myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Wednesday, July 16, 2014

ရင်လွဲချင်း

ရင်လွဲခြင်း
လွန်ခဲ့တဲ့ အချိန်ကိုတသတသပြန်တမ်းတ
နင်မရှိတော့မှပဲ ..
နောင်တတွေက
ရင်ကွဲနာကျအောင် ညတိုင်းငါ့ကိုပြုစားတယ်...

ခွဲခွာခြင်းက
ငရဲမီးတွေလို ရင်ကိုလောင်စေသလား ...
အဲဒီလိုများ ကြိုသိထားခွင့်ရခဲ့ရင် ...
ငါလေ... အမှားတွေကို
(နင်မသိခင်)
အချိန်မီ ပြင်ဆင်ထားခဲ့မှာပေါ့ ...
........ အခုတော့ ...
နင်မရှိတဲ့ တစ်ကိုယ်တော်လွမ်းဆွတ်မှုတွေထဲ
ငါ့မှာ ...
............ နေ့တွေညတွေတောင်မှားလို့ ... ။

အိပ်မက်မဟုတ်ခဲ့တာတော့ သေချာတယ်...
ခပ်ပါးပါးချည်ခဲ့တဲ့ နင့်သံယောဇဉ်က ...
ငါ့ရင်ထဲမှာ ...
အခုထိခိုင်မြဲနေသေးတယ် .... ။


မာယာမပါတဲ့ အလွမ်းဆိုတာ ...
' တစ်နေ့ နင်လက်ခံလာမှာပါ ' လို့
ယုံကြည်ချက်တွေအထပ်ထပ် တည်ဆောက်နေရတဲ့
အဖြူထည်သက်သက် ငါ့ရင်ထဲကို ..
နင့် သံသယတွေ မိုးလိုမရွာပါစေနဲ့ ... ။


ကောင်မလေးရေ ...
ဒီလိုနဲ့ ............ ငါတို့ဝေးခဲ့ကြပြီ....
နင်ရွေးချယ်ပေးခဲ့ လမ်း ထဲ ..
ဝမ်းပန်းတနည်း ကြိုးစားလျှောက်ရင်း ...
တကယ်ပဲ ..
..........................................
ငါတို့ ...... ဝေး နေ ကြ ပြီ ။


သွေးအေးသွားတဲ့တစ်နေ့ ...
တဖြည်းဖြည်း မေ့လာနိုင်လိမ့်မယ်လို့ တော့
...............................
အခုထိ .. ငါတကယ် မယုံကြည်သေးဘူး ... ။ ။

No comments:

Post a Comment