myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, February 13, 2015

၁၆ နှစ်အောက်(သီးသန့်)ဖတ်ဖို့

၁၆ နှစ်အောက်(သီးသန့်)ဖတ်ဖို့
=================
ညီမလေးရေ ...
၁၆ နှစ်အောက်ဆိုတာ
အမေ့ရင်ခွင်ကို ကမ္ဘာလုပ်
တူတူပုန်းတမ်း ကစား
လောကဓံကို ထွက်တိုက်ဖို့ အသိဥာဏ်ပညာစုဆောင်းနေတဲ့အချိန်

ဗယ်လင်းတိုင်းဒေးဆိုတာ
ကလေးတွေအတွက် ဖက်ရှင်တခုမဟုတ်တာတော့ကျိန်းသေတယ်
ချောကလက် စားပါ
ရင်ခုန်တမ်းမကစားပါနဲ့
အတောင်မစုံပဲ ပင်လယ်ကိုဖြတ်တမ်းကစားတာ
အန္တရယ်အလွန်များပါတယ်
စိတ်ကစားတယ်ဆိုတာ
လှံဖျားမှာ ဆော့ကစားတဲ့ ကစားနည်းတခုနဲ့တူတယ်
သစ်ရွက်လေးတွေ လှုပ်တာရယ်ပါ
သစ်ရွက်လေးလို အကြွေမခံပါနဲ့
အသက်မပြည့်သေးတဲ့ သူအတွက်
အန္တရယ်ဆိုတာ တစ်ပုံကြီး
ချောင်းနေတဲ့ မြေခွေးတွေနဲ့
အစားကျူးတဲ့ ကျားဆိုးတွေ . . .
စာရွက်လေးခေါက်ရိုးကျိုးသွားသလို
ဘဝက အမဲစက်တချို့က
အလွယ်တကူပြန်ဖျက်ပစ်လို့မရဘူး
အချစ်ကဗျာတွေဖတ်ပါ
စိတ်ကူးယဉ်ပါ
စိတ်မကစားပါနဲ့
၁၆ မပြည့်သေးတာ ကလေးပါပဲ
လိပ်ပြာလို အနမ်းမျိုးက
ပန်းတစ်ပွင့်အတွက် လိုအပ်ပေမဲ့
ပိတုန်းလို အနမ်းမျိုးကျ
ပန်းလေးအနာဂတ် ညိုးနွမ်းနိုင်တယ်
မိမိအနာဂတ်ဟာ
မိမိလက်မှာပါ
သက်တမ်းက အရှည်ကြီး
ကိုကိုတို့က ပြောရုံပဲ တက်နိုင်တာ ...
လက်တွေ့က ညီမလေးတို့ဘဝ .....
အချစ်ဟာ နူးညံ့တယ် ၊ သိမ်မွေ့တယ် ၊ လှပတယ်
ဒါပေမဲ့ အတုအပများလွန်းတယ်
အသက်မပြည့်သေးတဲ့ ညီမလေး
အချစ်ကို ဈေးကြီးပေးဝယ်မိမှာစိုးလို့
ကိုကို ဒီကဗျာလေးရေးပါတယ် . . . ။


Credit = Ulay Kyi ( ကိုလင်း )

No comments:

Post a Comment