လက်ဆောင်
========
========
ပန်းတိုင်က မြင်နေပေမယ့်
ခြေလှမ်းတွေတော့ စောင့်ရဦးမယ်
တွဲထားတဲ့ လက်တစ်ဖက်စီနဲ့
အနာဂတ်ကို ခွဲစိတ်ကုသကြတာပေါ့ . . .
ခြေလှမ်းတွေတော့ စောင့်ရဦးမယ်
တွဲထားတဲ့ လက်တစ်ဖက်စီနဲ့
အနာဂတ်ကို ခွဲစိတ်ကုသကြတာပေါ့ . . .
ပြက္ခဒိန်ကို စက္ကူလှေလုပ်
ခပ်မြန်မြန်မျှောပစ်ပြီး
ဆုံချိန်တွေ ရောက်ချင်တယ်
ခပ်မြန်မြန်မျှောပစ်ပြီး
ဆုံချိန်တွေ ရောက်ချင်တယ်
ပါးပြင်ပေါ်က စလစ်ဖြစ်ပြီး
နူတ်ခမ်းနားရောက်ခဲ့ရင် ကောက်တေးပါနဲ့နော် ,
အနမ်းဆိုတာ ဘရိတ်မိလို့မကောင်းဘူး . . .
နူတ်ခမ်းနားရောက်ခဲ့ရင် ကောက်တေးပါနဲ့နော် ,
အနမ်းဆိုတာ ဘရိတ်မိလို့မကောင်းဘူး . . .
သန်းခုနှစ်ထောင်လုံးမှာ
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲဖုန်းခေါ်တာ …
အလွမ်းတွေ မိုင်ပိုမိတဲ့အခါ
နူတ်ခမ်းလေးက မီးနီမတားပါနဲ့
ငါ့နှလုံးသားက မင်းတစ်ယောက်ထဲဖုန်းခေါ်တာ …
အလွမ်းတွေ မိုင်ပိုမိတဲ့အခါ
နူတ်ခမ်းလေးက မီးနီမတားပါနဲ့
ဒီနေ့ည ကောင်းကင်ကို ကြွားပစ်ရမယ်
ငါ့ညမှာ လမင်းတစ်စင်းအမြဲသာနေတယ်လို့
ရင်ခုန်သံက ကော်နက်ရှင်မကျပါဘူး
စကားလုံးတွေ ဒေါင်းလော့ဆွဲလို့လည်းမဆုံးဘူး
ငါ့ညမှာ လမင်းတစ်စင်းအမြဲသာနေတယ်လို့
ရင်ခုန်သံက ကော်နက်ရှင်မကျပါဘူး
စကားလုံးတွေ ဒေါင်းလော့ဆွဲလို့လည်းမဆုံးဘူး
ငါမရှိတဲ့ အရပ်မှာ . . .
ဂရုစိုက်ပါ …
ပျော်စရာလေးတွေ ဖူးပွင့်လာတယ်ဆိုရင်
ငါ့နှလုံးသားကို message ပို့ပါ . . .
ဂရုစိုက်ပါ …
ပျော်စရာလေးတွေ ဖူးပွင့်လာတယ်ဆိုရင်
ငါ့နှလုံးသားကို message ပို့ပါ . . .
မနီးစပ်ခင် စပ်ကြားမှာ
မင်းအားငယ်လာတဲ့အခါ မှီဖို့
ငါ့ ပုခုံးတစ်ဖက် လက်ဆောင်ယူထားပါ . . . . . ။
မင်းအားငယ်လာတဲ့အခါ မှီဖို့
ငါ့ ပုခုံးတစ်ဖက် လက်ဆောင်ယူထားပါ . . . . . ။
credit ( ကိုလင်း )
No comments:
Post a Comment