ချစ်သူ
ကောင်းကင်က တိမ်ငိုသံဟာ
အမြဲမဟုတ်ပေမယ့်
ငါ့ရင်က
နင့်ကို လွမ်းတဲ့နှလုံးသားငိုသံတွေရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့
လွမ်းဆွေးခြင်း မြစ်ငယ်
ဆယ်ကမ္ဘာခြားလဲ
မပြတ်စီးဆင်း
နှလုံးသားမှာ အလွမ်းအိုင်ဖြစ်နေပါပြီ ချစ်သူ ။ နှင်းတွေမြူတဲ့
ဆောင်းမနက်မှာ
တွဲလက်တစ်စုံနဲ့
ချစ်ခင်သူတို့ရယ်
ဆီးနှင်းတွေ ချစ်ရည်လူးတော့
အေးစက်တဲ့ ငါ့လက်တစ်စုံက
နှလုံးသားကို မျက်နှာငယ်လေးနဲ့ကြည့်နေရှာတယ်
တွဲလက်က နှုတ်မဆက်ပဲထွက်ခွာသူရေ ။ ကောင်းကင်ကကြယ်တခင်းအမြဲမလင်းပေမယ့်ငါ့ရင်ကနင့်ကိုချစ်ခြင်းကတော့နှလုံးသွေးတွေရပ်အိပ်မက်တွေ လွင့်ပျောက်သွားလဲနင်က သံသရာတလျှောက်ငါ့နှလုံးမှာထင်ကျန်နေမယ့်ချစ်ခြင်းကျောက်ဖြစ်ရုပ်ကြွင်းသစ္စာရဲ့ အလင်းတံခါးလေးတစ်ခုပါ ။ အနေမနီးပေမယ့် ဖြေတွေးစရာရိုးသားတဲ့ နင့်ရဲ့စိတ်ထားဓါတ်ပုံငါ့မှာရှိတယ် ရေမြေခြားနေလဲအတွေးမှာ နင်ကအမြဲရှိတော့အလင်းမှာ နင်ကအရိပ်အမှောင်မှာ မနေ့ကအတိတ်နင့်အကြောင်းများနဲ့အိပ်စက်တော့လဲအိပ်မက်မှာ နင်ကရှိတော့ဝေးတယ်မထင်အမြဲအနီးအနားငါ့အပါးမှာ နင်ကရှိနေတာပါဟာ ။ ဝေးမယ့်အဖြစ်ကိုမတွေးထားပေမယ့်ဆွေးရတဲ့ရင်မှာ ခံနိုင်ရည်ကိုအချိန်နဲ့ ကုစားနီးရမယ့် တချိန်မှာပြောင်းလဲခြင်းတရားတွေနင့်ရင်မှာ မရှိပါစေနဲ့လို့တောင်းဆုတွေခြွေရင်းမနေ့ကထက်ဒီနေ့က နင်နဲ့နီးဖို့ပိုနီးသွားပြီပေါ့ ။
No comments:
Post a Comment