myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Thursday, November 14, 2013

“ ငြိမ်းချမ်းပါစေ ”

ငြိမ်းချမ်းပါစေ

မီးခိုးအူအူ ဗုံးသံဆူတဲ့

အပြာရောင်တောင်တန်း ပန်းစုံလန်းပါစေ။

ဗျောက်သံမကြား ငါတို့နားမှာ

ကျေးငှက်သံစုံ ကြားရကုန်အံ။

အမေ့မဲ့သား ယမ်းမူံကြားမှာ

အော်လို့ငိုဟန် ဒီအသံမှ

ကလေးပုံစံ ကစားဟန်ကို

မြင်ရပါစေ။

မဝရေစာ စားရရှာသည့်

တောတွင်းဝင်ပြေး ဒုက္ခမသေးသောသူများ

ကိုယ်အိမ်ကိုယ်ရွာ ပြန်ကာလာပြီး

မိရိုးဖလာ အေးချမ်းစွာနဲ့

သစ်သီးဝလံ စိုက်ပျိုးသံနှင့်

လက်ဖက်ခင်းအို လုံမပျို၏

တေးသံချိုချို ပြန်ကြားလိုသည်။

ဟေမာန်ဆောင်းတွင်း

နှင်းကျခြင်းသည်

သဘာဝဖြစ်ရပ် ဒို့သုံးသပ်သည်

ပြည်တွင်းစစ်ဒဏ် သူတို့ခံတာ

စာသင်ခန်းနေ ကလေးတွေ

မဲမဲမှောင်မှောင် တောထဲရှောင်နေတာ

ကလေး မိဘ မဲ့ခဲ့ရတာ

အားလုံးကို

ပြန်လျှော်ပေးဖို့ ငြိမ်းချမ်းပါ။

..................................။။။။။။။။။။။

fb မှာ ခင်မင်ခွင့်ရတဲ့ သူငယ်ချင်း ကိုအငယ်လေးရဲ့  လက်ရာ တစ်ပုဒ် ဖြစ်ပါသည် ။

No comments:

Post a Comment