myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Friday, December 27, 2013

+++++နှုတ်ဆက်ရင် ပြုံးခဲ့ပါ+++++




အ၀င်မှာ ငိုသံရောခဲ့တဲ့သင်

အပြန်မှာရော ဘာတွေပြောချင်သလဲ...?

အထုပ်အပိုးတွေ လွှတ်ချ

အရုပ်တစ်ရုပ်လို ကြိုးပြတ်ချိန်မှာ

သိပ်ချစ်ပါတယ်ဆိုတဲ့ ငါအစွဲလည်း

ကွယ်ပျောက်သွားမှာ အမှန်ပဲလေ...။

နောင်တစ်ချိန် နောင်တစ်ချိန်နဲ့

လက်ချိုးလို့ရေတွက်

လေးနက်နဲ့ ဘ၀တစ်ခုရော

သင်ဖန်တီးခဲ့ပြီးပြီလား.. ....?

ခေတ္တဆိုတဲ့ လူ့ဘ၀မှာ

အားကျစရာ လုပ်ရပ်တို့နဲ့

သင့်ဘ၀ကို သင်ဖန်တီး

တစ်နေ့ နေ၀င်ခါနီးမှာ

ပြုံးပြနှုတ်ဆက်ဖို့ရော

သင်ကြိုးစားပြီးပြီလား.....?

ထွက်သွားရမှာပါ

သင်ရော ငါရော

သတ္တ၀ါ အကုန်လုံးပေါ့

ထွက်မသွားခင် အချိန်လေးမှာတော့

အများရင်ခွင်အေးမြဖို့

နှုတ်ဆက်စေချင်တယ်

အပြုံးလေးနဲ့ပေါ့ကွယ်..။


=======================

သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားလျှက်

မြှားနတ်မောင် (အချစ်ဆိုင်ရာ ဥက္ကဋ္ဌ

No comments:

Post a Comment