xxxxxxမုန်းသင့်ခဲ့ပြီး ချစ်ရသူxxxxx
ရှေ့ဆက်လှမ်းဖို့ မသေချာ
နောက်ဆုပ်ဖိုက မဖြေသာ
ရင်ခွင်မှာသောကများနဲ့ နွမ်းကျလျှက်ပါ
ချစ်ရသူ....
တိတ်တိတ်လေး တွေးပူတယ်
မင်းရဲ့...ခေါင်းအခါနဲ့ ခေါင်းအညိတ်မှာ
ငါဘ၀တစ်ခုလုံး
တိမ်းပါသွားမလာဆိုတာပေါ့....
မလိုအပ်ရင် ငြင်းခွင့်ရှိပါတယ်
မင်းဆိုတာ ငါမပိုင်တဲ့ အရာမို့လေ
မင်းအတွက် ပျော်စရာမရှိရင်
ငါဆိုတာကို ခေါက်ပစ်လိုက်ပြီး
လှည့်ထွက်လို့ သွားလိုက်ပါတော့ကွာ....
မင်းပတ်သတ်သမျှ အရာရာကို
ကြိုတင်ပြီး တွေးထားပြီးသာပါ
ဒါပေမယ့်.......
မင်းကိုရည်စူးပြီး
အိမ်မက်တွေ အကြီးကြီးမက်ဖူးတယ်ဆိုတာ
မင်းသိအောင် ပြောပြချင်ပါရဲ့
နေရာတိုင်းလည်း မသွားဖူးခဲသလို့
အချိန်တိုင်းလည်းမလွမ်းတတ်ခဲ့ပါဘူး
ဒါပေမယ့်.....
လွမ်းရတဲ့ အချိန်မှာတော့
သွားခဲ့ကြတဲ့ နေရာတွေကို
သတိရတယ် ချစ်ရသူ....
နင်မပြောဖူးပေမယ့်
ငါ့ကို နင်မုန်းသင့်ပြီလေး
ထပ်ပြီးမသတ်ပါနဲ့တော့...
မင်းဖုန်းအလာကိုတွေပြီး
ရင်ခုန်နေတတ်တဲ့ ငါနှလုံးသားကို
ဒီလောက်နဲ့ အဆုံးသတ်ဖို့အတွက်
မုန်းသွားလိုက်ပါတော့ ချစ်ရသူ
ထပ်ပြီးတော့......
မရက်စက်သင့်တော့ပါဘူးကွာ.....
============================
သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက်
မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဋ္ဌ)
No comments:
Post a Comment