myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Sunday, January 27, 2013

တိမ် ပန်းချီ

★တိမ် ပန်းချီ♪♫

စက်တင်ဘာရဲ့ ချုပ်ညနေရီ
အို..လှလိုက်တဲ့တိမ်ပန်းချီ၊

မင်းရဲ့မှော်ဝင်လက်နဲ့
ရောင်စုံဆေးစက်တွေကိုပက်ဖြန်း
ဘယ်ညာမွှေ့ရမ်းခံလိုက်ရတဲ့ဒီကေါင်းကင်။

အရောင်အသွေး အနုအရင့်
လိုက်ဖက်တင့်မော
ရွှေအိုရောင်တိမ်တောင်အဆင်းမှာ
မင်းလှချင်တိုင်းလှပေါ့။

ညနေခင်းရဲ့လေချိုသွေး
ငှက်ကလေးတွေကတေးကိုသီ
"ဟာမိုနီ"ဆန်လိုက်တဲ့ဒီရှုခင်း။

"ဆည်းဆာမှာ....
အကျည်းတန်တောင်လှသတဲ့"
ကိုယ်ချစ်သူ မိကျည်းတန်ကို
ဒီအချိန် ဒီရှုခင်းကိုလ
ပြလိုက်ခြင်သေး။

ကဗျာရှင် အောင်ထက်

No comments:

Post a Comment