေးဆိုးကြီးလို စိတ်တွေကလည်းဆိုးဦးမယ် tongue emoticon
========
ကြားဖူးတဲ့စကားပုံက
လူကြည့်တော့ အနူ
စားချင်တော့ တူနဲ့ တဲ့
အဲဒီလိုပြောရင်
ကလေးဆိုးကြီးလို စိတ်တွေကလည်းဆိုးဦးမယ် tongue emoticon
fbက ပုံလေးတွေ ကြည့်
ယတြာတွေ အစုံသုံး
ပညာကုန် သုံးလို့
စိတ်ပုတီးနဲ့ အဓိဠာန်ဝင်လည်း
ဒီအရွယ်ထိ မစွံသေးဘူး
ယတြာတွေ အစုံသုံး
ပညာကုန် သုံးလို့
စိတ်ပုတီးနဲ့ အဓိဠာန်ဝင်လည်း
ဒီအရွယ်ထိ မစွံသေးဘူး
လိုချင်တာ ... ဖြူ သွယ် ရှည် ချော
တွေ့လိုက်တိုင်း ... ထစ် မဲ ထော့ ခေါ . . .
မပျောက်တဲ့ ငွေကို
ကုန်းရှာနေသူလို တခုခုတော့လွဲနေတယ်
တွေ့လိုက်တိုင်း ... ထစ် မဲ ထော့ ခေါ . . .
မပျောက်တဲ့ ငွေကို
ကုန်းရှာနေသူလို တခုခုတော့လွဲနေတယ်
ရေစီးတခါလည်းပြီးပြီ
ရေသာတလှည့်လည်း ပြီးပြီ
ဇီဇာက ကြောင်လွန်းတော့
မြားနတ်မောင်လည်း အလုပ်ပြန်အပ်ပြေးပြီ
ရေသာတလှည့်လည်း ပြီးပြီ
ဇီဇာက ကြောင်လွန်းတော့
မြားနတ်မောင်လည်း အလုပ်ပြန်အပ်ပြေးပြီ
ရောင်းတန်းလည်းမကြိုက်
အော်ဒါလည်း မအပ်နဲ့
စင်းလုံးချောရှာရင်း
ဘိုးဘွားရိပ်သာအခန်းလည်းနီးလုပြီ
အော်ဒါလည်း မအပ်နဲ့
စင်းလုံးချောရှာရင်း
ဘိုးဘွားရိပ်သာအခန်းလည်းနီးလုပြီ
သက်တမ်းလည်း တစ်ဝက်ကျော်ပြီ
အင်ဂျင်လည်း ကျလာပြီ
မယုံရင် အပ်ချည်ကြိုးထိုးကြည့်
အပ်ပေါက်က ကျဉ်းလာတာမဟုတ်ဘူး
မျက်စိတွေက ဝါးလာပြီ
အင်ဂျင်လည်း ကျလာပြီ
မယုံရင် အပ်ချည်ကြိုးထိုးကြည့်
အပ်ပေါက်က ကျဉ်းလာတာမဟုတ်ဘူး
မျက်စိတွေက ဝါးလာပြီ
ခေါင်းပေါ်မှာ မီးချောင်းတွေလင်းနေပြီပဲ
စိတ်ဒုံးဒုံးသာ ချလိုက်ပါတော့
မယုံရင်
ဖူးစာကံကို ခဲခြစ်ကြည့် . . .
thank you စာတန်းပဲပေါ်တော့မယ် . . . . . ။
စိတ်ဒုံးဒုံးသာ ချလိုက်ပါတော့
မယုံရင်
ဖူးစာကံကို ခဲခြစ်ကြည့် . . .
thank you စာတန်းပဲပေါ်တော့မယ် . . . . . ။
လက်ဆောင်
လက်ဆောင်
========
========
ပန်းတိုင်က မြင်နေပေမယ့်
ခြေလှမ်းတွေတော့ စောင့်ရဦးမယ်
တွဲထားတဲ့ လက်တစ်ဖက်စီနဲ့
အနာဂတ်ကို ခွဲစိတ်ကုသကြတာပေါ့ . . .
ခြေလှမ်းတွေတော့ စောင့်ရဦးမယ်
တွဲထားတဲ့ လက်တစ်ဖက်စီနဲ့
အနာဂတ်ကို ခွဲစိတ်ကုသကြတာပေါ့ . . .
ပြက္ခဒိန်ကို စက္ကူလှေလုပ်
ခပ်မြန်မြန်မျှောပစ်ပြီး
ဆုံချိန်တွေ ရောက်ချင်တယ်
ခပ်မြန်မြန်မျှောပစ်ပြီး
ဆုံချိန်တွေ ရောက်ချင်တယ်
ပါးပြင်ပေါ်က စလစ်ဖြစ်ပြီး
နူတ်ခမ်းနားရောက်ခဲ့ရင် ကောက်တေးပါနဲ့နော် ,
အနမ်းဆိုတာ ဘရိတ်မိလို့မကောင်းဘူး . . .
နူတ်ခမ်းနားရောက်ခဲ့ရင် ကောက်တေးပါနဲ့နော် ,
အနမ်းဆိုတာ ဘရိတ်မိလို့မကောင်းဘူး . . .
သန်းခုနှစ်ထောင်လုံးမှာ
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲဖုန်းခေါ်တာ …
အလွမ်းတွေ မိုင်ပိုမိတဲ့အခါ
နူတ်ခမ်းလေးက မီးနီမတားပါနဲ့
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲဖုန်းခေါ်တာ …
အလွမ်းတွေ မိုင်ပိုမိတဲ့အခါ
နူတ်ခမ်းလေးက မီးနီမတားပါနဲ့
ဒီနေ့ည ကောင်းကင်ကို ကြွားပစ်ရမယ်
ငါ့ညမှာ လမင်းတစ်စင်းအမြဲသာနေတယ်လို့
ရင်ခုန်သံက ကော်နက်ရှင်မကျပါဘူး
စကားလုံးတွေ ဒေါင်းလော့ဆွဲလို့လည်းမဆုံးဘူး
ငါ့ညမှာ လမင်းတစ်စင်းအမြဲသာနေတယ်လို့
ရင်ခုန်သံက ကော်နက်ရှင်မကျပါဘူး
စကားလုံးတွေ ဒေါင်းလော့ဆွဲလို့လည်းမဆုံးဘူး
ငါမရှိတဲ့ အရပ်မှာ . . .
ဂရုစိုက်ပါ …
ပျော်စရာလေးတွေ ဖူးပွင့်လာတယ်ဆိုရင်
ငါ့နှလုံးသားကို message ပို့ပါ . . .
ဂရုစိုက်ပါ …
ပျော်စရာလေးတွေ ဖူးပွင့်လာတယ်ဆိုရင်
ငါ့နှလုံးသားကို message ပို့ပါ . . .
မနီးစပ်ခင် စပ်ကြားမှာ
မင်းအားငယ်လာတဲ့အခါ မှီဖို့
ငါ့ ပုခုံးတစ်ဖက် လက်ဆောင်ယူထားပါ . . . . . ။
မင်းအားငယ်လာတဲ့အခါ မှီဖို့
ငါ့ ပုခုံးတစ်ဖက် လက်ဆောင်ယူထားပါ . . . . . ။
credit ( ကိုလင်း )
ကလေးတွေပါ
ကလေးတွေပါ
==========
==========
ကျနော်တို့အိပ်မက်ကို သူတို့မမေးဘူး
ကျနော်တို့ပျော်ရွှင်မှုကို သူတို့မမေးဘူး
ကျနော်တို့ဘာလိုချင်လဲ သူတို့မသိဘူး
ကျနော်တို့ဘာလိုအပ်လဲ သူတို့ဂရုမစိုက်ဘူး
ကျနော်တို့ပျော်ရွှင်မှုကို သူတို့မမေးဘူး
ကျနော်တို့ဘာလိုချင်လဲ သူတို့မသိဘူး
ကျနော်တို့ဘာလိုအပ်လဲ သူတို့ဂရုမစိုက်ဘူး
အချိန်တန်စာဖတ်
အချိန်တန်အဆင့်ကောင်း
အချိန်တန်သူတို့အတွက် ဆုတွေယူပေးဖို့လုပ်ခိုင်းတယ်
အချိန်တန်အဆင့်ကောင်း
အချိန်တန်သူတို့အတွက် ဆုတွေယူပေးဖို့လုပ်ခိုင်းတယ်
စာကျက် စာကျက်
ဘယ်သူ့အတွက်လဲ
ကျောင်းကပွဲ ဘယ်သူလိုက်လို့လဲ !
အိပ်ယာဝင် ပုံပြင် ဘယ်သူပြောလို့လဲ !
ကစားကွင်း ဘယ်သူလိုက်ပို့သလဲ !
ထမင်းဝိုင်းနွေးထွေးမှုတွေ ဘယ်သူလိုအပ်နေလဲ !
ကြိုးစားခဲ့တုန်းကရော ဘယ်သူကချီးကျူးစကားပြောလို့လဲ !
ဘယ်သူ့အတွက်လဲ
ကျောင်းကပွဲ ဘယ်သူလိုက်လို့လဲ !
အိပ်ယာဝင် ပုံပြင် ဘယ်သူပြောလို့လဲ !
ကစားကွင်း ဘယ်သူလိုက်ပို့သလဲ !
ထမင်းဝိုင်းနွေးထွေးမှုတွေ ဘယ်သူလိုအပ်နေလဲ !
ကြိုးစားခဲ့တုန်းကရော ဘယ်သူကချီးကျူးစကားပြောလို့လဲ !
ဖယောင်းတုံးလေးတွေပါ
လိုရာပုံသွင်းခံဖို့ အဆင့်သင့်ရှိနေတယ်
လိုရာပုံသွင်းခံဖို့ အဆင့်သင့်ရှိနေတယ်
ကြိမ်နဲ့တို့မှ သွားမဲ့ တိရစ္ဆာန်မဟုတ်ဘူး
မေတ္တာနဲ့ထွေးပွေ့ရင် ဘုရားတောင်ဖြစ်အောင်ကျင့်နိုင်တယ်
မေတ္တာနဲ့ထွေးပွေ့ရင် ဘုရားတောင်ဖြစ်အောင်ကျင့်နိုင်တယ်
မလိုချင်ပါဘူး ဆုတံဆိပ်တွေ
သွားချင်တာ တစ်လမ်း
လျှောက်ခိုင်းတာ တစ်လမ်း
သွားချင်တာ တစ်လမ်း
လျှောက်ခိုင်းတာ တစ်လမ်း
ဘယ်သူက ဘယ်သူ့အတွက် လုပ်နေရတာလဲ
သား၊သမီးတို့အတွက်ဆိုရင်တော့ အဲဒီခေါင်းစဉ်မှားနေတယ်
သား၊သမီးတို့အတွက်ဆိုရင်တော့ အဲဒီခေါင်းစဉ်မှားနေတယ်
အဆင့်တစ် အစား
ပန်းချီပုံဆွဲလှလာတာ သတိပြုပေးပါ
အင်္ဂလိပ်စကားပြောအစား
မြန်မာစာစီစာကုံးရေးကောင်းလာတာ သိပေးပါ
ပန်းချီပုံဆွဲလှလာတာ သတိပြုပေးပါ
အင်္ဂလိပ်စကားပြောအစား
မြန်မာစာစီစာကုံးရေးကောင်းလာတာ သိပေးပါ
ကလေးတွေပါ
မိဘတွေ ဆန္ဒကို အသိဆုံး
ခံစားရတာကို မြိုသိပ်
မိဘနဲ့အံတုရင် အရာရာအမှားဆိုတဲ့တံဆိပ်ကပ်ခံထားရတယ်
မိဘတွေ ဆန္ဒကို အသိဆုံး
ခံစားရတာကို မြိုသိပ်
မိဘနဲ့အံတုရင် အရာရာအမှားဆိုတဲ့တံဆိပ်ကပ်ခံထားရတယ်
အမြဲတမ်း ခေါင်းညိမ့်
ဆန္ဒတွေပျောက်
ကိုယ်ပိုင်အရည်အချင်းတွေ ဖျောက်ပြီးမှ
ရလာမဲ့ ဆုတံဆိပ် ...
ရော့ အမေလိုချင်တဲ့ အဆင့်တစ်
ကလေးတွမျှော်လင့်ချက်အပျက်ခံပြီး ယူထားတယ်
ဆန္ဒတွေပျောက်
ကိုယ်ပိုင်အရည်အချင်းတွေ ဖျောက်ပြီးမှ
ရလာမဲ့ ဆုတံဆိပ် ...
ရော့ အမေလိုချင်တဲ့ အဆင့်တစ်
ကလေးတွမျှော်လင့်ချက်အပျက်ခံပြီး ယူထားတယ်
ကျနော်တို့က ... ကလေးတွေပါ
မိဘမကြိုက်တာ မလုပ်ပဲ
မိဘမျက်နှာ အပျက်မခံရဲတဲ့သူတွေ ...
သား၊သမီးတွေက မိဘတွေဘာမကြိုက်မှန်းအလိုက်သိပေမဲ့
မိဘတွေက သား၊သမီးတွေဘာကြိုက်မှန်းမသိ ဖြစ်နေတယ် . . . ။
မိဘမကြိုက်တာ မလုပ်ပဲ
မိဘမျက်နှာ အပျက်မခံရဲတဲ့သူတွေ ...
သား၊သမီးတွေက မိဘတွေဘာမကြိုက်မှန်းအလိုက်သိပေမဲ့
မိဘတွေက သား၊သမီးတွေဘာကြိုက်မှန်းမသိ ဖြစ်နေတယ် . . . ။
( ကိုလင်း )
၁၆ နှစ်အောက်(သီးသန့်)ဖတ်ဖို့
၁၆ နှစ်အောက်(သီးသန့်)ဖတ်ဖို့
=================
ညီမလေးရေ ...
၁၆ နှစ်အောက်ဆိုတာ
အမေ့ရင်ခွင်ကို ကမ္ဘာလုပ်
တူတူပုန်းတမ်း ကစား
လောကဓံကို ထွက်တိုက်ဖို့ အသိဥာဏ်ပညာစုဆောင်းနေတဲ့အချိန်
=================
ညီမလေးရေ ...
၁၆ နှစ်အောက်ဆိုတာ
အမေ့ရင်ခွင်ကို ကမ္ဘာလုပ်
တူတူပုန်းတမ်း ကစား
လောကဓံကို ထွက်တိုက်ဖို့ အသိဥာဏ်ပညာစုဆောင်းနေတဲ့အချိန်
ဗယ်လင်းတိုင်းဒေးဆိုတာ
ကလေးတွေအတွက် ဖက်ရှင်တခုမဟုတ်တာတော့ကျိန်းသေတယ်
ချောကလက် စားပါ
ရင်ခုန်တမ်းမကစားပါနဲ့
အတောင်မစုံပဲ ပင်လယ်ကိုဖြတ်တမ်းကစားတာ
အန္တရယ်အလွန်များပါတယ်
စိတ်ကစားတယ်ဆိုတာ
လှံဖျားမှာ ဆော့ကစားတဲ့ ကစားနည်းတခုနဲ့တူတယ်
သစ်ရွက်လေးတွေ လှုပ်တာရယ်ပါ
သစ်ရွက်လေးလို အကြွေမခံပါနဲ့
အသက်မပြည့်သေးတဲ့ သူအတွက်
အန္တရယ်ဆိုတာ တစ်ပုံကြီး
ချောင်းနေတဲ့ မြေခွေးတွေနဲ့
အစားကျူးတဲ့ ကျားဆိုးတွေ . . .
စာရွက်လေးခေါက်ရိုးကျိုးသွားသလို
ဘဝက အမဲစက်တချို့က
အလွယ်တကူပြန်ဖျက်ပစ်လို့မရဘူး
အချစ်ကဗျာတွေဖတ်ပါ
စိတ်ကူးယဉ်ပါ
စိတ်မကစားပါနဲ့
၁၆ မပြည့်သေးတာ ကလေးပါပဲ
လိပ်ပြာလို အနမ်းမျိုးက
ပန်းတစ်ပွင့်အတွက် လိုအပ်ပေမဲ့
ပိတုန်းလို အနမ်းမျိုးကျ
ပန်းလေးအနာဂတ် ညိုးနွမ်းနိုင်တယ်
မိမိအနာဂတ်ဟာ
မိမိလက်မှာပါ
သက်တမ်းက အရှည်ကြီး
ကိုကိုတို့က ပြောရုံပဲ တက်နိုင်တာ ...
လက်တွေ့က ညီမလေးတို့ဘဝ .....
အချစ်ဟာ နူးညံ့တယ် ၊ သိမ်မွေ့တယ် ၊ လှပတယ်
ဒါပေမဲ့ အတုအပများလွန်းတယ်
အသက်မပြည့်သေးတဲ့ ညီမလေး
အချစ်ကို ဈေးကြီးပေးဝယ်မိမှာစိုးလို့
ကိုကို ဒီကဗျာလေးရေးပါတယ် . . . ။
Credit = Ulay Kyi ( ကိုလင်း )
ကလေးတွေအတွက် ဖက်ရှင်တခုမဟုတ်တာတော့ကျိန်းသေတယ်
ချောကလက် စားပါ
ရင်ခုန်တမ်းမကစားပါနဲ့
အတောင်မစုံပဲ ပင်လယ်ကိုဖြတ်တမ်းကစားတာ
အန္တရယ်အလွန်များပါတယ်
စိတ်ကစားတယ်ဆိုတာ
လှံဖျားမှာ ဆော့ကစားတဲ့ ကစားနည်းတခုနဲ့တူတယ်
သစ်ရွက်လေးတွေ လှုပ်တာရယ်ပါ
သစ်ရွက်လေးလို အကြွေမခံပါနဲ့
အသက်မပြည့်သေးတဲ့ သူအတွက်
အန္တရယ်ဆိုတာ တစ်ပုံကြီး
ချောင်းနေတဲ့ မြေခွေးတွေနဲ့
အစားကျူးတဲ့ ကျားဆိုးတွေ . . .
စာရွက်လေးခေါက်ရိုးကျိုးသွားသလို
ဘဝက အမဲစက်တချို့က
အလွယ်တကူပြန်ဖျက်ပစ်လို့မရဘူး
အချစ်ကဗျာတွေဖတ်ပါ
စိတ်ကူးယဉ်ပါ
စိတ်မကစားပါနဲ့
၁၆ မပြည့်သေးတာ ကလေးပါပဲ
လိပ်ပြာလို အနမ်းမျိုးက
ပန်းတစ်ပွင့်အတွက် လိုအပ်ပေမဲ့
ပိတုန်းလို အနမ်းမျိုးကျ
ပန်းလေးအနာဂတ် ညိုးနွမ်းနိုင်တယ်
မိမိအနာဂတ်ဟာ
မိမိလက်မှာပါ
သက်တမ်းက အရှည်ကြီး
ကိုကိုတို့က ပြောရုံပဲ တက်နိုင်တာ ...
လက်တွေ့က ညီမလေးတို့ဘဝ .....
အချစ်ဟာ နူးညံ့တယ် ၊ သိမ်မွေ့တယ် ၊ လှပတယ်
ဒါပေမဲ့ အတုအပများလွန်းတယ်
အသက်မပြည့်သေးတဲ့ ညီမလေး
အချစ်ကို ဈေးကြီးပေးဝယ်မိမှာစိုးလို့
ကိုကို ဒီကဗျာလေးရေးပါတယ် . . . ။
Credit = Ulay Kyi ( ကိုလင်း )
အဖေ မရှိတော့တဲ့ နောက်
အဖေမရှိတဲ့နောက်
==========
ထွက်သွားတဲ့ သက်ပြင်းကြားမှာ
အတွေးတွေက မီးခိုးတလူလူနဲ့
==========
ထွက်သွားတဲ့ သက်ပြင်းကြားမှာ
အတွေးတွေက မီးခိုးတလူလူနဲ့
ဒီအိမ်လေးလည်း အမိုးမလုံ
အကာမဲ့
အပြင်သူခိုးကော
အတွင်းလူဆိုးကော ပုန်းရ
ကြောက်ရ ရိုသေရနဲ့
အိပ်မက်ထဲ မတ်တပ်ရပ်
တခါက . . .
အဖေ့စကားတွေက နားထဲမှာအထပ်ထပ်
လမ်းရှိလျက် မလျှောက်ရင်
ပန်းတိုင်က ရွေ့လာမှာမဟုတ်မှန်းသိတာပဲ
ဆိုးတယ် အဖေ
ဒီအိမ်ကလူတွေကလည်း ဆိုးတယ် . . .
အပေါ်ထပ်က ဖုန်ခါတယ်
အောက်ထပ်က အညော်ပြန်တိုက်တယ်
ကိုယ်အိမ်ကိုယ်နေပြီး လခတိုးတောင်းခံရတယ်
မီးဖျက်တယ် ရေပျက်တယ် . . .
ကိုယ်ပိုင်ခြံမဟုတ်တော့ဘူးအဖေ
ကိုယ့်ခြံက ,
အပင်ကြီးတိုင်းဟာ သူများလာစိုက်ထားတာ
အပင်ကောင်းတိုင်းဟာ သူစိမ်းတွေ မျိုးလာပျိုးထားတာ
ခြံထဲက စံပယ်ပင်လေးတွေရေမလောင်း
မြက်ခင်းစိမ်းစိမ်းတွေတောင် ခြောက်နွမ်းနေပြီလေ . . .
အနာဂါတ်ဟာ စနစ်တကျလုပ်ကြံမှုထဲမှာ
ကိုယ်ဝန်ဆောင်ထားရတယ်
မွေးလို့လည်း ဥာဏ်စဉ်မမှီမဲ့အတူတူ
ကျတော်တို့ ဖျက်ချလိုက်ရမလား !
အဖေ့ကို လူတိုင်းချစ်ပေမဲ့
အဖေ့စကားလူုတိုင်းနားမထောင်ဘူး
အဖေ့နေရာကို လူရွှင်တော်ထည့်
ကျတော်တို့အတွက် ဟာသတွေပဲပေးပြီး
ဝမ်းပြည့်ရေးက ရောက်မလာဘူး . . .
အဖေ့နာရေးက မနေ့ကလိုပဲ
အဖေ့အသံတွေကလည်း မနေ့ကလိုပဲ
အဖေ့ပုံရိပ်က အနားမှာလိုပဲ ...
မေတ္တာမပေးပဲ ချစ်ခင်မှုပြန်မရဘူးဆိုတာ သူတို့မသိဘူး
တစ်ဦးကောင်းစားဖို့ တစ်ပြည်လုံးထိုးကျွေးခံလိုက်ရတယ် . . .
ပြည်သူ့သတ္တိက လက်မောင်းကတက်တူးမကပါဘူး . . .
ဒါပေမဲ့ ခဲမှန်ဘူးတော့လည်း
တချို့က လေးခွကိုင်လူတွေဆိုကြောက်တယ် အဖေ
မနက်ဖြန် ပြောင်းလဲတော့မယ်တဲ့
အိမ်လေးအမိုးလုံစေချင်တယ်
အိမ်လေးအမိုးလုံမှ အိမ်ထဲကကလေးတွေစာကျက်လို့ရမယ်လေ
ခြံထဲက စားပင်လေးတွေလည်း ကိုယ်ပိုင်ခူးစွတ်ခွင့်ရချင်တယ်
ဒါမှ အသက်ရှည် အနာမဲ့မယ်လေ
မြက်ခင်းလေးတွေလည်း စိမ်းလန်းစေချင်တယ်
ဒါမှ ကမ္ဘာကြီးကိုစောင့်ရှောက်ရာကျမယ်လေ
ကျောင်းသွားတဲ့လမ်းလေးကို လမ်းပြန်ခင်းပေးစေချင်တယ်
ကျတော်တို့အနာဂါတ်ကြီးက စာသင်ကျောင်းထဲကအဓိကကျတယ်လေ
နောက်ပြီး
စည်းထားတဲ့ မျက်လုံးတွေကိုဖြည်ပေးစေချင်တယ်
ဒါမှ ကျတော်တို့လောကကို အမှန်အတိုင်းမြင်နိုင်မယ်လေ
မနက်ဖြန်တဲ့ အဖေ
မနက်ဖြန်တဲ့ . . .
တစ်ခါပြန်ခေါ်ပြီးတော့...တော့ ဒုက္ခမပေးချင်ပါဘူး
ကိုယ်ပွားတစ်ယောက်တော့ ပေါ်လာစေချင်တယ်
ဒီလိုပါပဲ . . .
( အဖေဆောက်ခဲ့တဲ့ )
ကျတော်တို့အိမ်လေး ရေတိမ်နစ်မယ်ဖြစ်တိုင်း
အဖေ့ကို ... ပို လွမ်းမိတယ် . . . ။
Credit = Ulay Kyi ( ကိုလင်း )
အကာမဲ့
အပြင်သူခိုးကော
အတွင်းလူဆိုးကော ပုန်းရ
ကြောက်ရ ရိုသေရနဲ့
အိပ်မက်ထဲ မတ်တပ်ရပ်
တခါက . . .
အဖေ့စကားတွေက နားထဲမှာအထပ်ထပ်
လမ်းရှိလျက် မလျှောက်ရင်
ပန်းတိုင်က ရွေ့လာမှာမဟုတ်မှန်းသိတာပဲ
ဆိုးတယ် အဖေ
ဒီအိမ်ကလူတွေကလည်း ဆိုးတယ် . . .
အပေါ်ထပ်က ဖုန်ခါတယ်
အောက်ထပ်က အညော်ပြန်တိုက်တယ်
ကိုယ်အိမ်ကိုယ်နေပြီး လခတိုးတောင်းခံရတယ်
မီးဖျက်တယ် ရေပျက်တယ် . . .
ကိုယ်ပိုင်ခြံမဟုတ်တော့ဘူးအဖေ
ကိုယ့်ခြံက ,
အပင်ကြီးတိုင်းဟာ သူများလာစိုက်ထားတာ
အပင်ကောင်းတိုင်းဟာ သူစိမ်းတွေ မျိုးလာပျိုးထားတာ
ခြံထဲက စံပယ်ပင်လေးတွေရေမလောင်း
မြက်ခင်းစိမ်းစိမ်းတွေတောင် ခြောက်နွမ်းနေပြီလေ . . .
အနာဂါတ်ဟာ စနစ်တကျလုပ်ကြံမှုထဲမှာ
ကိုယ်ဝန်ဆောင်ထားရတယ်
မွေးလို့လည်း ဥာဏ်စဉ်မမှီမဲ့အတူတူ
ကျတော်တို့ ဖျက်ချလိုက်ရမလား !
အဖေ့ကို လူတိုင်းချစ်ပေမဲ့
အဖေ့စကားလူုတိုင်းနားမထောင်ဘူး
အဖေ့နေရာကို လူရွှင်တော်ထည့်
ကျတော်တို့အတွက် ဟာသတွေပဲပေးပြီး
ဝမ်းပြည့်ရေးက ရောက်မလာဘူး . . .
အဖေ့နာရေးက မနေ့ကလိုပဲ
အဖေ့အသံတွေကလည်း မနေ့ကလိုပဲ
အဖေ့ပုံရိပ်က အနားမှာလိုပဲ ...
မေတ္တာမပေးပဲ ချစ်ခင်မှုပြန်မရဘူးဆိုတာ သူတို့မသိဘူး
တစ်ဦးကောင်းစားဖို့ တစ်ပြည်လုံးထိုးကျွေးခံလိုက်ရတယ် . . .
ပြည်သူ့သတ္တိက လက်မောင်းကတက်တူးမကပါဘူး . . .
ဒါပေမဲ့ ခဲမှန်ဘူးတော့လည်း
တချို့က လေးခွကိုင်လူတွေဆိုကြောက်တယ် အဖေ
မနက်ဖြန် ပြောင်းလဲတော့မယ်တဲ့
အိမ်လေးအမိုးလုံစေချင်တယ်
အိမ်လေးအမိုးလုံမှ အိမ်ထဲကကလေးတွေစာကျက်လို့ရမယ်လေ
ခြံထဲက စားပင်လေးတွေလည်း ကိုယ်ပိုင်ခူးစွတ်ခွင့်ရချင်တယ်
ဒါမှ အသက်ရှည် အနာမဲ့မယ်လေ
မြက်ခင်းလေးတွေလည်း စိမ်းလန်းစေချင်တယ်
ဒါမှ ကမ္ဘာကြီးကိုစောင့်ရှောက်ရာကျမယ်လေ
ကျောင်းသွားတဲ့လမ်းလေးကို လမ်းပြန်ခင်းပေးစေချင်တယ်
ကျတော်တို့အနာဂါတ်ကြီးက စာသင်ကျောင်းထဲကအဓိကကျတယ်လေ
နောက်ပြီး
စည်းထားတဲ့ မျက်လုံးတွေကိုဖြည်ပေးစေချင်တယ်
ဒါမှ ကျတော်တို့လောကကို အမှန်အတိုင်းမြင်နိုင်မယ်လေ
မနက်ဖြန်တဲ့ အဖေ
မနက်ဖြန်တဲ့ . . .
တစ်ခါပြန်ခေါ်ပြီးတော့...တော့ ဒုက္ခမပေးချင်ပါဘူး
ကိုယ်ပွားတစ်ယောက်တော့ ပေါ်လာစေချင်တယ်
ဒီလိုပါပဲ . . .
( အဖေဆောက်ခဲ့တဲ့ )
ကျတော်တို့အိမ်လေး ရေတိမ်နစ်မယ်ဖြစ်တိုင်း
အဖေ့ကို ... ပို လွမ်းမိတယ် . . . ။
Credit = Ulay Kyi ( ကိုလင်း )
Subscribe to:
Posts (Atom)