myspace codes
Click here for Myspace glitter graphics and Myspace layouts
-->

Pages

Sunday, January 27, 2013

အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်


အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်

အက်ဆစ်မိုးတွေ  ပြိုပျက်
ငိုရခက်နေတဲ့  နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့  ဘ၀ပါ
အတ္တချိုချို  ဘ၀ခါးခါး
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း  ကန္တာရထဲ
ငါ့ရင်ဘတ်လဲ  ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
သည်းခံစိတ်ကို လည်မှာဆွဲ( ဖြစ်နိုင်ရင်) 
အရာအားလုံးကို  တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ  အရောင်မှိန်
ငါ့ဘ၀  နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?

No comments:

Post a Comment