myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, December 27, 2013

“ မျက်လှည့် ”

မျက်လှည့်  


လိမ်မှန်သိလျှက်နဲ့ ကြည့်ချင်မိတယ်

မဟုတ်မှန်းသိလျှက် လေးစားမိတယ်

ကြည့်ရင်နဲ့  ဘယ်လိုလိမ်သွားမှန်း

မသိလိုက်တာက ကိုယ့်ကိုယ်ကို

စိတ်နာမိတယ်

“မျက်လှည့်”

************************

လိမ်မှန်းသိလျှက်နဲ့  ချစ်မိတယ်

မဟုတ်မှန်းသိလျှက်နဲ ယုံကြည်မိတယ်

ချစ်နေရင်းနဲ ဘယ်လိုမုန်းသွားမှန်း

မသိလိုက်တာက ကိုယ့်ကိုယ်ကို

စိတ်နာမိပါတယ်

ဒါလဲ “မျက်လှည့်” လား

*****************************

လိမ်တာက ကျော်ကြားမှုတစ်ခုဆို

ကြည့်သူက လက်ခုတ်တီးရတာ

မဆန်းပါဘူ

မင်းပြလိုက်တဲ့ မျက်လှည့် ပြကွက်အတွက်

လက်ခုတ်တီးပေးဖို့

အားမွေး ထာလိုက်ဦမယ်နော်

ချစ်သူ...။

No comments:

Post a Comment