ခင်မိုးမြင့်သာဖတ်ရန်
---------------------
---------------------
၁။
ခုရေးနေတဲ့စာအုပ်ကုန်လို့
နောက်အသစ်တစ်အုပ်ပြောင်းရေးလည်း
မင်းနာမည်
ဒါမှမဟုတ်
မင်းအကြောင်း တစ်စွန်းတစ်စကို
ငါရေးနေအုံးမယ်ဆိုတာ သေချာတယ်။
ဝင်လာတဲ့ ၁၆အဆန် ရန်ကုန်ရထားမှာ
မင်းမပါဘူးဆိုတာ ငါသိနေတယ်
ဒါပေမယ့်
စင်္ကြန်ထဲလူတစ်ယောက်မှ မရှိတော့တဲ့ အချိန်ကျမှ
ငါ အိမ်ပြန်ခဲ့တယ်။
ရေကို ဓါးနဲ့ခုတ်သလိုမျိုး
ပေါက်နေတဲ့စက်ဘီးကို လေထိုးသလိုမျိုး
နောက်ဆုံး
သေနေတဲ့သစ်ကိုင်းခြောက်ကို အ၀တ်စိုနဲ့အုပ်ပြီး
နေတိုင်းထိုင်ကြည့်နေတာ ငါပါ။
၂။
ခင်မိုးမြင့်ရေ…………
အင်္ဂလန်၊ ဘရားဇီးလ်နှင့် အာဂျင်တီးနားအသင်းတွေ
အိမ်ပြန်ကုန်ကြပြီ
အီရတ်မှာရှိတဲ့ အမေရိကန်စစ်သားတွေ
အိမ်ပြန်ကုန်ကြပြီ
ငါကတော့
ခုချိန်ထိ လမ်းပေါ်မှာပဲ
သက်မွန်မြင့်ပိုစတာတွေကို ၀ယ်နေတုန်းပဲ
ဆရာပိုင်ပြောသလိုပဲ
အုံ့ဆိုင်းနေတဲ့ နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်းငါ့ကို သတိရပေါ့ကွယ်
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သလိုပေါ့
တကယ်တန်းကျ
ငါက တတိယတန်းစားလူတစ်ယောက်ပါကွာ
၃!
ရှင်က မိန်းမတွေထက်မာယာများတယ်
ရှင့်ကို ကျွန်မကြောက်ကြောက်လာတယ်ပြောပြီး
မိုးလင်းတာနဲ့
မင်းက မင်းအဆောင်မှာ မရှိတော့ဘူး
မင်းအဆောင်လှေခါးရင်းမှာ
မင်းဖိနပ်လေးကို မတွေ့ဘူးဆိုရင်
မင်းရှိရဲ့လားလို့တောင် ငါမမေးဘဲ
ပြန်ပြန်လှည့်လာခဲ့ရတာ ရက်တွေများခဲ့ပြီ
နောင် တော်တော်ကြာမှ
မင်းက ဖိနပ်ကိုအဆောင်ပေါ်ထိ ယူတယ်ဆိုတာသိတော့
ငါတို့ မိုင် ၄၀၀ကျော်လောက် ဝေးခဲ့ကြပြီပေါ့
မင်းပစ်ချလိုက်လို့ ငါမသေခဲ့ပါဘူး
ဒါပေမယ့်
အဲဒီအပေါ်ယံ ရှပ်မှန်ရုံဒဏ်ရာသေးသေးလေးကို
ငါ ပုံကြီးချဲ့ခဲ့ပြီး
ဆေးမမှီချင်ယောင် ငါဆောင်ခဲ့တယ်
အဲဒါလည်း
မင်းကို ချစ်လို့ပါလို့ ခုချိန်ပြောရင်
မင်း တခစ်ခစ်ရယ်နေမှာငါသိနေတယ်။
၎။
မျှော်လင့်ခဲ့သလို ဖြစ်မလာတော့
ငါ အသံတွေဆွံ့အခဲ့တယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘ၀ကြီးထဲမှာ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေကို မှင်နီနဲ့ လိုက်ဝိုင်းနေမိတယ်
မင်းရောက်နေတဲ့ ဘ၀လေးမှာ
မင်း အသက်ရှူဝပါစေ
မင်း လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ပါစေ
ခံစားမှုကို မင်းကရှေ့တန်းမတင်ခဲ့တော့
နောက်တန်းမှာ
ငါ တစ်ယောက်တည်း
သောက၊ ကြေကွဲမှု၊လွမ်းဆွတ်မှုတွေက
ငါ့ကို တိုက်စစ်ဆင်နေကြပြီ။
ခင်မိုးမြင့်ရေ…………
အင်္ဂလန်၊ ဘရားဇီးလ်နှင့် အာဂျင်တီးနားအသင်းတွေ
အိမ်ပြန်ကုန်ကြပြီ
အီရတ်မှာရှိတဲ့ အမေရိကန်စစ်သားတွေ
အိမ်ပြန်ကုန်ကြပြီ
ငါကတော့
ခုချိန်ထိ လမ်းပေါ်မှာပဲ
သက်မွန်မြင့်ပိုစတာတွေကို ၀ယ်နေတုန်းပဲ
ဆရာပိုင်ပြောသလိုပဲ
အုံ့ဆိုင်းနေတဲ့ နှင်းထုထဲ
နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်းငါ့ကို သတိရပေါ့ကွယ်
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သလိုပေါ့
တကယ်တန်းကျ
ငါက တတိယတန်းစားလူတစ်ယောက်ပါကွာ
၃!
ရှင်က မိန်းမတွေထက်မာယာများတယ်
ရှင့်ကို ကျွန်မကြောက်ကြောက်လာတယ်ပြောပြီး
မိုးလင်းတာနဲ့
မင်းက မင်းအဆောင်မှာ မရှိတော့ဘူး
မင်းအဆောင်လှေခါးရင်းမှာ
မင်းဖိနပ်လေးကို မတွေ့ဘူးဆိုရင်
မင်းရှိရဲ့လားလို့တောင် ငါမမေးဘဲ
ပြန်ပြန်လှည့်လာခဲ့ရတာ ရက်တွေများခဲ့ပြီ
နောင် တော်တော်ကြာမှ
မင်းက ဖိနပ်ကိုအဆောင်ပေါ်ထိ ယူတယ်ဆိုတာသိတော့
ငါတို့ မိုင် ၄၀၀ကျော်လောက် ဝေးခဲ့ကြပြီပေါ့
မင်းပစ်ချလိုက်လို့ ငါမသေခဲ့ပါဘူး
ဒါပေမယ့်
အဲဒီအပေါ်ယံ ရှပ်မှန်ရုံဒဏ်ရာသေးသေးလေးကို
ငါ ပုံကြီးချဲ့ခဲ့ပြီး
ဆေးမမှီချင်ယောင် ငါဆောင်ခဲ့တယ်
အဲဒါလည်း
မင်းကို ချစ်လို့ပါလို့ ခုချိန်ပြောရင်
မင်း တခစ်ခစ်ရယ်နေမှာငါသိနေတယ်။
၎။
မျှော်လင့်ခဲ့သလို ဖြစ်မလာတော့
ငါ အသံတွေဆွံ့အခဲ့တယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘ၀ကြီးထဲမှာ
ပြက္ခဒိန်ပေါ်က ရက်စွဲတွေကို မှင်နီနဲ့ လိုက်ဝိုင်းနေမိတယ်
မင်းရောက်နေတဲ့ ဘ၀လေးမှာ
မင်း အသက်ရှူဝပါစေ
မင်း လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ပါစေ
ခံစားမှုကို မင်းကရှေ့တန်းမတင်ခဲ့တော့
နောက်တန်းမှာ
ငါ တစ်ယောက်တည်း
သောက၊ ကြေကွဲမှု၊လွမ်းဆွတ်မှုတွေက
ငါ့ကို တိုက်စစ်ဆင်နေကြပြီ။
Credit = ထွဏ်းသွေးအိမ်
( Instyle မဂ္ဂဇင်း - မေလ - ၂၀၁၁ )
No comments:
Post a Comment