myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Tuesday, March 10, 2015

မေ့လိုက်ပါတော့ ကလေးရယ်

မေ့လိုက်ပါတော့ ကလေးရယ်
တမင်လွမ်းစေအောင်လို့
မေ့ချစ်မောင် တစ်ဖက်သတ်ရယ်နဲ့
ရှင်ခန်းဖြတ်လိုက်တာတော့ မဟုတ်ဘူးအချစ်ရယ်
ဆုတ်လည်းစူး စားလည်းရူး ဘဝမှာ
စူးချင်စူး …ရူးချင်ရူး
မထူးဇာတ်ကို ခင်းလို့
ပန်းလည်းမသင်း လေပြေမညင်းတဲ့
သူဆင်းရဲ ကိုယ့်ဘဝထဲကို
စွဲလို့ဖြင့်မခေါ်ရက်တာ မင်းသိပါကွယ်
သြော် …နွယ်
ကိုယ့်ရင်မှာ ခိုလှုံတွယ်တော့
ဓနကြွယ် ရွှေမင်းသမီးကို
တပ်မက်မှု ရမ္မက်မီးရယ်မပါ
အချစ်ချည်း အဖြူထည်သက်သက်သာနဲ့
နှစ်သက်စွာ မောင်ချစ်ခဲ့ပေမယ့်
ရစ်ဘီးဖြေတဲ့ ကံကြမ္မာရယ်
မုန်တိုင်းနှယ် ထန်ခဲ့လေတော့ …
မိုးနဲ့မြေလို ဝေးကွာ
သုံးနဲ့လေးပမာ ဆွေးစရာအဖြစ်တွေနဲ့
တို့အချစ်နွေကန္တာ ရှေ့ဆက်ရန်မသင့်တာမို့
ရက်စက်တယ် မြင်ချင်မြင်
မုန်းတီးတယ် တွေးချင်တွေး
ခပ်ဝေးဝေးမှာ သူစိမ်းတွေလိုနေလို့
အချစ်လှေ အမုန်းပင်လယ်ထဲမှာ
မောင့်သက်လယ်ရယ် နှစ်လိုက်ပါတော့ …
နေ့သစ်လင်း
February 20,2015 Friday 4:03 PM

No comments:

Post a Comment