ကျွှန်တော်တို့ နေထိုင်တဲ့ လူ့လောကကြိး အကြောင်း အပြောကြည့်ရအောင်
လူ့ဘုံမှာ ရေတွက်မရတဲ့ မျိုးနွယ်စုတွေ အများကြိး နေထိုင်ကျတယ် ဒီအထဲကမှ နေထိုင်ရာ ပက်ဝန်းကျင် အလိုက် ယုံကြည့်ရာ ဘာသာတရား အလိုက် အဆင်ပြေမှု မပြေမှုဆိုတာ ရှိကျမှာပဲ အမျိုးနွယ် မတူလို့ အမြင်တွေလည်း လွဲချောတာလေးတွေ ရှိတတ်တာပေါ့
ဒီလို အကြောင်းလေးတွေကို ဘယ်လို အမှန်တရားမျိုးနဲ့ နားလည်မှု ယူတတ်ရမလည်း စဉ်းစားကြည့်တာပေါ့...။
ဥပမာ လူနှစ်ယောက် ရှိတယ်ဆိုပါစို့ ကိုးကွယ်ရာ ဘာသာ မတူဘူး အလုပ်တခုထဲမှာ အတူ လုပ်ကျတယ် ....
အဆင်ပြေအောင် ဘယ်လိုပေါင်းသင်းကြတာလည်း...ဒါက ရှင်းပါတယ် စိးပွားရေးနဲ့ ဘာသာရေး ကဏ္ဍ မတူဘူးလေ။
အလုပ်ဆိုတာက လူ့ ဘ၀ထဲမှာ ရပ်တည်ဖို့  အစားအသောက် အ၀တ်အထည် နေထိုင်ရာ အဆောက်အအုံ သာရေးနာရေး
ကိုယ်ယုံကြည်ရာ ဘာသာကို ကုသိုလ်ယူ ပူဇော် ပသနိုင်ဖို့  အတွက် လုပ်ဆောင်နိုင်ဖို့  ငွေကြေး ရှာဖွေမှုပဲ ဖြစ်တယ် ။
ယုံကြည်မှု အတွက် မှန်ကန်သော ဂတိစကား အလုပ်မှာ အဆင်ပြေအောင် နားလည်ပေးတဲ့ စိတ် ဒါတွေ ရှိနေရင် တွဲလို့ ရပြီလေ
လူမျိုး တူစရာ မလိုပါဘူး ဒါက ဘာသာရေးအတွက် ...အဓိက..အကျိုးဆောင်တဲ့ နေရာ မဟုတ်လို့ပါ လူ့  ဘ၀ ရှင်သန်ဖို့ ကြိုးစားရတဲ့
နေမရာ ဖြစ်လို့  လူ့ သိက္ခာ လူ့ စိတ်ဓါတ် ကိုယ်နဲ့  ကိုက်ညီသော စိတ်ထားမျိုးရှိရင် အတူ ပေါင်းလို့ ရတဲ့ ကဏ္ဍပေါ့..။
ဒီလို့ပါပဲ ဘာသာရေး ဆိုတာကလည်း လူ့ ဘ၀မွေးကင်စမှနေ၍ အနိးကပ် စောင့်ရှောက်လာတဲ့ မိဘ ဘိုးဘွား တွေရဲ့
သွန်သင် ပြောဆိုမှုတွေကြောင့် စိတ်မှာ ယုံကြည်မှု အစွဲတွေ ကပ်ငြိပြိး ကိုးကွယ်ကျတဲ့ ဘာသာတရားလက်ခံမှုတွေပေါ့....
ကိုယ့်ရဲ့  ဘာသာတရား သာလျှင် အမွန်မြတ်ဆုံးလို့  လူမျိုး အလိုက် မှတ်ယူ ထားကျတာလေ ကိုယ်မဟုတ်တဲ့ ဘာသာမှာလည်း
သူ ယုံကြည်မှု အလိုက် ကိုးကွယ်နေမှာ သေချာတာပေါ့ အငြင်းပွားမှုတွေ လုပ်စရာ မလိုပဲ နားလည်မှုတွေနဲ့  ဗဟုသုတ အဖြစ် လေ့လာကြည့်မယ်ဆိုရင် ပိုတောင် ကောင်းပါသေးတယ် လူဆိုတာ သတ္တာဝါထဲမှာ ဥိးနှောက် အရှိဆုံးပါ
( မတူတဲ့ အရာကို တူအောင် ကြည့်လို့ ရပါတယ်) မြင်.ကြား.သိ....ပေါ့ဗျာ
သူကိုးကွယ်တဲ့ ဘာသာကို ကိုယ်က အတူမကိုးကွယ်လို့  ကိုယ်က မမြင်ဘူး မမြင်ပေမယ့် နားကနေ ကြားရအောင် သတိလေးနဲ့  အသိထား လေ့လာကြည့်မယ် အဲလို နားက ကြားတော့ စိတ်က အလိုလိုသိပြိး မြင်ကြည့်လို့ ရပြီ ...အော် သူနဲ့  ငါနဲ့  လုပ်ဆောင်မှုချင်း မတူပေမယ့်
ငါ့ဘာသာ ငါယုံကြည်တန်ဖိုးထားသလို သူလည်း သူ့ ရဲ့  ဘာသာကို တန်းဖိုးထားတာပဲ ဒီနေရာမှာ တူတာပဲဆိုတဲ့ နားလည်မှု အမြင်တွေရှိကြရင် < မတူသောဘာသာဆိုပေမယ့်..တူညီသောလူ
သက်ရောက်မှု အကြောင်းတရားတွေ လှပနိုင်ပါစေ....ကျွှန်တော်ရဲ့ အမြင်နဲ့  ရေးချင်း ဖြစ်၍ အမှားအမှန်ကို ပြစ်နှစ်စွာဝေဖန်နိုင်ပါတယ်..။
(စာကြွင်း).......လူမျိုးခွဲခြာ
ခွဲခြားသိမြင်နိုင်ဖို့ ရေးသားလိုက်ခြင်းဖြစ်ပါသည်....
No comments:
Post a Comment