myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Monday, January 28, 2013

အားမငယ်ပါနှင့် လောကကြီးရယ်

အားမငယ်ပါနဲ့ လောကကြီးရယ်

ငိုရင်လွယ်
ရှိုက်ရန်ခက်
သေရင်လွယ်
ရှင်ဖို့ခက်
ချစ်ခြင်းအတွက်
စစ်ပွဲတွေဖြစ်နေသလို
မြစ်ပြင်မှာ
မီးထွန်းချင်သူတွေလဲရှိတယ်
မေတ္တာတွေရှင်သန်နေပေမယ့်
သစ္စာတွေကျွမ်းလောင်တော့
ချစ်ခြင်းတွေ ပြာတို့နယ်
လေအဝေ့ ဘယ်တကွေ့မှာ
ပျောက်သွားမှန်းမသိခဲ့ဘူး ။

ဟန်ဆောင်မျက်နှာဖုံးတပ်
မာယာတွေပွဲတော်ဆက်
မနာလိုမှု့တွေ ဆင်မြန်းရင်း
လူ့လောကဇာတ်ခုံ
ဖားက က ရင်း
ရိုးသားသူတို့ မျက်ရည်ပင်လယ်
အတ္တလှေနဲ့ ဇိမ်ခံစီးရင်း
ဒီဘ၀မှာ ပျော်နေသူလဲ ဒုနဲ့ဒေး ။

တစ်ကျပ်ရှိရင်
ငါးမူးလှူ
တစ်မတ်ဖိုးနဲ့
စားသောက်ရောင့်ရဲ
လက်ကျန်ကိုစုဆောင်း
လောကဒဏ်ဘယ်လောက်ထောင်းထောင်း
မပြောင်းတာ ရိုးသားတဲ့အားမာန်
ငတ်လို့သေရင်သေ
သတ်လို့မသေတဲ့
စိတ်ထားလှလှနဲ့
ဒါနတွေကျောပိုး
အများအကျိုးအတွက်
အသက်ရှင်နေသူတွေလဲရှိသေးတယ် ။

ထို့ကြောင့်
ထို့ကြောင့်
အကောင်းအဆိုးတွေ တွဲဖက်
နေထွက်နေ၀င်ရှိနေသေးလို့
အားမငယ်ပါနဲ့ လောကကြီးရယ် ။

လွင်ပြင်လှိုင်းငယ် ခံစားရေးဆက်သည်  ။

No comments:

Post a Comment