-------------------------------
မိုးလင်းလို့ မျက်လုံးစဖွင့်တာနဲ့ ကိုယ့်ဖုန်းနံပတ်ကို
အိပ်ချင်မူးတူး လက်ကလေးနဲ့ စ အထိမှာ
ကိုယ်တို့ ဆက်သွယ်မှု စတာပဲ
နားမဖေါက်ရသေးတဲ့ မင်း နားရွက်လေးနားမှာ
ကိုယ့် အသံတစ်ချို့
တွဲလဲခိုပြီးနေခဲ့ပါရစေ
ကိုယ့် အသံတစ်ချို့
တွဲလဲခိုပြီးနေခဲ့ပါရစေ
မင်း နောက်တန်းဟာ
မာကျောတယ်ဆိုတာ ကိုသိပါတယ်
မိသားစုရဲ့လေနဲ့
မင်းအသက်ရှူနေတာလည်း ကို သိပါတယ်
မင်း တစ်ချက် လွတ်လပ်သွားတာနဲ့
ကို့နာမည်ကို စခေါ်လိုက်တယ်ဆိုတာ ကိုသိပါတယ်
မာကျောတယ်ဆိုတာ ကိုသိပါတယ်
မိသားစုရဲ့လေနဲ့
မင်းအသက်ရှူနေတာလည်း ကို သိပါတယ်
မင်း တစ်ချက် လွတ်လပ်သွားတာနဲ့
ကို့နာမည်ကို စခေါ်လိုက်တယ်ဆိုတာ ကိုသိပါတယ်
မင်း ဟာ မလှဘူး
မင်း ဟာ ချစ်စရာကောင်းတာ
မင်းပါးစပ်ပေါ်မှာ
ကြက်တူရွေးလေး ဒါမှမဟုတ် သာလိကာလေး
တစ်ကောင်တော့ အမြဲတမ်းနားနား နေတယ်
ကို လည်း အဲဒါကို သဘောကျတယ်
မင်း ဟာ ချစ်စရာကောင်းတာ
မင်းပါးစပ်ပေါ်မှာ
ကြက်တူရွေးလေး ဒါမှမဟုတ် သာလိကာလေး
တစ်ကောင်တော့ အမြဲတမ်းနားနား နေတယ်
ကို လည်း အဲဒါကို သဘောကျတယ်
ကိုယ်တို့ နွေးသွားခဲ့ကြပြီဖြစ်လို့
ဆောင်းရာသီလေးကို ရန်သွားလုပ်လို့မဖြစ်ဘူး
မင်း မာဖလာလေးကို ကြိုးလုပ်ပြီး
ကိုယ့် နှလုံးသားပေါ် ခုန်ချတဲ့ တစ်နေ့
ကိုယ် အဆင့်သင့်ဖြစ်နေမှလေ
ဆောင်းရာသီလေးကို ရန်သွားလုပ်လို့မဖြစ်ဘူး
မင်း မာဖလာလေးကို ကြိုးလုပ်ပြီး
ကိုယ့် နှလုံးသားပေါ် ခုန်ချတဲ့ တစ်နေ့
ကိုယ် အဆင့်သင့်ဖြစ်နေမှလေ
ကိုယ်တို့ သင်ခန်းစာတွေထဲ
မျက်ရည်ဆိုတာကို ဖျောက်ထားလို့
မင်း ပုဝါလေး
ကိုယ့်အတွက်နဲ့ မျက်ရည်နား မသွားစေရဘူး
မျက်ရည်ဆိုတာကို ဖျောက်ထားလို့
မင်း ပုဝါလေး
ကိုယ့်အတွက်နဲ့ မျက်ရည်နား မသွားစေရဘူး
ဘာပဲပြောပြော
မင်းလာမယ့် လမ်းလေးထိပ်မှာ
မီးအစိမ်းလေးပဲ အမြဲဖြစ်နေပါ့မယ် ။ ။
Credit = ထွဏ်းသွေးအိမ်မင်းလာမယ့် လမ်းလေးထိပ်မှာ
မီးအစိမ်းလေးပဲ အမြဲဖြစ်နေပါ့မယ် ။ ။
No comments:
Post a Comment