(((((အသဲကွဲခြင်းရပ်ကြပါစို့)))
ရိုးရိုးလေးပါပဲ
ဆန်းပြာတဲ့အတွေးတွေကြောင့်
ဂယက်တွေခတ်ရင်က
အကြောင်းကံမလှကြတော့
ပြောင်ပြန်ရတဲ့ အဖြေတစ်ခုအတွက်
ခေါင်းစဉ်ကွဲပြားသွားတာတဲ့...။
အပြစ်မရှိတာ အပြစ်ရှာ
အချစ်မှာ မျက်စိမပါတာတွေ
နားမပါတာတွေနဲ့
သိပ်ချစ်တယ်ဆြိုံကတဲ့သူတွေ
ခုကြတော့....ပြောနေကြပါရက်
ဘာတဲ့.....
မတွေ့ကြရင်ပဲ
ကောင်းသွားသလိုလိုနဲ့ပေါ့....။
သူတို့တွေပါပဲ
မခွဲနိုင်မခွာရက်
7ရက်လောက်ခွဲရရင်ဖြင့်
ရက်ပေါင်းခုနှစ်ရာလိုလို
ရက်ပေါင်း ခုနှစ်ထောင်
ဖြစ်သွားသလိုလိုနဲ့ပေါ့
လွမ်းကြရတယ်လို့ ဆိုတဲ့သူတွေ
ခံယူချက်တွေ မတူညီတော့
နောက်ပြန်လှည့်ကြည့်မှ
ရင်ကွဲစေတဲ့အပြစ်ရှာ
အချစ်ကြောင့်ပါတဲ့လား
အားရလိုက်တဲ့အဖြေ....။
တစ်ခါတစ်လေ
မြှားနတ်ကြောင့်က ပါသေရဲ့
ထားပါတော့ ငါ့ဘက်မှားတာပေါ့
အားနာကြပါတော့ကွယ်
မှားတာရှိမပေါ့
မြှားဆရာ တစ်ယောက်မှာလည်း
နှလုံးကံမကောင်းလှလို့
နှစ်ငါရာလောက်ဆွေးပြီးသွားပြီမို့
ကြိုးစားပြီး ကြည့်ရှောင်ရင်း
အများအောင်တဲ့အချစ်ပွဲမှာ
အားလုံးနွဲနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်ရင်က
အသဲကွဲခြင်းရပ်ကြပါစို့
သူငယ်ချင်းတို့ရေ....
.....................
No comments:
Post a Comment