myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Wednesday, July 16, 2014

“ တစ်ဦးသင် ကောလိပ် ”


“ တစ်ဦးသင် ကောလိပ် ”
“ ကောလိပ်ကျောင်း မတတ်နိုင်တဲ့ ကလေးတစ်ယောက်ဟာ သူများထက် တစ်ပန်း ရှုံးသွားပြီပေါ့ ။ ကောလိပ်က ပေးတဲ့ ပညာမျိုး အပြင်မှာ ဘယ်ရနိုင်ပါမလဲ ”

ဒါက သားသမီးပညာရေးအတွက် အခတ်အခဲ တွေ့နေသည့် မိဘအသိုင်းအ၀ိုင်းများကြား ညည်းတွားပြောဆိုလေ့ ရှိကြသည့် စကားတစ်ခွန်း ဖြစ်သည် ။

ကျွှန်တော်လက်မခံပါ ။ တက္ကသိုလ်ကောလိပ်ကြီးများသည် တိုင်းပြည်၏
ပညမဏ္ဍိုင်များ ဖြစ်တာ မှန်ပါသည် ။ သို့သော် သူတို့ဆီမှာ သင်ကြားပေးနေ
သည့် အချို့သော ပညာရပ်တွေသည် မိမိဘာသာ အိုးအိမ်မကွာ လေ့လာဆည်း
ပူး၍လည်း ရသည် ။ ဘာကြောင်းသည်လို ပြောနိုင်ရသနည်း ။
ကျွှန်တော်ကိုယ်တိုင် အိမ်မှာ ကောလိပ်ကျောင်းတစ်ကျောင်း အောင်မြင်စွာ
ဖွင့်လှစ်ထားနိုင်ခဲ့သောကြောင်းဖြစ်သည် ။

ကောလိပ်က ကျွှန်တော့်သမီးကြီး ဂျီးန်အတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည် ။
ထိုစဉ်က သမီးအသက် ၁၆ နှစ် ။
အဲသည်တုန်းက ကျွှန်တော်တို့ မိသားစု နယ်မှာနေကြသည် ။ ကျွှန်တော်တို့
အိမ်နှင့် အနီးဆုံး အထက်တန်းကျောင်းသည် ဆယ်မိုင်ကျော်ဝေးသည် ။
သမီးခမျာ မနတ် ၆ နာရီခွဲ အိပ်ရာမှ ထကာ ကျောင်းကားမှီအောင်
ဒရောသောပါး ပြေးရသည် ။ ညနေသူပြန်ရောက်လာတော့ နေ၀င်ဖျိုးဖျ ရှိနေပြီ
နေ၀င်စောသည့် ဆောင်းတွင်းဘက်ဆိုလျှင် မလွယ် ။
ညစာကို မြန်မြန်စားသောက်ပြီးနောက် သန်းခေါင်သန်းလွဲအထိ စာကျက်ရသည်
ပြိးလျှင် အိပ်ချင် ငိုက်မြည်းနေသော မျက်လုံးကို အတင်းဖြဲကာ နာရီနှိုးစက်ပေး
ပြီး အိပ်ရာထဲ လေးဖက်တွား ၀င်ရသည် ။
မနတ်တွင် နှိုးစက်သံဖြ**့ အထိတ်တလန့်နိုးကာ အိပ်ရာမှ ထပြီး တစ်နေ့တာ
ပညာရေး ဘ၀ စရပြန်သည် ။
ကျန်းမာရေးအတွက် ကစားခုန်စား လုပ်ချိန်မရ ။
အိမ်နီးအိမ်နား သွားလာလည်ပက်ချိန်မရ ၊ ခြံဝင်းခြံပြင် ခြေဆန့်လက်ဆန့်ပင် လျှောက်ရန် အချိန်မရ ။ ကြာတော့ မိခင်က စိုးရိမ်လာသည် ။
“သမိးတော့ ဒီအတိုင်းဆက်သွားနေရင် မကြာခင် ဆေးရုံတင်ရလိမ့်မယ် ။
သူ့ကို ရှင် အိမ်မှာ စာသင်ပေးလို့ မရဘူးလား ”
ဖြစ်နိုင်သည်ဟု ကျွှန်တော် ယူဆသည် ။သို့နှင့် တနေ့မှာ ဂျိးန်အား နံနတ်ကိုးနာရီ
တိတိတွင် ကျွှန်တော့်စာကြည့်ခန်းထဲဝင် နေ့လည်တစ်နာရီထိုးမှ ပြန်ထွက်ဟု
သော အစီအစဉ်ဖြ**့ ပညာရေး စတင်ဖြစ်သည် ။
ကျောင်းစဖွင့်သည့်နေ့မှာ သူ့စားပွဲပေါ်သို့ ပထမဆုံး စာအုပ် သုံးအုပ်တင်ပေး
လိုက်သည် ။ မကောလေး၏ အက်ဆေးများ ( Macaulay ,s Essays ) ၊
တာတာရန်ဒ တာရပ်စကွန် ( Tratarin de Taeascon ) နှင့် ဟပ်ကယ် ဗယ်ရီဖ**း ( Huckleberry Finn ) ။
မကောလေးမှာ အင်္ဂလိပ်စာရေးဆရာကြီး သမိုင်းကျမ်းပြု ပုဂ္ဂိုလ်ကြီင်္း ဖြစ်၍
သူ၏ အက်ဆေးများမှာ အင်္ဂလိပ် စကားပြေ အရေးအသားအရာ၌လည်းကောင်း၊
မိမိအယူအဆ စာဖက်သူထံ စီးဝင်အောင် စီစဉ်တင်ပြပုံ၌လည်းကောင်း ၊
စံနမူနာယူလောက်သောစာများဖြစ်သည် ။
တာတာရန်ဒ တာရပ်စကွန်မှာ ပြင်သစ် စာရေးဆရာကြီး အယ်လဖွန့်စေဒေါ်ဒေး ( Alphonse Daudet )၏ အထင်ရှားဆုံး ၀တ္ထုတစ်ပုဒ်ဖြစ်သည် ။
ဒေါ်ဒေး၏ စာများမှာ ဒေသဓလေ့ အငွေ့အသက် ၊ လူမှုရေး ဝေဖန်ချပ်နှင့် သရော်ချပ်များကြောင်း စွဲဆောင်မှု ရှိလှသည် ။ ဟပ်ကယ်ဟယ်ရီဖ**းကား
အမေရီကန် စာရေးဆရာကြီး မတ်တွိန်း၏ ကျော်ကြားလှသော လူငယ်ဝတ္ထုတစ်
ပုဒ်ဖြစ်၍ အမေရီကန် လူငယ်တိုင်း အတွက် မဖတ်မဖြစ် ၀တ္ထု ၊ နိုင်ငံတကာ လူငယ်များ အတွက်လည်း အထူးနှစ်သက်ရာ ၀တ္ထု တစ်ပုဒ်ဖြစ်သည် ။

ကျောင်းချိန်လေးနာရီ အတွင်း စာတကယ် ဖတ်ချိန်ကို သုံးနာရီသာ သက်မှတ်ပေးထားသည် ။ သုံးနာရီကို နာရီဝက် ခြောက်ကြိမ်ခွဲပြီး တစ်ကြိမ်နှင့်
တစ်ကြိမ်အကြား ဟိုငေးသည်းငေး ငေးရန် ရောက်တတ်ရာရာတွေးရန် ၊
အချိန်ဆယ်မီးနစ်စီ ၊ အလယ်ပိုင်း အချိန်တွင်မူ အညောင်းအညာဆန့်ရန်အတွက်
ဆယ်မီးနစ်ပိုကာ နားချိန် မီးနစ် နှစ်ဆယ်ဟူ၍ သက်မှတ်ပေးထားသည် ။
ငေးချိန်တွေးချိန် ဆယ်မီးနစ်ဆိုသည်မှာ ဂျိးန်အား မျက်စိအညောင်းပြေအောင်
ဟူ၍ ပေးထားချင်း ဖြစ်သော်လည်း တကယ့်ရည်ရွယ်ချက်က သည့်ထက်ပိုသည်
ဖတ်ပြီးသည့်စာကို ပြန်လှန်စဉ်းစားသုံးသပ်မိစေရန် ဟူသောရွယ်ရွယ်ချက်ဖြစ်
သည် ။  စာဖတ်သူအား အစအဆုံး စွဲခေါ်သွားနိုင်ချင်းသည် ၀တ္ထုကောင်း
တစ်ပုဒ်၏ အရည်အချင်း တစ်ရပ်ဖြစ်သည် မှန်သကဲ့သို့ ဖတ်နေရင်းက
ခဏခဏချကာ စာအုပ်ကပေးသော စာအုပ်ကပေးသော အတွေးလမ်းစများအတိုင်း လိုက်ပါစဉ်းစားမိရခြင်းသည်လည်း စာအုပ်ကောင်း
တစ်အုပ်၏ လက္ခဏာတစ်ရပ်ဖြစ်သည် မဟုတ်လား ။

ကျွှန်တော်ကတော့ ဂျိးန်အား “ သမီး ၊ သည်ကြားဆယ်မီနစ်တွေမှာ သမီးသဘော ၊ နှုတ်ခမ်းဆိုးဆေး အကြောင်းဖြစ်ဖြစ် ၊ ဇာခန်းစိးအကြောင်း
ဖြစ်ဖြစ် ကြိုက်ရာတွေး ၊ လွတ်လွတ်လပ်လပ်အေးဆေးနေ ” ဟု
ပြောထားသည် ။ သို့သော် ကျွှန်တော်သိသည် ။ စာဖတ်သူ တစ်ယောက်သည်
စာထဲက အတွေး ၊ စာထဲက အကြောင်းအရာ ၊ ထူးခြားသည့် စာအရေးအသား
တို့ကို မတွေးမိဘဲ မနေနိုင် ။ စာ နာရိဝက်ဖတ်ပြီးရင် ဖတ်ပြီးသမျှအကြောင်းကို
ဆယ်မီးနစ်ပြန်တွေးဟုဆိုလျှင် အလုပ်သဘော ဆန်သွားမည် ။
သည်အတိုင်းလွတ်လွတ်လပ်လပ်နေခိုင်းလိုက်သည့်အခါ၌မူ အလုပ်ဟု သဘောမထားဘဲ စာဖတ်စဉ်က စိတ်ဝင်စားခဲ့မှုဖြ**့ပင် အရှိန်မပျက် ဆက်လက်
စဉ်းစားတွေးတောမိသည့် အလေ့အထရလာပေသည် ။


စာပေလေ့လာမှုနှင့် ပတ်ပက်၍ သူ့အား ကျွှန်တော် ညွှန်ကြားချက်တစ်ခုတော့
ရေးပေးခဲ့တာ ရှိသည် ။
စာအုပ်တစ်အုပ်စဖတ်ခါနိးတိုင်းမှာ စာအုပ်ရေးသူ အကြောင်းကို စွယ်စုံကျမ်းထဲ
လိုက်ရှာပြီး ဖတ်ပါ ။ သူမွေးတဲ့နေ့ သေတဲ့နေ့ဆိုတာတွေကို အတိအကျမှတ်သားစရာ မလိုဘူး ။ ဒါပေမယ့် ဘယ်ခေတ်လောက်က မွေးတယ်
ဥပမာ ပြည်တွင်းစစ်ကာလက လား ၊ လွတ်လပ်ရေး မတိုင်မီလား ၊ လွတ်လပ်ရေး ရပြီးစလား စသဖြ**့ အဲသလောက်တော့ မှတ်သားဖို့ လိုတယ် ။
ပြီးတော့ စာအုပ်များများ ဖတ်မိလာပြီဆိုတဲ့ အခါ အခု အသစ်ဖတ်မယ့်
စာအုပ်ရေးသူဟာ အရင်ဖတ်ပြိးတဲ့ ဘယ်စာအုပ်ရေးသူနဲ့ တစ်ခေတ်တည်း
တစ်ပြိုင်တည်း ဖြစ်တယ် ၊ ဒါပေမယ့် ဘယ်သူကတော့ ဘယ်တိုင်းပြည်မှာ
သူတို့တိုင်းပြည်နှစ်ပြည်က အခြေအနေဘယ်လို ကွာခြားတယ် စသဖြ**့
ဆက်စပ်မှတ်သားတဲ့ အလေ့အကျင့် လုပ်ပေးရမယ် ။
သမိုင်းအချက်အလက်တွေနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်းပဲ ။
အဖြစ်အပျက် တစ်ခုအကြောင်း ဖတ်ရရင် အရင် ကိုယ်မှတ်သားဖူးတဲ့ အလားတူ
ဖြစ်ရပ်မျိုးနဲ့ နှိုင်းယှဉ်ဆက်စပ်ကြည့်ရင် ပိုပြိး မှတ်သားမိတယ် ။
ပိုပြိးလည်း သဘောပေါက်တယ် အဲဒီအခါ သင်ခန်းစာရမယ် ၊ ညဏ်အမြော်ပိုရှိလာမယ် ၊ ၀တ္ထုမဟုတ်တဲ့ စာအုပ်မျိုးကိုလည်း ၀တ္ထုဖတ်သလိုပဲ
တောက်လျှောက်သာ ဖတ်သွားပါ ။ ဒါပေမယ့် အဓိပ္ပာယ် နားလည်သလိုလိုနဲ့
တကယ်တိတိကျကျလည်း နားမလည်လိုက်ဖူးဆိုတဲ့ စာပိုဒ်မျိုး စာကြောင်းမျိုး
ကြုံလာရင်တော့ သည်အတိုင်း ကျော်မသွားနဲ့ ၊ နောက်တစ်ခေါက် ပြန်ဖတ်
စာရေးသူ ဘာကို ဆိုလိုတယ်ဆိုတာ သဘောပေါက်ပါစေ ။
စာထဲမှာ လူ ပုဂ္ဂိုလ်အမည် ၊ အရေးအခင်း အဖြစ်အပျက်အမည်တခုခုတွေ့ရ
တယ် ဆိုပါစို့ ။  အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ အဲဒီအဖြစ်အပျက်ဟာ
ဘယ်လိုဘာညာ ကိုယ်မသိဘူး ဆိုပါစို့  ။ လောလောဆယ် အမည်ကိုမှတ်ပြိး
ဆက်ဖတ်ကြည့် စာအုပ်ထဲမှာ အဲဒီလူ  အဲဒီအဖြစ်အပျက်အကြောင်း  ပိုပြိး
ရုပ်လုံးပေါ်အောင် ထင်ထင်ရှားရှားများများစားစားရေးထားတာမျိုး
တွေ့ချင် တွေ့လာရလိမ့်မယ် ။ တစ်ကြိမ်သာတွေ့ခဲ့ရပြီး နောက်ထပ် မတွေ့ရတော့ဘူးဆိုရင်တော့ သည်လူသည် အဖြစ်အပျက် အကြောင်းကို
တနေ့တာ စာဖက်ချိန် အဆုံးမှာ စွယ်ဆုံကျမ်းတို့ တခြားသက်ဆိုင်ရာ ရည်ညွှန်း
စာအုပ်တို့်ထဲမှာ လိုက်ရှာဖက်ကြည့်ပါ ။ အဲဒါတွေဟာ သိဖူးကြားဖူးသင့်တဲ့
ဟာတွေ ဖြစ်လိမ့်မယ် ”

ဤသည်ကား ကျွှန်တော်တို့ သားအဖ၏ “ကားတစ် (စ်)ကောလိပ် ”မှာ တရားဝင် စာပေနှင့် ထုတ်ပြန်ခဲ့ဘူးသည့်  တစ်ခုတည်းသော ညွှန်ကြားချက်ဖြစ်သည် ။
တစ်နေ့လေးနာရီ အစီအစဉ်ကို ဂျိးန် မကျေမနပ် မဖြစ်ပါ ။
သည်အတွက် သူတခါမှ မညည်းညူးခဲ့ပါ ။ စာဖတ်ရခြင်းကို သူ တဖြည်းဖြည်း
ပို၍ နှစ်သက်လာခဲ့သည် ။ နေမကောင်းသည့် နေ့များမှာပင် အိပ်ရာထဲမှာ
သူ ဖတ်သည် ။  အလှပြင်ဆိုင်မှာ ဆံပင်ကောက်နေရင်း ရှီလာ အတ္ထုပ္ပတ္တိလို
စာအုပ်မျိုး သူဖက်သည် ။

အိမ်တွင်းကောလိပ် သက်တမ်းတစ်လျှောက်လုံးမှာပင် ကျွှန်တော် သူ့ အတွက်
မူသေစာအုပ်စာရင်း ရေးဆွဲခဲ့ခြင်းမရှိပါ ။ ယေဘုယျ သဘောထားလေး တစ်ခုတော့ ကျွှန်တော်ချမှတ်ထားတာ ရှိသည် ။ ၄င်းမှာ ဖတ်ရန်စာအုပ်များ
ရွေးသည့်အခါ၌ အကြောင်းအရာထက် စာရေးသူအမည်ကို ဦးစားပေး
ရွေးမည်ဟူသော သဘောထားဖြစ်သည် ။
ကျွှန်တော်၏ ရည်ရွယ်ချက်မှာ သမီးအား တကယ်ဦးနှောက်
ကောင်းသူ ၊ စိတ်စွမ်းအား ကြိးမားသူများနှင့် တစ်နေ့လျှင်
လေးနာရီမျှ ဆက်ဆံတွေ့သိစေလိုသော သဘောဖြစ်သည် ။
သည်လူတွေနှင့် အကျွမ်းဝင်စေလိုသည် ။သူတို့ စကားတွေကို သဘောပေါက်
နားလည်ကာ သူတို့ပက်ဝန်းကျင်မှာ နှစ်သက်မွေ့လျော်တတ်သူ ၊ သူတို့ညဏ်ရည် အဆင့်အတန်းမျိုးမှာ ကျင်လည်လှုပ်ရှားနိုင်စွမ်းရှိသူတစ်ဦး
ဖြစ်လာစေလိုသည် ။

သမီးအတွက် ကျွှန်တော် နောက်တစ်သုတ် ရွေးပေးဖြစ်ခဲ့သော စာအုပ်များမှာ ဟတ်ဇလစ် ( William Haz-Litt ) ၏ သိပ္ပံနည်းကျ စဉ်းစားတွေးတောခြင်း
သို့မဟုတ် စဉ်းစားခြင်း အတတ်ပညာ ( Thinking As a Science ) ၊
အီမာဆင် ( R. W .Emerson ) ၏ အက်ဆေးများ  ( Essays ) သောရိုး (H . D .Thoreau ) ၏ ဝေါလဒင် ( Walden ) ဂျိမ်းစ်ရပ်ဆဲလိုဝယ် ( James Russell Lowell ) ၏ သုံးသပ်ဝေဖန်စာများ ၊ ၀ီလျံ ဂျိမ်းစ် ၏ ဟောပြောပို့ချချက်အချို့ ၊
သောမက်ကာလိုင်လ် ၏ ရှီလာ အတ္ထုပ္ပတ္တိ(Life of Schiller ) ဟားဗက်စပင်ဆာ
၏ ဆောင်းပါး အချို့ ၊ မက်ခေးလ် ၏ လက်တင်စာပေ နှင့် အက်ဒီဆင် ၏
အက်ဆေးများဖြစ်သည် ။
သမိးလေးဖက်ရှုသမျှစာအုပ်တွေကိုမူ မှတ်တတ်တင် စာရင်းပြုစုခဲ့ခြင်း မရှိပါ ။
အကြောင်းက စာဖတ်ရာတွင် အရေအတွက်ကိုဥိးစားမပေးမိစေလိုသော
ကြောင်းဖြစ်သည် ။ စာဖတ်သမားတစ်ယောက်သည် ဘယ်စာအုပ်ထဲက ဘာရသည် ၊ ဘယ်သူ့ အတွေးအခေါ်အယူအဆများက ဘယ်လို ရှိသည် ဟူသော အချက်များတွင် အာရုံမ၀င်ဘဲ ၊ ဘယ်စာအုပ်ဖတ်ပြီးပြီ ၊ ဘယ်သူ့စာအုပ်တွေတော့ အားလုံးပြတ်သွားပြီဟူ၍ စာအုပ်စာရင်းထဲမှာ
နီ ပြာ ခဲတံနှင့် ရေးခြစ်မှတ်တမ်းတင်သော အလုပ်ကို ပို၍နှစ်သက်သွားလျှင်
လွဲပေပြီ ။ ဂျိးန်အား စာမေးပွဲစစ်သလို စစ်ဆေးမေးမြန်းချင်းမျိုးလည်း ကျွှန်တော်တခါမျှ ပြုလုပ်လေ့မရှိပါ ။ အလွန်ဆုံး သူ့ သဘော သူ့ အယူအဆကို
တီးခေါက်ကြည့်တာလောက်ပဲ ရှိသည် ။ဥပမာ “ ဂိုထေ ( Goethe ) ကို သမီးဘယ်လိုမြင်သလည်း ” ဆိုတာမျိုး တခါတလေ ကျွှန်တော် မေးတတ်သည်
သူကလည်း သူမြင်သည့်အတိုင်း ပွင့်ပွင့်လင်းလင်း လိုရင်းကို ဖြေသည် ။
“ အလကား လူကြိးပါ ဖေဖေ” ဆိုတာမျိုး ။ ဂျာမန်စာပေပါရမီရှင်းကြီး ဂိုထေလ် အား ငယ်ရွယ်စဉ်က အချစ်ရေးကိစ္စများကို ကြောင်းပြူကာ သူ မကျေနပ်နိုင် ဖြစ်နေခဲ့သည် ။

စာပေလေ့လာဆည်းပူးရာ၌ ကျွှန်တော်တို့ ထားရှိခဲ့သည့် သဘောထား တစ်ခု ရှိသေးသည် ။ ၄င်းမှာ စာဖတ်ခြင်းသည် နှစ်သက်ပျော်မွေ့စရာ အလုပ်တခု ဖြစ်ရမည်ဟူသော အချက် ဖြစ်သည်  ။
စာအုပ်သည် ၀န်ထုတ်ဝန်ပိုး ဖြစ်သွားမှာ ၊ စာအုပ်ကို ကြောက်သွား မုန်းသွားမှာ ကျွှန်တော် မလိုလား ။
ကျွှန်တော်သမိး ဂျိးန် သည် ကျောင်းတွင် ပြင်သစ်စာ နှစ်နှစ်သင်ဘူးသည်ကို ကြောင်းပြူ၍  သူ့အား ပြင်သစ် ၀တ္ထုမူရင်း ဖတ်ရန် ကျွှန်တော် ပေးခဲ့သည် ။
သို့သော် သုံးလလောက် စမ်းကြည့်ပြီးသည့်နောက်တွင် သူ မလိုက်နိုင်မှန်း ကျွှန်တော် သိသွားသည် ။
ဆက်ဖက်ခိုင်းနေလျှင်  သူ့အား နှိပ်စက်ရာ ရောက်တော့မည် ။
ထို့ကြောင်း ပြင်သစ် စာ ဖတ်ရန် သတ်မှတ်ထားသည် အချိန်တစ်နာရီ၌
“ ဒေသန္တရ ဗဟုသုတနှင့် လူမှုရေးရာ ” ဘာသာရပ်ကို အစားထိုးပေးလိုက်သည်။
တစ်ခေတ်တစ်ခါက လူများနှင့် ရပ်ဝေးမြေခြား ဒေသများ အကြောင်းတို့ကို ဖတ်ရှုကာ လူတို့၏ မတူသော ဓလေ့ထုံးစံနှင့်  လူမှုဘ၀ အခြေအနေများအကြောင်း ဗဟုသုတ ရရှိစေလိုသောကြောင့် ဖြစ်၏ ။
သည်အတွက် ရွေးချယ်ပေးခဲ့သော စာအုပ်များထဲတွင် စတီဗင်ဆင် ၏ ဝေလီမာ
ပေးစာများ လော့ဒ်ဖရက်ဒရစ်ဟင်မီလ်တန် ၏ ပျောက်ကွယ်လေသည့် ပကာသနများ နှင့် အန်ဒရေမော်ရွား ၏ အက်ဒွပ်ဘုရင်ခေတ် စသည်တို့
ပါဝင်သည် ။

များသောအားဖြင့်မူ ကျွှန်တော်ရွေးပေးသော စာအုပ်များမှာ သက်တမ်းရင့် စာအုပ်တွေ ဖြစ်သည် ။ ခေတ်ပေါ်စာအုပ်များမှာ တစ်နေ့မဟုတ် တစ်နေ့ သမီးဘာသာ ဖတ်ရှုမိမည်သာ ဖြစ်သည်ဟူ၍ ယူဆကာ ကျွှန်တော် ချန်လှပ်ထားခဲ့သည် ။ထို့ကြောင့် ချုပ်၍ ပြောရလျှင် ကျွှန်တော့် ကောလိပ်
ကျောင်းမှာ ပညာသင်ရခြင်းသည် ရှေ့ဆန်ဆန် စာကြည့်တိုက် တစ်ခုအတွင်း
ရောက်ရှိနေခြင်းနှင့် ပမာတူသည်ဟု ပြောလိုသည် ။
ဆီးနှင်းမုန်တိုင်းကျ၍ အပြင်လောကထဲ ထွက်မလည်နိုင်သည့် ကာလမျိုးမှာ
သည်လို စာကြည့်တိုက်တစ်ခုထဲ တံခါးပိတ်ပြီး နေရသည် အခါ မည်မျှ အရသာ
ရှိပါသနည်း ။ အပျင်းပြေသည် ၊ ဗဟုသုတွေ တစ်နေ့တစ်ချား တိုးပွားနေသည် ။
ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း ကမ္ဘာအနှံ့ ရောက်နေမည် ။
တစ်ကမ္ဘာလုံးက လူတွေနှင့် တွေ့နေ ဆုံနေ စကားပြောနေရမည် ။

အဲသည် အနေအထားမျိုးကို ကျွှန်တော် ကြိတ်ပြီး သဘောကျနေတာ ကြာပြီ ။
စင်စစ်ကျွှန်တော်သာ မဟုတ် လူအတော်များများပင် တွေ့ဖူး သတိပြုဖူးကြတာ
တစ်ခု ရှိသည် ။ ၁၈၆၀ - ၇၀  ၀န်းကျင်က လူလားမြောက်ခဲ့ရသည့်
တစ်ချို့ပုဂ္ဂိုလိများနှင့် ပက်သက်၍ဖြစ်သည် ။
သည်ပုဂ္ဂိုလ်တွေထဲမှာ အလွန်ညဏ်ထက်မြတ်သူ ပညာဗဟုသုတ ကြီးမားသူတွေ ကျွှန်တော်တို့ တွေ့ရဖူးသည် ။
သူတို့ကို မေးမြန်းလေ့လာကြည့်သည့်အခါ ကျောင်းပညာ ကောင်းကောင်း မသင်ဖူးကြ ။ ငယ်စဉ်က ပျော်မှု ပါးမှု ဖြ**့ အချိန်ကုန်နိုင်သည့် အခြေအနေမျိုးလည်း မရှိကြဘဲ မိဘ  သို့မဟုတ်  ဦးလေး ဘကြိး စသူတို့၏ နေအိမ် စာကြည့်ခန်းထဲရှိ စာအုပ်ဟောင်းများကြားမှာ မွေ့လျော်ခဲ့ကြသူတွေ ဖြစ်ကြောင်း မှတ်သားရလေ့ ရှိသည် ။
တကယ် စီစစ်ကြည့်မည် ဆိုလျှင် ကမ္ဘာတွင် ကြီးကျယ်ထင်ရှားသည့် ပုဂ္ဂိုကြီး
အများအပြားပင် စာအုပ်ပုံများကြားမှာ ပညာကို မိမိဘာသာ တူးဆွ ရှာဖွေရင်း
ပညာညဏ်ကြီးမားသူ ဦးစီးခေါင်းဆောင်နိုင်သူများ  ဖြစ်လာခဲ့ကြကြောင်း
တွေ့ရှိရမည် ဖြစ်သည် ။
ကျွှန်တော်တို့၏ တစ်ဦးသင် ကောလိပ်သည် ထိုပုဂ္ဂိုလ်ကြီးများ ဖြတ်သန်းခဲ့ရသည် အနေအထားမျိုးနှင့် ဆင်တူအောင် တမင်ဖန်တီး တည်ဆောက်ယူထားခြင်းဖြစ်သည်ဟု ဆိုချင်သည် ။

ဇနီးသည်ကမူ သမီးအတွက် တကယ်တမ်း အကျိုးသက်ရောက်မှု ရှိပါမလားဟု
စိုးရိမ်မကင်း ဖြစ်သေးသည် ။
“ ခြောက်လလောက်နဲ့တော့ သိသာထင်းရှားတဲ့ အကျိုးသက်ရောက်မှု တွေ့ရမှာ မဟုတ်ဘူး ။သည့်နောက်ပိုင်းမှာတော့ မြင်လာရပါလိမ့်မယ် ။ တကယ်ရေရှည်
ထိုက်ထိုက်တန်တန် အကျိုးကျေးဇူးက နောက်ဆယ့်လေးငါးနှစ်မှ ထင်ထင်ရှားရှားခံစားလာရမှာ ။ အဲဒီအချိန်ကျတော့ သမီးဟာ သူလိုငါလို ကြီးပြင်းခဲ့သူတွေနဲ့ သိသိသာသာကွာခြားနေတာ တွေ့ရလိမ့်မယ် ။ ”
အိမ်တွင်းပညာရေး စတင်သည့် ရက်ပိုင်းက ကျွှန်တော် အဲသလို ပြောခဲ့သည် ။

ကြီးမားသော အကျိုးရလဒ်များကို အချိန်ယူစောင့်ဆိုင်းရမည်ဖြစ်သော်လည်း  အာနိသင် အစအနလေးများတော့ များမကြာမှီမှာပင် မြင်တွေ့လာရသည် ။
သမီး၏ စကား အပြောအဆို အသုံးအနှုန်းများ တိုးတတ်လာသည် ။
“ အဲလိုလေ ၊ သိတယ် မဟုတ်လား ၊ သူ့ဟာက ဘာမှန်းလည်း မသိဘူး
မိုက်တော့ မိုက်တယ် ၊ ဒါပေမယ့် ဘာခေါ်မလဲ ” စသည့်အပြောအဆိုးမျိုးတွေ
လျော့ပါးကာ သူ့စိတ်ထဲ ရှိသည့် အရာကို အတိအကျ အမှန်ကန်ဆုံး  စကားလုံး
များဖြ**့ သုံးနှုန်းပြောဆိုရန် အားထုတ်စ ပြုလာသည်ကို တွေ့ရသည် ။
သူ စဉ်းစားတွေ့တော့ပုံများလည်း ပို၍ ရင့်ကျက်လာသည် ။

ယခင်ကထက် ပို၍ ကြောင်းကျိုးဆက်စပ် စဉ်းစားလာတတ်သည် ။
သည်ကာလအတွင်း သူ၏ လူမှုဆက်ဆံရေး ဘ၀မှာလည်း ဖွံ့ဖြိုးတိုးတတ်လျက်
ရှိနေသည် ။ သူငယ်ချင်းများနှင့် စကိတ်စိး ထွက်သည် ဧည့်ခံပွဲတွေ သွားသည် ကျောင်းမှပြူလုပ်သည့် ကပွဲများသို့လည်း မှန်မှန်ရောက်သည် ။
အိမ်မှာလည်း သူ့သူငယ်ချင်း အပေါင်းအသင်းတွေ မပြတ်ဝင်ထွက်နေကြသည် ။
ခြုံပြောရလျှင်တော့ အဘက်ဘက်က အဆင်ပြေလျက်ရှိသည်ဟု . . .
ဆိုရမည် ဖြစ်သည် ။
                 ****
မည်သို့ပင်ဖြစ်စေ ကျွှန်တော်တို့အိမ် ပညာရေး အစီအစဉ်မှာ အားနည်းချက်
ကလေးတွေ ၊ အကန့်အသက်ကလေးတွေ ရှိနေတာတော့ အမှန်ပဲ ဖြစ်သည် ။
သိပ္ပံ ၊ သင်္ချာ စတဲ့ ဘာသာရပ်တွေ ခင်ဗျား သင်ပေးနိုင်မလားဟု မေးလျှင်
မသင်ကြားနိုင်ပါဟူ၍ ကျွှန်တော် ဖြေရပါမည် ။
သို့သော် ကျွှန်တော်တို့ အတွက်က သည်ကိစ္စသည် ပြသာနာ မဖြစ်ပါ ။
သမီးက သည်ဘာသာရပ်တွေကို စိတ်ဝင်စားသည် မဟုတ် ။
သည်ဟာတွေနှင့် ပက်သက်လျှင် သူ့အဖို့် ကျောင်းမှာ ယခင်သင်ကြားခဲ့သမျှနှင့်
လုံလောက်ပြီင်္ ဖြစ်သည် ။ သို့သော် အကယ်၍ ကျွှန်တော့်မှာ သားတစ်ယောက်ရှိမည် ။ သူကလည်း သိပ္ပံဘက် စက်မှုပညာဘက်မှာ စိတ်ဝင်းစားသူ ဖြစ်နေမည်ဆိုလျင်မူ သူ့ကို အိမ်မှာချည်း ထား၍ မဖြစ်တော့ ။
သူ့အတွက် အသင့်တော်ဆုံးနေရာသည် သိပ္ပံ သို့မဟုတ် စက်မှုအင်ဂျင်နီယာကျောင်းကောင်းကောင်းတစ်ခုသာ ဖြစ်သည် ။
သူ့ကို တကယ် ပြည့်ပြည့်၀၀ ဖွံ့ဖြိုးတိုးတတ်စေလိုလျှင် ထိုကျောင်းမျိုးသို့ ပို့နိုင်အောင် ကျွှန်တော် ကြိုးစားရပေမည် ။

သို့တိုင်အောင် ကျွှန်တော် တစ်ခု ပြောချင်သေးသည် ။
သိပ္ပံကျောင်း စက်မှုကျောင်းများတွင်ရနိုင်သည့် တကယ့်လက်တွေ့နည်းများမှာ
ကျွှန်တော် သင်ကြားမပေးနိုင်သော်လည်း သူ့ကို သိပ္ပံအတွေး ၊ သိပ္ပံစိတ်ဓါတ်နှင့်
သိပ္ပံသမား၏ စူးစမ်းလေ့လာမှု အလေ့အထများ ရသွားအောင်ကား ကျွှန်တော့် စာကြည့်ခန်းထဲက စာအုပ်စာတန်းများနှင့်ပင် ပျိုးထောင်ပေးလိုက်နိုင်ပါသေး
သည် ဟူ၍ ။
ဤသည်မှာ အတင်းကပ်၍ ပြောခြင်းမဟုတ် စာကြည့်ခန်း တစ်ခု အတွင်း တစ်ကိုယ်တည်း ရှာသော ပညာ သို့မဟုတ် ပိုမိုတတ်ကြွမ်းသူ တစ်ဦး၏  အကူအညီဖြ**့ ရှာသော ပညာသည် တန်းဖိုးမနည်းကြောင်း သိစေချင်၍
ပြောဆိုချင်းဖြစ်ပါသည် ။ သမီး ဂျိးန် အနေနှင့် ကျောင်းမနေရသဖြ**့ ကျောင်းနေဘက် အပေါင်းအသင်းဆိုတာမျိုး ( နောင်ကြီးပြင်းလာသည့် အခါ၌လည်း ) ကျောင်းမှာ ရင်းနှီး သိကျွမ်းခဲ့သည့် ငယ်သူငယ်ချင်းဆိုတာမျိုး မရှိ
ဖြစ်လိမ့်မည်ဟူ၍လည်း ထောက်ပြကြစရာ အကြောင်း ရှိပါသည်  ။
ကျောင်းသွားဖော် စာသင်ဖော်ဆိုတာမျိုး သူ့မှာ မရှိ ဖြစ်သွားတာတော့ အမှန်ပင် ဖြစ်ပါသည် ။

သို့သော် သူငယ်ချင်း အပေါင်းအသင်းတော့ ချို့တဲ့မနေပါ ။ ပြိး လူမှု ဆက်ဆံရေ
း ဆိုသည်မှာ တစ်ဦးချင်း၏ စရိုက်သဘာဝနှင့် မိမိကိုယ် သတိပြူ ပျိုးထောင်နိုင်မှု အပေါ်တွင် မူတည်ပါသည် ။
တချို့ လူငယ် လုံမငယ်လေးများမှာ တက္ကသိုလ်ကောလိပ်၌ ဘွဲ့ရသည်အထိသာ
နေလာခဲ့သည် ။ သူငယ်ချင်း အပေါင်းအသင်းဟူ၍ မည်မည်ရရမရှိခဲ့ ။
ရင်းနှီးဖော်ရွေသူ ပေါင်းတတ်သင်းတတ်သူများကား လူတစ်ယောက်နှင့် လေးနှစ်
နေလာစရာ မလို ၊ လေးရက် လေးနာရီနှင့်ပင် ငယ်ပေါင်းကြီးဖော်ပမာ
ရင်းနှီးသွားနိုင်သည် ။ ထို့ပြင်လည်း တျို့မိဘများ အရေးတကြီး တွတ်ချက်တတ်သည့် အရာတစ်ခု ရှိသေးသည် ။ ကိုယ့်သားသမီးကို ယေးလ်တို့၊
ဟားဗတ်တို့လို တက္ကသိုလ်မျိုးကြီး ပို့လိုက်လျှင် ဟိုမှာ ရှိသည့် ဘဏ်သူဌေးသား
သမ္မတသား ၊ ၀န်ကြီးသားတွေနှင့် ရင်းနှီးသိကျွမ်းကာ နောင်တနေ့ အလုပ်ကြီး အကိုင်ကြီး ရမည် ။ ကျောင်းတုန်းက အဆက်အသွယ်ကောင်းတွေကို
အားကိုးပြုကာ အောင်မြင်ကြီးပွားသွားနိုင်သည်ဟူသော မျှော်လင့်ချပ်ဖြစ်သည် ။
ကျွှန်တော် လက်မခံပါ ။ ကျောင်းနေဘက်သူငယ်ချင်း၏ အထောက်အပံ့ကို
မျှော်ကိုးသော စိတ်ဓါတ်သည် လူငယ်တစ်ယောက်အား တိုးတတ်မှု မဖြစ်စေဘဲ
အညွှန့်သာ ကျိုးသွားနိုင်စေသည်ဟု ကျွှန်တော် မြင်ပါသည် ။
ကျွှန်တော့် တစ်ဦးသင်ကောလိပ် အစီအစဉ်နှင့် ပက်သက်၍ အများဆုံး ကန့်ကွက်နူိုင်သည့် အချက်တစ်ခု ရှိပါသေးသည် ။ “ ခင်ဗျားက ခင်ဗျား သမီးကကို ပညာဗဟုသုတ ပြည့်ဝတဲ့ မိန်းမတစ်ယောက်ဖြစ်အောင် သင်ပေးနိုင်
တယ်ဆိုတာတော့ ဟုတ်ပါပြီ ။ ဒါပေမယ့် ကျုပ်တို့မှာက ကျုပ်တို့ သမီးကို ပညာတတ်အောင်သင်ပြီး အိမ်မှာ အလှကြည့်နိုင်ရုံသက်သက် ထားနိုင်တာ မဟုတ်ဘူး ။ သူ့အတွက် အသက်မွေးဝမ်းကျောင်းနိုင်မယ့် အလုပ်တစ်ခုရအောင်
လဲ ရှာပေးရဦးမှာ ။ အဲဒီအတွက် သင့်တော်တဲ့ သင်တန်းမျိုး တတ်ရမှ ဖြစ်မှာ ”
စသဖြ**့ ပြောနိုင်ပါသည် ။

သည်အတွက် ကျွှန်တော့်ဘက်ကလည်း ပြောစရာ ရှိပါသည် ။ ဘယ်သင်တန်း
ဟာ သူ့ အတွက် သင့်တော်တဲ့ သင်တန်းလို့ ဆိုမလဲ ။ ကျွှန်တော်မေးချင်ပါသည်
ကျွှန်တော်တို့ဆီမှာ သင်တန်းတွေက ပေါလှသည် ။လူတွေကလည်း
သင်တန်း တစ်ခု တတ်လိုက်လျှင် အလုပ်အကိုင်တစ်ခု သေချာသွားမည်ဟု
ထင်နေကြသည် ။ တကယ့်လက်တွေ့မှာ အဲသည်အတိုင်း မဖြစ်ကြတာကို
မသိကျိုးကျွန် ပြုနေကြသည် ။
ပတ်ဝန်းကျင်မှာ လိုက်ကြည့်ပါ ။ အကောင်းဆုံး ကောလိပ်ကျောင်း ၊ နာမည်ကြီး
သင်တန်းကျောင်းများက ဆင်းလာပြီး သူယူခဲ့သော ဘွဲ့ သူတတ်ခဲ့သော သင်တန်းနှင့် ဘာမှ မဆိုင်သည့် အလုပ်မျိုးတွေ ၀င်လုပ်နေကြသည့် လူငယ် လူရွယ်တွေ ဘယ်လောက် များပါသနည်း ။ သည်ကောလိပ်တွေ သည်သင်တန်း
တွေ မတတ်ဘဲလည်း သူတို့ သည်အလုပ်တွေမှာ ၀င်လုပ်၍ ရနိုင်ကြသည်ပင် ။
ပြီး တချို့လူများဆိုလျှင် ကိုယ်သင်လာသည့် ပညာနှင့် မဆိုင်သည့် လုပ်ငန်းနယ်ပယ်မှာ ၄င်းလုပ်ငန်းနှင့် ဆိုင်သည့် သင်တန်းကျောင်းများက ဆင်းလာခဲ့သူများကို ကျော်လွှားကာ ဦးဆောင်ဦးရွက်ပြုနေနိုင်ကြတာလည်း
နေရာအနှံ မြင်တွေ့နေရသည် ။
သည်ကိစ္စသည် ကောလိပ်များ သင်တန်းကျောင်းများ၏ အပြစ်မဟုတ်သလို ၊ ၄င်းကျောင်းများသို့ တတ်ရောက်ခဲ့သူများ၏ အပြစ်လည်း မဟုတ်ပါ ။
ပြသာနာ အ ရင်း ခံ ကား ကျောင်းသင်ပညာ၏  အစွမ်း သတ္တိကို တကယ်
အရှိအမှန်ထက် ပိုတွက်မိကြချင်းပင် ဖြစ်သည်။ ကျောင်းသင်ပညာသည်
သူ့ တန်ဖိုးနှင့် သူ ရှိပါသည် ။ သို့သော် သူ့ချည်းသက်သက်ဖြ**့ကား
တံခါးမှန်သမျှ ပွင့်သွားမည်တော့ မဟုတ်ပါ ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျွှန်တော့် သမီးကို ကိုယ်တိုင် ပညာ သင်ကြားပေးစဉ်က သမီးကြီးလာသည့် အခါ မည်သည့် အလုပ်ကို လုပ်မည်
အိမ်မှာ သင်ပေးသော ပညာသည် ထိုအလုပ်အတွက် မည်သို့ အထောက်အကူ ပြုစေရမည်ဟူ၍ တွက်ချပ်ထားခဲ့ခြင်း မရှိပါ ။ အသိပညာဗဟုသုတ ဘက်တွင်
တတ်နိုင်သမျှ ကျယ်ဝန်း ဖွံ့ဖြိုးမှု ရှိအောင် ပြုစုပျိုးထောင်နိုင်ရန်သာ ရည်ရွယ်ခဲ့သည် ။

အကယ်၍ တစ်နေ့သော အခါ သမီးဖြစ်သူက “ ဖေဖေ ဘာလို့ သမီးကို ဆရာဝန်
ဖြစ်အောင် သင်မပေးတာလဲ ” ဒါမှ မဟုတ် “ သိပ္ပံပညာရှင်ဖြစ်အောင် ဘာလို့
သင်မပေးခဲ့သလဲ ” ဆိုတာမျိုး မေးလာမည်ဆိုလျှင်တော့ ကျွှန်တော် စိတ်မကောင်းဖြစ်ရမည်မှာ အမှန်ပင် ။ သို့သော် အဲသည် အလုပ်မျိုးတွေကို
သူ ရော်ရမ်း တမ်းတမနေဘဲ ၊ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်မှုပါ ၊
ပါးရည်နပ်ရည် ရှိမှု ၊ အများ၏ သဘောကို သိနည်းလည်မှု စသည့်
အရည်အချင်းများဖြ**့ပင် အောက်ခြေမှ ထိပ်ဆုံးအထိ တတ်လှမ်းနိုင်သည့်
လုပ်ငန်းဌာန များစွာတို့ထဲမှ တစ်ခုခုတွင် လုပ်ကိုင်ရန်သာ သမီးရွေးချယ်မည်
ဆိုပါက အိမ်ကောလိပ်မှာ လေ့လာဆည်းပူးခဲ့သော ပညာသည် သမီးအတွက်
အများကြီး အထောက်အကူ ပြုသွားလိမ့်မည်ဟု ကျွှန်တော် ယုံကြည်ပါသည် ။
စာကြည့်တိုက်များ စာအုပ်စဉ်များမှာ ပညာကို ကိုယ်တိုင် တူးဆွရှာဖွေခဲ့သော
သူသည်  ဘွဲ့လက်မှတ် တစ်စုံတစ်ရာ၏ ကျားကန်ပေးမှုကို မခံရသော်လည်း
လူရည်လူသွေး အရာ၌ ဇွန်းနှင့်ခွံ့ကျွေးခံခဲ့ရသူများထက် ညံ့လိမ့်မည် မဟုတ်ပါ ။

လက်တွေ့လောက၌ အောင်မြင်မှု ရ မရ ဆိုသည်မှာလည်း ဘွဲ့လက်မှတ်ထက်
ပညာညဏ်ဗဟုသုတနှင့် လူရည်လူသွေးတို့အပေါ်တွင်သာ ပို၍ မူတည်နေသည်
မဟုတ်ပါလား ။ ။ ။


ခေတ်အဆက်ဆက် ကမ္ဘာ့လူမျိုး တစ်ရာ့တစ်ပါးတို့၏
အသိညဏ်ပညာမှန်သမျှသည် လည်းကောင်း ၊
လူသားအပေါင်းတို့အား နှစ်သက်မှုကိုပေးခဲ့သည့်
အထွေထွေ အပြားပြားသော ပုံဝတ္ထုများသည်လည်းကောင်း
စာအုပ်များထဲမှာ အက္ခရာ စာလုံးများဖြ**့ သိုးမှီသိမ်းဆည်းပြီး ရှိပေသည် ။
စာအုပ်ရှေ့ဖုံးနောက်ဖုံးများကြားထဲက ရတနာများ ။
မပြောပလောက်သော အဖိုးစားနားလေး ပေးကာမျှဖြ**့ သည်ရတနာတွေကို
ကျွှန်တော့်တို့ ယူငင် ရရှိနိုင်ပါသည် ။
တစ်ခုပဲ ရှိသည် ။ ဘယ် ရတနာ ဘယ်မှာ ရှိသည်ဆိုတာနှင့် ကျွှန်တော့်တို့ အတွက် အကျိုးအရှိဆုံးဖြစ်အောင် ထုတ်ယူအသုံးချတတ်ဖို့  ဖြစ်သည် ။
 ***
စာရေးဆရာ ဖေမြင့် ဘာသာပြန်ထုတ်ဝေထားသော
ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ  စာအုပ်မှ
ကျွှန်တော် ကြိုက်နှစ်သက်ရာလေးတွေကို
ကောက်နုတ်တင်ပြလိုက်ပါတယ် ခင်ဗျာ  ။

No comments:

Post a Comment