အရမ်းချစ်ခဲ့မိလိုပါ မိန်းကလေး
နေမင်းကြီးအဖြစ်နဲ့
ထွန်းလင်းခွင့်မရရင်နေပါ
ကြယ်စင်လေးအဖြစ်နဲ့
မင်းကမ္ဘာမှာ အလင်းပေးခွင့်ရရင်
ကျေနပ်တယ်...။
ငှက်ကလေး အဖြစ်နဲ့
တေးသီခွင့်မရရင် နေပါ
မင်းနားမှာ ရစ်ဝဲတဲ့
လိပ်ပြာလေး ဖြစ်ခွင့်ရရင်ပဲ
ကျေနပ်တယ် ...။
လှပတဲ့ ပန်းကလေးတစ်ပွင့်
ဖြစ်ခွင့်မရရင်နေပါ
မင်းအတွက် ရနံ့သင်းတဲ့
ပန်းပွင့်လေးဖြစ်ခွင့်ရရင်ပဲ
ကျေနပ်တယ် ...။
ကြီးမာတဲ့ အရိပ်တွေ
ပေးခွင့်မရရင် နေပါ
မင်းလျှောက်တဲ့လမ်းမှာ
အနင်းခံမြက်လေး
ဖြစ်ခွင့်ရမယ်ဆိုရင်လည်း
ကျေနပ်မဲ့သူပါ...။
သိစေချင်တာပါ
ဖြစ်နိုင်မယ်ဆိုရင်ပေါ့
ခဏလောက်ပဲဖြစ်ဖြစ်
မင်းနားမှာ ရှိနေခွင့်
မင်းအသံလေး ကြားနေခွင့်ရရင်ပဲ
ငါဟာ....ကျေနပ်မဲ့သူပါဟာ
ခု............
နာရီလက်တံပေါ်မှာ ဓါးသွားတတ်ပြီး
မင်း....စိတ်ကြိုက်လှည့်ပါ
ငါနှလုံးသား အပိုင်းပိုင်းပြတ်လို့
ငါအုတ်ဂူဘေးမှာ နင်လာပြီး
အချိန်တွေက ကုစားသွားမှာပါလို့
ဝမ်းနည်းစွား ပြောခဲ့မယ်ဆိုရင်
တမလွန်ဘ၀ကနေ
ပြုံးပြလို့ ကျေနပ်မဲ့သူပါ
မိန်းကလေးရယ်....။
No comments:
Post a Comment