Thursday, November 14, 2013
“ ငြိမ်းချမ်းပါစေ ”
ငြိမ်းချမ်းပါစေ
မီးခိုးအူအူ ဗုံးသံဆူတဲ့
အပြာရောင်တောင်တန်း ပန်းစုံလန်းပါစေ။
ဗျောက်သံမကြား ငါတို့နားမှာ
ကျေးငှက်သံစုံ ကြားရကုန်အံ။
အမေ့မဲ့သား ယမ်းမူံကြားမှာ
အော်လို့ငိုဟန် ဒီအသံမှ
ကလေးပုံစံ ကစားဟန်ကို
မြင်ရပါစေ။
မဝရေစာ စားရရှာသည့်
တောတွင်းဝင်ပြေး ဒုက္ခမသေးသောသူများ
ကိုယ်အိမ်ကိုယ်ရွာ ပြန်ကာလာပြီး
မိရိုးဖလာ အေးချမ်းစွာနဲ့
သစ်သီးဝလံ စိုက်ပျိုးသံနှင့်
လက်ဖက်ခင်းအို လုံမပျို၏
တေးသံချိုချို ပြန်ကြားလိုသည်။
ဟေမာန်ဆောင်းတွင်း
နှင်းကျခြင်းသည်
သဘာဝဖြစ်ရပ် ဒို့သုံးသပ်သည်
ပြည်တွင်းစစ်ဒဏ် သူတို့ခံတာ
စာသင်ခန်းနေ ကလေးတွေ
မဲမဲမှောင်မှောင် တောထဲရှောင်နေတာ
ကလေး မိဘ မဲ့ခဲ့ရတာ
အားလုံးကို
ပြန်လျှော်ပေးဖို့ ငြိမ်းချမ်းပါ။
..................................။။။။။။။။။။။
fb မှာ ခင်မင်ခွင့်ရတဲ့ သူငယ်ချင်း ကိုအငယ်လေးရဲ့ လက်ရာ တစ်ပုဒ် ဖြစ်ပါသည် ။
Wednesday, November 13, 2013
အချေအတင်
အချေအတင်
.......................
ကောင်စုတ်ရေ...
အပြုံးနဲ့ နင်ဆင်လည်း
နင့်ဇာတ်လမ်းက ရိုးလွန်းပါတယ်
စကားတွေ ဘယ်လောက်သုံးသုံး
ငါ့စိတ်ကို မလှုပ်ရှားနိုင်ဘူး
မာယာတွေ ပလီပလာနဲ့
ငါ့ရှေ့မှာ ဒူးထောက်ပြရုံနဲ့
ငါလှည့်ကြည့်မှာ မဟုတ်ဘူး
စိတ်မ၀င်စားဘဲ ရောက်ရောက်လာတဲ့
နင့်အကြောင်းက တကယ့်ကို
သူရဲကောင်းပါပဲ
ဒါတွေကို အသေအချာတွေပါလို့
နင်ပြောလဲ
ငါ့နှလုံးသားက "Sorry" ဘဲ
ဒီလိုပါပဲ
ဒီတစ်ပင် ဟိုတစ်ပွင့် ရနံ့တွေချူချင်ချူ
အလိုရှိတိုင်း ၀တ်ရည် သောက်သုံး
အစာဝမှ ကန်ချတတ်တဲ့
ပိတုန်းတွေ အကြောင်းကို
ပန်းတွေက ပိုသိပါတယ် ကောင်စုတ်ရဲ့
ကောင်မလေးရေ
အပြုံးတွေကို မာယာထင်လည်း
ငါ့နှလုံးသားက ဖြူစင်လွန်းပါတယ်
နင့်ရဲ့စိတ်တွေ လှုပ်ရှားသွားအောင်
မလုပ်ရက်တာ အသေအချာပါ
အရှံးတွေ ဒဏ်ရာတွေနဲ့
မင်းရှေ့မှာ ဒူးထောက်ပြတာဟာ
ငါဟန်ဆောင်နေတာ မဟုတ်ပါဘူး
မင်းနှလုံးသားထဲ မရောက်ရင်နေပါ
မင်းစိတ်ရဲ့ ထောင့်တစ်နေရာမှာရှိရင်
ကျေနပ်နေသူဟာ ငါပါ
ရှေ့ဆက်မတိုးဘဲ နောက်ဆုတ်ဖို့
နင်ပြောလည်း
ငါကတော့ "I Love You" ပဲ
တကယ်ပါ
နင်စေရာသွား နင်ခိုင်းတာလုပ်
နင်ကြိုးဆွဲရာကမဲ့ ကကြိုးရုပ်ပါ
ခိုင်းမရရင် သတ်စားတတ်တဲ့
တောင်သူတွေ အကြောင်းကို
နွားတွေက ပိုသိပါတယ် ကောင်မလေးရယ်...။
.......................
ကောင်စုတ်ရေ...
အပြုံးနဲ့ နင်ဆင်လည်း
နင့်ဇာတ်လမ်းက ရိုးလွန်းပါတယ်
စကားတွေ ဘယ်လောက်သုံးသုံး
ငါ့စိတ်ကို မလှုပ်ရှားနိုင်ဘူး
မာယာတွေ ပလီပလာနဲ့
ငါ့ရှေ့မှာ ဒူးထောက်ပြရုံနဲ့
ငါလှည့်ကြည့်မှာ မဟုတ်ဘူး
စိတ်မ၀င်စားဘဲ ရောက်ရောက်လာတဲ့
နင့်အကြောင်းက တကယ့်ကို
သူရဲကောင်းပါပဲ
ဒါတွေကို အသေအချာတွေပါလို့
နင်ပြောလဲ
ငါ့နှလုံးသားက "Sorry" ဘဲ
ဒီလိုပါပဲ
ဒီတစ်ပင် ဟိုတစ်ပွင့် ရနံ့တွေချူချင်ချူ
အလိုရှိတိုင်း ၀တ်ရည် သောက်သုံး
အစာဝမှ ကန်ချတတ်တဲ့
ပိတုန်းတွေ အကြောင်းကို
ပန်းတွေက ပိုသိပါတယ် ကောင်စုတ်ရဲ့
ကောင်မလေးရေ
အပြုံးတွေကို မာယာထင်လည်း
ငါ့နှလုံးသားက ဖြူစင်လွန်းပါတယ်
နင့်ရဲ့စိတ်တွေ လှုပ်ရှားသွားအောင်
မလုပ်ရက်တာ အသေအချာပါ
အရှံးတွေ ဒဏ်ရာတွေနဲ့
မင်းရှေ့မှာ ဒူးထောက်ပြတာဟာ
ငါဟန်ဆောင်နေတာ မဟုတ်ပါဘူး
မင်းနှလုံးသားထဲ မရောက်ရင်နေပါ
မင်းစိတ်ရဲ့ ထောင့်တစ်နေရာမှာရှိရင်
ကျေနပ်နေသူဟာ ငါပါ
ရှေ့ဆက်မတိုးဘဲ နောက်ဆုတ်ဖို့
နင်ပြောလည်း
ငါကတော့ "I Love You" ပဲ
တကယ်ပါ
နင်စေရာသွား နင်ခိုင်းတာလုပ်
နင်ကြိုးဆွဲရာကမဲ့ ကကြိုးရုပ်ပါ
ခိုင်းမရရင် သတ်စားတတ်တဲ့
တောင်သူတွေ အကြောင်းကို
နွားတွေက ပိုသိပါတယ် ကောင်မလေးရယ်...။
“ ဘ၀ ”
""ဘ၀""
လမ်းက ""ကွေ့ ကောက် "" နေပေမဲ့ ~~~~~~
""ဖြောင့်တန်း"" တဲ့  ""စိတ် "" နဲ့  ~~~~~~
""လျှောက်"" ခဲ့ တယ်
""အတ္တ"" မပါ ""ဗလာ"" ~~~~~
ဇရပ် မှာလည်း ~~~~~~
""ကျောခင်း"" ခဲ့တယ်~~~~~~
""သိမ်မွေ့ "" "" ကြမ်းတမ်း"" ~~~~
""လောကဓံ"" ပေါ်လည်း ~~~~~~
""မှီခို"" "" မှေးစက်"" ဖူးတယ် ~~~~~~
ကဗျာစာအုပ် လည်း
""ခန္ဓာ"" ""စက္ခု"" ""အာရုံ""
တွေ ပေါင်းစု ပြီး
"""""" ငှားဖတ်ခဲ့ဖူးတယ်"""""""
""နိစ္စဓူဝ"" ထဲမှာတော့ ဗျာ
""ဖြစ်စဉ်"" နဲ့  "" ဖြစ်အင်"" တွေက
သွားလိုက် ပြန်လိုက်
အဲဒီ ""ဖြစ်စဉ်"" တွေ ကြားမှာပဲ~~~~~~
""ငါ"" က
""ဖျားလိုက်""
""နာလိုက်""

Monday, November 11, 2013
“ ငြိမ်းချမ်းပါစေ မြန်မာပြည် ” ( ၂ )
ငြိမ်းချမ်းပါစေ မြန်မာပြည်
...........................
...........................
ခက်ဆစ်ဖွင့်ပြစရာမလိုတဲ့ ၀ါကျတွေအတွက် ဒီကဗျာမှာ ဝေါဟာရဖက်ရှင်ရှိုးတွေ တက်လျှောက်စရာမလိုဘူး အရှိဟာအရှိအတိုင်း၊ အသိဟာအသိအတိုင်း အချစ်ဟာအချစ်အတိုင်း၊ စစ်ဟာစစ်အတိုင်း ရှိလို့သိလာရတဲ့နောက် သိဖို့ရှိလာရတဲ့ဖြစ်ရပ်များကို သတိသံဝေဂရပေးကြပါ ။ အချစ်ကြောင့် စစ်တွေဖြစ်ကောင်းဖြစ်လိမ့်မပေါ့ စစ်ကြောင့်တော့ အချစ်တွေဖြစ်မလာနိုင်တာ ခင်ဗျားသဘောညီရင် ဒီအချိန်မှာ ကျုပ်တို့အတူတူသံပြိုင်အော်ရမှာက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး လွတ်လပ်ဖို့အရေး ... လွတ်လပ်ရေးမဟုတ်ဘူး ငြိမ်းချမ်းဖို့အရေး ... ငြိမ်းချမ်းရေး ။
နယ်ချဲ့ရန်ကြောင့် သံဖနောင့်အောက်မှာ အော်ခဲ့ရတုန်းက လွတ်လပ်ရေး ... ပြည်တွင်းစစ်မီးအလျှံညီးတော့ အော်ရမှာက ငြိမ်းချမ်းရေး ... မျောက်က ကြိုးခွေ ... ကြိုးခွေ ဒေါင်းက အိုးဝေ ... အိုးဝေ လူက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး လက်ဆွဲနှုတ်ဆက်ရင် အပြုံးမှာ အမုန်းတွေမပါကြေးပေါ့ မျက်နှာလွှဲခဲပစ်ရင် အဆုံးမှာ အပြုံးတွေနာရေးပေါ့ စားပွဲမှာထိုင် ကလောင်ကိုင်ပြီး ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ အကူငွေထည့်တဲ့ ဖက်ခွက်စား အနုပညာသည်တွေကို ချစ်တယ် ထိပ်ဆုံးမှာထိုင် သေနတ်ကိုင်ပြီး ညီအကိုချင်း လည်ပင်းညှစ်တဲ့ အာဏာပါးကွက်သား ရွဲကုန်သည်တွေကို မုန်းတယ် ။
အဖြစ်က ဖောင်စီးရင်းရေငတ်သလိုပ ရေရှား၊ မီးရှား ၊ ချိုးကူသံရှားလှပါတဲ့ အမိမြေ တလွဲဆံပင်ကောင်းနေတာက ခြေပြတ်၊ လက်ပြတ်၊ တစ်ဘက်လပ်နဲ့ သေကွဲ၊ ရှင်ကွဲ၊ ရင်ကွဲတွေ ... လင်ပျောက်၊ သားပျောက်၊ အိုးအိမ်မှောက်နဲ့ ဥမမယ်စာမမြောက် အလောင်း ထွက်ကောက်နေရတဲ့ မြေစာပင်တွေ ... မမြည်ဘဲ တီးနေရတဲ့ မောင်းတွေဟာ တံခါးပိတ်ပြာကျ ဇာတိမြေမှာ မတီးဘဲ မြည်နေရတဲ့ မောင်းတွေသာ လူလုံးမလှ၊ ၀မ်းမ၀ ဒုက္ခသည်စခန်းမှာ ။
ဘယ်သူသိမလဲ ... ကဗျာဆရာဟာ ပန်းပဲဖိုမှာထိုင်ပြီး ရင်တွင်းဖြစ်တွေကို မီးမဆေးချင်ဘူးဆိုတာ ဘယ်သူသိမလဲ ... ခုတ်ချခံလိုက်ရတဲ့ ကိုင်းငယ်နောက် လွင့်ပါသွားရတဲ့ဘ၀တွေ ဘယ်လောက်များသလဲဆိုတာ ဘယ်သူသိမလဲ ... ဒီကာလတွေမှာ အဖတွေက သားတွေကိုမြေပြန်မြှုပ်နေရတယ်ဆိုတာ မီးဆေးအားကောင်းတဲ့ ဓါးတွေကတော့ မာလှပေါ့ ကဗျာဆရာကတော့ အသည်းခြောက်ခဲ့ရပြီ လက်လွတ်စပယ်ပြုဝံ့သူတွေလည်း ပြုကြပေါ့ ပျားကောင်ကလေးတွေခမျာတော့ အသိုက်အမြုံပျောက်ခဲ့ရပြီ မှတ်တိုင်ထင်ရင်လည်း စိုက်ကြပေါ့ သမိုင်းကတော့ အခမ်းနားဆုံးသောကတွေ ရင်မှာပိုက်ခဲ့ရပြီ ။
နံနက်လင်းလို့ အရုဏ်ကျင်းပါပြီဆိုကတည်းက တရားဓမ္မနဲ့နိုးထကြတဲ့ တိုင်းပြည်ပါ ကိုယ်ချင်းစာတရားနဲ့ဖေးမကြတဲ့ တိုင်းပြည်ပါ မေတ္တာတရားနဲ့နွေးထွေးလှတဲ့ တိုင်းပြည်ပါ အရေးကြီးရင် သွေးနီး၊ ထွေးစည်းကြတဲ့ တိုင်းပြည်ပါ ကိုယ်စားဖို့ဆန်မရှိရင်နေ လှူတန်းဖို့အကြံရှိကြတယ် " ရဟန်းစားသောဆွမ်းတစ်နပ်က " သက်သေလေ အိမ်တိုင်တွေယိုင်ပေမယ့် ကိုယ်ချင်းစာတရားတွေခိုင်မာတယ် လောကဓံမှာ ကိုယ်နဲ့အတူဖက်ရုန်းတဲ့နွားကိုတောင် သားသ္မီးလိုသဘောထားကြတာ မျက်မြင်လေ မေတ္တာသုတ်ရှိတယ်၊ ဗိုလ်ချုပ်ရှိတယ် ဦးသန့်ရှိတယ်၊ အမေစုရှိတယ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း မြစ်ခွဲပေါင်းများစွာ စီးဝင်ပေါင်းစုံခဲ့ကြတဲ့ ငါတို့ရဲ့အပြာရောင်ပင်လယ်ကြီးရှိတယ် ဒို့ ... ဒို့ ... ဒို့တတွေ အမြဲသတိရှိကြမယ်ဆို ဒို့ ... ဒို့ ... ဒို့တတွေ သွေးရင်းညီအစ်ကိုများဆို မေတ္တာတရားရဲ့အရိပ်မှာ သစ္စာတရားရဲ့အဓိပ္ပါယ် ပြည်တွင်းစစ်မီးက အဖြေလားဗျာ ။
ငိုတစ်လှည့် ရီတစ်လှည့် မိုးတွေမစဲသေးဘူး နွေအဖီဆွဲထားတဲ့ကဲလားကအလွမ်းတွေ နှင်းခါးရိုက်ဝင်လာပါတော့မယ်ခင်ဗျား ၀င်လာပါတော့မယ် အိမ်လွမ်းသူငိုချင်းမှာ မျက်ဝန်းအိမ်နှင်းခဲမယ့်ရာသီ ရောက်ပါတော့မယ်ခင်ဗျား ရောက်ပါတော့မယ် လိပ်ပြာမလုံစွာ စောင်ခြုံကွေးပြီး တိတ်တိတ်လေး မျက်ရည်မကျပါရစေနဲ့ လွတ်ရာချောင်မှာ အမှောင်ခိုလွေးရင်း တိတ်တိတ်လေး အစာမ၀ပါရစေနဲ့ ဒီအချိန်မှာ သစ်တစ်ပင်စိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ဒီအချိန်မှာ အမိုက်မှောင်တွေဖြတ်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ဒီအချိန်မှာ သီချင်းသံတွေပိတ်လိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်) ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး စစ်တွေထပ်မတိုက်ကြပါနဲ့တော့ ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး ဒုက္ခသည်စခန်းတွေထပ်မဖွင့်ကြပါနဲ့တော့ ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး မငြိမ်းမချမ်းမယ့်အရေးတွေထပ်မလုပ်ကြပါနဲ့တော့ လုံလောက်ပါပြီ ... လုံလောက်ပါပြီ လုံလောက်ရုံမက ပိုလျှံလို့ကို လုံလောက်နေပါပြီ အမိမြေဟာ သူ့ရင်သွေးငယ်တွေကို ပွေ့ပွေ့ပြီးငိုရလွန်းလို့ ရှိုက်သံတောင်မပီနိုင်တော့တာမို့ ။
" ငြိမ်းချမ်းပါစေ မြန်မာပြည် " တဲ့ (အိပ်မက်ကလေး) ငါတို့အားလုံး ချင်ခြင်းတပ်ရတဲ့ အိပ်မက်ကလေး လိုက်တိုင်းအမြဲ ဝေးဝေးပြေးတဲ့ အိပ်မက်ကလေး နိုးထမှုတိုင်းမှာ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျ ၀မ်းနည်းစရာဆုံးရှုံးမှုတွေနဲ့ လက်ပြတတ်တဲ့ အိပ်မက်ကလေး အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ... အင်္ကျီသေးသေး၊ ဖိနပ်သေးသေးနဲ့ အတ္တသေးသေး ကလေးလေးတွေ အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ... ဖိုးလမင်းကြီးဆီက ထ္မင်းဆီဆမ်းကို ဒေါင်းလန်းကြီးမှာ အတူတကွ ၀ိုင်းဖွဲ့လို့ အိပ်မက်ကလေးဟာ သူ့ရဲ့လက်တစ်ဖက်နဲ့ ငါတို့ကို ယုယုယယထွေးပွေ့ပြီး ကျန်လက်တစ်ဖက်နဲ့ ငါတို့ရဲ့မျက်ရည်စတွေကို ကြင်ကြင်နာနာ သုတ်ပေးလိုက်ချိန်မှာတော့ နံနက်ခင်းဟာ သေနတ်ဖောက် အိပ်မက်ကလေးကို ပြည်တွင်းစစ်မီးတောက်တွေအောက် မောင်းထုတ်လိုက်တယ် ခုထိတော့ တိုက်ပိတ်အကျဉ်းသား လွတ်ရက်မျှော်ရသလိုပ အိမ်အပြန်လမ်းကို မျှော်၊ မေတ္တာတရားကို မျှော် ကိုယ်ချင်းစာတရားကို မျှော်၊ ငြိမ်းချမ်းရေးကို မျှော် မျှော် ... မျှော် ... မျှော် မျှော်တော်ယောင်ပတ်ပျိုးနဲ့ မိုးသောလက်တွေဖြန့်ထားရတဲ့ ငါတို့ဟာ ဒုက္ခသည်စခန်းက ကုလားအုတ်တွေ ရွာထိပ်မှာ စစ်မီးတွေ တိတ်ပြီလားလို့ ခဏခဏခေါင်းထောင်ကြည့်ရတာလည်း အမောပါပဲလေ ။ ။
။။။။။။။။။။။။။။။။။။
အရိုးသားဆုံး ၀န်ခံပါတယ် ခင်ဗျာ ဒီကဗျာလေးကိုတော့

အဖြူရောင်အွန်လိုင်း ပရဟိတ ဆိုဒ် မှ
ငြိမ်းချမ်းပါစေ မြန်မာပြည် ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် ဒုတိယ ဆု ရရှိသွားခဲ့သော
ကလောင်ရှင် မိုင်း ရဲ့ အပြောင်းမြောက်ဆုံး လက်ရာ တစ်ခု ဖြစ်ပါသည် ။
ငြိမ်းချမ်းပါစေ မြန်မာပြည် ( ၁ )
“ ငြိမ်းချမ်းပါစေ မြန်မာပြည် ”
ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့
ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့
ပြိုင်ပွဲအတွင်း ဖြတ်သန်းလို့ မှတ်တမ်းတစ်ခု ရေးခဲ့ပြီ
စိမ်းလန်းဖြာဝေ ကံကြမ္မာတွေ နဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်။
အပြုသဘောနဲ့ တစ်ခုပြောရရင်
ခေတ်အဆက်ဆက် ဖိနှိပ်ခံ လူတန်းစားပိုင်
ပစ္စည်းမဲ့ဒေါသ ကိန်းဂဏန်းသေးသေးလေးနဲ့
ငြိမ်းချမ်းရေး ….. ငြိမ်းချမ်းရေး ….. လို့ အော်နေရုံနဲ့တော့ဖြင့်
ရွှေပြည်တော် မျှော်တိုင်းဝေးရလိမ့်။
လက်ရှိပြည်သူများရဲ့ဆန္ဒနဲ့ ဒီမိုကရေစီ လိုက်လျောညီထွေရှိမဲ့ ကီး ကို ညှိ
တစ်ပြည်လုံး စည်းလုံးပြီဆိုမှ အညီဆုံးတီးလုံး နဲ့ ခရီးဆက်
“ မင်း ’’ ချည်းလည်းမပြီး … “ သူ ’’ ချည်းလည်းမပြီး …. “ ငါ ’’ ချည်းလည်းမပြီး
ငြိမ်းချမ်းရေးရဲ့ ဆင်းရူပကာ လှစေဖို့
“ မင်း ’’ “ သူ ’’ “ ငါ ’’ အားလုံး ကြိုးစားဖို့ လိုတယ်။
“ တို့အရေး ’’ .. “ တို့အရေး ’’ ဆိုတဲ့အသံက
အမှန်တကယ်ဒီမိုကရေစီမရသေးသမျှတော့ စစ်ခေါ်တေးတစ်ပုဒ် ဖြစ်နေဆဲပဲ။
မကျေနပ်မှု့တွေ ၊ ဒေါသတွေ ၊ လောဘ တွေ ရှိနေသမျှ
ငတ်နေသမျှ ၊ ဆင်းရဲ နေသမျှ ၊ မွဲနေသမျှ ကာလပတ်လုံး
ခဲလေသမျှ သဲရေကျ ပေါ့။
သစ်တောတွေကိုအပြောင်လှီး တောင်ကြီးတွေကိုဖြို
ကိုယ်ကောင်းစားဖို့ ဆိုတဲ့ အတ္တဆိုးကို လာဘ်ထိုးယူလို့ရနေသေးရင်တော့
ဝေဿာလီပြည် ဘီလူးကျတာထက် ဆိုးလိမ့်မယ်။
ဒီမိုကရေစီကမ္ဘာသို့ လို့ အော်ပြီးချီတက်ရာလမ်းကြောင်းတစ်လျှောက်
အောက်ခြေလူတန်းစားတွေက ဒုက္ခပေါင်းစုံနဲ့ နပန်းလုံး
အိုးအိမ် ၊ မြေ ၊ ယာ ၊ လက်မဲ့တွေ ဘ၀ကလည်း သေမင်းခေါ်သံတွေကြားထဲမှာ
လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန် ယက်ကန်နဲ့။
ခေတ်မှီ နိုင်ငံကြီးသွန်းထုနေတာ ခုဆိုငွေရတုတိုင်ခဲ့ပြီ။
လက်ရှိအချိန်ထိတော့ ဒုက္ခတွေက ပုပ်ပွနေဆဲ။
ရဟန်းတွေ ၊ လူတွေ ၊ ကျောင်းတွေ ၊ ဘုရားတွေ ၊ မြေတွေ ပျောက်ဆုံးဆဲ
ခုလို ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆက်လက်စားသုံးနေရင်
ဟင်္သာတွေလည်း မျိုးတုံးတော့မယ်။
လူမျိုးနွယ် စစ်ပွဲတွေ ကလည်း
၁၉၄၈ လွတ်လပ်ရေးနေ့ရဲ့ မနက်ဖြန်ကနေ ခုထိရှိဆဲ။
အာဏာထိပါးခံရမယ်ဆိုရင်လည်း ဘယ်သူသေသေ ပေါ့
ထစ်ကနဲရှိ ပစ်မယ် ခတ်မယ်နဲ့ ငတေ မာဖို့ ကြိုးစားနေကြဆဲ။
အဲဖရက်နိုဘယ်ကို အားနာလိုက်တာ
ငါတို့ဆီမှာ ပြသနာကို သေနတ်ပါမှ ရှင်းလို့ ရတယ်လို့ ထင်နေကြဆဲ။
တစ်ဖက်ကမီးစ တစ်ဖက်က ရေမှုတ်နဲ့
ဂုတ်သွေးစုပ်နေကြတဲ့ ခေတ်သစ်ဘူဇွာတွေရဲ့ ညှို့ချက်အောက်မှာ
အမျိုးပျောက်ချင်တဲ့ သူတွေကတော့
နိုင်ငံရေးလိုလို ၊ လူမျိုးရေးလိုလို ၊ ဘာသာရေးလိုလို နဲ့
ရောထွေးခံ ၊ အမွှေခံလို့ ကောင်းနေကြဆဲ။
အများကောင်းစားရေး လိုလို နဲ့ သားကျောင်းထားရေးအတွက်လုပ်ကြ
တရားမျှတရေး လိုလိုနဲ့ မယားလှပရေး အတွက် လုပ်ကြ
ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုလိုနဲ့ သူတို့အမျိုးအဓွန့်ရှည်ကြာစံ ဖို့ရာအတွက်
ဖန်လာသမျှ အကျိုးစီးပွားအရပ်ရပ်ကို အိတ်ကပ်ထဲ ထည့်နေကြဆဲ။
ခန်းခြောက်နေတဲ့အိုးတွေပစ်ထားပြီး
လျှံနေတဲ့အိုးတွေကို ရေထပ်ဖြည့်လို့ ကောင်းနေကြဆဲ။
အတတ်ပညာရှာဖို့ ဝေးစွ
မငတ်ပညာ တစ်ခုအဖြစ်(ဘ၀တူ)အများက ညွှန်လို့
ဘုရားကျွန် ဆိုပြီး ဘန်းပြ
လမ်းမ ထွက်ကာ တောင်းစားနေသူတွေ များနေဆဲ။
ညီမျှလား မညီမျှလားကြည့်
ကမ္ဘာသိအောင် ကြွေးတင်နေတာက ဆယ့်တစ် ဘီလီယံ
ပြည်ပဘဏ်တွေမှာ တို့မြန်မာတစ်ဦးတည်းကလည်း
အဲသည်လောက်တောင် အပ်ထားနိုင်သေးတယ်ဆိုပဲ။
ချမ်းသာတာ အမှတ်ကုန် နေတဲ့ လူတွေ ရှိသလို
ဝမ်းစာသာ မငတ်ရုံ ဖြစ်နေတဲ့ လူတွေလည်း ဒုနဲ့ဒေး။
တောင် တွေ့ရင်ဖြို မြစ် တွေ့ရင် ဖို့ ၊ သယံဇာတရစေဖို့ အလို့ငှာ မြင်ရာကိုသိမ်း
ဒိန်းကနဲ တစ်ချက်မြည်လိုက်ရုံနဲ့ ခုပဲ ရတနာပုံ ဆိုက်တော့မယ့်ကိန်း
သူတို့သိမ်းသွားတာကတော့
လူဆင်းရဲ ငမွဲတွေရဲ့ မျက်ရည်နဲ့ ဆေးထားရတဲ့ ဘိုးဘွားပိုင် ရတနာတွေ။
သဖန်းသီးမေတ္တာမျိုးနဲ့ ကျီးအာသီးတိုက်အိမ် ဆောက်နေသူတွေကို သိစေချင်တယ်။
မြို့ပြရဲ့ ကျက်သရေဆောင် ရောင်စုံရေပန်းတွေရဲ့တန်ဖိုးက
ဘ၀နွမ်းနေတဲ့ ကလေးပေါင်းများစွာကို ကျောင်းထားပေးလို့ ရတယ် ဆိုတာ …. ။
လမ်းဖွင့်ပွဲတွေ ၊ တံတားဖွင့်ပွဲတွေ ဖြစ်ထွန်းပြီးသား သီးနှံစိုက်ခင်းတွေ ကို
သတင်းတွေလုပ်လို့ ကြွားနေမဲ့အစား
တံတား အောက်က အိမ်ယာမဲ့ ကလေးတွေကို ထမင်းဟင်းတွေ ဝေပေးခဲ့ရင်
သူတို့တစ်တွေ တစ်ရက်လုံးပျော်ကြရမယ် ဆိုတာ …. ။
ဟော… ဟိုမှာ .. ဘရစ်တနီစပီးယား ၀ါးပြီးသားပီကေကို
ဒေါ်လာငွေ ထောင်ချီလို့ လေလံဆွဲနေကြတဲ့ခေတ်ထဲမှာ
တို့ဆီက ကလေးတစ်ယောက် ဒူးသောက်ခေါက် လိုက်အောင် လှည့်တောင်းလို့မှ
မုန့်ပေါင်းတစ်ခုဝယ်စားဖို့ငွေ မပြည့်ဘူးဆိုတာ…။
ကပ်သုံးပါး ၀ါးမြိုခံနေရတဲ့ ရင်သွေးငယ်တွေ အတွက်
ပရဟိတအဖွဲ့ ဆိုတဲ့ ကယ်တင်ရှင်ကို လည်တငင်ငင်နဲ့ မျှော်နေကြရတဲ့
မိဘတွေရှိနေကြတယ် ဆိုတာ ….။
. . . . . . .ဆိုတာ … . . . . . . .ဆိုတာ … တွေကိုပေါ့။
“ နာ’’ နေကြတဲ့ လူတွေဟာလည်း အခု တဖြည်းဖြည်းနဲု့ “ ဆာ’’ ကုန်ကြပြီ။
အတ္တတွေ … လောဘတွေ .. မတရားမှုတွေ …. ရန်ငြှိုးတွေနဲ့
စစ်မီးကို လောင်စာ မဖြည့်ကြပါနဲ့။
ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ကို အဖြေရှာ
ဆင်းရဲမွဲတေမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အတားအဆီး
လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ကြပါစို့။
စီးပွားရေးချိန်ခွင် မညီမျှမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အဟန့်အတား
မှတ်သား ဖော်ထုတ်ပြကြပါစို့။
အဓမ္မ၀ါဒီ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အနှောက်အယှက်
ဟန့်တားတိုက်ဖျက်ကြပါစို့။
စစ်နဲ့ ငြိမ်းချမ်းရေး ဘယ်ဟာအရေးကြီးလည်းဆိုတာသိရင်
ထိုင်ခုံ နဲ့ ဖင် မမြဲမှာ မပူရဘူး။
ခု တို့နိုင်ငံမှာ
ဗိုလ်ချုပ်အောင်ဆန်းက တစ်ယောက်တည်း…. အလိုတော်ရိ တွေက အများကြီး
ဦးသန့် ကတစ်ယောက်တည်း…. ဟစ်တလာလက်သစ် တွေက အများကြီး
အမေစုက တစ်ယောက်တည်း….. ဘင်လာဒင်လို လူတွေက အများကြီး။
ဘာသာမျိုးစုံက လူတွေတော့ ဆုတောင်းနေကြ ရှိခိုးနေကြပြီ
ငြိမ်းချမ်းပါစေ မြန်မာပြည်…. တဲ့..။
တောင့်တတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏
မတောင့်တတဲ့ စစ်မီး ငြိမ်းရပါလို၏။
စစ်မှာ.. မျက်စိမပါဘူး ၊ ဆင်းရဲချမ်းသာမရွေး သေမင်းနိုင်ငံပို့တယ်
နောက်ထပ် စစ်ကို မမျှော်နဲ့ ၊ စစ်ခေါ်တေး ကိုလည်း မဆိုနဲ့
ဒီတစ်ခါမိုးပြိုရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရိုးသားဆုံး ၀န်ခံပါတယ်ခင်ဗျာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရိုးသားဆုံး ၀န်ခံပါတယ်ခင်ဗျာ
ဒီကဗျာ ကို
အဖြူရောင်ပရဟိတ အွန်းလိုင်း ဆိုဒ်မှာ ငြိမ်းချမ်းပါစေ မြန်မာပြည် ခေါင်းစဉ်များနဲ့
ပြိုင်ပွဲ ကျင်းပချင်းမှာ ပထမ ဆု ကို ရရှိသွားတဲ့ ကလောင်ရှင် မှော် ရဲ့ လက်ရာ ဖြစ်ပါသည် ..။
အခါအခွင့် မသင့်လို့ သူ့ဆီကနေ ခွင့်မတောင်းပဲ တင်ဖြစ်တာကိုလည်း စိတ်မကောင်း ဖြစ်မိပါတယ်
နားလည်ပေးနိုင်ပါစေ မှော် ကျွှန်တော် ကလောင်ရှင်ကို ခွင့်ပန်ဖို့ မျှော်လင့်နေပါတယ် ။
Subscribe to:
Posts (Atom)